← Chapters

အခန်း ၁၀၄၅

Vol. 50 Ch. 1045

အခန်း ၁၀၄၅

Vol. 50 Ch. 1045

အခန်း(၁၀၄၅)

"သခင်လေး မင်းဈေးတင်ဖို့ စိတ်ကူးမယဉ်ပါနဲ့တော့။ ကျွန်တော်ပေးတဲ့ ဝိညာဉ်ကျောက်တုံးတွေက အများဆုံးပမာဏပဲ။ အခုထိ မကျေနပ်သေးဘဲ လောဘဇောကပ်နေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့ ဆက်ပြောစရာ မလိုတော့ဘူး" ချင်ယွမ်ဖုန်းက ခပ်အေးအေး ပြောလိုက်သည်။

"သန်းငါးဆယ်ဆိုတာ နည်းတဲ့ပမာဏ မဟုတ်ဘူး..." အိုချန်ဂီက ဘာမှမပြောသော်လည်း သူ့ပတ်ဝန်းကျင်က သိုင်းပညာရှင်တွေကတော့ တီးတိုးပြောဆိုနေကြသည်။ အိုချန်ဂီ၏ လက်အောက်ငယ်သားများအနေနှင့် သူတို့တစ်နှစ်တာ ရရှိနိုင်သည့် ဝိညာဉ်ကျောက်တုံးများမှာ တစ်သိန်းကျော်သာ ရှိသည်။

ကျင့်ကြံဆဲ သိုင်းပညာရှင်များဆိုလျှင် တစ်နှစ်ကို ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းသာ ရရှိကြပေလိမ့်မည်။

မူလက အိုချန်ဂီဘေးတွင် ရှိနေသည့် ကချေသည်မလေး လျန်ဟွာ၏ တန်ဖိုးမှာ သန်းငါးဆယ်အထိ ရုတ်တရက် မြင့်တက်သွားသည်ကို တွေးကြည့်ရုံနှင့်ပင် အိပ်မက်တစ်ခုလို ဖြစ်နေသည်။

ချင်ယွမ်ဖုန်း၏ စကားကို ကြားလိုက်ရသော အိုချန်ဂီက အနေရခက်စွာ ပြုံးလိုက်သည်။ ဤဈေးနှုန်းသည် လုံလောက်သည်ထက် ပိုနေသည်။ ချင်ယွမ်ဖုန်း ကိုယ်တိုင်ရောက်လာမည်ဟု ကြားလိုက်ကတည်းက လျန်ဟွာကို ပြန်ရတော့မည်မဟုတ်ဟု သူ မျှော်လင့်ချက်ကုန်ဆုံးခဲ့သည်။

ထို့ပြင် ချင်ယွမ်ဖုန်းနှင့် တည့်တည့်ရင်ဆိုင်ခြင်းက မခန့်မှန်းနိုင်သည့် ကြောက်မက်ဖွယ် အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်။

အခုတော့ ကိစ္စမရှိတော့ပေ။ ချင်ယွမ်ဖုန်းက သူ့အတွက် လမ်းစဖန်တီးပေးရုံသာမက ဝိညာဉ်ကျောက်တုံး အမြောက်အမြားကိုပါ လက်ခံရရှိလိုက်သဖြင့် သူ အလွန်ကျေနပ်သွားသည်။

ချင်ယွမ်ဖုန်းက သူ့နှင့် အချိန်ကုန်မခံတော့ဘဲ သိုလှောင်အဝတ်အတွင်းမှ ဝိညာဉ်ကျောက်တုံးများကို တိုက်ရိုက်ထုတ်ယူပြီး ပစ်ပေးလိုက်သည်။ စစ်ဆေးပြီးနောက် အိုချန်ဂီက ကျေနပ်စွာ လက်ခံလိုက်သည်။

သူ စိတ်ထဲတွင် တွေးလိုက်သည်မှာ သူ့ညီလေး အိုဘီဟဲသည် နှစ်များစွာအတွင်း အမျိုးမျိုးသော လုပ်ငန်းများဖြင့် ကြွယ်ဝချမ်းသာမှုကို စုဆောင်းခဲ့သည်မှာ မှန်သော်လည်း ယခု သူ့လက်ထဲက ပမာဏနှင့် ယှဉ်လိုက်ပါက ဘာမှမဟုတ်တော့ပေ။

"ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးချင်" အိုချန်ဂီက အမြန်ပင် ကျေးဇူးတင်စကားဆိုပြီးနောက် နောက်က အစေခံများကို "နင်တို့ ဒီမှာ ဘာရပ်လုပ်နေတာလဲ။ မြန်မြန် လက်ဖက်ရည် ပြင်စမ်း" ဟု အော်ပြောလိုက်သည်။

"မလိုပါဘူး။ ကျွန်တော်တို့ ပြန်တော့မှာမို့လို့ သခင်လေးကို ဒုက္ခမပေးတော့ပါဘူး" ချင်ယွမ်ဖုန်း ပြောပြီးသည်နှင့် ထရပ်လိုက်ပြီး နောက်တစ်ချက်ပင် ပြန်မကြည့်ဘဲ ထွက်ခွာသွားသည်။ အကိုနဂါးဟော့လုံနှင့် လျန်ဟွာတို့က သူ့နောက်မှ လိုက်ပါလာပြီး နေအိမ်ဘက်သို့ ဦးတည်သွားကြသည်။

---

ချင်ယွမ်ဖုန်း ထွက်ခွာသွားသည်ကို ကြည့်ပြီး အိုချန်ဂီ၏ ဘေးနားရှိ အယုံကြည်ရဆုံးလူက "သခင်လေး ဒါက မမျှော်လင့်ထားတဲ့ စည်းစိမ်ပါပဲ။ ဒီဝိညာဉ်ကျောက်တုံးတွေနဲ့ဆိုရင် ကျွန်တော်တို့ ဒုတိယသခင်လေးနဲ့ အပြိုင်အဆိုင် ယှဉ်ပြိုင်နိုင်တော့မှာပါ" ဟု ပြောသည်။

အိုချန်ဂီက စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ပြီး "ဟုတ်တာပေါ့။ ဒုတိယညီက အမြဲတမ်း သူက ငါ့ထက် ငွေပိုရှိတယ်ဆိုပြီး ဖိနှိပ်ထားတတ်တာ။ အခုတော့ ဘယ်သူက တကယ်အသာစီးရလဲဆိုတာ ကြည့်ရတော့မှာပဲ။ အော် ဟုတ်သားပဲ မြန်မြန် စီစဉ်လိုက်ဦး။ အရင်က ငါ့နောက်လိုက်ခဲ့တဲ့သူတွေကို အခု ပြန်လာချင်သေးလားဆိုတာ စုံစမ်းကြည့်လိုက်။ သူတို့ကို တိုက်ရိုက်ပြောလိုက်၊ ဒီမှာရမယ့် ဆက်ဆံရေးက အိုဘီဟဲပေးတာထက် အဆပေါင်းများစွာ ပိုကောင်းမယ်လို့" ဟု ပြောသည်။

နှစ်များစွာအတွင်း ငွေကြေးအင်အား မလုံလောက်မှုကြောင့် သူ့ဘေးနားက ထူးချွန်သူအများစုကို အိုဘီဟဲက အလုအယက် ခေါ်ဆောင်သွားခဲ့သည်။ အခုတော့ သူ ချမ်းသာလာပြီဖြစ်၍ သူတို့ကို ပြန်ခေါ်ရန်မှာ သဘာဝကျသည်။ အိုချန်ဂီအနေနှင့် ဤသူတို့သည် ငွေနောက်သို့သာ လိုက်တတ်ပြီး ယုံကြည်အားထား၍ မရကြောင်း သိထားသော်လည်း ကုဇေကြယ်ပေါ်တွင် သူတို့ထက် သာလွန်သူများမှာ ရှားပါးလှသဖြင့် အသုံးပြုရန်သာ တတ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ လူတိုင်းက ကိုယ့်အကျိုးစီးပွားကိုသာ ကြည့်ကြသည် မဟုတ်လော။

ထို့နောက် သူသည် ချင်ယွမ်ဖုန်းထံသို့ ပြန်လည်ဂါရဝပြုရန် လူလွှတ်လိုက်ပြီး ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ကြိုးပမ်းသည်။

ချင်ယွမ်ဖုန်းကမူ အားလုံးကို လက်ခံလိုက်သည်။

ဟော့လုံက စိတ်ထဲတွင် ကျေးဇူးတင်နေမိသည်။ လျန်ဟွာ သူ့ထံမှ ထွက်ခွာတော့မည်ကို မြင်လိုက်ရသည့်အခါ သူမကို ရွေးထုတ်ရန် ဝိညာဉ်ကျောက်တုံးများစွာ လိုအပ်မည်ဆိုလျှင် သူ မတတ်နိုင်မည်မှာ အသေအချာပင်။

ချင်ယွမ်ဖုန်း ပေးလိုက်သည့် ပမာဏ၏ ဆယ်ပုံတစ်ပုံပင် သူ မတတ်နိုင်ပေ။ ကိုယ်ပိုင်ရတနာများကို ရောင်းချရလျှင်လည်း ဟော့လုံက ထိုမျှအထိ အရူးမဟုတ်ပေ။

"ညီအစ်ကို ချင်ယွမ်ဖုန်း ဒီကိစ္စအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ နောင်တစ်ချိန် အခက်အခဲတစ်ခုခုနဲ့ ကြုံလာရင် ကျွန်တော် အစွမ်းကုန် ကူညီပေးမှာပါ" ဟု ဟော့လုံက ဆိုသည်။

ချင်ယွမ်ဖုန်းက ပြုံးပြီး "အကိုနဂါး ဒါကို တစ်ခါပြောပြီးသားပါ" ဟု ပြန်ပြောသည်။

ဟော့လုံက အနေရခက်စွာ ပြုံးလိုက်သည်။ သူ့၏ နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းနိုင်ခြင်းမှာ ချင်ယွမ်ဖုန်းကြောင့်သာ ဖြစ်ပြီး ဤကျေးဇူးကို ဆပ်ရန် အချိန်အကြာကြီး လိုအပ်မည်ဖြစ်သည်။

အိုဘီဟဲအနေနှင့် အိုချန်ဂီ၏ ကိစ္စကို ကြားသိလိုက်ရသည့်အခါ ချက်ချင်းပင် စိုးရိမ်စိတ်ဝင်လာသည်။ ချင်ယွမ်ဖုန်းက တကယ်ပဲ အဲ့ဒီလောက်တောင် ကောင်းသလား။ သားရဲတိုက်ပွဲရုံတွင် ချင်ယွမ်ဖုန်း၏ အသင်ပေးခြင်းကို ခံလိုက်ရသည့် သတင်းက သူ့နားသို့ ရောက်ရှိလာသည်။

မူလက သူတို့နှစ်ယောက်လုံး ပြတ်စဲသွားသင့်သော်လည်း အိုချန်ဂီက ချင်ယွမ်ဖုန်းနှင့် ပိုမိုနီးစပ်ရန် ဆက်လက်တွယ်ကပ်နေသေးသည်။

အကုန်လုံး ပျက်စီးပါစေတော့။

ဤအကြောင်းကို တွေးမိရင်း အိုဘီဟဲလည်း ငြိမ်မနေနိုင်တော့ဘဲ ချင်ယွမ်ဖုန်းကို အကြိမ်ကြိမ် သွားရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်သည်။

---

ရက်အနည်းငယ် ကြာသောအခါ။

အိုယန်ယွန်းက ချင်ယွမ်ဖုန်းထံ ရောက်လာပြီး သူ့ကို အပြင်ထွက်ရန် တိုက်တွန်းသည်။ နောက်ဆုံးတွင် ချင်ယွမ်ဖုန်းက "ငါတို့ ဘယ်ကို သွားမှာလဲ" ဟု မေးသည်။

"မေ့သွားပြီလား။ သားရဲတိုက်ပွဲရုံမှာ ရှိတဲ့ မိုးကြိုးဦးချိုကြံ့က ပြန်ပေါ်လာတော့မှာ။ ဒီတစ်ခါတော့ ငါတို့ အဲ့ဒီနေရာကို သွားဖျက်ဆီးကြမယ်" ဟု အိုယန်ယွန်းက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောသည်။

ချင်ယွမ်ဖုန်းက အားမလိုအားမရ ပြုံးလိုက်သည်။ သူ ဤကိစ္စကို တကယ်ပဲ မေ့နေခဲ့သည်။ သူ ဤကာလအတွင်း ကျင့်ကြံခြင်းဖြင့် အချိန်ကုန်ဆုံးနေခဲ့သည်၊ အကြောင်းမှာ အစွမ်းအစ တိုးတက်ခြင်းသည် မဖြစ်မနေ လိုအပ်ချက်ဖြစ်သောကြောင့် ဖြစ်သည်။ မည်သို့ဆိုစေ သူ နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိလာသည်မှာ မကြာသေးဘဲ စစ်မှန်သော နတ်ဘုရားနယ်ပယ်၏ ပညာရှင်ကြီးများနှင့် ယှဉ်လျှင် အလှမ်းဝေးကွာနေသေးသည်။

ထို့ပြင် ကုဇေကြယ်ကဲ့သို့သော နေရာတွင် ကြီးမားသည့် စိုးရိမ်ပူပန်မှုမရှိသဖြင့် အေးအေးဆေးဆေး ကျင့်ကြံနိုင်သည် မဟုတ်လော။

အိုယန်ယွန်း၏ စကားကို ကြားပြီးနောက် ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီလေ၊ မကြာသေးခင်ကမှ ငါ့ရဲ့စွမ်းအားက အနည်းငယ် တိုးတက်လာသလိုပဲ။ ငါ့ရဲ့စွမ်းရည်ကို စမ်းသပ်ဖို့ အခွင့်အရေးကောင်းပဲ။ သွားကြစို့" ဟု ပြောသည်။

"အော် ဟုတ်သားပဲ ဟော့လုံ ဘယ်ရောက်သွားလဲ။ ဘာလို့ မတွေ့ရတာလဲ" ဟု အိုယန်ယွန်းက သိလိုစိတ်ဖြင့် မေးသည်။

ချင်ယွမ်ဖုန်းက "သူ အခြားကိစ္စတွေကို သွားကြည့်နေတာပါ" ဟု ပြန်ဖြေသည်။

ဟော့လုံက မိန်းမချော့သည့် အတတ်ပညာကို တဖြည်းဖြည်း ကျွမ်းကျင်လာပြီး လျန်ဟွာနှင့်လည်း အကြိမ်ကြိမ် အောင်မြင်နေသည်။ သူတို့နှစ်ယောက်မှာ ခွဲမရနိုင်အောင် ဖြစ်နေကြပြီး ချင်ယွမ်ဖုန်းလည်း သူတို့ကို အနှောင့်အယှက် မပေးတော့ပေ။

သို့သော် ချင်ယွမ်ဖုန်းနှင့် အိုယန်ယွန်းတို့ တံခါးအပြင်ဘက်သို့ ခြေချလိုက်သည်နှင့် အပြင်တွင် လူနှစ်ယောက် စောင့်နေသည်ကို တွေ့လိုက်ရသည်။ ချင်ယွမ်ဖုန်း ထွက်လာသည်ကို မြင်သည်နှင့် အိုမိသားစု၏ ညီအစ်ကိုနှစ်ယောက်က စိတ်အားထက်သန်စွာဖြင့် "သခင်လေးချင်၊ ဘယ်ကိုပဲသွားသွား ကျွန်တော်တို့ လိုက်ပါဖို့ ဆန္ဒရှိပါတယ်" ဟု ပြောကြသည်။

ချင်ယွမ်ဖုန်း ပြုံးလိုက်သည်။ ကုဇေကြယ်၏ ကြယ်အရှင်သခင် အိုချီဟွာကို မသိမ်းသွင်းနိုင်သေးသော်လည်း သူ့သားသမီးများကိုမူ ကိုင်တွယ်ပြီးဖြစ်၍ တိုးတက်မှုဟု ဆိုနိုင်သည်။ ထို့ကြောင့် သူက ညီအစ်ကိုနှစ်ယောက်ကို "သခင်လေးနှစ်ယောက်ကို ဒုက္ခပေးသလို ဖြစ်သွားပြီ" ဟု ပြောသည်။

"ဒုက္ခမဟုတ်ပါဘူး၊ လုံးဝမဟုတ်ပါဘူး။ သခင်လေးချင်က ကျွန်တော်တို့ရဲ့ အထူးဧည့်သည်ပါ၊ ဒါတွေက ကျွန်တော်တို့ လုပ်ရမယ့် ကိစ္စတွေပါ" ဟု အိုချန်ဂီက မနေ့တစ်နေ့က ချင်ယွမ်ဖုန်းနှင့် ရန်သူလို ပြုမူခဲ့သည်ကို မေ့သွားသကဲ့သို့ ပြုံးလျက် ပြောသည်။

အိုယန်ယွန်းက ဘေးမှကြည့်နေရင်း သူမ၏ နူးညံ့လှပသော မျက်ခုံးများ ရှုံ့တွသွားပြီး စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။ ချင်ယွမ်ဖုန်းက နောက်ဆုံးတော့ ညီအစ်ကိုနှစ်ယောက်ကြားထဲတွင် ပါဝင်ပတ်သက်သွားပြီ ဖြစ်ပုံရသည်။

"သခင်လေးချင် သားရဲတိုက်ပွဲရုံကို သွားမယ်လို့ ကြားတယ်။ ကျွန်တော် လူတွေကို ခိုင်းပြီး လမ်းရှင်းခိုင်းထားပြီးပြီ။ သွားကြစို့" ဟု အိုဘီဟဲက လက်ကို မြောက်လျက် ကြွားဝါစွာ ပြောသည်။

ချက်ချင်းပင် သူ့လူများက လမ်းများပေါ်တွင် လူအုပ်ကို တိုးဝှေ့ရင်း "လမ်းဖယ်ပေးကြပါ၊ လမ်းဖယ်ပေးကြပါ" ဟု ထပ်ခါတလဲလဲ အော်ပြောကာ ရှေ့မှသွားနေသည်ကို တွေ့လိုက်ရသည်။

ချင်ယွမ်ဖုန်း ပါးစပ်ပင် ဟသွားရတော့မတတ် ဖြစ်သွားသည်။ တစ်စုံတစ်ဦးက အဆင့်မြင့်အရာရှိကြီး ခရီးသွားနေသည်ဟု ထင်သွားနိုင်ပေသည်။ သူ ဤကဲ့သို့ အဆင်အခြင်မဲ့ ပြုမူမှုကို လက်မခံနိုင်သဖြင့် "ဒီမှာရှိတဲ့သူတွေက ကျင့်ကြံသူတွေချည်းပဲ၊ ကျွန်တော်တို့က ဒီလိုအရာတွေကို တန်ဖိုးမထားဘူး။ မင်းတို့ရဲ့ အစေခံတွေကို ပြန်ခိုင်းလိုက်ပါ" ဟု ပြောလိုက်သည်။

အိုဘီဟဲက အနည်းငယ် အံ့အားသင့်သွားသော်လည်း ချင်ယွမ်ဖုန်း ပြောပြီးဖြစ်သဖြင့် သူ နာခံလိုက်ပြီး သူ့အစေခံများကို လူစုခွဲရန် အမိန့်ပေးလိုက်သည်။

All Chapters