အခန်း ၂၃၈
Vol. 24 Ch. 238
အခန်း (၂၃၈) - ဒီလူတွေ ရူးနေကြတာပဲ
အခြားသူများ မူးဝေနေမှုမှ သက်သာရာမရသေးမီမှာပင် ရှို့ဝူက အခန်း၏ တစ်ဖက်ရှိ အခြားသတ္တုတံခါးတစ်ခုဆီသို့ လျှောက်သွားနေပြီဖြစ်သည်။ သူက သော့ခတ်ထားသော တံခါးနှင့် တံခါးနောက်ကွယ်ရှိ နေရာလွတ်ကို စစ်ဆေးရန် သူ၏ နတ်ဘုရားအာရုံကို အသုံးပြုလိုက်လေသည်။
တံခါးအနောက်ဘက်၌ ရှည်လျားသော စင်္ကြံလမ်းတစ်ခုရှိနေကြောင်း တွေ့ရှိသွားပြီးနောက် သူက အခြားသူများအား လှည့်ကြည့်ကာ စကားဆိုလိုက်သည်။
"ဒီတံခါးအနောက်မှာ ရှည်လျားတဲ့ စင်္ကြံလမ်းတစ်ခု ရှိတယ်... လုံခြုံရေးအဆင့်အတန်းကို ကြည့်ရတာ ဒီနေရာက လျှို့ဝှက်ဓာတ်ခွဲခန်းတွေထဲက တစ်ခုဖြစ်ရမယ်..."
ထိုသို့ပြောပြီးနောက် လျန်မင်က မေးလိုက်လေသည်။
"ငါတို့တွေ လျှို့ဝှက်ဓာတ်ခွဲခန်းထဲကို အောင်အောင်မြင်မြင် ခိုးဝင်နိုင်မယ့် အခွင့်အရေး ဘယ်လောက်ရှိလဲ..."
ရှို့ဝူက စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်လေသည်။
"အရမ်းနည်းတယ်... ဒီတံခါးအနောက်မှာ လုံခြုံရေးကင်မရာတွေနဲ့ အစောင့်တွေ အများကြီးရှိတယ်... အစောင့်တွေ မမိအောင် ခိုးဝင်ဖို့ဆိုတာ မလွယ်ကူဘူး... ငါတို့ကိုယ်ငါတို့ ရုပ်ဖျက်ထားနိုင်မှပဲ အဆင်ပြေမှာပဲ..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် မင်ဝေကြေးစားအဖွဲ့မှ လူတိုင်းက အမျိုးသမီးအဖွဲ့ဝင်တစ်ဦးကို လှမ်းကြည့်လိုက်ကြသည်။
သူမ၏ အဖွဲ့သားများက သူမအား ကြည့်နေသည်ကို မြင်သောအခါ အမျိုးသမီးငယ်လေးက ပြုံး၍ စကားဆိုလေသည်။
"ကျွန်မတို့ကို ဘယ်သူမှ မမြင်နိုင်အောင် အလင်းရောင်ကို ကျွန်မ ထိန်းချုပ်ပေးနိုင်တယ်... ဒါပေမဲ့ လုံခြုံရေးကင်မရာတွေကိုတော့ မရဘူး..."
သူမ၏ ယုံကြည်မှုရှိသော စကားကို ကြားသောအခါ ရှို့ဝူက ပြန်ပြောလိုက်သည်။
"လုံခြုံရေးကင်မရာတွေကိုတော့ ကျုပ် ရှင်းလင်းပေးမယ်..."
ရှို့ဝူ စကားပြောပြီးနောက် ရန်ယွမ်က အမျိုးသမီးငယ်အား ကြည့်ကာ မေးလိုက်လေသည်။
"ရီရှန်း... မင်း ငါတို့အားလုံးကို ဖုံးကွယ်ပေးနိုင်လား..."
ရီရှန်းက ခေါင်းညိတ်ပြလိုက်ပြီး စကားဆိုလေသည်။
"ခေါင်းဆောင်... ရှင့်အဖွဲ့ဝင်တွေရဲ့ စွမ်းရည်ကို ယုံကြည်သင့်တယ်နော်..."
သူမ၏ ယုံကြည်မှုအပြည့်ရှိသော အမူအရာကို မြင်သောအခါ ရန်ယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ကောင်းပြီလေ... ဒါဆို မင်း စလို့ရပြီ..."
ရီရှန်းက ခေါင်းညိတ်ကာ ၎င်းတို့အားကြည့်၍ ပြောလိုက်လေသည်။
"ရှင်တို့တွေ အနားကို နည်းနည်းတိုးလာကြပါဦး..."
သူမ၏ ညွှန်ကြားချက်များအတိုင်း လူတိုင်းက အနားသို့ တိုးလာကြသည်။ ရီရှန်းက မျက်လုံးများကို မှိတ်လိုက်ပြီး သူမ၏ ပတ်ဝန်းကျင်ရှိ အလင်းရောင်ကို ထိန်းချုပ်နိုင်စွမ်းကို အသက်သွင်းလိုက်၏။ သုံးစက္ကန့်အကြာတွင် သူမက စကားဆိုလေသည်။
"ပြီးသွားပြီ... ကျွန်မရဲ့ စွမ်းအင်လွှမ်းခြုံနိုင်တဲ့ အကွာအဝေးက သုံးမီတာပဲ ရှိတယ်... တကယ်လို့ တစ်ယောက်ယောက်က ကျွန်မနဲ့ သုံးမီတာထက် ပိုကွာဝေးသွားရင်တော့ တခြားသူတွေက မြင်တွေ့သွားနိုင်တယ်..."
ထိုသို့ပြောပြီးနောက် ရှို့ဝူက ပြောလိုက်သည်။
"တစ်ယောက်ကိုတစ်ယောက် ကိုင်ထားကြ..."
လူတိုင်းက တစ်ယောက်ပခုံးကို တစ်ယောက် ကိုင်လိုက်သည်နှင့် ရှို့ဝူက နေရာရွှေ့ပြောင်းခြင်းပညာကို အသုံးပြုလိုက်ရာ လူတိုင်းမှာ ထိုနေရာမှ ပျောက်ကွယ်သွားကြလေသည်။
တစ်စက္ကန့်အကြာတွင် ၎င်းတို့မှာ သော့ခတ်ထားသော တံခါး၏ တစ်ဖက်၌ ပေါ်လာကြ၏။ ပြောင်ရှင်းနေသော စင်္ကြံလမ်းကိုကြည့်ကာ သူက လက်ညှိုးနှင့် လက်ခလယ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။
နောက်တစ်စက္ကန့်တွင် လုံခြုံရေးကင်မရာအားလုံးမှာ အသံတစ်ချက်မထွက်ဘဲ သပ်ရပ်စွာ နှစ်ပိုင်းပြတ်သွားလေတော့သည်။
ထန်ဝေ့က လုံခြုံရေးကင်မရာ အရေအတွက်ကိုကြည့်ကာ မပြောဘဲမနေနိုင်တော့ဘဲ စကားဆိုလေသည်။
"ဒီလူတွေက သံသယလွန်ကဲတဲ့ ရောဂါရှိနေတာပဲ ဖြစ်ရမယ်... ဒီစင်္ကြံလမ်းထဲမှာ လုံခြုံရေးကင်မရာဘယ်လောက်တောင် တပ်ဆင်ထားလဲဆိုတာ ကြည့်လိုက်ကြပါဦး..."
စင်္ကြံလမ်းထဲရှိ လုံခြုံရေးကင်မရာအားလုံးကို ဖျက်ဆီးပြီးနောက် ရှို့ဝူက ပြောလိုက်သည်။
"ဒီနေရာကို စစ်ဆေးပြီးတာနဲ့ အမြန်ဆုံး ထွက်သွားကြစို့... လုံခြုံရေးကင်မရာတွေ ဖျက်ဆီးခံလိုက်ရပြီဆိုတာကို သူတို့ သတိထားမိဖို့ အချိန်သိပ်ကြာမှာ မဟုတ်ဘူး..."
အကယ်၍ လူမိသွားပါက မည်မျှအန္တရာယ်များမည်ကို လူတိုင်းက သိထားကြသဖြင့် ခြေလှမ်းများကို ခပ်မြန်မြန်လျှောက်ကာ စကားပြောခြင်းကို ရပ်တန့်လိုက်ကြသည်။
ရှည်လျားသော စင်္ကြံလမ်းကို ဖြတ်သန်းသွားပြီးနောက် နောက်ဆုံးတွင် စင်္ကြံလမ်း၏အဆုံး၌ ကျယ်ဝန်းသော နေရာတစ်ခုကို တွေ့လိုက်ရလေသည်။
စက်လှေကားများနှင့် ထိုနေရာ၏ ဒီဇိုင်းကို ကြည့်ခြင်းအားဖြင့် ဤနေရာက ပင်မဧည့်ခန်းမဆောင် ဖြစ်ပုံရပေသည်။
ထိုနေရာရှိ လက်နက်ကိုင်အစောင့်များနှင့် ဓာတ်ခွဲခန်းဝတ်စုံအဖြူများကို ဝတ်ဆင်ထားသော လူများကိုကြည့်ကာ ရန်ယွမ်က တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"ဒီလျှို့ဝှက်အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးနေတဲ့သူ ဒီလောက်အများကြီး ရှိနေလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး...”
“သူတို့ရဲ့ လက်နက်တွေကို ကြည့်ရတာ ဒီလောက်လူအများကြီးကို ငှားရမ်းနိုင်ဖို့ဆိုရင် ဒီလျှို့ဝှက်အဖွဲ့အစည်းရဲ့ အရှင်သခင်က သူဌေးကြီးတစ်ယောက် ဖြစ်ရမယ်လို့ ငါ လောင်းရဲတယ်..."
ရှို့ဝူက သူ၏စကားကို သဘောတူကာ ပြောလိုက်သည်။
"အင်း... သူတို့လက်နက်တွေရဲ့ ပါဝင်ပစ္စည်းက သတ္တုရိုင်းအမည်းတွေ မဟုတ်ပေမဲ့လည်း ငါတို့တွေ သတိထားရမယ်...”
“ဘာလို့လဲဆိုတော့ အဲဒီလက်နက်တွေက သဘာဝလွန်စွမ်းအားရှင်တွေအတွက် ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာ ငါတို့မှ မသိတာ..."
သူ စကားပြောဆိုပြီးသည်နှင့် သိပ္ပံပညာရှင်နှစ်ဦးက စကားပြောနေရင်း သူတို့ဆီသို့ လျှောက်လာကြသည်။
ရှို့ဝူက သူ၏လက်ကို မြှောက်လိုက်သည်နှင့် လူတိုင်းက နံရံတွင် အမြန်ကပ်၍ ရပ်လိုက်ကြ၏။ သိပ္ပံပညာရှင်နှစ်ဦးက ၎င်းတို့ကို ဖြတ်လျှောက်သွားချိန်၌ အမျိုးသားသိပ္ပံပညာရှင်က စကားဆိုလေသည်။
"ဒီတစ်ကြိမ် ပါမောက္ခလီ ဘယ်လိုပြစ်ဒဏ်မျိုး ခံရမလဲဆိုတာ ငါ သိချင်နေမိတယ်..."
သူ၏စကားကို ကြားသောအခါ အမျိုးသမီးသိပ္ပံပညာရှင်က သက်ပြင်းချလိုက်ပြီး ပြန်ပြောလိုက်သည်။
"ဒီလောက်အမှားကြီး လုပ်မိပြီးမှတော့ ပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်... ဒါပေမဲ့ သခင်လေးက သူ့ကို ကာကွယ်ပေးချင်နေသရွေ့တော့ ပါမောက္ခလီ အဆင်ပြေမှာပါ..."
အမျိုးသားသိပ္ပံပညာရှင်က ခေါင်းခါယမ်းလိုက်ပြီး စကားဆိုလေသည်။
"သခင်လေးက တခြားသူတွေအတွက် စကားပြောပေးမှာ မဟုတ်ဘူး... ဒါ့အပြင် ဒီစနစ်အမှားယွင်းက ငါတို့ကို အရမ်းပျက်စီးဆုံးရှုံးစေခဲ့တယ်လေ..."
အမျိုးသမီးသိပ္ပံပညာရှင်က ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်သည်။
"ရှင် ပြောတာ မှန်တယ်... အဆင့် (၆) ဖုတ်ကောင် တစ်ရာကျော် ဆုံးရှုံးသွားတာက သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး...”
“သခင်လေးက သူ့ကို ကာကွယ်ပေးဖို့ ဆန္ဒရှိနေရင်တောင် ဌာနချုပ်က ပါမောက္ခလီကို အပြစ်ပေးတာကနေ လွတ်မြောက်ခွင့်ပေးပါ့မလားဆိုတာ ကျွန်မ သံသယရှိတယ်..."
ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးသည် ရှို့ဝူနှင့် အခြားသူများနှင့် သိပ်မဝေးသောနေရာ၌ ရပ်လိုက်ကြသည်။ ထို့နောက် အမျိုးသားသိပ္ပံပညာရှင်က စင်္ကြံလမ်း၏ နံရံကို လှမ်း၍ ထိလိုက်လေသည်။
တစ်စက္ကန့်အကြာတွင် နံရံ၏ အစိတ်အပိုင်းသေးသေးလေးတစ်ခု ပွင့်သွားပြီး အမျိုးသားသိပ္ပံပညာရှင်က အကန့်ငယ်လေးပေါ်တွင် စကားဝှက်ကို ရိုက်ထည့်လိုက်၏။
သူ၏လက်ချောင်းများကို အကန့်ငယ်လေးပေါ်သို့ ဖိနှိပ်လိုက်သည်နှင့် နံရံမှာ ပွင့်သွားပြီး ၎င်းတို့နှစ်ဦးက အခန်းထဲသို့ ဝင်သွားကြလေသည်။ တံခါးမပိတ်မီတွင် အမျိုးသမီးသိပ္ပံပညာရှင်က ပြောလိုက်သည်ကို ရှို့ဝူ ကြားလိုက်ရသည်။
"မကြာခင်မှာ သိုလှောင်ခန်းထဲက ပါမောက္ခလီကို ငါတို့ တွေ့ရလိမ့်မယ်လို့ ငါ ထင်တယ်..."
နံရံပိတ်သွားရန် တစ်စက္ကန့်အလိုလေးတွင် အမျိုးသားသိပ္ပံပညာရှင်က မေးလိုက်၏။
"ဖုတ်ကောင် ဖြစ်သွားပြီးရင် ပါမောက္ခလီက အနည်းဆုံးတော့ အဆင့် (၅) ကို ရောက်နိုင်လောက်တယ် မဟုတ်လား..."
နံရံပိတ်သွားပြီးနောက် မည်သူမျှ စကားမပြောကြပေ။ အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ထန်ဝေ့က မယုံကြည်နိုင်စွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"ဒီလူတွေ ရူးနေကြတာပဲ..."
အခြားသူများက သူ၏စကားကို ကြားသောအခါ သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
သိပ္ပံပညာရှင်နှစ်ဦးကြားရှိ တိုတောင်းသော စကားပြောဆိုမှုမှတစ်ဆင့် လူသားများကို ဖုတ်ကောင်အဖြစ် ပြောင်းလဲခြင်းမှာ မှားယွင်းသည်ဟု ၎င်းတို့နှစ်ဦးလုံးက မခံစားရကြောင်း သိမြင်နိုင်ပေသည်။
အမှားတစ်ခုလုပ်မိသောကြောင့် လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားခြင်းမှာ ပုံမှန်ကိစ္စသာဖြစ်ကြောင်းကိုလည်း ၎င်းတို့နှစ်ဦးက ထင်မြင်နေကြ၏။
အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ရှို့ဝူက စကားဆိုလိုက်သည်။
"ဘာမှမသိဘဲ ဒီထဲကို ခိုးဝင်ဖို့က ငါတို့အတွက် အရမ်းအန္တရာယ်များတယ်... ငါတို့တွေ အရင်ပြန်ပြီးတော့ အစီအစဉ်တစ်ခု ဆွဲတာ ပိုကောင်းမယ်...”
“ပြီးမှ ငါတို့ မလှုပ်ရှားခင် ထောက်လှမ်းရေးသတင်းတွေ စုဆောင်းဖို့ အဖွဲ့ငယ်လေးတစ်ခုကို စေလွှတ်လိုက်မယ်..."
"ဗိုလ်ကြီးရှို့ ပြောတာ မှန်တယ်... သူတို့ ငါတို့ကို မရှာတွေ့ခင် ဒီကနေ ထွက်သွားကြစို့..."
ရန်ယွမ်က အကျိုးအပြစ်များကို ချင့်ချိန်စဉ်းစားပြီးနောက် ထိုသို့ ပြောလိုက်လေသည်။