← Chapters

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း ၂၅၂ - တီဖေးတောင်

ချီရွှမ်းစုသည် ၂ လပိုင်း ၁၅ ရက်နေ့ အိပ်မက်အစည်းအဝေးအပြီးမှာ ယုံကျိုးမှာရှိသော ရှီဖျင်စံအိမ်ကနေ ထွက်ခွာလာခဲ့သည်။ ထိုအချိန်မှစ၍ ဆယ်ရက်ကုန်ဆုံးသွားပြီး ချီရွှမ်းစုသည် ထျန်ရွှေစီရင်စုကိုဖြတ်၍ ကျုံးကျိုးနှင့် သိပ်မကွာဝေး‌သော ချင်ကျိုးသို့ ဝင်ရောက်လာ၏။

(အတိတ်သမိုင်းနှင့် ပထဝီဝင်အကြောင်းများ ရှင်းပြမည်ဖြစ်၍ ကျော်ဖတ်ချင်လျှင် ကျော်ဖတ်နိုင်ပါသည်။)

[ချင်ကျိုးသည် ချွမ်ကျန်းဂိုဏ်း၏ ဗဟိုချက်မ ပိုင်နက်နယ်မြေဖြစ်ပြီး ကျန်းယီဂိုဏ်း၏ ဝူကျိုး၊ ထိုက်ဖျင်ဂိုဏ်း၏ ချီကျိုးတို့နှင့် ဆင်တူလေသည်။ တီဖေးတောင်၊ ယွင်ကျင်းတောင်နှင့် ဖန်းလိုင်ကျွန်းတို့အားလုံးသည် သက်ဆိုင်ရာဂိုဏ်းများ၏ ဗဟိုချက်မ ပိုင်နက်နယ်မြေများမှာ တည်ရှိကြသည်။ ထို့ကြောင့် သူတို့ကို တာအိုဝါဒ၏ အထွတ်အမြတ်နေရာသုံးခုဟု သတ်မှတ်ထားကြသည်။

နာမည်ကြီးပုဂ္ဂိုလ်များစွာကလည်း တီဖေးတောင်မှာ နေထိုင်၍ အင်မော်တယ်လမ်းစဉ်ကို အောင်အောင်မြင်မြင်တက်လှမ်းသွားနိုင်ခဲ့ကြသည်။ အကြီးအကဲချုံးယန်နှင့် သူ၏ တပည့်ဂိုဏ်းသားများသည် ချွမ်ကျန်းဂိုဏ်းကို အဆင့်ဆင့်တည်ထောင်၍ မွမ်းမံမြှင့်တင်ခဲ့ကြသည်။ သူတို့သည် တောင်ပေါ်မှာ ချုံးယန်ထာဝရနန်းတော်နှင့် အခြားသော အထွတ်အမြတ်နေရာများစွာကို တည်ဆောက်ခဲ့ကြသည်။

နောက်ပိုင်းမှာ တီဖေးတောင်သည် ချွမ်ကျန်းဘိုးဘေးကျောင်းတော်အဖြစ် ကျော်ကြားလာခဲ့သည်။ ယင်းသည် ကျန်းယီဘိုးဘေးကျောင်းတော်တည်ရှိရာ ယွင်ကျင်းတောင်လောက် ကျော်ကြားပြီး တာအိုဘိုးဘေးကျောင်းတော်အဖြစ် သိရှိကြသော ခွန်လွင်တောင်ထက် တစ်ဆင့်သာနိမ့်လေသည်။

သို့သော်လည်း ရွှေပြည်သစ်စစ်တပ်က တောင်ပိုင်းကို ကျူးကျော်လာသည့်အချိန်မှာ ရှီကျင့်နှင့် ကျင်းမင်းဆက် ကျဆုံးသွားခဲ့၏။ ရှီကျင့်နှင့် သိပ်မကွာဝေးသော တီဖေးတောင်ကလည်း စစ်ပွဲ၏ ရိုက်ခတ်မှုဒဏ်များကနေ မလွတ်မြောက်နိုင်ခဲ့ပေ။ ဒါ့အပြင် အခြားသောတာအိုဂိုဏ်းများ ထကြွမှုနှင့် တီဖေးတောင်ကို တိုက်ခိုက်ခြင်းသည် ချွမ်ကျန်းဘိုးဘေးကျောင်းတော်ကို ကျဆုံးသွားစေခဲ့၏။

ထို့ကြောင့် ချွမ်ကျန်းဂိုဏ်းသည် သူတို့၏ အရင်ခမ်းနားထည်ဝါမှုကနေ ကျဆင်းလာခဲ့သည်။

ယခင် ဝေမင်းဆက်၏ ဧကရာဇ်ထိုက်ကျူက ရွှေပြည်သစ်ကို တွန်းလှန်ထုတ်လိုက်သည့်အချိန်မှာ တီဖေးတောင်သည် ၎င်း၏ အသက်ဓာတ်ကို ပြန်လည်မရရှိသေးဘဲ တိတ်ဆိတ်ခြောက်ကပ်နေခဲ့ဆဲဖြစ်၏။ ဝေမင်းဆက်၏ နှောင်းပိုင်းခေတ်မှသာ ကျန်းယီဂိုဏ်း၏ မျိုးဆက် ၃၀ မြောက် မဟာကောင်းကင်ဆရာသခင် ကျန်းကျင်းလျှိုက တီဖေးတောင်၏ တိတ်ဆိတ်ခြောက်ကပ်မှုကို မြင်တွေ့သွားခဲ့၏။

ကျန်းကျင်းလျှိုသည် ချွမ်ကျန်းဘိုးဘေးကျောင်းတော်၏ ယခင်ဂုဏ်ကျက်သရေကို ပြန်လည်ဖော်ဆောင်ဖို့ ကြိုးစားခဲ့သည်။ ထိုအချိန်တုန်းက တီဖေးတောင်သည် ကျန်းယီဂိုဏ်း မဟာကောင်းကင်ဆရာသခင်၏ ပိုင်နက်နယ်မြေထဲမှာ ရှိနေခဲ့၏။

ဒါ့အပြင် ထိုအချိန်တုန်းက မြေကမ္ဘာဆရာသခင်သည် ချွမ်ကျန်းဂိုဏ်း၏ ခေါင်းဆောင်မဟုတ်ဘဲ ကောဇောက်ဂိုဏ်း၏ ခေါင်းဆောင်ဟုသာ ဆိုရပေမည်။ သူတို့၏ အခြေစိုက်စခန်းသည် တီဖေးတောင်မှာမဟုတ်ဘဲ မဟာကောင်းကင်ဆရာသခင်၏ တာ့ကျန်းစံအိမ်ကို တိုက်ခိုက်ဖို့ သူတို့အကွက်ချကြံစည်ခဲ့သော ပေမန်တောင်မှာရှိခဲ့သည်။ သူတို့၏ တိုက်ခိုက်မှုက အောင်မြင်ခဲ့လုနီးပါးပင်။ ထိုအချိန်မှာ မဟာကောင်းကင်ဆရာသခင်က တီဖေးတောင်မှာ အခြေချကျင့်ကြံနေခဲ့၏။

ရွှမ်အရှင်မြတ်က တာအိုဂိုဏ်းတော်၏ မဟာအကြီးအကဲဖြစ်လာပြီးနောက်ပိုင်းမှ သိသာထင်ရှားသော အပြောင်းအလဲများ ပေါ်ထွက်လာခဲ့၏။ ထိုအချိန်တုန်းက တာအိုဂိုဏ်းတော်သည် ကြွယ်ဝချမ်းသာခြင်းမရှိသေးဘဲ ပိုင်နက်နယ်မြေများကြား သွားလာဖို့ ဝေဟင်ပျံသင်္ဘောအနည်းအကျဉ်းသာရှိလေသည်။ ခွန်လွင်တောင်သည် အနောက်ဘက်ဒေသနယ်မြေများနှင့် ဝေးကွာပြီး ကုန်သွယ်ဖို့က အဆင်မပြေခဲ့ပေ။ ထို့ကြောင့် သူတို့က အစားထိုး နေပြည်တော်တစ်ခုကို လိုအပ်လာခဲ့၏။

သူတို့ အဓိကဆွေးနွေးခဲ့သည်မှာ ဖန်းလိုင်ကျွန်းနှင့် ယွင်ကျင်းတောင်ဖြစ်၏။ သို့သော် ထိုနေရာများ၏ ပထဝီဝင်တည်နေရာများက အဆင်မပြေခဲ့ပေ။ ဖန်းလိုင်ကျွန်းသည် အနောက်ဘက်ဒေသနှင့် ရှုကျိုးကဲ့သို့ နေရာများနှင့် ဝေးကွာလွန်းပြီး ယွင်ကျင်းတောင်ကလည်း လျောင်တုံနှင့် အခြားသောနေရာဒေသများနှင့် ဝေးကွာလွန်းနေခဲ့၏။ ထိုအမာခံနယ်မြေနှစ်ခုအတွင်းရှိ ဂိုဏ်းများကလည်း အစဉ်အလာအရ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း အချေအတင်ဖြစ်နေခဲ့ကြသည်။ ထို့ကြောင့် မည်သည့်နေရာကို ရွေးချယ်သည်ဖြစ်စေ ကျန်အဖွဲ့က ကျေနပ်မှုရရှိလိမ့်မည်မဟုတ်ဘဲ မျှခြေကို ပျက်ပြားစေပေလိမ့်မည်။

ဖန်းလိုင်ကျွန်းနှင့် ယွင်ကျင်းတောင်ကြား အလယ်လောက်မှာတည်ရှိသော တီဖေးတောင်က သင့်လျော်သည့် ရွေးချယ်စရာဖြစ်လာခဲ့သည်။ ထို့ကြောင့် ရွှမ်အရှင်မြတ်သည် တီဖေးတောင်ကို တာအိုဂိုဏ်း၏တော်၏ ဒုတိယမြောက်နေပြည်တော်အဖြစ် ထုတ်ဖော်ကြေညာခဲ့၏။ ထိုသို့ဖြင့် တီဖေးတောင်ကို ဒုတိယမြောက် မွမ်းမံပြင်ဆင်မှု ပြုလုပ်ခဲ့ကြ၏။

ပြင်းပြင်းထန်ထန် ပျက်စီးထိခိုက်ထားသော ချုံးယန်ထာဝရနန်းတော်ကိုလည်း ပြန်လည်တည်ဆောက်ပေးခဲ့သည်။

တီဖေးတောင်မှာ အစီအရင်ဝင်္ကပါအသစ်များကိုလည်း ထပ်တိုးပေးခဲ့သည်။ ထိုအချိန်တုန်းက ကွန်ဖြူးရှပ်ဝါဒနှင့် မဟာယာနဗုဒ္ဓဝါဒကြား ပဋိပက္ခ၏ အရေးကြီးဆုံးကာလအပိုင်းအခြားဖြစ်နေခဲ့၏။ ထို့ကြောင့် ဤဒုတိယမြောက်နေပြည်တော်၏ အဆင့်အတန်းကို မြှင့်တင်ဖို့အတွက် ချုံးယန်ထာဝရနန်းတော်ကို ထင်ထင်ရှားရှားပေါ်လွင်စေမည့် အစီအရင်ဝင်္ကပါများ ထည့်သွင်းပေါင်းစပ်ပေးခဲ့ကြသည်။

လူတစ်ယောက်က တီဖေးတောင်၏ ပိုင်နက်နယ်မြေထဲသို့ ဝင်ရောက်လာပြီးနောက် မည်သည့်နေရာမှာ ရပ်နေသည်ဖြစ်စေ တောင်ထွတ်ပေါ်က ခမ်းနားထည်ဝါသော ချုံးယန်ထာဝရနန်းတော်ကို တွေ့မြင်နိုင်ပေလိမ့်မည်။ ၎င်း၏ အထပ်ထပ်ဆင့်ထားသော အဆောက်အအုံများသည် အောက်ဘက်မှာရှိသောသူများကို အရေးမပါအရမရောက် သိမ်ငယ်သွားစေ၏။ လူတစ်ယောက်က သင့်လျော်သည့်နည်းလမ်းများမရှိဘဲ ချုံးယန်ထာဝရနန်းတော်ထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အဲဒါက ထိပါး၍ မရသော ထူးခြားဆန်းကြယ်သည့်နေရာတစ်ခု ဖြစ်လာခဲ့သည်။

ချုံးယန်ထာဝရနန်းတော်ကို တွေ့မြင်သော သာမန်လူများသည် စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းစွဲထင်သွားပေလိမ့်မည်။ ယနေ့အချိန်ထိ တာအိုယုံကြည်သူများစွာသည် ဂါရဝပြုရှိခိုးရန် တီဖေးတောင်သို့ အဝေးကနေ လာရောက်နေကြဆဲဖြစ်သည်။ နောက်ပိုင်းကာလမှာ တီဖေးတောင်ပေါ်ရှိ ချုံးယန်ထာဝရနန်းတော်သည် မဟာအကြီးအကဲ၏ စံမြန်းရာဂေဟာဖြစ်လာခဲ့သည်။ နောက်ပိုင်း ရွှမ်အရှင်မြတ်သည် ခွန်လွင်တောင်ပေါ်ရှိ ခရမ်းရောင်စံအိမ်သို့ ပြန်သွားသည့်အချိန်မှသာ တီဖေးတောင်ကို မြေကမ္ဘာဆရာသခင်က လက်လွှဲရယူခဲ့၏။

တီဖေးတောင်သည် တာအိုဂိုဏ်းတော်၏ ဒုတိယမြောက်နေပြည်တော် ဆက်လက်၍မဟုတ်တော့ပြီဆိုသော်လည်း ကြည်ညိုလေးစားခံအဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။ ]

ဖြစ်နိုင်လျှင် ချီရွှမ်းစုက ထိုအထွတ်အမြတ်ကုန်းမြေ၏ နတ်ဘုံနတ်နန်းအော်ရာကို တွေ့ကြုံခံစားနိုင်ရန် တီဖေးတောင်ကို အလည်အပတ်သွားရောက်လို၏။ သို့သော် သူ့မှာ တာအိုသရုပ်သကန်မရှိတော့သည့်အတွက် ထိုသို့ပြုလုပ်ဖို့ မဖြစ်နိုင်တော့ပေ။ ဒါ့အပြင် သူက ချင်းဖျင်အသင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်နေ၏။ ထိုသို့ဖြင့် ချီရွှမ်းစုသည် တီဖေးတောင်ခြေရင်းကနေသာ ဖြတ်သွားနိုင်၏။ သူအပေါ်ကို မော့ကြည့်သည့်အခါ နတ်ဘုံနတ်နန်းကဲ့သို့ တိမ်စိုင်များကြားလွင့်နေသည့် တောင်ထိပ်ပေါ်မှ ချုံးယန်ထာဝရနန်းတော်ကို တွေ့မြင်ရသည်။ မြူခိုးများ လွှမ်းခြုံထားသည့် တိမ်စိုင်များအထက်က မြို့တော်သည် ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေ၏။ တောင်ခြေရင်းမှာ ရပ်နေသောလူများက အထက်မှာရှိသော ကြီးကျယ်ခမ်းနားသည့်မြင်ကွင်းကို ငေးကြည့်နေသည့်အချိန်မှာ သူတို့ကိုယ်သူတို့ အရေးမပါအရာမရောက် သေးနုပ်သွားသည်ဟု ခံစားရပေလိမ့်မည်။

တာအိုဂိုဏ်းတော်၏ စွမ်းပကားကို သရုပ်ဖော်ပြသသည့်အနေဖြင့် တီဖေးတောင်ကို ပြန်လည်မွမ်းမံတည်ဆောက်ပြီးနောက် ယွင်ကျင်းတောင်ပင်လျှင် တီဖေးတောင်လောက် ကြီးကျယ်ခမ်းနားခြင်း မရှိတော့ပေ။

ထို့ကြောင့် ချီရွှမ်းစုက တိဖေးတောင်၏ ခမ်းနားထည်ဝါမှုကို မြင်တွေ့လိုနေခြင်းဖြစ်၏။

ဒဏ္ဍာရီလာ ဖန်းလိုင်ကျွန်းကို လျှို့ဝှက်ဆန်းကြယ်သည်ဟူသော စကားလုံးဖြင့်သာ ဖော်ပြနိုင်သည်။ ယင်းသည် ပင်လယ်ပြင်အလယ်မှာရှိပြီး သင်္ဘောများဖြင့်သာ သွားလာနိုင်သည်။ ကျွန်းတစ်ခုလုံးကို အစီအရင်ဝင်္ကပါများက လွှမ်းခြုံထားပြီး သာမန်သင်္ဘောများနှင့် ဝေဟင်ပျံသင်္ဘောများပင် အနားကိုချဉ်းကပ်နိုင်ရန်ခက်လေ၏။

သာမန်ထိုက်ဖျင်ဂိုဏ်းသားများနှင့် အခြားသော တာအိုတပည့်ဂိုဏ်းသားများသည် အင်မော်တယ်ကျွန်းသုံးကျွန်းထဲတွင် ပါဝင်သော ဖန်ကျန့်ကျွန်းနှင့် ယင်ကျိုးကျွန်းသို့ ရောက်ရှိနိုင်သော်လည်း ဖန်းလိုင်ကျွန်းကို မသွားရောက်နိုင်ကြပေ။

ချီရွှမ်းစုသည် တီဖေးတောင်ပေါ်ကို မတက်နိုင်သည့်အတွက် တောင်ခြေရင်းကနေသာ ဖြတ်သွားနိုင်သည်။ မြေကမ္ဘာဆရာသခင်၏ အရိပ်အောက်မှာ မည်သူကမှ ပြဿနာမရှာရဲသောကြောင့် ဤနေရာမှာ လုံခြုံရေးကို လျှော့ချထား၏။ တောင်ထိပ်ပေါ်မှာ သူတော်စင်များ၊ အဆင့်မြင့်တာအိုဆရာများနှင့် စိတ်ဝိညာဉ်တပ်သားများ ရှိနေသည်ကို ထည့်ပြောစရာမလိုပေ။ မည်သည့်လျှို့ဝှက်အဖွဲ့အစည်းကမှ ဤနေရာမှာ ပြဿနာလာရှာရအောင် ရဲတင်းလွန်းလိမ့်မည်မဟုတ်ပေ။

ရှေးဟောင်းအင်မော်တယ်တစ်ဦးပင် ဤနေရာကို တိုက်ခိုက်ဖို့ နှစ်ခါပြန် စဉ်းစားရပေလိမ့်မည်။

ချီရွှမ်းစုက တောင်ခြေကို ဖြတ်လာစဉ် လူမြင်ကွင်းကနေ ပျောက်ကွယ်နေသလို ခံစားရ၏။ လမ်းတစ်လျှောက်မှာ မည်သည့်အဟန့်အတားမှမရှိပေ။ သူက ချွမ်ကျန်းဂိုဏ်းမှ တာအိုဆရာများစွာကို တွေ့မြင်ရသော်လည်း မည်သည့်တာအိုဆရာကမှ သူ့ကိုအရေးလုပ်မနေပေ။ စိတ်ဝိညာဉ်တပ်သားတစ်ဖွဲ့က မြေပြင်မှာ ကင်းလှည့်နေသော်လည်း သူတို့က လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းခြင်း မရှိပေ။

ချီရွှမ်းစုသည် တီဖေးတောင်၏ နယ်နိမိတ်ထဲသို့ အဟန့်အတားမရှိဘဲ ဖြတ်ကျော်လာ၏။ သို့သော် ဤလှုပ်ရှားမှုသည် ဖုန့်ပိုကို ချီရွှမ်းစုနောက်လိုက်ဖို့ ခက်ခဲသွားစေ၏။

ပြောရမည်ဆိုလျှင် ကောင်းကင်သက်ရှိတစ်ဦးဖြစ်သော ဖုန့်ပိုက သိပ်မကြာခင် ချီရွှမ်းစုကို လိုက်မီသွားသင့်၏။ သို့သော် ဖုန့်ပိုသည် လမ်းမှာ ရန်သူတစ်ဦးနှင့် ဆုံတွေ့ပြီး တိုက်ခိုက်ခဲ့ရ၏။ နောက်ဆုံးမှာ မည်သူကမှ အနိုင်မရဘဲ ဖုန့်ပိုက ထွက်ပြေးသွားနိုင်ခဲ့သည်။ ထိုအချိန်မှာ ချီရွှမ်းစုက ထျန်ရွှေစီရင်စုကနေ ထွက်ခွာ၍ ချင်ကျိုးသို့ ဝင်ရောက်သွားပြီဖြစ်၏။

ဖုန့်ပိုက ချီရွှမ်းစုကို အလွတ်မပေးလိုဘဲ ဆက်လိုက်လာ၏။ သို့သော် ချီရွှမ်းစုက တီဖေးတောင်၏ နယ်နိမိတ်ထဲသို့ ဝင်ရောက်သွားသည့်အချိန်မှာ ဖုန့်ပိုက ခြေတစ်လှမ်းနောက်ကျသွားလေပြီ။

ရှန်းထျန်သက်ရှိတစ်ဦးအနေဖြင့် ချီရွှမ်းစုသည် မည်သည့်စိတ်အာရုံကိုမှ မရရှိဘဲ တီဖေးတောင်၏ ပိုင်နက်နယ်မြေထဲမှာ ငြိမ့်ငြိမ့်ညောင်းညောင်းလျှောက်လှမ်းသွားနိုင်၏။ သူက ချုံးယန်ထာဝရနန်းတော်ရှိရာတောင်ပေါ်သို့ မတက်သရွေ့အဆင်ပြေလေသည်။ သို့သော် ဖုန့်ပိုကဲ့သို့ ကောင်းကင်သက်ရှိတစ်ဦးက ထိုသို့မပြုလုပ်နိုင်ပေ။

ဖုန့်ပိုမှာ ချွမ်ကျန်းဂိုဏ်းတံဆိပ်ပြားမရှိသည့်အတွက် သူက တီဖေးတောင်၏ နယ်နိမိတ်ထဲသို့ ဝင်ရောက်လာမည်ဆိုလျှင် အစီအရင်ဝင်္ကပါများကို နှိုးဆွမိသွားပေလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် သူက ချွမ်ကျန်းဂိုဏ်းတပည့်ဂိုဏ်းသားများ၏ ဝိုင်းပတ်ပိတ်ဆို့ခြင်းခံရပေလိမ့်မည်။ ထို့ကြောင့် ဖုန့်ပိုက အန္တရာယ်ကို မစွန့်စားရဲဘဲ တီဖေးတောင်ကို ကွေ့ပတ်သွားဖို့ဆုံးဖြတ်ပြီး သိသိသာသာအချိန်ပိုယူရ၏။

ထိုသို့ဖြင့် ချီရွှမ်းစုသည် အမှုမဲ့အမှတ်မဲ့ဖြင့် ဖုန့်ပို၏ လိုက်လံဖမ်းဆီးမှုကနေ နှစ်ကြိမ်ဆက်တိုက်လွတ်မြောက်သွား၏။ သူက အဲဒါကို သတိမထားမိဘဲ ရှီကျင့်စီရင်စုသို့ ဦးတည်နေလေသည်။

All Chapters