← Chapters

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း (၂၃၇) - ဝင်ပေါက်

အများပြည်သူဆိုင်ရာရုံးခန်းသို့ ဝင်ရောက်လာပြီးနောက် ကွေ့ရွှီဟန်နှင့် သူ၏အဖွဲ့သားများသည် ကျယ်ဝန်းသောရုံးခန်းနှင့် အလုပ်များနေသော ဝန်ထမ်းများကိုမြင်ကာ အံ့ဩသွားကြလေသည်။

ကောင်တာများတွင် လူအများအပြား တန်းစီနေသည်ကို မြင်လိုက်ရသောအခါ သူတို့သည် လူစုခွဲလိုက်ကြပြီး စိတ်ရှည်လက်ရှည် တန်းစီစောင့်ဆိုင်းနေကြ၏။ မကြာမီပင် ကွေ့ရွှီဟန်၏အလှည့်သို့ ရောက်လာတော့သည်။

သူသည် အမျိုးသမီးဝန်ထမ်းကို ပြုံးပြလိုက်သည်။

"မင်္ဂလာညချမ်းပါ မိန်းကလေး... ကျုပ်က မိန်းကလေးကျူးရဲ့ သူငယ်ချင်းပါ... ဒီနေရာမှာ ပစ္စည်းတွေ အရောင်းအဝယ်လုပ်လို့ရတယ်လို့ သူကပြောခဲ့လို့ပါ... ကျုပ်ကို စျေးနှုန်းစာရင်းလေးလောက် ပြပေးလို့ရမလား..."

သူ၏မေးခွန်းကို ကြားပြီးနောက် အမျိုးသမီးဝန်ထမ်းသည် သတိပြန်ဝင်လာလေသည်။ သူမသည် ရှက်ရွံ့မှုကို ဖုံးကွယ်ရန် အနည်းငယ်ချောင်းဟန့်လိုက်ပြီးနောက် အံဆွဲထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်၏။

သူမသည် စျေးနှုန်းစာရင်းကို ကွေ့ရွှိဟန်ထံ ကမ်းပေးလိုက်သည်။

"ဒါက ရှင်လိုချင်တဲ့ စျေးနှုန်းစာရင်းပါ...”

“တကယ်လို့ ရှင်က ပစ္စည်းတွေကို ရောင်းချင်ဝယ်ချင်တာဆိုရင် ကုန်သွယ်ရေးစင်တာကို သွားသင့်တယ်...”

“ကုန်သွယ်ရေးစင်တာက ဒီအဆောက်အအုံရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိတယ်..."

ကွေ့ရွှီဟန်က သူမကို ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

ထိုသို့ပြောပြီးနောက် သူသည် စျေးနှုန်းစာရင်းကိုယူကာ အများပြည်သူဆိုင်ရာရုံးခန်းထဲမှ ထွက်ခွာသွားလေသည်။

ကွေ့ရွှီဟန်က စျေးနှုန်းစာရင်းကို ရရှိသွားပြီး ထွက်သွားသည်ကို မြင်လိုက်ရသောအခါ ကွေ့မိသားစုမှ ကျန်သူများသည်လည်း အများပြည်သူဆိုင်ရာရုံးခန်းထဲမှ ထွက်လာခဲ့ကြ၏။

သူသည် စျေးနှုန်းစာရင်းကို စိတ်ဝင်တစားဖြင့် ကြည့်ရှုနေသည်ကို မြင်သောအခါ သူတို့သည် သူ့ကို မနှောင့်ယှက်ရဲကြပေ။

နှစ်မိနစ်ခန့် ကြာပြီးနောက် ကွေ့ရွှီဟန်က အနည်းငယ်ပြုံးလိုက်သည်။

"သွားကြစို့..."

သူတို့ထဲမှတစ်ယောက်က သူ့ကိုကြည့်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။

"သခင်လေး ဘယ်ကိုသွားမလို့လဲ..."

သူသည် ထိုသူ့ကို လှည့်ကြည့်လိုက်ပြီး အနည်းငယ်ပြုံးကာ ဆိုလိုက်၏။

"အိမ်တစ်လုံး သွားငှားမလို့လေ..."

ကောင်းကင်အရောင်ပြောင်းသွားပြီး နေဝင်သွားချိန်တွင် ကွေ့ရွှီဟန်တို့အဖွဲ့သည် ဝူလင်စခန်း၏ မြောက်ဘက်နယ်မြေရှိ လူလုပ်ရေကန်ဘေးမှ နှစ်ထပ်စံအိမ်တစ်လုံးအတွက် ငှားရမ်းခြင်းလုပ်ငန်းစဉ်များကို အပြီးသတ်နိုင်ခဲ့ကြသည်။

စံအိမ်၏ပင်မတံခါးကို ဖွင့်ကာ ဧည့်ခန်းထဲသို့ ဝင်ရောက်သွားပြီးနောက် သူတို့သည် ကျင့်ကြံခြင်းကို အလျင်အမြန် စတင်လိုက်ကြတော့သည်။

ကွေ့ရွှိဟန်နှင့် သူ့အဖွဲ့သားများ ကျင့်ကြံခြင်းဖြင့် အလုပ်များနေချိန်တွင် ရှို့ဝူနှင့် အခြားသူများသည် စွန့်ပစ်ကစားကွင်းအတွင်း၌ သဲလွန်စများကို ရှာဖွေနေကြဆဲဖြစ်သည်။

နှစ်နာရီကျော်ကြာအောင် ရှာဖွေပြီးနောက် ရှို့ဝူသည် သရဲအိမ်နောက်ဘက်ရှိ အခန်းငယ်တစ်ခုကို ရှာတွေ့သွားလေသည်။

တံခါးလက်ကိုင်နှင့် ကြမ်းပြင်ကို ကြည့်ပြီးနောက် သူသည် ခေတ္တမျှ တွေးတောလိုက်ပြီး စကားပြောစက်ကို ထုတ်ယူလိုက်၏။

သူသည် ခေါ်ဆိုမှုခလုတ်ကို နှိပ်လိုက်သည်။

"အားလုံးပဲ သရဲအိမ်ဆီကို လာခဲ့ကြ... စွန့်ပစ်ထားတဲ့ နေရာတစ်ခုအနေနဲ့ အရမ်းသန့်ရှင်းနေတဲ့ အခန်းတစ်ခန်းကို ကျုပ်ရှာတွေ့ထားတယ်..."

သူစကားပြောပြီး တစ်စက္ကန့်အကြာတွင် အခြားအဖွဲ့များက တစ်ဖွဲ့ပြီးတစ်ဖွဲ့ တုံ့ပြန်လာကြ၏။

"ကြားပါတယ်..."

ရှို့ဝူသည် စကားပြောစက်ကို သူ၏သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး မင်ဝေကြေးစားအဖွဲ့မှ အဖွဲ့ဝင်သုံးဦးကိုကြည့်ကာ ပြောလိုက်သည်။

"ခင်ဗျားတို့သုံးယောက်က တခြားသူတွေကို ဒီကနေပဲ စောင့်နေပြီးတော့ တံခါးကို စောင့်ကြပ်နေကြပါ..."

သူတို့ထဲမှတစ်ယောက်က ခေတ္တမျှတွေးတောလိုက်ပြီးနောက် ပြောလာလေသည်။

"ဗိုလ်ကြီးရှို့... ကျွန်တော်တို့ အားလုံးအတူတူ စောင့်သင့်တယ် မဟုတ်ဘူးလား... ခင်ဗျားတစ်ယောက်တည်း ဝင်သွားဖို့က အရမ်းအန္တရာယ်များလွန်းတယ်..."

ရှို့ဝူသည် ပိတ်ထားသောတံခါးကို ပြန်လှည့်ကြည့်လိုက်သည်။

"တံခါးက သော့ခတ်ထားတယ်... တခြားသူတွေ မရောက်လာခင် တံခါးဖွင့်လို့ရအောင် ကျုပ် ကြိုးစားကြည့်လိုက်ဦးမယ်..."

သူ၏စကားကို ကြားပြီးနောက် သူတို့သုံးဦးသည် နောက်ဆုံးတွင် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

သူတို့သည် သရဲအိမ်၏ဝင်ပေါက်ကို စောင့်ကြပ်ရန် ထွက်သွားကြသည်ကို မြင်သောအခါ ရှို့ဝူသည် သော့ခတ်ထားသော တံခါးဆီသို့ ပြန်လျှောက်သွားလိုက်လေသည်။

သူသည် သစ်သားတံခါးကို ထိကိုင်လိုက်ပြီး တံခါးနောက်ဘက်ရှိ နေရာကို စူးစမ်းရန် သူ၏နတ်ဘုရားအာရုံကို အသုံးပြုလိုက်၏။

နောက်တစ်စက္ကန့်တွင် သူ၏မျက်လုံးများ အရောင်လက်သွားပြီး ရေရွတ်လိုက်သည်။

"ဒါက လျှို့ဝှက်စမ်းသပ်ခန်းရဲ့ ဝင်ပေါက်ဖြစ်ရမယ်... တံခါးကိုလုပ်ဖို့ သူတို့က တန်စတင်ကို တကယ်အသုံးပြုထားပြီး သစ်သားတံခါးအဖြစ် အယောင်ဆောင်ထားတာပဲ..."

တန်စတင်တံခါးကို အတင်းအဓမ္မ ဖျက်ဆီး၍မရနိုင်သည်ကို သိသောအခါ ရှို့ဝူသည် သူ၏အာကာသစွမ်းအားကို အသက်သွင်းလိုက်ပြီး သော့ခတ်ထားသော တံခါးနောက်ကွယ်ရှိ အခန်းထဲသို့ နေရာရွှေ့ပြောင်းသွားလေသည်။

မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ပျောက်ကွယ်သွားပြီး တစ်ဖက်ရှိ သန့်ရှင်းကျယ်ဝန်းသော အဖြူရောင်အခန်းတစ်ခုအတွင်းသို့ ရောက်ရှိသွားတော့၏။

ထိုနေရာတွင်ရပ်ကာ ရှို့ဝူသည် အဖြူရောင်အခန်းကို စဉ်းစားတွေးတောနေဟန်ဖြင့် ပတ်လည်ကြည့်ရှုလိုက်သည်။

မျက်နှာကျက်ထောင့်များရှိ စောင့်ကြည့်ကင်မရာနှစ်ခုကို မြင်သောအခါ သူသည် လက်ညှိုးနှင့် လက်ခလယ်ကို အနည်းငယ် လှုပ်ရှားလိုက်လေသည်။ နောက်တစ်စက္ကန့်တွင် စောင့်ကြည့်ကင်မရာနှစ်ခုစလုံး သေသပ်စွာ ထက်ပိုင်းကွဲသွားတော့သည်။

စောင့်ကြည့်ကင်မရာများကို ရှင်းလင်းပြီးနောက် သူသည် သတ္တုတံခါးဆီသို့ လျှောက်သွားလိုက်၏။ သူသည် တံခါးရှေ့တွင်ရပ်ကာ တန်စတင်တံခါးပေါ်၌ တပ်ဆင်ထားသော ရှုပ်ထွေးလှသည့် လုံခြုံရေးသော့များကို လေ့လာကြည့်လိုက်သည်။

တံခါးရှေ့တွင် အတန်ကြာ ရပ်နေပြီးနောက် လုံခြုံရေးကုဒ်များမပါဘဲ တံခါးဖွင့်နိုင်မည့်နည်းလမ်းကို ရှို့ဝူ ရှာမတွေ့သေးပေ။ တံခါး၏တစ်ဖက်မှ လာနေသော ခြေသံသဲ့သဲ့ ကြားလိုက်ရသောအခါ သူသည် အခန်းထဲမှနေ၍ နေရာရွှေ့ပြောင်းသွားလေသည်။

သူ အပြင်ဘက်သို့ ပြန်ထွက်လာသည်နှင့် ထန်ဝေ့၏အသံက ဘေးမှ ထွက်ပေါ်လာ၏။

"လောင်ရှို့... အခြေအနေ ဘယ်လိုလဲ... တံခါးကို ဖွင့်လို့ရလား..."

ရှို့ဝူက ခေါင်းခါယမ်းလိုက်သည်။

"လုံခြုံရေးကုဒ်တွေမပါဘဲနဲ့ ဖွင့်လို့မရဘူး... ငါသာ အတင်းအဓမ္မ ဖွင့်လိုက်ရင် မိမိကိုယ်ကိုယ် ဖျက်ဆီးတဲ့စနစ်က အသက်ဝင်လာလိမ့်မယ်..."

“သော့တွေကို ငါ့ရဲ့လေ့လာချက်အရဆိုရင် မိမိကိုယ်ကိုယ် ဖျက်ဆီးတဲ့စနစ်က အသက်ဝင်လာတာနဲ့ ၁၀ စက္ကန့်အတွင်းမှာ ပေါက်ကွဲသွားလိမ့်မယ်..."

သူ၏စကားကို ကြားပြီးနောက် ရင်ယွမ်က မေးလိုက်လေသည်။

"ဒါဆို ဝင်ဖို့ တခြားနည်းလမ်းရော ရှိသေးလား..."

ရှို့ဝူသည် သူ့ကိုကြည့်ကာ အေးအေးဆေးဆေးပင် ဆိုလိုက်၏။

"ငါ့ရဲ့စွမ်းအားနဲ့ အားလုံးကို အထဲရောက်အောင် နေရာရွှေ့ပြောင်းပေးလို့ ရတယ်..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ထန်ဝေ့မှလွဲ၍ ကျန်လူအားလုံးသည် ရှို့ဝူကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

တစ်စုံတစ်ယောက်က နေရာရွှေ့ပြောင်းခြင်းစွမ်းရည်များကို အသုံးပြုလိုပါက ၎င်းတို့၏ ဟင်းလင်းပြင်စွမ်းအားမှာ အနည်းဆုံး အဆင့် ၄ သို့ ရောက်ရှိနေရမည်ဖြစ်သည်။

သူတို့သိထားသလောက် နေရာရွှေ့ပြောင်းခြင်းစွမ်းရည်များသည် အသုံးပြုသူ ကိုယ်တိုင်ကိုသာ ရွှေ့ပြောင်းပေးနိုင်ပြီး အခြားသူများကို ရွှေ့ပြောင်းပေးနိုင်ခြင်း မရှိပေ။

ရှို့ဝူက လူတိုင်းကို တစ်ပြိုင်နက်တည်း နေရာရွှေ့ပြောင်းပေးနိုင်သည်ဟု ပြောလာသောကြောင့် လက်ရှိတွင် သူ၏ဟင်းလင်းပြင်စွမ်းအားက မည်မျှအထိ အစွမ်းထက်နေပြီနည်း။

အားလုံး တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူ၏အကြံပြုချက်ကို သဘောတူသည်ဟု ရှို့ဝူက ယူဆလိုက်လေသည်။ သူသည် ထန်ဝေ့၏ပခုံးပေါ်သို့ လက်တင်လိုက်သည်။

"တစ်ယောက်နဲ့တစ်ယောက် ကိုင်ထားကြ..."

သူ၏စကားကို ကြားပြီးနောက် အခြားသူများသည် သတိပြန်ဝင်လာကြ၏။ ရှို့ဝူက အတည်ပြောနေသည်ကို မြင်သောအခါ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မကိုင်တွယ်မီ ခေတ္တမျှ တုံ့ဆိုင်းနေခဲ့ကြသည်။

နောက်ဆုံးတစ်ယောက်က ရန်ယွမ်၏ပခုံးကို လှမ်းကိုင်လိုက်ချိန်တွင် ရှို့ဝူသည် သူ၏နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ကို အသက်သွင်းလိုက်ပြီးနောက် လူတိုင်းသည် ထိုနေရာမှ ပျောက်ကွယ်သွားကြတော့သည်။

နောက်တစ်စက္ကန့်တွင် လူတိုင်းသည် ကျယ်ဝန်းသော အဖြူရောင်အခန်းထဲ၌ ပေါ်လာကြလေသည်။ ထန်ဝေ့၏ပခုံးပေါ်မှ သူ၏လက်ကို ရုပ်သိမ်းလိုက်ပြီးနောက် ရှို့ဝူသည် သူတို့ကိုကြည့်ကာ အေးအေးဆေးဆေးပင် ဆိုလိုက်သည်။

"ဒီအခန်းထဲက စစောင့်ကြည့်ကင်မရာတွေကိုငါ ဖျက်ဆီးထားပြီးပြီ..."

All Chapters