← Chapters

အခန်း ၅၆၈

Vol. 57 Ch. 568

အခန်း ၅၆၈

Vol. 57 Ch. 568

အခန်း (၅၆၈)

" အဲ့ဒီ​ဗုဒ္ဓတရားတော်က ငါတို့ ချင်ရဲ့ အနာဂတ် ဗုဒ္ဓလမ်းစဉ်ဖြစ်လာလိမ့်မယ်။ အင်မော်တယ်ဘုံမှာရှိတဲ့ အင်မော်တယ်တွေနဲ့ ဗုဒ္ဓတွေက ငါတို့ လူသားဘုံမှာလည်း ရှိလာလိမ့်မယ်။ ဗုဒ္ဓလမ်းစဉ်အပြင် အနာဂတ်မှာ အင်မော်တယ်ဘုံရဲ့ ယိုယွင်းနေတဲ့ ကောင်းကင်ဘုံကိုလည်း ငါတို့ ချင်က ပြန်လည်ပုံသွင်းသွားမယ်။ ​ဗုဒ္ဓဆိုတာ အနာဂတ်ကို ပိုင်ဆိုင်ရမယ်။ ချင်မှာ အနာဂတ်​ဗုဒ္ဓပဲရှိရမယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

သူက ယခင်ဘဝတွင် ဗုဒ္ဓဘုရားကျောင်းများစွာကို မြင်ဖူးခဲ့သည်။ အချို့က ဗုဒ္ဓနာမည်ကို အသုံးပြုပြီး စည်းစိမ်များ စုဆောင်းကြသည်။ နာမည်အရ ဗုဒ္ဓဘာသာဖြစ်သော်လည်း နှလုံးသားတွင် ဗုဒ္ဓမရှိပေ။ သို့သော် စစ်မှန်စွာ ကျင့်ကြံနေကြသော ဘုန်းကြီးများလည်းရှိသည်။ သူတို့က စည်းစိမ်ဥစ္စာများမရှိဘဲ ပေါ့ပါးပြီး သူတို့၏ နှလုံးသားတွင် ဗုဒ္ဓရှိသည်။ သူတို့က အခြားသူများ၏ ​ဒုက္ခများကို လျော့ပါးစေသော စစ်မှန်သည့် ရဟန်းများဖြစ်ကြသည်။

ကျောက်ဖုန်းက စစ်မှန်သော ​ဗုဒ္ဓတရားတော်ဆိုတာ ဘာလဲဆိုတာ စစ်​မှန်သော ​ဗုဒ္ဓဆိုတာဘာလဲဆိုတာ သိသည်။ ယနေ့ခေတ် နတ်ဘုရားများနှင့် ​ဗုဒ္ဓများက ပျက်စီးနေပြီဖြစ်သည်။ ချင်က အနာဂတ်ကို ပြန်လည်ပုံဖော်ရန် လိုအပ်သည်။ အနာဂတ်​ဗုဒ္ဓ၊ အနာဂတ်အင်မော်တယ်များနှင့် နတ်ဘုရားများဖြစ်သည်။

" အော်မိတော်ဖု.... တကာတော်ရဲ့ ဗုဒ္ဓတရားတော်အပေါ် နားလည်မှုက တကယ်ကို အံ့ဩစရာကောင်းပါတယ်။ "

ထိုအချိန်တွင် ကျန်းထိုင်နန်းဆောင်ထဲ၌ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။

" ဘယ်သူလဲ။ " ရင်ကျန့်၏ အမူအရာက ပြောင်းလဲသွားပြီး အင်ပါယာကံကြမ္မာစွမ်းအားက ချက်ချင်း ထွက်ပေါ်လာကာ ဖိအားများ ထွက်ပေါ်လာသည်။ သို့သော် ထိုဖိအားအောက်တွင် အသံက ထွက်ပေါ်နေဆဲ ဖြစ်သည်။

" ခမည်းတော် အင်ပါယာကံကြမ္မာစွမ်းအားကို ပြန်ရုပ်သိမ်းလိုက်ပါ။ " ကျောက်ဖုန်းက လက်မြှောက်ပြီး ပြောလိုက်သည်။

ရင်ကျန့်က ကျောက်ဖုန်း၏ တည်ငြိမ်သော အမူအရာကို မြင်သောအခါ အင်ပါယာကံကြမ္မာစွမ်းအားကို ပြန်ရုပ်သိမ်းလိုက်သည်။ အင်ပါယာကံကြမ္မာစွမ်းအားများ ပျောက်ကွယ်သွားချိန်တွင် ခန်းမထဲ၌ ​ဗုဒ္ဓအလင်းများ ထွက်ပေါ်လာပြီး တဖြည်းဖြည်း ​ဗုဒ္ဓပုံရိပ်တစ်ခု ပေါ်လာသည်။ ထို​ဗုဒ္ဓအလင်းများထဲတွင် မကောင်းသော အငွေ့အသက်များ မပါဘဲ သန့်ရှင်းသော ​ဗုဒ္ဓအလင်းများသာ ဖြစ်သည်။

" မင်းက ဘယ်သူလဲ။ " ရင်ကျန့်က ​ဗုဒ္ဓပုံရိပ်ကို ကြည့်ပြီး မေးလိုက်သည်။

ဝမ်ကျန့်ကလည်း အံ့ဩစွာ ကြည့်နေသည်။ ကျောက်ဖုန်းကတော့ တည်ငြိမ်စွာ ရှိနေသည်။

" အနာဂတ်မှာ ငါ့ကိုမြင်ရင် ငါက အနာဂတ်ပဲ။ ဒကာတော်က ငါ့နာမည်ကို ခေါ်နိုင်တာ ရေစက်ရှိနေလို့ပါ။ အနာဂတ်​ဗုဒ္ဓမီလဲ (မေတ္တေယျ​ဗုဒ္ဓ)က ဒကာတော်ကို နှုတ်ဆက်ပါတယ်။ " မီလဲ့ဗုဒ္ဓက ကျောက်ဖုန်းကို ပြုံး၍ ကြည့်ပြီး ပြောလိုက်သည်။

" ကိုယ်တော်က ကျုပ်မြင်ဖူးတဲ့ အင်မော်တယ်တွေ၊ ​ဗုဒ္ဓတွေနဲ့ မတူဘူးပဲ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" အို ဘယ်လိုများမတူတာလဲ။ " မီလဲ့ဗုဒ္ဓက ညင်သာစွာ ပြုံးပြီး ပြောလိုက်သည်။

" ကိုယ်တော်ရဲ့ ​ဗုဒ္ဓအလင်းတွေက သန့်စင်ပြီး သွေးချီနဲ့ အငြိုးအတေးတွေ မပါဝင်ဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ဒကာတော်က ​ဗုဒ္ဓကို အသိအမှတ်ပြုတာလား ဒါမှမဟုတ် အင်မော်တယ်ဘုံက အင်မော်တယ်တွေနဲ့ ဗုဒ္ဓတွေကို မထီမဲ့မြင်ပြုတာလား။ " မီလဲ့ဗုဒ္ဓက ညင်သာစွာ မေးလိုက်သည်။

" အနာဂတ်​ဗုဒ္ဓရဲ့ စွမ်းအားက တကယ်ကို ကြီးမားတယ်။ အင်မော်တယ်ဘုံနဲ့ လူသားဘုံကို ခွဲခြားထားပေမယ့် ​ဗုဒ္ဓကျင့်ကြံသူတွေရဲ့ ပူဇော်မှုမလိုဘဲ နယ်ပယ်ကို ဖြတ်ကျော်လာနိုင်တယ်။ " ကျောက်ဖုန်းက သက်ပြင်းချပြီး ပြောလိုက်သည်။

" လူတွေက အတိတ်နဲ့ ပစ္စုပ္ပန်ကို သိတယ်။ ဒါပေမယ့် အနာဂတ်ကို မသိကြဘူး။ ဒကာတော်က ​ဗုဒ္ဓရဲ့ နာမည်ကို ခေါ်နိုင်တာ ရေစက်ရှိလို့ပါ။ " မီလဲ့ဗုဒ္ဓက ပြုံး၍ ပြောလိုက်သည်။

" မီလဲ့​ဗုဒ္ဓက အင်မော်တယ်ဘုံက ​ဗုဒ္ဓတစ်ပါးပဲ။ အင်မော်တယ်ဘုံက ဘာလို့ သတ်ဖြတ်မှုတွေနဲ့ ပြည့်နှက်သွားတာလဲ။ အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေက ဘာလို့ သတ်ဖြတ်မှုထဲ နစ်မြှုပ်သွားတာလဲ။ စိတ်ဝိညာဉ်အမြစ်ဆေးလုံးဆိုတာ ဘာလဲ။ ပြီးတော့ သူတော်စင်တွေက ဘယ်ရောက်ကုန်တာလဲ။ "

မီလဲ့​ဗုဒ္ဓကို မြင်လိုက်ရချိန်တွင် ကျောက်ဖုန်းက မေးခွန်းများစွာ ရှိနေသည်။ မီလဲ့​ဗုဒ္ဓက ထိုအကြောင်းများကို ပြောပြမလား မပြောပြဘူးလား သူမသိသော်လည်း မီလဲ့ဗုဒ္ဓက သူမြင်ဖူးသမျှထဲတွင် အစွမ်းထက်ဆုံးထဲမှ တစ်ယောက်ဖြစ်သည်။ ထို့အပြင် သူတို့ကြားတွင် ဘာအငြိုးအတေးမှ မရှိပေ။

" ဒကာတော်က မေတ္တာရှိတယ်။ လူသားဘုံက ​ဗုဒ္ဓကျောင်းတော်တွေကို မဖျက်ဆီးဘဲ ​ဗုဒ္ဓတရားတော်တွေကို ထိန်းသိမ်းပေးတယ်။ ​ဗုဒ္ဓက တကာတော်ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ " မီလဲ့​ဗုဒ္ဓက ပြုံးပြီး ကျောက်ဖုန်းကို ​ဗုဒ္ဓနည်းလမ်းအတိုင်း ဦးညွှတ်လိုက်သည်။

၎င်းကို မြင်သောအခါ ကျောက်ဖုန်းက အံ့ဩသွားသည်။ " အနာဂတ်​ဗုဒ္ဓဆိုတာ ​ဗုဒ္ဓတစ်ပါးပဲ။ မီလဲ့​ဗုဒ္ဓက လူသားဖြစ်တဲ့ ကျုပ်ကို ဦးညွှတ်တာ တကယ်ကို အံ့ဩစရာပဲ။ "

" သတ္တဝါတွေအားလုံး ဒုက္ခရောက်နေတယ်။ ​ဗုဒ္ဓတရားတော်က သတ္တဝါအားလုံးကို ဒုက္ခကနေ ကယ်တင်နိုင်တယ်။ ဒါပေမယ့် ကောင်းကင်က ပြောင်းလဲသွားပြီ။ အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေကလည်း ပြောင်းလဲသွားပြီ။ ​ဗုဒ္ဓက ဘာမှမတတ်နိုင်ဘဲ ကြည့်နေရတယ်။ ဒီနေ့ ဒကာတော်ပြောသလိုပဲ ​ဗုဒ္ဓဆိုတာ သဘာဝအားဖြင့် ပုံသဏ္ဍန်မရှိဘူး။ နှလုံးသားထဲမှာ ​ဗုဒ္ဓရှိရင် ​ဗုဒ္ဓပဲ။ ​ဗုဒ္ဓတရားတော်တွေက အနှစ်သာရပဲ။ ဒီဦးညွှတ်မှုက စစ်မှန်တဲ့ ​ဗုဒ္ဓတရားတော်အတွက်ပါ။ ဒကာတော်က စစ်မှန်တဲ့ ​ဗုဒ္ဓနှလုံးသားကို နားလည်လို့ ဦးညွှတ်တာပါ။ " မီလဲ့​ဗုဒ္ဓက ပြုံး၍ ပြောလိုက်သည်။

" ဒါက စစ်မှန်တဲ့ ​ဗုဒ္ဓပဲ။ သန့်စင်တဲ့​ဗုဒ္ဓပဲ။ " ကျောက်ဖုန်းက မီလဲ့​ဗုဒ္ဓ၏ လုပ်ရပ်ကို ကြည့်ပြီး စိတ်ထဲတွင် ခံစားချက်တစ်ခု ပေါ်လာသည်။

အင်မော်တယ်ဘုံတွင် အင်မော်တယ်များနှင့် ​ဗုဒ္ဓများက သတ်ဖြတ်မှုတွင် နစ်မွန်းနေကြသည်။ အကျင့်ပျက်ခြင်းမရှိဘဲ မိမိကိုယ်ကို ထိန်းသိမ်းနိုင်သော အင်မော်တယ်များနှင့် ​ဗုဒ္ဓများလည်း ရှိနေသည်။ သို့သော် ကောင်းကင်နှင့် မြေကြီး၏ ကြီးမားသော ပြောင်းလဲမှုအောက်တွင် သူတို့က ပုန်းကွယ်နေရုံသာ တတ်နိုင်ကြသည်။

" ​ဗုဒ္ဓအနေနဲ့ အခု ကျုပ်မေးခွန်းကို ဖြေပေးလို့ရပြီလား။ " ကျောက်ဖုန်း၏ လေသံက နူးညံ့သွားသည်။

" ဒကာတော် မဟာကပ်ဘေးအကြောင်း သိပါသလား။ " မီလဲ့​ဗုဒ္ဓက ပြန်မေးလိုက်သည်။

" အတိတ်က နတ်ဘုရားခန့်အပ်ခြင်းက မဟာကပ်ဘေးပဲလေ။ ကျုပ် အဲ့ဒါကို သိပါတယ်။ ဒါပေမယ့် အဲ့ဒါဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီမဟုတ်လား။ အဲ့ဒါက ကောင်းကင်နဲ့ မြေကြီး ပြောင်းလဲသွားတာနဲ့ ဆက်စပ်နေတာလား။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

" ဒကာတော်မှာ ထူးခြားတဲ့ နောက်ခံရှိတာပဲ။ " မီလဲ့​ဗုဒ္ဓက ကျောက်ဖုန်းကို အဓိပါယ်ပါပါ ကြည့်ပြီး ပြောလိုက်သည်။ " နတ်ဘုရားခန့်အပ်ခြင်းမဟာကပ်ဘေးပြီးတဲ့နောက်မှာ တာအို​ဘိုးဘေးက သူတော်စင်တွေကို အင်မော်တယ်ဘုံကို ဝင်ရောက်ခွင့်မပေးတဲ့အတွက် အင်မော်တယ်ဘုံက နှစ်ပေါင်းများစွာ အေးချမ်းခဲ့တယ်။ ဒါပေမယ့် နှစ်တစ်သိန်းကြာပြီးတဲ့နောက်မှာ ကောင်းကင်အလွန်က သူတော်စင်တွေ ပျောက်ကွယ်သွားတယ်။ အဲ့ဒီနောက် ကောင်းကင်တာအိုက ရှုပ်ထွေးသွားတဲ့အပြင် ကပ်ဘေးချီတွေပေါ်လာပြီး ကောင်းကင်နဲ့မြေကြီးက ပြောင်းလဲသွားခဲ့တယ်။ "

" ဒါက အင်မော်တယ်ဘုံမှာ လက်ရှိဖြစ်ပျက်နေတဲ့ မငြိမ်မသက်မှုတွေ၊ အင်မော်တယ်တွေနဲ့ ဗုဒ္ဓတွေရဲ့ ပြောင်းလဲမှုတွေအတွက် အဓိကအကြောင်းရင်းပဲ။ ဒကာတော်ပြောတဲ့ စိတ်ဝိညာဉ်အမြစ်ဆေးလုံးက ကပ်ဘေးချီကနေ ပုံဖော်ထားတာပဲ။ အဲ့ဒီဆေးလုံးက သတ်ဖြတ်မှုနဲ့ စားသုံးမှုတွေကတစ်ဆင့် ကျင့်ကြံမှုကို သန်မာစေပြီး သက်တမ်းကို ရှည်စေတယ်။ ကပ်ဘေးချီကို ဆေးလုံးအဖြစ်သုံးတာ တကယ်ကို အံ့ဩစရာကောင်းတယ်။ " မီလဲ့​ဗုဒ္ဓက ပြုံး၍ ရှင်းပြလိုက်သည်။

" အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေရဲ့ သက်တမ်းက နှစ်ပေါင်းသိန်းချီရှိတာကို သူတို့က ဘာလို့သက်တမ်းတိုးဖို့ လိုအပ်တာလဲ။ " ကျောက်ဖုန်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

" ကောင်းကင်နဲ့ မြေကြီး မပြောင်းလဲခင်တုန်းက အဲ့ဒီအတိုင်းပဲ။ ဒါပေမယ့် ကောင်းကင်နဲ့ မြေကြီး ပြောင်းလဲပြီးသွားတဲ့နောက်မှာ နိယာမတွေလည်း ရှုပ်ထွေးသွားတယ်။ ကောင်းကင်တာအိုရဲ့ စွမ်းအားက အားနည်းသွားတဲ့အတွက် အင်မော်တယ်အဆင့်အထက်မှာ ရှိသူတွေရဲ့ သက်တမ်းက ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတွေ ရှင်းလင်းနေတုန်းကလို မဟုတ်တော့ဘူး။ သာမန်အင်မော်တယ်တစ်ယောက်ရဲ့ သက်တမ်းက နှစ်တစ်ထောင်ပဲရှိပြီး ရွှေအင်မော်တယ်အဆင့်ရောက်ရင်တောင် နှစ်တစ်သောင်းမပြည့်တော့ဘူး။ အချိန်၊ သက်တမ်း ဒါတွေက အင်မော်တယ်ဘုံအတွက်တော့ အရမ်းတန်ဖိုးကြီးနေပါပြီ။ " မီလဲ့ဗုဒ္ဓက ဖြည်းညင်းစွာ ပြောလိုက်သည်။

" လူသက်တမ်းနဲ့ အင်မော်တယ်သက်တမ်းဆိုပြီး ကွာခြားချက်ရှိတာပဲ။ " ကျောက်ဖုန်းက အံ့ဩသွားသည်။

" ဒါဆို ကပ်ဘေးချီဆေးလုံးပေါ်လာတာကို ရှင်းပြလို့ရသွားတာပေါ့။ ကပ်ဘေးချီဆေးလုံးက အင်မော်တယ်ဘုံမှာ အဆုံးမရှိတဲ့ သတ်ဖြတ်မှုတွေကို ဖြစ်ပေါ်စေခဲ့တယ်။ ကျင့်ကြံမှုနဲ့ သက်တမ်းကို တိုးမြှင့်ဖို့အတွက် ကပ်ဘေးချီဆေးလုံးကတစ်ဆင့် သန်မာလာအောင်လုပ်ပြီး ကံကြွေးတွေနဲ့ ကိုယ့်ကိုကိုယ် ညစ်ညမ်းအောင် လုပ်နေကြတယ်။ ကောင်းကင်ဘုံနဲ့ ​ဗုဒ္ဓဂိုဏ်းက ကပ်ဘေးချီဆေးလုံးကို အသုံးမပြုတဲ့သူတွေကို သတ်ဖြတ်ပြီး ဝိညာဉ်အနှစ်သာရကို သိမ်းပိုက်ကြတယ်။ " ရင်ကျန့်က အမှန်တရားကို နားလည်သွားသည်။

" ချင်ဧကရာဇ်က တကယ်ကို ဧကရာဇ်ဖြစ်ဖို့ ထိုက်တန်တာပဲ။ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ " မီလဲ့​ဗုဒ္ဓက ပြုံး၍ ပြောလိုက်သည်။

" သူတို့က ရှန်းကျိုးကို ဘာလို့ပစ်မှတ်ထားနေကြတာလဲ။ ရှန်းကျိုးမှာ ဘာရှိလို့ သူတို့က ဒီလောက်တောင် လိုချင်နေကြတာလဲ။ " ရင်ကျန့်က မေးလိုက်သည်။

မီလဲ့ဗုဒ္ဓက ပြုံး၍ စကားတစ်ခွန်းသာ ပြန်ဖြေလိုက်သည်။ " လွတ်မြောက်ခြင်းအတွက် အခွင့်အရေး "

ရင်ကျန့်က နားမလည်နိုင်ဖြစ်သွားသည်။ သို့သော် ကျောက်ဖုန်းက ချက်ချင်း နားလည်သွားသည်။ " လူသားတာအိုလား။ "

လူသားတာအို၊ သက်ရှိအားလုံး၏ လမ်းစဉ်။ ကောင်းကင်နှင့်မြေကြီးက ပြောင်းလဲသွားပြီးနောက် ကောင်းကင်တာအိုက ကမ္ဘာကို အုပ်ချုပ်သော စည်းမျဉ်းများ ဆုံးရှုံးသွားပုံရသည်။ မြေကြီးတာအိုက ပုန်းကွယ်နေပြီး သံသရာလမ်းစဉ်ခြောက်သွယ်တွင် ကန့်သတ်ခံထားရသည်။ နောက်ဆုံးတာအိုက လူသားတာအိုဖြစ်သည်။ ၎င်းက သက်ရှိအားလုံး၏ တာအိုဖြစ်သကဲ့သို့ သက်ရှိအားလုံးအတွက် ကယ်တင်ခြင်းလမ်းစဉ်လည်း ဖြစ်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters