← Chapters

အခန်း ၁၀၃၀

Vol. 50 Ch. 1030

အခန်း ၁၀၃၀

Vol. 50 Ch. 1030

အခန်း(၁၀၃၀) ထိုက်ရွှီဓားသိုင်း

လွင့်မျောခြင်း ရှေးဟောင်းနဂါးကြီးထံမှ ရရှိခဲ့သော နဂါးအကြေးခွံတစ်ခုတွင် နတ်ဘုရားဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းဆိုင်ရာ လျှို့ဝှက်ချက်များကို မှတ်တမ်းတင်ထားသည်။

ယင်းမှာ နတ်ဘုရားအရှင်သခင် ပညာရှင်ကြီးတစ်ဦး၏ ကျင့်ကြံမှုနည်းလမ်းနှင့် အတွေ့အကြုံများပင်ဖြစ်သည်။ ဤအချက်ကြောင့် နတ်ဘုရားနယ်ပယ်၌ ချင်ယွမ်ဖုန်း၏ အစပြုခြင်းသည် အခြားသူများထက် များစွာသာလွန်နေခဲ့သည်။

ထို့အပြင် စနစ် အဆင့်မြှင့်တင်ပြီးနောက် ချင်ယွမ်ဖုန်းအား ထိုက်ရွှီဓားရှည်နှင့် ယင်းနှင့်ကိုက်ညီသော ထိုက်ရွှီဓားသိုင်းတို့ကို ဆုလာဘ်အဖြစ် ပေးအပ်ခဲ့သည်။

ချင်ယွမ်ဖုန်းသည် ရှေးဦးစွာ နဂါးအကြေးခွံကို ထုတ်ယူကာ သေချာစွာ လေ့လာလိုက်သည်။ နဂါးအကြေးခွံပေါ်တွင် မှတ်တမ်းတင်ထားသော အချက်အလက်များကို အလွတ်ကျက်မှတ်၍ မရနိုင်ကြောင်း သူတွေ့ရှိလိုက်ရသည်။

အကြောင်းမှာ ယင်းအချက်အလက်များသည် အလွတ်ကျက်မှတ်ရန်အတွက် မဟုတ်ဘဲ နဂါးအကြေးခွံကို ကိုင်တွယ်ရင်းဖြင့်သာ ကိုယ်တိုင်နားလည်သဘောပေါက်ရမည့် အရာများဖြစ်သောကြောင့်ပင်။

ထိုသို့ပြုလုပ်မှသာလျှင် ယင်းအတွင်းရှိ နတ်ဘုရားဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်း၏ နက်နဲမှုများကို ဆုပ်ကိုင်နိုင်မည်ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် ယခင်ကတည်းကပင် နားလည်သဘောပေါက်မှုအချို့ ရှိထားပြီးဖြစ်ရာ သူ၏ နတ်ဘုရားဝိညာဉ်စွမ်းအင် ကျင့်ကြံမှုနည်းလမ်းမှာလည်း ပြောင်းလဲနေခဲ့သည်။ ကျင့်ကြံပြီးသည့်နောက်တွင် ဤနည်းလမ်းဖြင့် ကျင့်ကြံခြင်းက သူ၏ နတ်ဘုရားဝိညာဉ်စွမ်းအင်များကို ပိုမိုမြန်ဆန်စွာ စုစည်းမိစေပြီး ပိုမိုနက်ရှိုင်းလာစေကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။

နဂါးအကြေးခွံကို ကိုင်တွယ်ရင်း နားလည်သဘောပေါက်ရန် လိုအပ်သည့်အချိန်မှာ ကြာမြင့်ရန်မလိုဘဲ တစ်နေ့လျှင် တစ်နာရီခန့်ဆိုလျှင်ပင် လုံလောက်ပေသည်။ ကျန်ရှိသည့်အချိန်များတွင်မူ အနာဂတ်၌ ကျင့်ကြံရာ၌ဖြစ်စေ သို့မဟုတ် နေ့စဉ်လှုပ်ရှားမှုများ၌ဖြစ်စေ ဤကျင့်စဉ်ကို သတိမထားမိဘဲ အသုံးချသွားမည်ဖြစ်သည်။

---

ထို့နောက် ချင်ယွမ်ဖုန်းသည် ထိုက်ရွှီဓားရှည်နှင့် ထိုက်ရွှီဓားသိုင်းကို ထုတ်ယူလိုက်သည်။

ထိုက်ရွှီဓားသိုင်းကို လှန်လှောကြည့်ရှုရင်း ချင်ယွမ်ဖုန်းသည် ယင်းမှာ ထူးချွန်သော ဓားသိုင်းတစ်ခုဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ထိုက်ရွှီဓားရှည်မရှိသည့်တိုင် ဓားချီကိုသာ အားပြု၍ ထိုက်ရွှီဓားသိုင်းကို အသုံးပြုနိုင်ပြီး ယင်း၏စွမ်းအားမှာလည်း မသေးငယ်လှပေ။

စင်စစ် ထိုက်ရွှီဓားရှည်နှင့် တွဲဖက်အသုံးပြုနိုင်ပါက ပိုမိုပြင်းထန်သော စွမ်းအားကို ထုတ်လွှတ်နိုင်မည်ဖြစ်သည်။

ယခုအခါ နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ ချင်ယွမ်ဖုန်းအနေဖြင့် မိမိ၏စွမ်းအားကို အမြန်ဆုံးမြှင့်တင်ရန် လိုအပ်နေပြီး ထိုက်ရွှီဓားသိုင်းက သူ့အား များစွာအကူအညီပေးနိုင်မည်ဖြစ်သည်။ သူစတင်ကျင့်ကြံလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တဖြည်းဖြည်းနှင့် ပွင့်လင်းမြင်သာသော ဓားကြီးတစ်လက်အသွင် စုစည်းသွားသယောင် ရှိသည်။

ကျင့်ကြံနေစဉ်အတွင်း ဓားချီ၏ အရှိန်အဝါမှာ တစ်ခါတစ်ရံတွင် ထက်မြက်ပြီး တစ်ခါတစ်ရံတွင် ကျယ်ပြန့်နက်ရှိုင်းကာ မရေမတွက်နိုင်သော အပြောင်းအလဲများဖြင့် ပြည့်နှက်နေသည်။

အထူးသဖြင့် ချင်ယွမ်ဖုန်း အသက်ရှူတိုင်းတွင် ဓားစိတ်စွမ်းအားများ ပါဝင်နေသည့်အလား ခံစားရသည်။

ချင်ယွမ်ဖုန်း ဓားသိုင်းကို ကျင့်ကြံစပြုလာသည်နှင့် ထုတ်ယူထားသော ထိုက်ရွှီဓားရှည်မှာ သူ့ရှေ့တွင် လေထဲ၌ ဝဲပျံနေပြီး ဓားသိုင်း၏လွှမ်းမိုးမှုကြောင့် မသိစိတ်ဖြင့် ကခုန်နေသယောင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဤဓားသိုင်းကို ကျင့်ကြံရင်း နဂါးအကြေးခွံမှ နားလည်သဘောပေါက်ထားသော နတ်ဘုရားဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းနည်းလမ်းမှာလည်း ဓားသိုင်းကျင့်ကြံမှုအတွင်း ပေါင်းစပ်နိုင်ကြောင်း ချင်ယွမ်ဖုန်း သိလိုက်ရသည်။

ယင်းက ဓားသိုင်းကို ကျင့်ကြံရင်းနှင့်ပင် သူ၏ နတ်ဘုရားဝိညာဉ်စွမ်းအင်ကို မြှင့်တင်နိုင်စေသည်။

နဂါးအကြေးခွံအတွင်းရှိ ကျင့်စဉ်၏ နက်နဲမှုအတွက် ချင်ယွမ်ဖုန်းမှာ အံ့ဩမဆုံး ဖြစ်ရသည်။

မသိလိုက်မသိဘာသာဖြင့် နေ့တစ်နေ့နှင့် ညတစ်ည ကုန်ဆုံးသွားခဲ့သည်။

---

ချင်ယွမ်ဖုန်း ကျင့်ကြံနေစဉ်အတွင်း အိုမိသားစုမှ ညီအစ်ကိုနှစ်ဦးလည်း ဤနေရာသို့ မမျှော်လင့်ဘဲ ရောက်ရှိလာကြသည်။

နှစ်ဦးသား အချင်းချင်း ကြည့်လိုက်ကြရာ တစ်ဦးနှင့်တစ်ဦး ဤနေရာတွင် ရှိနေမည်ကို ကြိုတင်ခန့်မှန်းထားကြသည့်အလား ဖြစ်နေသဖြင့် ဘာမျှမပြောဆိုတော့ဘဲ ချင်ယွမ်ဖုန်းရှိရာ အိမ်တော်သို့ တန်းတန်းမတ်မတ် လျှောက်သွားကြသည်။ သို့သော် ဝါးအိမ်သို့ မရောက်မီပင် အစောင့်များ၏ တားဆီးခြင်းကို ခံလိုက်ရသည်။

အစောင့်က သူတို့နှစ်ဦးကို တားဆီးရန် လက်ကိုဆန့်ထုတ်လိုက်ပြီး "သခင်လေးတို့ ခွင့်လွှတ်ပေးကြပါ။ ကြယ်အရှင်သခင် လက်ခံထားတဲ့ ဧည့်သည်တော်က အထဲမှာ အနားယူနေတာပါ။ အခုအချိန်မှာတော့ သခင်လေးတို့နဲ့ တွေ့ဆုံဖို့ အဆင်မပြေပါဘူး" ဟု ပြောဆိုသည်။

အိုချန်ဂီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး "အစောင့်ညီလေး၊ ဧည့်သည်တော် အနားယူနေတယ်ဆိုတာ ငါတို့သိပါတယ်။ ဒါပေမဲ့ ငါတို့မှာ အရေးကြီးတဲ့ကိစ္စ ပြောစရာရှိလို့ပါ။ မပူပါနဲ့၊ မင်းကို အခက်အခဲ မဖြစ်စေရပါဘူး" ဟု ဆိုသည်။ စကားပြောရင်းပင် သူသည် သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံးအိတ်ကို ထုတ်ယူကာ အစောင့်အား ပေးလိုက်သည်။

အစောင့်က ယူလိုက်ပြီး လေးလံနေသည်ကို ခံစားမိသည်။ သူအနည်းငယ်ဖွင့်ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားရသည်။ အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံးများ ပြည့်နှက်နေသည်။ အစောင့်၏စိတ်ထဲတွင် ဝမ်းသာမှုများ လှိုက်တက်လာသည်။ အိမ်တော်၌ အလုပ်လုပ်သည့်အချိန်မှစ၍ ယခုကဲ့သို့ များပြားသော ဝိညာဉ်ကျောက်တုံးများကို တစ်ခါမျှ မရဖူးသေးပေ။ သို့သော် အိမ်တော်စည်းကမ်းအရ ချက်ချင်းလက်ခံရန် ခက်ခဲနေသည်။

"မငြင်းပါနဲ့၊ ယူလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ဒီအိမ်တော်မှာ အလုပ်လုပ်နေတာ ကြာပြီပဲ။ အပင်ပန်းခံရတာ အကျိုးခံစားခွင့် ရှိတာပေါ့။ ဒါတွေကို မင်းတို့နဲ့ တခြားအစောင့်ညီအစ်ကိုတွေ လက်ဖက်ရည်သောက်ဖို့အတွက်လို့ပဲ သဘောထားလိုက်ပါ" ဟု အိုချန်ဂီက ပြုံးရွှင်စွာ ပြောလိုက်သည်။

အစောင့်မှာ မေ့လဲမတတ်ပင် ဖြစ်သွားသည်။ ဝိညာဉ်ကျောက်တုံးများစွာမှာ သူတစ်သက်လုံး လက်ဖက်ရည်သောက်ရန် လုံလောက်နေပြီဖြစ်သည်။

သူတို့ထံမှ ဝိညာဉ်ကျောက်တုံးများစွာကို ရလိုက်သဖြင့် အစောင့်မှာ အနည်းငယ် အားနာသွားကာ "သခင်လေးတို့၊ ကျေးဇူးပြုပြီး ဝင်ခဲ့ကြပါ" ဟု ပြောလိုက်သည်။

အိုချန်ဂီသည် တန်းတန်းမတ်မတ် ဝင်သွားသည်။

'ဖြန်း'

အိုချန်ဂီ ဝင်သွားသည်နှင့် နောက်ထပ် ဝိညာဉ်ကျောက်တုံးအိတ်တစ်ခုမှာ အစောင့်၏လက်ထဲသို့ ရောက်ရှိလာသည်။ ချက်ချင်းဆိုသလိုပင် ငွေကြေးချမ်းသာလှသော အိုဘီဟဲက "ဒါက မင်းရဲ့ဆုလာဘ်ပဲ" ဟု ဆိုလိုက်သည်။

"ကျွန်တော်ကတော့..." အစောင့်မှာ စကားပင် မပြောနိုင်တော့ပေ။

အိမ်တော်ထဲတွင် ညီအစ်ကိုနှစ်ဦး အားပြိုင်မှုများ ရှိသည်ဟု ပြောစမှတ်ပြုကြပြီး ယခုတစ်ကြိမ်တွင် သူကိုယ်တိုင်ပင် မြင်တွေ့လိုက်ရသည်။ သူတို့ကို လွယ်လွယ်ကူကူ ဝင်ခွင့်ပေးစေရန်နှင့် မိမိတို့၏ ဂုဏ်သိက္ခာအတွက် တစ်ဦးထက်တစ်ဦး ပိုမိုလှူဒါန်းနေကြခြင်းဖြစ်သည်။ အစောင့်အနေဖြင့် ဘာများ ပြောနိုင်ဦးမည်နည်း။ သူတို့ကို ဆက်လက်၍ ဝင်ခွင့်ပြုလိုက်ရုံသာ ရှိတော့သည်။

နှစ်ဦးသား ဝင်သွားပြီးနောက် ဝါးအိမ်သို့ တန်းတန်းမတ်မတ် သွားကြသည်။

ယခုအချိန်၌ ချင်ယွမ်ဖုန်းသည် ကျင့်ကြံနေသော်လည်း အပြင်ဘက်ကို သတိစိုက်ထားဆဲပင်။ ထို့နောက် အပြင်ဘက်မှ ညီအစ်ကိုနှစ်ဦး၏

တပြိုင်နက်တည်းထွက်ပေါ်လာသော အသံကို ကြားလိုက်ရသည်။ "သခင်လေးချင်၊ ကျွန်တော် အိုချန်ဂီ ၊ အိုဘီဟဲ တို့ လာရောက်တွေ့ဆုံပါတယ်။ အနှောင့်အယှက်ပေးမိတဲ့အတွက် ခွင့်လွှတ်ပေးပါ"

ချင်ယွမ်ဖုန်းမှာ ဤအချိန်၌ ဓားသိုင်းတွင် နားလည်သဘောပေါက်မှုအချို့ ရှိနေပြီး ဓားသိုင်းအဆင့်မှာလည်း ပထမအဆင့် ဓားစိတ်ကို တဖြည်းဖြည်း စုစည်းမိစပြုနေသည်။ သခင်လေးနှစ်ဦး လာရောက်တွေ့ဆုံသည်ကို ကြားလိုက်ရသဖြင့် ဤနေရာသို့ ရောက်လာကတည်းက ဤလူနှစ်ယောက်အကြောင်း ကြားဖူးသော်လည်း သူ့ကို လာရောက်ရှာဖွေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အိုချီဟွာနှင့်ပင် မညှိနှိုင်းရသေးခင် သူ့သားများနှင့် အဆက်အသွယ် လုပ်ရတော့မည့် အခြေအနေပင်။

တကယ်တော့ ဒါကလည်း မဆိုးလှပေ။ဤလူနှစ်ယောက်၏ ရည်ရွယ်ချက်မှာ မိမိကို အသုံးချရန်ဖြစ်မည်ကို သိသော်လည်း နောက်ဆုံးတွင် မည်သူက မည်သူ့ကို အသုံးချမည်ကို ပြောရန်ခက်ပေသည်။ ဤသူနှစ်ဦးမှာ အချိန်ကိုက်ပင် ရောက်လာကြသည်။

'ဝှီး'

ချင်ယွမ်ဖုန်း၏ ဓားချီများ ပြင်းထန်စွာ တိုးထွက်လာပြီး တစ်ခဏချင်းမှာပင် ထိုက်ရွှီဓားသိုင်းမှ ထုတ်လွှတ်လိုက်သော ဓားချီများဖြင့် ဝါးအိမ်တစ်ခုလုံး ပြည့်နှက်သွားသည်။

ချင်ယွမ်ဖုန်းက ဝါးအိမ်အတွင်း၌ အစီအရင်တစ်ခု မထားရှိခဲ့ပါက ယခုအချိန်တွင် ပြိုကျပျက်စီးသွားလောက်ပေသည်။ ဤအချိန်တွင် ဝါးအိမ်မှာ တုန်ခါသွားပြီး အစွမ်းထက်သော စွမ်းအင်တစ်ခုမှာ အစီအရင်ကို ဖောက်ထွက်လုနီးပါး ဖြစ်နေသည်။

ဝါးအိမ်ရှေ့တွင် ရပ်နေသော လူနှစ်ဦးမှာ ဤစွမ်းအားကို ခံစားမိသည်နှင့် သူတို့၏မျက်နှာတွင် အံ့ဩမှုများ ပေါ်ပေါက်လာရသည်။ အကြောင်းမှာ ဤစွမ်းအားမှာ ပေါက်ကွဲထွက်တော့မည့် ရေလွှမ်းမိုးခြင်းကဲ့သို့ပင် ဖြစ်နေသောကြောင့်ပင်။

"ချင်ယွမ်ဖုန်းရဲ့ စွမ်းအားက တကယ်ပဲ ထူးခြားတာပဲ" ဟု ညီအစ်ကိုနှစ်ဦးတွေးလိုက်ကြသည်။

"သခင်လေးနှစ်ယောက်ကိုယ်တိုင် ကြွရောက်လာကြတာကို အပြင်ထွက်မတွေ့နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။"

နှစ်ဦးသား တွေးတောနေစဉ်မှာပင် တံခါးမှာ ပွင့်သွားပြီး ချင်ယွမ်ဖုန်း၏ပုံရိပ်မှာ တံခါးဝ၌ ပေါ်လာကာ အပြင်ဘက်တွင် ရပ်နေသော ညီအစ်ကိုနှစ်ဦးကို ကြည့်လိုက်သည်။

"အသက်ငယ်ပေမဲ့ ကျင့်ကြံမှုက တကယ်ကို နက်နဲတာပဲ" ဟု အိုချန်ဂီ တွေးလိုက်သည်။

အိုဘီဟဲ၏စိတ်ထဲတွင်လည်း ထိုနည်းအတိုင်းပင် တွေးနေမိသည်။ သူ၏လက်အောက်ငယ်သားများနှင့် နှိုင်းယှဉ်လျှင် ဤသူ၏စွမ်းအားမှာ သူတို့ထက် ဆယ်ဆမျှ သာလွန်နေလိမ့်မည်။

All Chapters