← Chapters

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း (၂၃၅) - ကွေ့မိသားစု၏ ဆက်ခံသူ

ရှို့ဝူ၏ ရှင်းပြချက်ကို ကြားပြီးနောက် ရန်ယွမ်က သူ၏လက်များကို တင်းတင်းဆုပ်ကာ အံကြိတ်လိုက်ပြီးနောက် စကားဆိုလိုက်သည်။

"ကျားရှန်က ကျုပ်ထက် နှစ်နှစ်ပဲ ငယ်ပေမယ့် ဆယ်ကျော်သက်လေးတစ်ယောက်လို ဖြစ်နေတာ မဆန်းတော့ပါဘူး..."

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် ရှို့ဝူအား ကြည့်ကာ မေးလိုက်လေသည်။

"ဒါဆို ကျားရှန် ဖုတ်ကောင်ဖြစ်သွားရတဲ့ အကြောင်းရင်းက ကမ္ဘာပျက်ကပ် ဗိုင်းရပ်စ်ကူးစက်ခံရလို့ မဟုတ်ဘဲ တစ်စုံတစ်ယောက်က သူ့ကို ဖုတ်ကောင်ဖြစ်အောင် တမင်သက်သက်လုပ်ခဲ့တယ်လို့ ခင်ဗျား ထင်နေတာလား..."

သူ၏ မျက်နှာအမူအရာကို ကြည့်ကာ ရှို့ဝူက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"ဟုတ်တယ်..."

ထိုစကားထွက်လာသည်နှင့် လူတိုင်း တိတ်ဆိတ်သွားကြလေသည်။ သူတို့၏ မှိုင်းညှို့နေသော မျက်နှာအမူအရာများကို ကြည့်ပြီးနောက် ထန်ဝေ့က ရန်ယွမ်၏ ပခုံးကိုပုတ်ကာ ပြောလိုက်သည်။

"ဒါတွေက ကျုပ်တို့ရဲ့ ခန့်မှန်းချက်တွေချည်းပါပဲ... ကောက်ချက်မချခင် အချက်အလက်တွေ ထပ်ရှာကြည့်ရအောင်..."

သူ၏စကားကို ကြားသောအခါ အခြားသူများက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြ၏။ သူတို့၏ စိတ်ခံစားချက်များ အနည်းငယ် တိုးတက်လာသည်ကို မြင်သောအခါ ထန်ဝေ့က ရှို့ဝူအား ကြည့်ကာ မေးလိုက်သည်။

"အစ်ကိုရှို့... ခင်ဗျား စောစောက တစ်ခုခုကို မြင်ခဲ့တယ်လို့ ပြောတယ်နော်... အဲဒါကို တွေ့ပြီလား..."

ရှို့ဝူက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်၏။

"ကျုပ် အမြင်မှားတာနေမှာပါ..."

လူတိုင်း ရောက်ရှိနေသည်ကို မြင်သောအခါ သူက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။

"ဒီနေရာကို အရင် စစ်ဆေးကြည့်ရအောင်..."

ထို့နောက် သူတို့သည် သဲလွန်စများကို ရှာဖွေရန် လူလေးယောက်တစ်ဖွဲ့စီ ခွဲလိုက်ကြ၏။ သူတို့ သဲလွန်စများကို ရှာဖွေနေစဉ် ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦးသည် ထူထပ်သော မြူခိုးများရှေ့တွင် ရပ်နေပေသည်။

သူသည် ထူထပ်သော မြူခိုးများကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် သူ၏ဘေးရှိ အရပ်ရှည်ရှည်နှင့် တောင့်တင်းသော အမျိုးသားကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"ဒါက ထင်ယောင်ထင်မှား အကာအကွယ်အတားအဆီးပဲ... တခြားသူတွေကို အသိပေးလိုက်ပြီး အတားအဆီးနားကို ကပ်မလာစေနဲ့...”

“တကယ်လို့ သူတို့သာ ထင်ယောင်ထင်မှား အကာအကွယ်အတားအဆီးထဲမှာ လမ်းပျောက်သွားရင် ကျုပ်တောင် သူတို့ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး..."

တောင့်တင်းသော အမျိုးသားက ခေါင်းညိတ်လိုက်ပြီး မေးလိုက်၏။

"သခင်လေး... ဒီထင်ယောင်ထင်မှား အကာအကွယ်အတားအဆီးကို ဖျက်ဆီးပစ်ချင်တာလား..."

ချောမောသော အမျိုးသားက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ဒီထင်ယောင်ထင်မှား အကာအကွယ်အတားအဆီးကို ဖျက်နိုင်မလား၊ မဖျက်နိုင်ဘူးလား ဆိုတာ ကျုပ် သေချာမသိဘူး..."

“ဒါပေမယ့် ကျုပ်တို့ ဒီစမ်းသပ်မှုကို ဖြတ်ကျော်နိုင်အောင်တော့ ကျုပ်ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ အက်ကွဲကြောင်းတစ်ခုလောက်ကို ဖွင့်ပေးနိုင်မှာပါ..."

သူ၏စကားကို ကြားသောအခါ တောင့်တင်းသော အမျိုးသားက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး ပြောလိုက်၏။

"သခင်လေးတောင် မဖျက်ဆီးနိုင်တဲ့ အတားအဆီးတစ်ခုကို တည်ဆောက်နိုင်တယ်ဆိုတော့ ဒီလူက ဘယ်လောက်တောင် စွမ်းအားကြီးမလဲဆိုတာ ကျုပ် မသိတော့ဘူး..."

ချောမောသော အမျိုးသားက သူ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် စကားဆိုလိုက်သည်။

"ဒီလူက ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရမယ်... နောင်တစ်ချိန် ဒီလူနဲ့ တွေ့တဲ့အခါ မင်း ဂရုစိုက်ရမယ်... သူ့ကို မစော်ကားမိစေနဲ့..."

တောင့်တင်းသော အမျိုးသားက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

"ဟုတ်ကဲ့ပါ သခင်လေး... တခြားသူတွေကိုလည်း ကျုပ် ဒီအကြောင်း ပြောပြလိုက်ပါ့မယ်..."

တောင့်တင်းသော အမျိုးသား ထွက်သွားပြီးနောက် ချောမောသော အမျိုးသားသည် ထင်ယောင်ထင်မှား အကာအကွယ်အတားအဆီးကို ဆယ်မိနစ်ကျော်ကြာ လေ့လာခဲ့သော်လည်း မည်သည့် ဟာကွက်ကိုမျှ မတွေ့ရချေ။ သူသည် ရင်ဘတ်ပေါ် လက်ပိုက်လိုက်ပြီး တွေးတောလိုက်လေသည်။

'ဒီလိုမျိုး အစီအရင်ကို ကျုပ် တစ်ခါမှ မမြင်ဖူးဘူး... ဒါက အစီအရင်အသစ်လား၊ ဒါမှမဟုတ် ရှေးဟောင်းအစီအရင်လား...'

သူသည် လက်သင်္ကေတတစ်ခုကို မပြုလုပ်မီ နောက်ထပ် မိနစ်အနည်းငယ်ခန့် တွေးတောနေခဲ့သည်။

လက်သင်္ကေတ ပြုလုပ်ပြီးစီးသွားသောအခါ သူ၏ရှေ့ရှိ လေထဲတွင် အစီအရင်ငယ်တစ်ခု ထွက်ပေါ်လာ၏။

သူ၏ ညာဘက်လက်ဝါးကို အစီအရင်ငယ်ပေါ်တွင် တင်လိုက်ပြီးနောက် သူ၏ ဝိညာဉ်စွမ်းအင်များကို အစီအရင်ငယ်ထဲသို့ ထည့်သွင်းလိုက်လေသည်။

နောက်တစ်စက္ကန့်တွင် အစီအရင်ငယ်သည် လင်းလက်သွားပြီး အစီအရင်ငယ်ထဲမှ အလင်းတန်းတစ်ခု ပစ်ထွက်လာ၏။ ထိုအလင်းတန်းသည် ထင်ယောင်ထင်မှား အကာအကွယ်အတားအဆီးကို ထိမှန်သွားသည်နှင့် ကျူးလင် မျက်လုံးဖွင့်လာလေသည်။

သူမသည် ကုတင်ပေါ်မှထကာ ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်သော ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ တွေးတောဟန်ဖြင့် ကြည့်လိုက်တော့သည်။

ထူထပ်သော မြူခိုးများ၏ အပြင်ဘက်တွင် ချောမောသော အမျိုးသားသည် ထင်ယောင်ထင်မှား အကာအကွယ်အတားအဆီးနှင့် တိုက်မိပြီးနောက် ပျောက်ကွယ်သွားသော အလင်းတန်းကို ကြည့်လိုက်၏။

သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် အစီအရင်ငယ်ထဲသို့ ဝိညာဉ်စွမ်းအင်များ ပိုမိုထည့်သွင်းလိုက်လေသည်။ နောက်တစ်စက္ကန့်တွင် အစီအရင်ငယ်မှ မရေမတွက်နိုင်သော အလင်းတန်းများ ပစ်ထွက်လာပြီး ထင်ယောင်ထင်မှား အကာအကွယ်အတားအဆီးကို ဗုံးကြဲတိုက်ခိုက်တော့သည်။

ဘုန်း… ဘုန်း… ဘုန်း…

ထင်ယောင်ထင်မှား အကာအကွယ်အတားအဆီးကို စက္ကန့်သုံးဆယ်ကျော်ကြာ တိုက်ခိုက်ပြီးနောက်တွင် အတားအဆီးပေါ်၌ တုန်ခါမှု အနည်းငယ်မျှပင် မဖြစ်ပေါ်လာနိုင်သည်ကို မြင်သောအခါ ချောမောသော အမျိုးသား၏ မျက်မှောင်များ နက်ရှိုင်းစွာ ကြုတ်သွားလေသည်။

သူသည် အစီအရင်ငယ်မှ လက်ဝါးကို ရုပ်သိမ်းလိုက်ပြီးနောက် ရှုပ်ထွေးသော လက်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်၏။ စက္ကန့်နှစ်စက္ကန့်အကြာတွင် သူ၏ ကျောဘက်၌ လွယ်ထားသော ဓားသည် ဓားအိမ်ထဲမှ ပျံထွက်လာတော့သည်။

ရွှစ်…

ထိုဓားသည် ထင်ယောင်ထင်မှား အကာအကွယ်အတားအဆီးကို ထိုးဖောက်ဝင်ရောက်တော့မည့်အချိန်တွင် ကျူးလင်သည် ဓားရှေ့၌ ရုတ်တရက် ပေါ်လာခဲ့သည်။

သူမသည် ညာလက်ကို မြှောက်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ဓားကို ဖမ်းဆုပ်လိုက်၏။ ဓားကို လက်ချောင်းများဖြင့် ဖမ်းဆုပ်ကာ လေထဲတွင် လွင့်မျောနေသော သူမကို ချောမောသော အမျိုးသားက မြင်သောအခါ သူ၏မျက်လုံးများ အရောင်လက်သွားလေသည်။

သူက အံ့ဩသွားသည့် လေသံဖြင့် စကားဆိုလိုက်သည်။

"ခင်ဗျားပဲ..."

ကျူးလင်က သူ့ကို အောက်ငုံ့ကြည့်လိုက်ပြီး သူမ၏ လက်ချောင်းများကို ပင့်ချိတ်လိုက်ကာ ဓားကို သူ့ထံ ပြန်ပစ်ပေါက်လိုက်၏။ အလွန်မြန်ဆန်သော အရှိန်ဖြင့် သူ့ထံ ပျံသန်းလာသော ဓားကို မြင်သောအခါ အမျိုးသားသည် ဘေးဘက်သို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်လေသည်။

ရွှပ်… ဒိုင်း…

မြေပြင်ကို ထိုးဖောက်သွားသော ဓားထိပ်ဖျားမှ ပြန့်နှံ့သွားသည့် အက်ကွဲကြောင်းများကို ကြည့်ကာ သူသည် သတိလစ်လပ်စွာဖြင့် တံတွေးမြိုချလိုက်မိသည်။

ဤလှပသော အမျိုးသမီး၏ ကျင့်ကြံခြင်းအဆင့်သည် သူ၏အဆင့်ထက် ပိုမြင့်မားနေကြောင်းကို သိလိုက်ရသောအခါ ချောမောသော အမျိုးသား၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။

သူသည် လက်နှစ်ဖက်ကို ယှက်ကာ ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီးနောက် ယဉ်ကျေးသော လေသံဖြင့် စကားဆိုလိုက်၏။

"အရှင်မ... ဒီမျိုးဆက်သစ် ရိုင်းစိုင်းမိတာကို ခွင့်လွှတ်ပေးပါ..."

သူမအား တိုက်ခိုက်မည့် ရည်ရွယ်ချက် မရှိသည်ကို မြင်သောအခါ ကျူးလင်သည် အောက်သို့ ပျံသန်းဆင်းလာပြီး မြေပြင်ပေါ်သို့ ဖွဖွလေး ကျဆင်းလာခဲ့သည်။ သူမသည် သူ့ကို ခေတ္တမျှ စူးစမ်းလေ့လာလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ငါတို့ အရင်က တွေ့ဖူးသလို မှတ်မိနေတယ်... မင်းက ငါ့ကို သတ္တုရိုင်းမည်းတွေ အများကြီး ရောင်းခဲ့တာပဲ..."

အမျိုးသားက မျက်လုံးများကို မော့ကြည့်လိုက်ပြီး သူမကို ယဉ်ကျေးစွာ ပြုံးပြကာ ပြောလိုက်သည်။

"ဟုတ်ပါတယ်... ဒီမျိုးဆက်သစ်ကို ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခွင့်ပြုပါ... ကျုပ်နာမည်က ကွေ့ရွှိဟန်ပါ... ကွေ့မိသားစုရဲ့ ဆက်ခံသူပါ... အရှင်မရဲ့ နာမည်ကို သိခွင့်ရနိုင်မလား..."

ကျူးလင်က သူ့ကို စက္ကန့်အနည်းငယ်ကြာ ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"ငါ့နာမည်က ကျူးလင်ပါ... ထင်ယောင်ထင်မှား အကာအကွယ်အတားအဆီးကို ဖျက်ဆီးပြီး မင်းက ဘာလုပ်ချင်တာလဲ... ငါတို့ကို စစ်ကြေညာချင်နေတာလား..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ကွေ့ရွှီဟန်က အနေခက်စွာ ပြုံးလိုက်ပြီး လျင်မြန်စွာ ပြောလိုက်လေသည်။

"နားလည်မှုလွဲတာပါ... နားလည်မှုလွဲတာပါ... အရှင်မနဲ့မတွေ့ခင် ဒီထင်ယောင်ထင်မှား အကာအကွယ်အတားအဆီးက စမ်းသပ်မှုတစ်ခုလို့ ဒီမျိုးဆက်သစ်က ထင်ခဲ့မိလို့ ဖျက်ဆီးဖို့ ကြိုးစားခဲ့တာပါ..."

စကားဆုံးသည်နှင့် သူသည် တံတွေးမြိုချလိုက်ပြီး တွေးတောလိုက်တော့သည်။

'အရှင်မလို စွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက် ဒီစခန်းမှာ နေထိုင်နေမှတော့ ဝူလင်စခန်းကို ဘယ်သူက စစ်ကြေညာရဲမှာလဲ...'

All Chapters