အခန်း ၅၇၀
Vol. 57 Ch. 570
အခန်း (၅၇၀)
ချင်အင်ပါယာ၊ ရှန်းယန်မြို့တော်၊ ညီလာခံခန်းမ။
" ဧကရာဇ်မင်းမြတ် မြောက်ဘက်နယ်မြေမှာ အောင်ပွဲကို ရရှိခဲ့ပါတယ်။စစ်စေနာပတိချုပ် မုန့်ဝူနဲ့ လီမုတို့က ယွဲ့ကျိကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ပါတယ်။ စစ်တပ်က သူတို့မြို့တော်ကို ရောက်တဲ့အချိန်မှာ ယွဲ့ကျိဘုရင်က သူ့ရဲ့ ဝန်ကြီးတွေနဲ့အတူ အညံ့ခံခဲ့ပါတယ်။ လူဦးရေ သန်းနှစ်ဆယ်ကျော်ရှိတဲ့ ယွဲ့ကျိနယ်မြေက အခု ချင်ရဲ့ ပိုင်နက်ဖြစ်သွားပါပြီ။ "
" စစ်သေနာပတိချုပ် တုဆွေနဲ့ ဝမ်ပင်းတို့က အနောက်ဘက်ကို ချီတက်ပြီး ဆယ်လအတွင်း တိုင်းတစ်ပါးမျိုးနွယ်စုငါးခုကို သိမ်းပိုက်ခဲ့ပြီးတော့ ဆက်လက်ချီတက်နေပါတယ်။ " ယွီလျောင်က ရှေ့တိုးပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ်ကို ဂုဏ်ပြုပါတယ်။ လက်ရှိနှုန်းအတိုင်းဆို နှစ်နှစ်အတွင်း လူသားဘုံတစ်ခုလုံးက ချင်ရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပါလိမ့်မယ်။ " ဝန်ကြီးများက ဂုဏ်ပြုစကား ပြောလိုက်ကြသည်။
" နှစ်နှစ်က ကြာလွန်းတယ်။ အခု ချင်အတွက် နှစ်နှစ်တောင် မလိုတော့ဘူး။ " ရင်ကျန့်က ရယ်မောလိုက်သည်။ ထို့နောက် သူက အရာရှိများကြားမှ ချန်ဖျင်ကို ကြည့်လိုက်သည်။ " ဝန်ကြီးချန် ရလဒ်တွေအကြောင်း ပြောပြလိုက်ပါဦး။ "
" အမိန့်အတိုင်းပါ။ " ချန်ဖျင်က ရှေ့တိုးလာပြီး ကျယ်လာပြီး ပြောလိုက်သည်။ " အိမ်ရှေ့စံမင်းသား ပေးအပ်ခဲ့တဲ့ ပို့ဆောင်ရေးအစီအရင်ကို အစီအရင်ခန်းမက အစီအရင်သခင်တွေရဲ့ ကြိုးစားမှုကြောင့် လွန်ခဲ့တဲ့ ခြောက်လကတည်းက အများအပြားကို တည်ဆောက်ပြီးပါပြီ။ ပြီးတော့ ချင်ရဲ့ ပြည်နယ်ကိုးခုနဲ့ ခရိုင်သုံးဆယ်ခြောက်ခုမှာ တပ်ဆင်ပြီးပါပြီ။ ဒါ့အပြင် အနောက်ဘက်နယ်စပ်နဲ့ မြောက်ဘက်နယ်စပ်တို့မှာလည်း ပို့ဆောင်ရေးအစီအရင်တွေကို အများအပြား တည်ဆောက်ပြီးပါပြီ။ အခုဆိုရင် ချင်အင်ပါယာက တစ်နေရာကို တိုက်ခိုက်ရင်တောင် ပို့ဆောင်ရေးအစီအရင်ကို အသုံးပြုနိုင်ပါတယ်။ "
" ဒါကြောင့်ပဲ ချင်စစ်သည်တွေက ထောက်ပံ့ပို့ဆောင်ရေးနဲ့ နယ်မြေစောင့်ကြပ်ရေးကိစ္စတွေမှာ ပူစရာမလိုတော့ဘဲ တိုက်ခိုက်ရေးမှာပဲ အပြည့်အဝ အာရုံစိုက်နိုင်ပါပြီ။ အင်ပါယာတပ်ဖွဲ့မှာ ချင်နယ်မြေနဲ့ ချိတ်ဆက်ထားတဲ့ ပင်မအစီအရင်တစ်ခု တည်ဆောက်ထားပါတယ်။ စိတ်ဝိညာဉ်ကျောက်တုံးတွေ အလုံအလောက်ရှိနေသရွေ့ ချင်နယ်မြေရဲ့ ဘယ်နေရာကိုမဆို ခဏအတွင်း ရောက်သွားနိုင်ပါတယ်။ " ချန်ဖျင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ပို့ဆောင်ရေးအစီအရင်။ "
" ဒီလိုအစီအရင်မျိုး တကယ်ရှိတာလား။ "
" တစ်နေရာနဲ့ တစ်နေရာကို ပို့ဆောင်နိုင်တယ်။ တကယ်ကို အစွမ်းထက်တာပဲ။ " အရာရှိအားလုံးက အံ့ဩသွားကြသည်။
" စစ်ဦးစီးချုပ် တပ်ဖွဲ့တွေနဲ့ ရိက္ခါတွေကို ဆက်တိုက်ဖြန့်ကျက်ပါ။ ငါ့တို့ ချင်ရဲ့ စခန်းတွေအတွက် တစ်ခုတည်းသော တာဝန်က ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ပဲ။ ငါတို့ တိုက်ခိုက်တဲ့ နေရာတိုင်းမှာ ချင်ရဲ့ ပို့ဆောင်ရေးအစီအရင်တွေကို တည်ဆောက်သွားမယ်။ တစ်နှစ်အတွင်း ကမ္ဘာကြီးကို သိမ်းပိုက်နိုင်ရမယ်။ " ရင်ကျန့်က ဝမ်ကျန့်ကို အမိန့်ပေးလိုက်သည်။
" ကျွန်တော်မျိုး အမိန့်တော်ကို စခန်းတွေဆီ ပေးပို့လိုက်ပါမယ်။ " ဝမ်ကျန့်က ချက်ချင်း ပြန်ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ် ပြီးခဲ့တဲ့ တစ်နှစ်လုံး အိမ်ရှေ့စံမင်းသားကို မတွေ့ရတာ တံခါးပိတ် ကျင့်ကြံနေလို့လား။ " ဟန်ဖေးက ရှေ့တိုးပြီး မေးလိုက်သည်။
" ချင်က အင်အားကြီးရန်သူနဲ့ ရင်ဆိုင်နေရတယ်။ အိမ်ရှေ့စံမင်းသားတစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူး။ အင်ပါယာဆရာနဲ့ တပည့်တွေလည်း တံခါးပိတ်ကျင့်ကြံနေကြတယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ သူက ကောင်းကင်ဘုံ၏ ကျူးကျော်မှုကို အမြဲသတိထားနေရသည်။
" ဘယ်လိုရန်သူမျိုးက အိမ်ရှေ့စံမင်းသားကို ဒီလောက်ထိ စိုးရိမ်စေတာလဲ။ " ဟန်ဖေးက အံ့ဩစွာ မေးလိုက်သည်။
" အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေလား။ " လွီပုဝေက လေးနက်စွာ ပြောလိုက်ပြီး အခြားအရာရှိများ၏ အမူအရာများကလည်း ပြောင်းလဲသွားကြသည်။
" ဟုတ်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ သူ၏ အမူအရာက လေးနက်နေသော်လည်း ကြောက်ရွံ့မှုမရှိပေ။
" ကျွန်တော်မျိုးတို့က ချင်အတွက် အသက်ပေးပြီး သစ္စာစောင့်သိပါမယ်။ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေ ကျူးကျော်လာရင်လည်း သေတဲ့အထိ တိုက်ခိုက်သွားမယ်။ " အရာရှိအားလုံးက ကြောက်ရွံ့ခြင်းမရှိဘဲ အော်ဟစ်လိုက်ကြသည်။
ထိုအချိန်တွင် ...
ဝုန်း....
ကောင်းကင်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ တည်ငြိမ်နေသော ဟင်းလင်းပြင်က ရုတ်တရက် အက်ကွဲသွားပြီး အာကာသလမ်းကြောင်းတစ်ခုပေါ်လာသည်။ ထို့နောက် ဟင်းလင်းပြင်အက်ကြောင်းမှ ကြောက်စရာကောင်းသော အင်မော်တယ်စွမ်းအားများ ထွက်ပေါ်လာသည်။ ခဏအတွင်း ပုံရိပ်များစွာက အာကာသလမ်းကြောင်းထဲမှ ထွက်လာပြီး ရှန်းကျိုး၏ အထက်တွင် ငွေရောင်ချပ်ဝတ်နှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကောင်းကင်စစ်သည်ငါးထောင်က ထွက်ပေါ်လာသည်။
သူတို့ပေါ်လာသည်နှင့် ချင်အင်ပါယာ၏ အထက်တွင် ဟင်းလင်းပြင်လှိုင်းများ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းများနှင့်အတူ အိုကြီးတစ်လုံး၏ ပုံရိပ်က ထွက်ပေါ်လာသည်။ အိုးပုံရိပ်၏ ရွှေရောင်အလင်းများက ချင်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ၎င်းက ပြည်နယ်ကိုးခုအကာအကွယ်ပင်ဖြစ်သည်။
" နောက်ဆုံးတော့ မင်းတို့ ရောက်လာပြီပေါ့။ " နန်းတော်ထဲတွင် ရင်ကျန့်က ကောင်းကင်စစ်သည်ငါးထောင်၏ တည်ရှိမှုနှင့် သူတို့၏ ကြောက်စရာကောင်းသော စွမ်းအားကို ခံစားလိုက်ရသည်။
" ဝန်ကြီးတို့ ငါနဲ့အတူ တိုက်ခိုက်ဖို့ လိုက်ခဲ့ကြ။ " ရင်ကျန့်က အေးစက်စွာ အမိန့်ပေးလိုက်ပြီး ခြေတစ်လှမ်းနှင့် ပျောက်ကွယ်သွားကာ နန်းတော်အထက်သို့ ရောက်သွားသည်။
အရာရှိအားလုံးကလည်း အင်ပါယာကံကြမ္မာစွမ်းအားကို သုံးပြီး ကောင်းကင်သို့ ပျံတက်သွားကြသည်။ သူတို့ ရောက်သွားသည်နှင့် ကောင်းကင်အထက်တွင် ကောင်းကင်စစ်သည်များနှင့် တပ်မှူးများက တိမ်များပေါ်တွင် စနစ်တကျ ရပ်နေသည်ကို တွေ့လိုက်ရသည်။
" ဒါက ကောင်းကင်ဘုံရဲ့ ကောင်းကင်စစ်သည်တွေလား။ တကယ်သန်မာတာပဲ။ အင်မော်တယ်အဆင့်အောက် တစ်ယောက်မှမပါဘူး။ " ရင်ကျန့်က သူတို့ကို ကြည့်ပြီး အံ့ဩသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ကောင်းကင်အထက်တွင် ကောင်းကင်ဘုံ၏ ရွှေအင်မော်တယ်တပ်မှူးက အောက်သို့ အေးစက်စွာ ကြည့်လိုက်သည်။ အောက်မှ ပြည်နယ်ကိုးခုအကာအကွယ်ကို မြင်သောအခါ သူ၏ မျက်နှာတွင် လှောင်ပြောင်သော အရိပ်အယောင် ပေါ်လာသည်။
" သာမန်အကာအကွယ်လေးတစ်ခုက ငါတို့ အင်မော်တယ်ဘုံရဲ့ စွမ်းအားကို တားဆီးနိုင်မယ်ထင်နေတာလား။ " သူက အကာအကွယ်အောက်တွင် ရပ်နေသော ရင်ကျန့်နှင့် အရာရှိများကို ကြည့်ပြီး အေးစက်စွာ ကြေညာလိုက်သည်။
" ချင်က ကောင်းကင်စည်းမျဉ်းကို ဖောက်ဖျက်ပြီး လူသားဘုံရဲ့ အခြေခံစည်းမျဉ်းကို ဆန့်ကျင်ကြတယ်။ ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်အရ ငါတို့က ချင်ကို ဖျက်ဆီးပြီး ချင်ဧကရာဇ်ကို ဖမ်းဆီးမယ်။ တားဆီးတဲ့သူမှန်သမျှ ကျိုယိုငရဲကို ပို့ပြီး ဘယ်တော့မှ ပြန်မမွေးဖွားနိုင်အောင် လုပ်မယ်။ "
" သတ် သတ် သတ် " ကောင်းကင်စစ်သည်ငါးထောင်က သူတို့၏ လှံများကို မြှောက်ပြီး အော်ဟစ်လိုက်ကြသည်။ အင်မော်တယ်စွမ်းအားများ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။
" ငါ့ရဲ့ ချင်ကို ဖျက်ဆီးပြီး ငါ့ကို ဖမ်းဆီးမယ်ဟုတ်လား။ " ရင်ကျန့်က ကြောက်ရွံ့မှုမရှိဘဲ အေးစက်စွာ ပြုံးလိုက်သည်။ သူက သူ၏ လက်ကို ဖြည်းညင်းစွာ မြှောက်ပြီး ကောင်းကင်စစ်သည်များရှိရာသို့ လက်ဝှေ့ရမ်းလိုက်သည်။ " ဒါဆိုလည်း လာခဲ့လေ။ "
" သတ်ကြ " ရွှေအင်မော်တယ်တပ်မှူးက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
ကောင်းကင်စစ်သည်တစ်ရာက ရှေ့ထွက်လာကာ သူတို့၏ လက်နက်များကို မြှောက်ပြီး ပြည်နယ်ကိုးခုအကာအကွယ်ကို ခုတ်ပိုင်းလိုက်ကြသည်။ ထိုတိုက်ခိုက်မှုက ရှန်းယန်မြို့တော်တစ်ခုလုံးကို ဖျက်စီးပစ်ရန် လုံလောက်သည်။
" ငါ မင်းတို့ကို စောင့်နေတာကြာပြီ။ " ကောင်းကင်စစ်သည်များ တိုက်ခိုက်လိုက်သည့်အချိန်တွင် အေးစက်သော အသံတစ်ခုက ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။ ထို့နောက် ဓားအလင်းတန်းတစ်ခုက ကောင်းကင်ယံကို ထိုးဖောက်သွားသည်။
" အား...အား...အား..." နာကျင်စွာ အော်ဟစ်သံများက ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။ ရှေ့ထွက်လာသော ကောင်းကင်စစ်သည်တစ်ရာကျော်က ဓားအလင်းတန်း၏ ထိုးဖောက်ခြင်းခံလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များက မြေပြင်သို့ ပြုတ်ကျသွားကြသည်။
" ဘယ်သူလဲ။ " ရွှေအင်မော်တယ်တပ်မှူးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် ပုံရိပ်တစ်ခုက ပြည်နယ်ကိုးခုအကာအကွယ်၏ အပြင်ဘက်တွင် ပေါ်လာသည်။ ကောင်းကင်စစ်သည်ငါးထောင်ကို ကြည့်ပြီး ကျောက်ဖုန်းက အေးစက်စွာ ရယ်မောလိုက်သည်။
" ငါ့နယ်မြေကို ကျူးကျော်လာပြီး ငါ ဘယ်သူလဲ မေးနေတာလား။ ငါ အသစ်ရထားတဲ့ ဓားအစီအရင်ကို စမ်းသပ်ဖို့ မင်းတို့ကို စောင့်နေခဲ့တာ။ ငါ့ရဲ့ ဓားအစီအရင်က စွမ်းမစွမ်း ဒီနေ့ သိရတော့မှာပေါ့။ " ကျောက်ဖုန်းက ရယ်မောလိုက်ပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။
ကြောက်စရာကောင်းသော စွမ်းအားများနှင့်အတူ ဓားလေးလက်နှင့် အစီအရင်မြေပုံတစ်ခု ပေါ်လာသည်။ အစီအရင်မြေပုံက ပျောက်ကွယ်သွားကာ ဓားလေးလက်က မိုင်တစ်ရာဝန်းကျင်၏ ထောင့်လေးထောင့်ကို ပျံသန်းသွားပြီး ကောင်းကင်စစ်သည်များကို ဝန်းရံလိုက်သည်။
ကျောက်ဖုန်း၏ လက်ရှိစွမ်းအားနှင့်ဆိုလျှင် သူက ရွှေအင်မော်တယ် အထွတ်အထိပ်ကို သတ်ဖြတ်နိုင်သည်။ ဓားအစီအရင်နှင့်ဆိုလျှင် ပြောစရာပင်မလိုပေ။ အတုအယောင် အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ကို ခင်းကျင်းလိုက်သည်နှင့် သတ်ဖြတ်ခြင်းအရှိန်အဝါများက ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။
" ကောင်းကင်စစ်သည်တို့ ငါ့ရဲ့ ဓားအစီအရင်ကို ခုခံနိုင်ပါ့မလား။ " ကျောက်ဖုန်းက ရယ်မောလိုက်ပြီး ဓားအစီအရင်ကို အသက်သွင်းလိုက်သည်။
" သတ် " ကျောက်ဖုန်းက ဓားအစီအရင်ကို ထိန်းချုပ်ပြီး သတ်ဖြတ်ခြင်းအရှိန်အဝါများကို ဓားအလင်းတန်းအဖြစ် ပြောင်းလဲကာ အတွင်းမှ ကောင်းကင်စစ်သည်များကို ခုတ်ပိုင်းလိုက်သည်။
" ကာကွယ်ကြ။ " ကောင်းကင်စစ်သည်များက သူတို့၏ အင်မော်တယ်စွမ်းအားကို သုံးပြီး လျင်မြန်စွာ ကာကွယ်လိုက်ကြသည်။ သို့သော် ဓားအလင်းတန်းက သတ်ဖြတ်ခြင်းအရှိန်အဝါများ၊ ဓားချီများနှင့်အတူ ကျဆင်းလာသည်။
" အား..." ဓားအစီအရင်ထဲတွင် အော်ဟစ်သံများ ထွက်ပေါ်လာပြီး ကောင်းကင်စစ်သည်ငါးထောင်မှ တစ်ဝက်က ဓားအလင်းတန်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။