← Chapters

အခန်း ၂၅၁

Vol. 26 Ch. 251

အခန်း ၂၅၁

Vol. 26 Ch. 251

အခန်း ၂၅၁ - အရိုက်အရာဆက်ခံသူ

သူတော်စင်စီဟန်အား အကုန်အစင် လက်လွှဲပေးပြီးနောက် နင်းလင်ကဲသည် ထျန်ကန်းခန်းမသခင်နေရာကနေ တရားဝင်နှုတ်ထွက်လိုက်၏။ သို့သော် သူက တန်ခိုးရှင်သူတော်စင် ၃၆ပါးထဲ တစ်ပါးအဖြစ် သူ၏ အဆင့်အတန်းကို ဆက်လက်၍ ထိန်းသိမ်းထားဆဲဖြစ်ပြီး လက်ထောက်မဟာအကြီးအကဲသုံးဦးနှင့် မွန်မြတ်မဟာသူတော်စင်များထက် တစ်ဆင့်သာ နိမ့်သည်။ ထို့ကြောင့် သူက တကျော့ပြန်လာနိုင်သေး၏။

သူတော်စင်စီဟန်သည် ထျန်ကန်းခန်းမသခင်အဖြစ် တရားဝင်လက်လွှဲယူပြီးသော်လည်း သူမက လက်ထောက်ခန်းမသခင်အသစ်တစ်ဦးကို ထပ်မံ၍ ခန့်အပ်ခြင်း မရှိချေ။ ထိုအစား ရှန့်ကွမ်ကျင့်၏ လစ်လပ်သွားသောနေရာကို နဂိုအဋ္ဌမလက်ထောက်ခန်းမသခင်နှင့် အစားထိုးလိုက်၏။ အဋ္ဌမလက်ထောက်ခန်းမသခင်သည် သူ့နဂိုဌာနနှင့် လက်အောက်ငယ်သားများကိုသာ ဆက်ထိန်းထားသောကြောင့် အဲ့ဒါကို နေရာရွှေ့ပြောင်းခြင်းဟု မဆိုနိုင်ပေ။ အဋ္ဌမလက်ထောက်ခန်းမသခင်ကနေ ဒသမလက်ထောက်ခန်းမသခင်အဖြစ် အမည်ပြောင်းလဲခြင်းမျှသာဖြစ်သည်။

ဆောဝမ်ပူက တိုက်ပွဲအတွင်း ရှန့်ကွမ်ကျင့် တစ်ဦးတည်းက သတ်ဖြတ်ခံခဲ့ရခြင်း မဟုတ်ပေ။ သူ့ကွပ်ကဲမှုအောက်မှာရှိသည့် တာအိုဆရာနှင့် စိတ်ဝိညာဉ်တပ်သား တချို့ကလည်း သေကြေပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရပြီး သူတို့ကို ပြီးပြည့်စုံသည့် အဖွဲ့တစ်ဖွဲ့အဖြစ် ဆက်လက်၍ မသတ်မှတ်နိုင်တော့ပေ။

ထို့ကြောင့် သူတော်စင်စီဟန်သည် ရှန့်ကွမ်ကျင့်၏ ဌာနအောက်မှ ရှင်သန်ကျန်ရစ်သူများကို ကျန်းယွဲ့လု၏ ယောင်ကွမ်းဌာနနှင့် ပေါင်းစည်းပေးလိုက်၏။ ကျန်းယွဲ့လု၏ ဘွဲ့အသစ်က အဋ္ဌမလက်ထောက်ခန်းမသခင် ဖြစ်လာပြီး နဝမလက်ထောက်ခန်းမသခင်နေရာက လစ်လပ်သွားလေသည်။

ကျန်းယွဲ့လုသည် လက်ထောက်ခန်းမသခင်များထဲ နောက်ဆုံးအဆင့်မှာ ရပ်တည်နေဆဲ ဖြစ်သော်လည်း သူမသည် အသစ်ထပ်မံခန့်အပ်မည့် နဝမလက်ထောက်ခန်းမသခင်ထက် ပို၍ ဝါစဉ်မြင့်သွားပေလိမ့်မည်။ ဒါ့အပြင် ကျန်းယွဲ့လု၏ ကွပ်ကဲမှုအောက်မှာ စိတ်ဝိညာဉ်တပ်သားများ ရှိလာပြီး ထျန်ကန်းလက်ထောက်ခန်းမသခင်အဖြစ် သူမ၏ ရာထူးကို ပို၍ အခိုင်အမာ ဖြစ်လာစေသည်။

သူတော်စင်စီဟန်သည် သူမ၏ တပည့်အတွက် လမ်းဖောက်ပေးနေခြင်းဖြစ်ကြောင်း အားလုံးက သိရှိထားသော်လည်း ထိုအရာနှင့်ပတ်သက်၍ မည်သူကမှ ဘာမှမပြောနိုင်ပေ။ မည်သို့ပင်ဆိုစေ ကျန်းယွဲ့လုသည် ထျန်ကန်းလက်ထောက်ခန်းမသခင်များထဲ နောက်ဆုံးအဆင့်မှာ ရပ်တည်နေဆဲဖြစ်ပြီး အကြောင်းရင်းမရှိဘဲ တစ်ယောက်ယောက်၏ ရှေ့သို့ တိုးမြှင့်ပေးခံရလိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် မြေကမ္ဘာဆရာသခင်က ကျန်းယွဲ့လုကို နဝမလက်ထောက်ခန်းမသခင်အဖြစ် မခန့်အပ်ခင်က ထျန်ကန်းခန်းမမှာ လက်ထောက်ခန်းမသခင် ရှစ်ဦးသာ ရှိခဲ့သည်။ ထို့ကြောင့် ထျန်ကန်းခန်းမသည် ၎င်း၏ နဂိုဖွဲ့စည်းပုံသို့ ပြန်လည်ရောက်ရှိသွားခြင်းသာဖြစ်၏။

သို့သော်လည်း ကျန်းယွဲ့လု၏ တိုးတက်မှုအဟုန်က တကယ်ပင် မနာလိုစရာကောင်းနေသည်။ သူမသည် လက်ထောက်ခန်းမသခင်အဖြစ် တစ်နှစ်မကြာခင်မှာပင် အဆင့်တစ်ဆင့် တက်လှမ်းသွားပြီဖြစ်၏။ ဤနှုန်းထားနှင့်ဆိုပါက သူမသည် နောက်ဆယ်နှစ်မှာ လက်ထောက်ခန်းမသခင်ခေါင်းဆောင် ဖြစ်လာပေလိမ့်မည်။ အဲ့ဒါသည် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲများသာ ရယူနိုင်သည့် လူရိုသေရှင်ရိုသေနေရာဖြစ်ပြီး တန်ခိုးရှင်သူတော်စင်တစ်ပါး ဖြစ်လာဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။

ဤရွှေ့ပြောင်းမှုသည် သူတော်စင်စီဟန်၏ အရိုက်အရာဆက်ခံသူအဖြစ် ကျန်းယွဲ့လု၏ အဆင့်အတန်းကို ပို၍ အခိုင်အမာ ဖြစ်သွားစေ၏။

သူတော်စင်စီဟန်မှာ တပည့်အဖြစ် ကျန်းယွဲ့လုသာ ရှိနေခြင်း မဟုတ်ပေ။ ကျန်းယွဲ့လုမှာ အခြားသော စီနီယာအစ်မနှင့် ဂျူနီယာညီမများလည်း ရှိနေ၏။ သို့သော်လည်း သူတော်စင်စီဟန်ဘွဲ့အတွက် နေရာတစ်ခုသာ ရှိလေသည်။ ထို့ကြောင့် သူမ၏ အမွေအနှစ်၊ အရင်းအမြစ်များ၊ အဆက်အသွယ်များနှင့် အဆင့်အတန်းကို ဘယ်သူဆက်ခံမလဲ ဆုံးဖြတ်ဖို့က သူတော်စင်စီဟန်အပေါ် မူတည်နေ၏။

အိမ်ရှေ့စံ အရိုက်အရာဆက်ခံသူတစ်ဦးကို ရွေးချယ်ခြင်းသည် လူအများ၏ ယုံကြည်မှုကို ရယူခြင်းဖြင့် တည်ငြိမ်မှုကို ပိုမိုခိုင်မာစေမည့် ကြီးကြီးမားမားကိစ္စတစ်ခု အမြဲတစေဖြစ်ခဲ့သည်။ အရင်ကဆို သူတော်စင်စီဟန်နေရာအတွက် အရိုက်အရာဆက်ခံသူ ရွေးချယ်မည့်ကိစ္စကို ဘေးချိတ်ထားခဲ့ကြ၏။ သို့သော်လည်း ယခု သူတော်စင်စီဟန်သည် မဟာအကြီးအကဲနေရာအတွက် ယှဉ်ပြိုင်မှုမှာ အင်အားကြီးသည့် ပါဝင်ယှဉ်ပြိုင်သူတစ်ဦး ဖြစ်လာပြီး သူမ၏ လက်ရှိနေရာအတွက် အရိုက်အရာဆက်ခံသူတစ်ဦး လိုအပ်လာပေလိမ့်မည်။

ထို့ကြောင့်လည်း သူတော်စင်ချင်းဝေနှင့် သူတော်စင်တန်ဟွားတို့ကလည်း ဤအချိန်မှာ သူတို့၏ အရိုက်အရာဆက်ခံသူများကို မြှင့်တင်မြှောက်စားပေးနေကြခြင်းဖြစ်သည်။

ဤကဲ့သို့ အရေးကြီးသောအချိန်မှာ ချင်းဖျင်အသင်းက ယိုယီအဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ပြီး လီချန်ကဲနှင့် ယောင်ဖေးတို့ကို လူမြင်ကွင်းရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။ ဤမတိုင်ခင်က ထိုဂျူနီယာနှစ်ဦးကို အပြင်လူများက မသိရှိခဲ့ကြပေ။

သူတော်စင်စီဟန်သည် အချက်အလက်များစွာကို ထည့်တွင်းစဉ်းစားပြီးနောက် သူမ၏ အရိုက်အရာဆက်ခံသူအဖြစ် ကျန်းယွဲ့လုကို ရွေးချယ်လိုက်၏။ အသက်အရွယ်က အရေးပါသော အချက်တစ်ချက် သေချာပေါက် ဖြစ်သည်။ သူတို့ အငြိမ်းစားယူမည့် အချိန်များ အရမ်းနီးကပ်မနေရန် သူမ၏ အရိုက်အရာဆက်ခံသူသည် သူတော်စင်စီဟန်နှင့် အသက်အရွယ်တစ်ခု ကွာခြားရပေမည်။

ထို့ကြောင့်ပင် လက်ထောက်မဟာအကြီးအကဲသုံးဦးနှင့် အခြားသော မွန်မြတ်မဟာသူတော်စင် အတော်များများသည် သတ္တမမျိုးဆက် မဟာအကြီးအကဲနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ အရည်အချင်း မပြည့်မီကြခြင်း ဖြစ်သည်။

အရိုက်အရာဆက်ခံသူက ငယ်ရွယ်လွန်းမည်ဆိုလျှင် သူမသည် ကျန်းယွဲ့လုနှင့် ယှဉ်ပါက လုံလောက်သည့် အတွေ့အကြုံ ရှိချင်မှရှိပေမည်။ ထို့ကြောင့် သူတို့က ထိုနေရာအတွက် သင့်လျော်မည် မဟုတ်ပေ။

ကျန်းယွဲ့လုသည် လိုအပ်သော အတွေ့အကြုံနှင့် သင့်လျော်သည့် အသက်အရွယ်မှာ ရှိနေ၏။ သူမသည် ဤနှုန်းထားအတိုင်း ဆက်လက်၍ ကြီးပြင်းလာမည်ဆိုလျှင် အသက် ၃၀ မှာ ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲတစ်ဦး၊ အသက် ၄၀ မှာ တန်ခိုးရှင်သူတော်စင်တစ်ပါး ဖြစ်လာနိုင်ခြေရှိသည်။ ထိုအချိန်မှာ သူမသည် မဟာအကြီးအကဲဘွဲ့အတွက် အင်အားကြီးသည့် ပါဝင်ယှဉ်ပြိုင်သူတစ်ဦး သေချာပေါက် ဖြစ်လာပေလိမ့်မည်။ အခြားသူများက ကျန်းယွဲ့လုနှင့် တစ်ခေတ်တည်း မွေးဖွားလာသည့်အတွက် သူတို့ကိုသာ အပြစ်တင်ရပေမည်။

ထည့်တွင်းစဉ်းစားရမည့် နောက်ထပ်တစ်ချက်မှာ လူတစ်ယောက်၏ နောက်ခံဖြစ်သည်။ တကယ်တော့ ပဉ္စမမျိုးဆက် မဟာအကြီးအကဲနှင့် ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲတို့ကဲ့သို့ မိသားစုနောက်ခံအပေါ် မှီခိုခြင်းမရှိဘဲ မဟာအကြီးအကဲနေရာသို့ တက်လှမ်းနိုင်ခဲ့သည့် ပုဂ္ဂိုလ်တချို့ ရှိခဲ့သည်။ သို့သော်လည်း ပဉ္စမမျိုးဆက် မဟာအကြီးအကဲသည် သာမန်စံနှုန်းစံထားများဖြင့် အကဲဖြတ်၍ မရနိုင်သည့် ထူးခြားပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲသည် သာမန်မိသားစုနောက်ခံကနေလာပြီး အကြောင်းအခွင့် တိုက်ဆိုင်စွာဖြင့် ထိုနေရာကို ရရှိခဲ့သော်လည်း သူသည် လက်ထောက်မဟာကြီးအကဲသုံးဦး၏ ရုပ်သေးရုပ်တစ်ရုပ်မျှသာ ဖြစ်ခဲ့သည်။

လူအများစုအတွက်တော့ သူတို့မိသားစုနောက်ခံ၏ ကူညီထောက်ပံ့မှုနှင့် လွှမ်းမိုးမှုကို ထည့်တွက်ရဆဲဖြစ်သည်။

ကျန်းယွဲ့လုသည် ကျန်းမိသားစုမှဖြစ်ပြီး အဲ့ဒါကို အကျယ်တဝင့် ချဲ့ပြောနေစရာ မလိုတော့ပေ။ ဒါ့အပြင် ကျန်းယွဲ့လုကို မြေကမ္ဘာဆရာသခင်ကော ကောင်းကင်ဆရာသခင်ကပါ မြှောက်စားပေးထားကြ၏။

သူမသည် အထူးသီးသန့် လျှို့ဝှက်ဆန်းကြယ်စွမ်းရည်နှစ်မျိုးကို သင်ယူထားသည်။ တစ်ခုသည် သူတော်စင်စီဟန် သင်ကြားပေးထားသည့် စီဟန်ဓားသိုင်းစဉ်ဖြစ်သည်။ နောက်တစ်ခုမှာ မြေကမ္ဘာဆရာသခင် လက်ဆင့်ကမ်းပေးသည့် လေဟာနယ်ကပ်ဘေးခြောက်ပါးဖြစ်သည်။ သူတော်စင်စီဟန်ပင် လေဟာနယ်ကပ်ဘေးခြောက်ပါးကို သင်ယူခွင့်မရပေ။ ဤရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် ကျန်းယွဲ့လုသည် မြေကမ္ဘာဆရာသခင်နှင့်လည်း ဆရာတပည့် ဆက်ဆံရေး ရှိနေ၏။ ထို့ကြောင့် သူမကို ဖိအားပေးပါက ချွမ်ကျန်းဂိုဏ်းသို့ ကူးပြောင်းနိုင်သည်ဟု ဆိုခဲ့ခြင်းမှာ အခြေအမြစ်မရှိသော ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပေ။

ကျန်းယွဲ့လုက မဟာအကြီးအကဲ ဖြစ်လာနိုင်သည့်အတွက် ချွမ်ကျန်းဂိုဏ်းကလည်း သူမကို ငြင်းပယ်လိမ့်မည် မဟုတ်ပေ။

အရေးကြီးဆုံးအချက်မှာ ကျန်းယွဲ့လုသည် စိတ်ရောကိုယ်ပါ နှစ်မြုပ်၍ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်လိုခြင်း ဖြစ်၏။

လီချန်ကဲနှင့် ရှောင်ဖေးမှာ မြင့်မားသော ကျင့်ကြံမှုအဆင့်နှင့် နောက်ခံကောင်းများ ရှိသော်လည်း သူတို့သည် တာအိုဂိုဏ်းတော်အတွက် အကျိုးဆောင်ထားခြင်း မရှိသောကြောင့် သူတို့ကို တိုးမြှင့်ပေးဖို့ ခိုင်လုံသော အကြောင်းပြချက် မရှိချေ။ ထို့ကြောင့် သူတို့နှစ်ဦးစလုံးက အဆင့် ၅ မှာ ရှိနေသေးပြီး ပညာရှိလောင်း တာအိုဆရာများသာ ဖြစ်နေစဉ် ကျန်းယွဲ့လုကတော့ အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦး ဖြစ်နေလေပြီ။

ကျန်းယွဲ့လုသည် တာအိုဂိုဏ်းတော်အတွက် အကျိုးဆောင်မှုများ ပြုလုပ်ပေးခဲ့သောကြောင့် သူတော်စင်စီဟန်အနေဖြင့် သူမအတွက် လမ်းဖောက်ပေးခြင်းက အကျိုးသင့်အကြောင်းသင့် ရှိနေဆဲဖြစ်၏။ အခြားသူများအနေဖြင့် ဝေဖန်ပုတ်ခတ် ပြောဆိုလို့ မရတော့ပေ။

ကျန်းယွဲ့လု၏ အစွမ်းအစများအရ သူမသည် တတိယအဆင့်ကို တိုးမြှင့်ပေးခံရဖို့ သိပ်မလိုတော့ပေ။

နင်းလင်ကဲ ပြောသည့်အတိုင်း တာအိုဂိုဏ်းတော်မှာ အစွမ်းအစရှိသောလူများ လစ်လပ်မနေပေ။ လူတချို့သည် မဟာအကြီးအကဲနေရာအတွက် ယှဉ်ပြိုင်ဖို့ အခွင့်အရေး မရှိသော်လည်း သူတို့သည် တောက်ပသော အနာဂတ်အတွက် မှန်ကန်သော ခေါင်းဆောင်တစ်ဦးနောက်ကို လိုက်နိုင်ဖို့ မျှော်လင့်ထားကြဆဲဖြစ်၏။ လူတချို့သည် သတ္တမမျိုးဆက် မဟာအကြီးအကဲအတွက် အလောင်းအလျာများအပေါ် လောင်းကြေးထပ်ပုံအပ်ဖို့ ခက်ခဲသည်ကို တွေ့ရသောကြောင့် သူတို့သည် အဋ္ဌမမျိုးဆက် မဟာအကြီးအကဲနေရာအတွက် အလောင်းအလျာများအပေါ် ကြိုတင်၍ မျက်စိကျနေကြပြီဖြစ်၏။

ဂိုဏ်းသုံးဂိုဏ်းလုံး၏ အလောင်းအလျာများက သိသာရှင်းလင်းနေလေပြီ။ သို့သော်လည်း သူတို့အားလုံးက ဖူးသစ်စ ပါရမီရှင်များသာ ဖြစ်သည်။ အသက်အရွယ်၊ အရည်အချင်းနှင့် နောက်ခံအရ ကျန်းယီဂိုဏ်းမှ ကျန်းယွဲ့လု၊ ထိုက်ဖျင်ဂိုဏ်းမှ လီချန်ကဲ နှင့် ချွမ်ကျန်းဂိုဏ်းမှ ယောင်ဖေးတို့သည် အဋ္ဌမမျိုးဆက် မဟာအကြီးအကဲနေရာအတွက် အသန်မာဆုံး ယှဉ်ပြိုင်ဘက်များ ဖြစ်ကြသည်။

သူတို့သုံးဦးထဲမှာ လီချန်ကဲ၏ ကျင့်ကြံမှုအဆင့်က အမြင့်မားဆုံး ဖြစ်သော်လည်း ကျန်းယွဲ့လုက အတွေ့အကြုံအရှိဆုံးဖြစ်၏။ ဂိုဏ်းသုံးဂိုဏ်းက ကွဲပြားခြားနားသော်လည်း ဂိုဏ်းတစ်ဂိုဏ်းချင်းစီမှာ အခြားဂိုဏ်းက သူများကိုပါ ယုံကြည်လက်ခံစေနိုင်သည့် တပည့်ဂိုဏ်းသားများ ရှိနေဆဲဖြစ်၏။

ထိုက်ဖျင်ဂိုဏ်းမှ လူတိုင်းသည် ထိုက်ဖျင်ဂိုဏ်းမှ ပါဝင်ယှဉ်ပြိုင်သူတစ်ဦးကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်၍ အားပေးထောက်ခံကြလိမ့်မည် မဟုတ်ပေ။ ကျန်းယီဂိုဏ်းနှင့် ချွမ်ကျန်းဂိုဏ်းမှာလည်း အတူတူပင်ဖြစ်၏။ ခန်းမကိုးဆောင်မှ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာသည့် ကျန်းယွဲ့လု၏ အတွေ့အကြုံများသည် ကျန်းယီဂိုဏ်းမှ မဟုတ်သော လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ငယ်သားများ၊ အထက်လူကြီးများနှင့် မိတ်ဆွေများထံမှ ထောက်ခံမဲများကို သူမအတွက် ရရှိစေပေလိမ့်မည်။ ယခုအချိန်မှာ သူတို့က ကျန်းယွဲ့လုနှင့် မရင်းနှီးသေးလျှင်တောင် ဆယ်စုနှစ်ချီ စုဆောင်းပြီးနောက် သူတို့သည် ကျင့်ကြံမှုအဆင့် မြင့်မားရုံနှင့် မဖိနှိမ်နိုင်သည့် ကျယ်ပြန့်သော ကွန်ယက်တစ်ခု သူမအတွက် ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ကျန်းယွဲ့လု၏ အနာဂတ်နှင့် ပတ်သက်၍ လူများစွာမှာ ကောင်းမွန်သော ထင်မြင်ချက် ရှိနေပြီး သူတို့က သူမကို စတင်၍ အကြိုက်ဆောင်လာကြလေပြီ။

ဤအချက်သည် ကျန်းယွဲ့လု၏ ခွန်အားနှင့် ရေပန်းစားမှုကို သေချာပေါက် မြှင့်တင်ပေးပေလိမ့်မည်။ သူမ၏ အဆင့်အတန်းကိုလည်း မလွဲမသွေ မြင့်တက်လာစေပေလိမ့်မည်။ ထျန်ကန်းဂိုဏ်းအတွင်းမှ အခြားသော လက်ထောက်ခန်းမသခင်များက ဤဂျူနီယာကို အထင်မသေးရဲကြပေ။

ဤအချိန်မှာ ကျန်းမိသားစုသည် ကျန်းယွဲ့လု၏ လက်ထပ်ပွဲကို ဆက်လက်၍ ဖိအားမပေးနိုင်တော့ပေ။

ကျန်းယွဲ့လုသည် လက်ရှိ သူတော်စင်စီဟန် ရရှိထားသည့် အဆင့်အတန်းကို အမှန်တကယ် အောင်မြင်ရရှိနိုင်မည်ဆိုလျှင် သာမန်လက်ထပ်ပွဲတစ်ခုက သေချာပေါက် လုံလောက်တော့မည် မဟုတ်ပေ။

သူတို့၏ အစီအစဉ်ကို ချီရွှမ်းစုက ကြားဝင်နှောင့်ယှက်ခဲ့သည့်အတွက် သူ့ကိုပင် ကျေးဇူးတင်ရလိမ့်မည်ဟု ထျန်ထိုက်ချုံးက ကျန်းယီယွဲ့နှင့် နောက်ကွယ်မှာ စနောက်၍ပင် ပြောဆိုခဲ့၏။ မဟုတ်ပါက ယန်မိသားစုနှင့် လက်ထပ်မင်္ဂလာပွဲ စီစဉ်ပေးခဲ့သည့် သူတို့၏ ဆုံးဖြတ်ချက်အမှားအတွက် သူတို့က နောင်တရနေရပေလိမ့်မည်။

သူတော်စင်စီဟန်သည် ထျန်ကန်းခန်းမသခင် ဖြစ်လာမည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။ ဆက်တိုက်ဖြစ်ရပ်များအပြီးမှာ သူတော်စင်စီဟန်၏ အရိုက်အရာဆက်ခံသူအဖြစ် ကျန်းယွဲ့လု၏ သရုပ်သကန်က အခိုင်အမာဖြစ်သွား၏။

အရင်တုန်းက ဤဆက်ခံခြင်းသည် မရှင်းလင်းခဲ့သေးပေ။ မဟာအကြီးအကဲနေရာကို ယှဉ်ပြိုင်ရယူဖို့ ဆုံးဖြတ်ထားသည့် ကျန်းယွဲ့လုကိုယ်တိုင်က လွဲလျှင် သူမသည် လုံလောက်အောင် အရည်အချင်းပြည့်မီလာမည်ဟု တခြားမည်သူကမှ တပ်အပ်သေချာ မပြောနိုင်ခဲ့ပေ။ သူတို့က သူမကို အထင်သေးပြီး အလွန်ဆုံး တန်ခိုးရှင်သူတော်စင်တစ်ပါး ဖြစ်လာမည်ဟုသာ မှတ်ထင်ကောင်း မှတ်ထင်ခဲ့ကြပေလိမ့်မည်။ ထို့ထက်ပိုမြင့်သော အဆင့်များအတွက် ကြိုးစားအားထုတ်မှုအပြင် အကြောင်းအခွင့်ပေါင်းဆုံမှုနှင့် ကံကောင်းမှုလည်း လိုအပ်လေသည်။

ကျန်းယွဲ့လုသည် ဤမျှအထိ မြန်မြန်ဆန်ဆန် သူတော်စင်စီဟန်၏ အမည်ခံအရိုက်အရာဆက်ခံသူ ဖြစ်လာလိမ့်မည်ဟု ဘယ်သူက တွေးထင်ခဲ့ပါမလဲ။

ဤအချိန်မှာ ကျန်းယွဲ့လုနှင့် လက်ထပ်ဖို့ သူ့အတွက် ခက်ခဲမှုအတိုင်းအတာက နောက်တစ်ဆင့်သို့ ထပ်မံ၍ မြင့်တက်သွားပြီကို ချီရွှမ်းစုက မသိရှိသေးပေ။ ဤအချိန်မှာ သူတော်စင်တစ်ပါး ဖြစ်လာခြင်းကပင် သူက သူမနှင့် ထိုက်တန်သည်ဟု အများသူငှာ လက်ခံယုံကြည်လောက်အောင် လုံလောက်တော့မည် မဟုတ်ပေ။

All Chapters