← Chapters

အခန်း ၄၇၂

Vol. 46 Ch. 472

အခန်း ၄၇၂

Vol. 46 Ch. 472

Chapter 472

ကျန်းယန်ပြုံးကာ ခေါင်းကိုခါယမ်းလိုက်သည်။ ကောင်းကင်နှလုံးသားကျွန်းမှ အချိန်လွန်းပျံယာဥ်ကို ဓားပြတိုက်လုယူဖို့ကတော့ အတော်လေး ကျင့်ဝတ်နှင့်မညီညွှတ်ရာကျသည်လေ။

သို့သော် ဝတ်ရုံနက်ဝတ် ထိုတစ္ဆေတမန်တော်ကို ဆယ်နှစ်ကျော်အကြာ ပြန်လည်ရင်ဆိုင်ရချိန်တွင် မထင်မှတ်ဘဲ မတော်တဆဖြစ်ရပ်တစ်ခုခု ဖြစ်ပွားခဲ့မည်ဆိုလျှင်ကော။ ထိုအခါကျမှ သူတို့ လက်နက်ကိုစူးစမ်းလေ့လာရန် ငှားရမ်းလို့ရနိုင်မလားဟု ကြိုးစားကြည့်ရမည်ဖြစ်သည်။ ယိလင်ဆီမှတစ်ဆင့် ယာယီငှားရမ်းပြီး ပြန်ပေးဖို့ကတိထားခဲ့လျှင် သိပ်တော့ခက်ခဲလိမ့်မည်မဟုတ်။

"စီနီယာဂူရွှယ်၊ ကြည့်ရတာ စီနီယာတို့ကျင့်ကြံတဲ့စွမ်းအားက သာမန်မဟုတ်သလိုပဲနော်။"

ကျန်းယန်က ဂူရွှယ်အား စူးစမ်းချင်သလိုကြည့်လိုက်သည်။

သွေးအရိပ်မိစ္ဆာများသည် သွေးညှီနံ့များဖြင့် အမြဲနံစော်နေတတ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သွေးမြူခိုးများဖြင့် ဖုံးလွှမ်းထားတတ်ရာ သူ့အမြင်တွင် အတော်လေးကွဲပြားထူးဆန်းနေသည်ပင်။

"ငါက သွေးမဟာတာအိုလမ်းစဥ်ကို ကျင့်ကြံတာ၊ ငါ့သိုင်းပညာက သွေးမိစ္ဆာသိုင်းပညာရပ်ပဲ"

ဂူရွှယ်က ရှင်းပြလာသည်။

"သွေးမိစ္ဆာသိုင်းပညာရပ်ဆိုတာ သွေးမိစ္ဆာဧကရာဇ်ရဲ့ ကိုယ်ပိုင်သိုင်းပညာပဲလေ"

ကျန်းယန်မှာ ထိတ်လန့်အံ့သြသွားရသည်။ ဤသွေးမိစ္ဆာသိုင်းပညာရပ်မှာ ဧကရာဇ်၏မူပိုင်သိုင်းပညာ ဖြစ်နေခဲ့သည်ပင်။

"ဒီတော့ သွေးမိစ္ဆာဧကရာဇ်က သွေးလမ်းစဥ်ကိုစတင်ဖောက်လုပ်ပေးခဲ့တာပေါ့"

ကျန်းယန်က စိတ်ဝင်တစားမေးလိုက်သည်။

"မဟုတ်ဘူး၊ သွေးလမ်းစဥ်ဆိုတာ မိစ္ဆာလမ်းစဥ်ထဲမှာ ပါပြီးသားအစိတ်အပိုင်းတစ်ခုပဲ"

ဂူရွှယ်က ခေါင်းကိုယမ်းကာ အလေးအနက်ပြန်လည်ရှင်းပြလာသည်။

"တစ္ဆေဧကရာဇ်က တစ္ဆေလမ်းစဥ်ကိုစတင်ဖောက်လုပ်ပေးခဲ့ပြီး ပြန်လည်ဝင်စားခြင်းစွမ်းအားကို ထိန်းချုပ်စိုးမိုးထားတယ်"

"မိစ္ဆာဧကရာဇ်ဟာလည်း မိစ္ဆာလမ်းစဥ်ကို တည်ထောင်ဖောက်လုပ်‌ပေးခဲ့သူပဲ။ သူ့လက်ထဲ ဘယ်လိုစွမ်းအားကိုပိုင်စိုးထားလဲ မင်းသိလား"

"ကျွန်တော်မေးချင်တဲ့ အဓိကမေးခွန်းကလည်း အဲ့ဒါပါပဲ၊ စီနီယာတို့"

ကျန်းယန်က စူးစိုက်စွာနားထောင်နေလိုက်သည်။

ဤကဲ့သို့သော အစွမ်းထက်မိစ္ဆာကြီးများက အဆင့်မြင့်အသိပညာများကို စိတ်လိုလက်ရ မျှဝေပေးခြင်းမျိုးက ကြုံရခဲလှ၏။

သူတို့၏အသိပညာများကို တစ်ဆင့်နားထောင်ရုံဖြင့်ပင် နားထောင်သူ၏ဗဟုသုတနယ်ပယ်ကို တိုးချဲ့မြှင့်တင်နိုင်ပေမည်။

ဤကျင့်ကြံရေးလောကကို သူ အောင်မြင်စွာ ထိန်းချုပ်လှုပ်ကိုင်နိုင်နေခြင်း အကြောင်းရင်းမှာလည်း သူ၏အသိပညာနယ်ပယ်ကား လူအများစုထက် ပို၍ကျယ်ပြန့်နေခြင်းကြောင့် ဖြစ်၏။

"မိစ္ဆာဧကရာဇ်က သွေးမျိုးဆက်စွမ်းအားကို စိုးမိုးချုပ်ကိုင်ထားတာ"

ဂူရွှယ်က တည်ငြိမ်စွာဆိုသည်။

"သေမျိုးလောကရဲ့ သွေးမျိုးဆက်စွမ်းအားနဲ့ ဆက်နွယ်နေတဲ့ ကျင့်ကြံရေးလမ်းစဥ်မှန်သမျှဟာ မိစ္ဆာလမ်းစဥ်ရဲ့လက်အောက်မှာ ရှိနေကြတာပဲ"

"သွေးမျိုးဆက်စွမ်းအားတွေက အစားစားရှိတာဆိုတော့ကာ မိစ္ဆာမျိုးနွယ်ဟာလည်း မတူညီတဲ့စွမ်းအားအမျိုးမျိုးကို အသုံးပြုနိုင်ကြတယ်"

"တစ္ဆေဧကရာဇ်ဟာ အသက်နဲ့သေခြင်းရဲ့စွမ်းအားကို ချုပ်ကိုင်ထားပြီး ပြန်လည်ဝင်စားခြင်းစက်ဝန်းကိုလည်း စိုးမိုးထားတယ်"

"ဒီကမ္ဘာပေါ်က သက်ရှိသတ္တဝါအားလုံးဟာ မွေးဖွားခြင်း သေဆုံးခြင်းနဲ့ ကင်းလွတ်ရတယ်ရယ်လို့ မရှိတဲ့အတွက် တစ္ဆေဧကရာဇ်ရဲ့ ပြန်လည်ဝင်စားခြင်းအာဏာစက်အောက်ကနေ လွတ်မြောက်နိုင်စရာ မရှိတော့ဘူးပေါ့"

"ဒါ့အပြင် သက်ရှိသတ္တဝါများမှာ တခြားစွမ်းအားတွေလည်း ပိုင်ဆိုင်ထားသေးတဲ့အတွက် သူတို့ရဲ့ပြန်လည်ဝင်စားခြင်းကို ထိန်းချုပ်နိုင်တဲ့ တစ္ဆေဘုံသားတွေဟာ အဲ့ဒီစွမ်းအားတွေကိုပါ အသုံးပြုနိုင်ကြတယ်"

!

"ကောင်းကင်ဧကရာဇ်က ကောင်းကင်နဲ့ကမ္ဘာမြေရဲ့ ဝိညာဥ်စွမ်းအင်ကို လက်ဝယ်ထိန်းချုပ်ထားတယ်"

"အဲဒီဝိညာဥ်စွမ်းအင်ကိုအသုံးပြုပြီး ကောင်းကင်နဲ့ကမ္ဘာမြေရဲ့ တရားဥပဒေတွေကို ဆင့်ခေါ်နိုင်ခြင်းဟာလည်း အမတဧကရာဇ်ရဲ့ ထူးခြားတဲ့နည်းလမ်းတွေထဲ တစ်ခုအပါအဝင်ပဲ"

"ဒီဝိညာဥ်လမ်းစဥ်ကို ကျင့်ကြံတဲ့သူတိုင်းဟာ အမတလမ်းစဥ်ထဲကို ကျရောက်သွားကြမှာပဲ"

"ဒါပေမဲ့ စကြဝဠာမှာ ယင်နဲ့ယန် အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲတည်ရှိကြစမြဲပဲ"

"မိစ္ဆာဧကရာဇ်က စကြဝဠာရဲ့ ဆန့်ကျင်ဘက်အခြမ်းမှာရှိတဲ့အာဏာကို ထိန်းချုပ်စိုးမိုးတယ်"

"ဒါကြောင့် ငါတို့မိစ္ဆာလမ်းစဥ်က မင်းတို့ရဲ့ အမတလမ်းစဥ်နဲ့ ဆန့်ကျင်ဘက်နှစ်ခုအဖြစ် ထိပ်တိုက်တွေ့နေရတာပဲ၊ မိစ္ဆာစွမ်းအင်နဲ့ သားရဲစွမ်းအင်တို့ ရောနှောလို့မရဖြစ်နေရတာဟာလည်း ဒီအကြောင်းကြောင့်ပဲ"

"ငါတို့ ကျင့်ကြံရေးလောကထဲ စတင်ခြေချခဲ့တုန်းက အဇူရာတိမ်ဂိုဏ်းရဲ့ ကောင်းကင်နဲ့မြေကမ္ဘာဥပဒေတွေကို ကမောက်ကမဖြစ်သွားစေခဲ့တာဟာလည်း မိစ္ဆာလမ်းစဥ်ရဲ့ မတူညီတဲ့လက္ခဏာတွေကြောင့်ပဲ။"

"ဒီလိုမတူညီမှုတွေသာ မရှိခဲ့ရင် ငါတို့လည်းဒီလောက်အပင်ပန်းခံနေစရာ မလိုပါဘူး"

"အမှောင်ထုဒြပ်စင်လား" ကျန်းယန် တိုးတိုးရေရွတ်မိသည်။

မိစ္ဆာဧကရာဇ်၏ အစစ်အမှန်စွမ်းအားမှာ ထိုအမှောင်ထုဒြပ်စင်ဆိုသော အရာထဲတွင် ခိုအောင်းတည်ရှိနေမလားဟု သူအတွေးဝင်မိသည်။

ထို့ကြောင့် မိစ္ဆာများသည် သူတို့၏အရှိန်အဝါကို ထိန်းချုပ်နိုင်စွမ်းမရှိကာ ရောက်လေရာတွင် ပြဿနာဖြစ်စေတတ်ခြင်းပေလား။

ဂူရွှယ်က ကျန်းယန်ကိုစိုက်ကြည့်ပြီး တည်ငြိမ်သောလေသံဖြင့် ဆိုသည်။

"မင်း မြေအောက်ကမ္ဘာ မိစ္ဆာနတ်ဘုရားပညာကို တတ်မြောက်ကျွမ်းကျင်ပြီးနေပြီဆိုတာ ငါသိတယ်၊ အဲ့ဒီပညာရပ်က အရမ်းကြောက်ဖို့ကောင်းတဲ့လက်နက်တစ်ခုဖြစ်ပြီး ကျွမ်းကျင်ရင်ကျွမ်းကျင်သလောက် အစွမ်းထက်တာ ငါတို့သိတယ်"

"ဒါပေမဲ့ သွေးမိစ္ဆာပညာရပ်မှာလည်း အလွန်ထူးခြားဆန်းပြားတဲ့ စွမ်းအားတွေအများကြီးပါဝင်တာပဲ"

"မင်းရဲ့ကျင့်စဥ်လမ်းကြောင်းကို ပြုပြင်ချင်သေးလား"

"သွေးမိစ္ဆာကျင့်စဥ်လိုမျိုး ပညာရပ်ကို မင်းလေ့လာချင်တယ်ဆိုရင် ငါကိုယ်တိုင်သင်ကြားပို့ချပေးနိုင်တယ်"

ကျန်းယန်က ဂူဒူအာကို ဖျတ်ခနဲလှမ်းကြည့်လိုက်သော်လည်း ဂူဒူအာမျက်နှာထက် မည်သည့်ခံစားချက်ကိုမှ မတွေ့ခဲ့ရ။

ကျန်မိစ္ဆာများကို အကဲခတ်ကြည့်ရာတွငလည်း မည်သည့်ထူးထူးခြားခြား အမူအရာမှ မပြသကြပေ။

အခိုက်အတန့်မျှ တွေးတောနေလိုက်ပြီးနောက် သူခေါင်းညိတ်လိုက်သည်။

"စီနီယာက သင်ပေးဖို့ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်လည်း ကြိုးစားလေ့လာပြီး ပါရမီပါမပါ စမ်းသပ်ကြည့်ချင်ပါတယ်"

ထိုမိစ္ဆာများ တခြားသောအကြံအစည်တွေများရှိနေဦးမလား မသေချာသောကြောင့် ဂူရွှယ်၏ရှင်းလင်းပို့ချချက်ကို နားထောင်ပြီးမှ လေ့လာကျင့်ကြံဖို့ကို ဆုံးဖြတ်မည်ဖြစ်သည်။

ဂူရွှယ်ကလည်း မဆိုင်းမတွပင် ကျန်းယန်ကိုအနားသို့ခေါ်ကာ သွေးမိစ္ဆာပညာရပ်၏ ကျင့်ကြံရေးလမ်းစဥ်ကို စိတ်ရှည်လက်ရှည်ရှင်းပြပေးသည်။

ကျန်မိစ္ဆာများကတော့ ဘာတစ်ခုကိုမှမကြားသယောင် ဖာသိဖာသာ နေကြလေသည်။

သူတို့အားလုံးသည် ကိုယ်ပိုင်လမ်းစဉ်များကို ရွေးချယ်လျှောက်လှမ်းနေကြပြီဖြစ်ရာ သွေးမိစ္ဆာကျင့်စဉ်ကို ထပ်မံကျင့်ကြံရန် မလိုအပ်တော့ချေ။

ဂူရွှယ်၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျန်းယန်သည် နေရာမှထထွက်သွားသဖြင့် မိစ္ဆာများကို တစ်ယောက်ကိုတစ်ယောက် ကြောင်တောင်တောင်လှည့်ကြည့်ရင်းသာ ကျန်ခဲ့ကြလေသည်။

ဂူဒူအာက အသံအေးအေးဖြင့်ပင် မှတ်ချက်ချလာသည်။

"အဲ့ကောင်လေးက အလွန်သတိကြီးတယ်၊ သွေးမိစ္ဆာပညာရပ်ကို သူလေ့လာချင်တယ်ဆိုတောင်မှ မလေ့လာခင် အကြာကြီးစဥ်းစားဆုံးဖြတ်မယ့်သူမျိုးပဲ"

"သူ့ကိုကိုင်တွယ်ဖို့ တခြားနည်းလမ်းတွေစဥ်းစားနေစရာမလိုတော့ဘူး။ ဒီတိုင်းပဲ လွှတ်ထားလိုက်ရင်ရပြီ"

"ငါတို့ရဲ့ အရေးကြီးဆုံးတာဝန်က ဖန်းဆင်းခြင်းရေကန်ကိုဖွင့်လှစ်ဖို့ပဲဆိုတာ မှတ်ထားပါ"

အရာအားလုံးက ဖန်ဆင်းခြင်းရေကန်ကိုအခြေခံပြီး လည်ပတ်နေခြင်းဖြစ်သည်။

ဂူရွှယ်က ခေါင်းအသာညိတ်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ သိပ်ပြီး မယုံကြည်နိုင်သေးချေ။ ကျန်းယန်သည် သွေးမိစ္ဆာကျင့်စဉ်ကို ကျင့်ကြံလိုသည့်စိတ်ဆန္ဒအား သတိကြီးသောအကျင့်စရိုက်ဖြင့် အဆုံးထိ အောင့်အီးသည်းခံနိုင်ပါ့မလား။

အနောက်တောင်တားမြစ်နယ်မြေမှ ထွက်ခွာလာခဲ့သော ကျန်းယန်မှာတော့ သွေးမိစ္ဆာပညာရပ်ကို စိတ်ထဲပင်ထည့်မထားခဲ့ပေ။

သူ့အနေဖြင့် တွေ့သမျှကျင့်စဉ်တိုင်းကိုသာ လောဘတကြီး လိုက်လံကျင့်ကြံနေမည်ဆိုပါက ယခုအချိန်တွင် သူပိုင်ဆိုင်သောကျင့်စဥ်ပေါင်း ရေတွက်လို့မရနိုင်လောက်အောင် များပြားနေလောက်ပေပြီ။

သူမေးခဲ့သော ထိုအစွမ်းထက်ပုဂ္ဂိုလ်ကြီးလေးပါး၏ အာဏာစက်အကြောင်းကို ပြန်လည်စဉ်းစားသုံးသပ်ကြည့်မိပြီးနောက် လမ်းပြထူထောင်သူများဟု ခေါ်ဆိုအပ်သော ထိုပုဂ္ဂိုလ်များသည်လည်း အထူးတလည် ကွဲပြားခြားနားနေခြင်းမရှိကြောင်း သဘောပေါက်သွားခဲ့သည်။

ထိုပုဂ္ဂိုလ်ကြီးလေးပါးအနက် မည်သူက ပထမဆုံး ဧကရာဇ်အဆင့်စွမ်းအားရှင် ဖြစ်လာခဲ့သည်ကို မည်သူမျှ သေချာမသိကြသော်လည်း စတင်ကျင့်ကြံချိန်တွင်တော့ တစ်ပါးသူ၏နည်းလမ်းကို ဥပမာပြု အကိုးအကားယူကာ လိုက်လံကျင့်ကြံစမ်းသပ်ခဲ့ကြမည် မလွဲပေ။

သို့သော်လည်း အချိန်မဟာတာအိုကိစ္စကတော့ အထူးတလည် ဆွေးနွေးတိုင်ပင်ရမည်ဖြစ်သည်။

တကယ်၍ တစ်ယောက်ယောက်က အချိန်ကာလ၏ မဟာစည်းမျဉ်းကို စစ်မှန်စွာ နားလည်သဘောပေါက်သွားပြီး အနာဂတ်ဆီသို့သော်လည်းကောင်း အတိတ်ဆီသို့သော်လည်းကောင်း စိတ်တိုင်းကျ ပြောင်းရွှေ့ခရီးသွားနိုင်မည်ဆိုပါက မည်မျှထိတ်လန့်အံ့သြဖွယ် ကောင်းလိုက်မည်နည်း။

ကျန်းယန်သည် ထိုလမ်းပြထူထောင်သူ ဧကရာဇ်များအကြောင်း တွေးနေမိရင်း ဝူဖားကို ဖျတ်ခနဲသတိရသွားမိသည်။

ယိလင်မြင်တွေ့ခဲ့ရသည့် အနာဂတ်နိမိတ်ပုံရိပ်ထဲတွင် ဝူဖားသည် အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေခဲ့သည်တဲ့လေ။

တကယ်၍ ယိလင်မြင်တွေ့ခဲ့ရသည့် အနာဂတ်က အမှန်တကယ်ဖြစ်လာဖို့ ကံပါလာခဲ့လျှင်၊ ဝူဖားကသာ လက်မလျှောက်စတမ်း ဆက်လက်လေ့လာကြိုးစားနေခဲ့မည် ဆိုပါက ထိုအနာဂတ်အောင်မြင်မှုဆီသို့ အနှေးနှင့်အမြန် တက်လှမ်းနိုင်လိမ့်မည်မဟုတ်လော။

"မဖြစ်နိုင်တာ၊ သူ အောင်မြင်နိုင်မှာမဟုတ်ဘူး"

ကျန်းယန်သည် စိတ်ထဲပေါ်လာသော သံသယမေးခွန်းကို ချက်ချင်းပင် ပြန်လည်ငြင်းပယ်လိုက်သည်၊ အဘယ်ကြောင့်ဆိုသော် သူတော်စင်သခင်၏ သူတော်စင်လမ်းစဉ်ကဲ့သို့ နှစ်ပေါင်း ၂၃၀၀ကျော်ကြာ လေ့လာရှာဖွေခဲ့ရသည့် အနှစ်သာရသည်ပင်လျှင် ကပ်ဘေးဖြတ်ကျော်ခြင်း အလယ်အဆင့်ကိုသာ ရောက်ရှိနိုင်သေးသည် မဟုတ်ပါလား။

ဝူဖားတွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်၏ ဗုဒ္ဓဘာသာအတွေးအခေါ်များကို နားလည်သဘောပေါက်နိုင်စွမ်း ရှိကောင်းရှိနိုင်သော်လည်း ထို့ထက်ပိုမိုမြင့်မားသောနယ်ပယ်သို့ ရောက်ရှိနိုင်ရန်မှာ မဖြစ်နိုင်သလောက် နည်းပါးလှပေသည်။

သို့သော်လည်း အကယ်၍ သူသာ ဝူဖားကို လမ်းညွှန်မှုအချို့ပေးလိုက်ပြီး စနစ်တစ်ခုဖြင့် ပံ့ပိုးပေးလိုက်မည်ဆိုပါက ဝူဖားသည်လည်း သူတော်စင်သခင်ကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်လာနိုင်ပေသည်။

ငါသူ့ကို သွားကူညီလိုက်သင့်လား။

ကျန်းယန်သည် အတွေးများစွာဖြင့် မရေမရာဖြစ်သွားရလေသည်။

အဘယ်ကြောင့်ဆိုသော် သူသည် ဝူဖားတစ်ယောက် ဗုဒ္ဓလမ်းစဥ်ကို ကိုယ်တိုင်ကိုယ်ကျ ရှာဖွေစူးစမ်းနေသည်အား ကြည့်ရှုစောင့်ဆိုင်းပြီး အချိန်ကျမှသာ လမ်းညွှန်မှုပေးသင့်သည်။ သို့မှသာ ဝူဖားကို မိမိဘက်ပါအောင် စနစ်တကျ စည်းရုံးသိမ်းသွင်းနိုင်မည်ဖြစ်သည်။

သူသည် အမတသန့်စင်အမွှေးတိုင်အိုးကို အသုံးပြု၍ မဟာတာအိုကို ဆက်လက်သန့်စင်ရန်အတွက် ပြန်လည်ပြင်ဆင်လိုက်သည်။

ထိုစဥ် ရုတ်တရက်ဆိုသလို ပြင်းထန်လှသော သတ်ဖြတ်လိုစိတ် အရှိန်အဝါတစ်ခုသည် အဇူရာတိမ်တောင်ထိပ်မှတစ်ဆင့် အဇူရာတိမ်ဂိုဏ်းတစ်ခုလုံးကို ချက်ချင်းဖြတ်သန်းလျက် ချင်းယွင်မြို့တော်တခွင်ဆီသို့ ပျံ့နှံ့သွားခဲ့လေ၏။

"ဟင်"

ကျန်းယန် မျက်မှောင်ကြုတ်လိုက်မိသည်။

ဒီသတ်ဖြတ်လိုစိတ် အရှိန်အဝါက ဘယ်ကရောက်လာတာလဲ။

ရုတ်တရက် သူသည် စန်းစုန့်တစ်ယောက် တံခါးပိတ်ကျင့်ကြံနေသည့်နေရာသို့ အံ့အားသင့်စွာ လှမ်းကြည့်လိုက်မိသည်။

"ဒီဆရာအိုကြီး နောက်ဆုံးတော့ အဆင့်တက်သွားပြီပေါ့လေ။ ပြီးတော့ သူ့ရဲ့ကျင့်ကြံရေးလမ်းစဉ်က သတ်ဖြတ်ခြင်းလမ်းစဉ်ဖြစ်နေတာလား"

ကျန်းယန်မှာ ဤအတွေးကြောင့် အမှန်တကယ်ပင် တုန်လှုပ်သွားရ၏။

သေးငယ်ချိနဲ့လှသော ထင်းရှူးပင်လေးတစ်ပင်နှယ် ဖြစ်တည်မှုက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းလမ်းစဉ်ကို မည်သို့ကျင့်ကြံနိုင်ခဲ့ပါသနည်း။

သူသည် စန်းစုန့် တံခါးပိတ်ကျင့်ကြံနေသည့်နေရာသို့ အမြန်ပြေးသွားခဲ့ရာ ချင်းယွင်ကျိနှင့် လင်းယွင်ကျိတို့လည်း ပြိုင်တူရောက်ရှိနေကြသည်ကို တွေ့လိုက်ရသဖြင့် မေးလိုက်သည်။

"ဆရာသခင်၊ အဲဒါ ဆရာအိုကြီးဆီကမလား၊ သူက သတ်ဖြတ်ခြင်းမဟာတာအိုကို ကျင့်ကြံနေတာလား"

ချင်းယွင်ကျိက ခေါင်းညိတ်ပြလိုက်သည်။ ထိုဆရာအိုကြီး၏ ကျင့်ကြံရေးလမ်းစဉ်ကို သူ ကြာမြင့်စွာတကည်းက သိရှိနားလည်ထားပြီးဖြစ်၏။

နှစ်ရက်မျှကြာသည်အထိ လူတိုင်း စောင့်ဆိုင်းပြီးခဲ့ချိန်မှ စန်းစုန့်သည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခဲ့လေသည်။

"ဂိုဏ်းချုပ်ကြီး၊ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးလို့ ကျေးဇူးတင်ပါတယ်"

စန်းစုန့်က ယဉ်ကျေးစွာပြောလိုက်သည်။

"ဂုဏ်ယူပါတယ်၊ မင်း နောက်ဆုံးတော့ အောင်အောင်မြင်မြင် အဆင့်တက်နိုင်ခဲ့ပြီပဲ"

ချင်းယွင်ကျိက ခေါင်းညိတ်ပြလျက် ပြုံးရင်းဆိုသည်။

စန်းစုန့်က အလျင်အမြန် ခေါင်းခါပြလာသည်။

"ဒါက တာအိုမိတ်ဆွေတန်ချန်ကျိရဲ့ ဧကရာဇ်တာအိုဆေးလုံးကြောင့်သာ ဒီလောက်အထိ မြန်မြန်ဆန်ဆန် အဆင့်တက်နိုင်ခဲ့တာပါ။ ကျွန်တော့်ကို ကာကွယ်ပေးခဲ့ကြတဲ့ တာအိုမိတ်ဆွေတို့အားလုံးရဲ့ကျေးဇူးလည်းပါပါတယ်"

ထို့နောက် သူသည် ကျန်းယန်ကိုစိုက်ကြည့်ကာ ဆိုလေသည်။

"ကောင်လေး၊ တွေ့တယ်မလား။ ငါအဆင့်တက်သွားပြီ။ မင်း ငါ့ကိုအဆင့်မတက်နိုင်ဘူးလို့ ထပ်ပြောရဲသေးလား"

ကျန်းယန်က ခပ်မဲ့မဲ့အပြုံးတစ်မျိုးဖြင့် ဆိုသည်။

"ဆရာအိုကြီးက တရားဥပဒေပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်ပဲ ရှိသေးတာကို ကပ်ဘေးဖြတ်ကျော်ဖို့အထိ လွှတ်အာမခံနေတာပဲ၊ ဒါပေမဲ့ ခင်ဗျားရဲ့ သတ်ဖြတ်ခြင်းတာအိုက ကျွန်တော့်ကို တကယ် အံ့ဩသွားစေတာတော့ ဝန်ခံရလိမ့်မယ်"

စန်းစုန့်က စိတ်တိုတိုဖြင့် ပြန်လည်အော်ဟစ်လာ၏။

"ငါကမသတ်ရင် ငါ့ကိုပြန်သတ်သွားကြမှာပေါ့ဟ"

All Chapters