← Chapters

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀ - လေ့ရှောင်ဟွမ်

ဤရက်များအတွင်း ဖေးရှောင်လိုက ပေါ်ထွက်မလာခဲ့ပေ။ သူတော်စင်သည် တာအိုဂိုဏ်းတော်၏ နိုင်ငံရေးကိစ္စများနှင့် လုံးပန်းနေခြင်းဖြစ်မည်ဟု ချီရွှမ်းစုတွေးလိုက်၏။

ချီရွှမ်းစုသည် သူ၏ ပြန်လည်ကုသခြင်းမှာသာ အာရုံစိုက်နေ၏။ ပြန်ဆက်ထားသည့်သူ့လက်ကို နောက်ဆုံးမှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်၍ သူ့လက်ချောင်းများမှ အထိအတွေ့ခံစားချက်အနည်းငယ်ကို ပြန်ရနေပြီဖြစ်၏။ သို့သော်လည်း သူ့လက်ကနေ ခွန်အားကို မထုတ်ဖော်နိုင်သေးပေ။ သူ့လက် အပြည့်အဝပြန်ကောင်းဖို့အတွက် အချိန်အနည်ငယ်ထပ်ယူရပေဦးမည်။

ဤအချိန် တာအိုဆရာများအတွက် တာအိုခွေးဟူသော နိမ့်ကျသည့် နာမည်ပြောင်တစ်ခု ဘာ့ကြောင့်ရှိလာသလဲ သူနားလည်သဘောပေါက်သွား၏။ အရင်တုန်းက သူ အဆင့် ၇ တာအိုဆရာတစ်ဦးဖြစ်ခဲ့ပြီး မည်သူနှင့်မှ တိုက်ရိုက်ပဋိပက္ခမရှိသရွေ့ အခြားသောတအိုဆရာများက သူ့ကို ဘာမှပြုလုပ်လိမ့်မည် မဟုတ်ပေ။

တာအိုဂိုဏ်းတော်သည် အပြင်လူများအား တာအိုဆရာများ အနိုင်ကျင့်ခြင်းကို မသိချင်ယောင် ဆောင်ထားနိုင်သော်လည်း သူတို့အချင်းချင်း အနိုင်ကျင့်ခြင်းသည် နောက်ထပ် ကွဲပြားသောကိစ္စတစ်ခုဖြစ်၏။ သန်မာသော ကျောထောက်နောက်ခံရှိသည့် လီထျန်ကျန်းကဲ့သို့လူများကလွဲလျှင် တာအိုဆရာအချင်းချင်း အနိုင်ကျင့်ရဲတဲ့သူ မရှိသလောက်ပင်။

ချီရွှမ်းစု ထျန်ကန်းခန်းမကို ဝင်ရောက်ပြီးနောက် ကျန်းယွဲ့လုက သူ့အတွက် အကြီးမားဆုံးကျောထောက်နောက်ခံဖြစ်လာခဲ့၏။ ထို့ကြောင့် မည်သူကမှ သူ့ကို အနိုင်မကျင့်ရဲကြပေ။ သူ့မှာ တာအိုသရုပ်သကန်မရှိတော့သည်နှင့် တာအိုဆရာများက ဘယ်လောက်တောင် စိုးမိုးဗိုလ်ကျနေသလဲ ချီရွှမ်းစုနားလည်သဘောပေါက်သွား၏။

နောက် ၅ ရက်နေပြီးမှ ဖေးရှောင်လို ပေါ်ထွက်လာ၏။

ဖေးရှောင်လိုသည် နိုင်ငံရေးကိစ္စများနှင့် လုံးပန်းနေသည်ဟူသော သူ့အမြင်က မှားနေကြောင်းသိရ၏။ မည်သို့ပင်ဆိုစေ စန်လီသည် အဋ္ဌမမျိုးဆက် မဟာအကြီးအကဲနေရာအတွက် ရေပန်းစားနေသော လီချန်ကဲ၊ ကျန်းယွဲ့လု၊ ယောင်ဖေးတို့ကဲ့သို့ ပါရမီရှင်များနှင့်မတူဘဲ အရေးမပါအရာမရောက်သော လူတစ်ယောက်သာဖြစ်သည်။ ချင်ကျိုးတာအိုစံအိမ်သည် စန်လီအတွက်နှင့် ဖေးရှောင်လိုကို ဆန့်ကျင်လိမ့်မည်မဟုတ်ရာ ဤကိစ္စသည် အစားအသောက်ပွဲတစ်ခု တည်ခင်းရုံမျှနှင့် ပြီးစီးသွားပေလိမ့်မည်။

ဤရက်များအတွင်း ဖေးရှောင်လို ပေါ်ထွက်မလာသည့် အဓိကအကြောင်းအရင်းမှာ သူ၏ တာအိုလက်တွဲဖော်ကြောင့်ဖြစ်၏။

သူ ပထမဆုံး ဝေဟင်ပျံသင်္ဘောစီးခဲ့သည့်အချိန်မှစ၍ ချီရွှမ်းစုသည် ဖေးရှောင်လို၏ ဇနီးအပေါ် ထောင်ထောင်မောင်းမောင်း၊ တင်တင်စီးစီး၊ အရိုင်းဆန်ဆန်နှင့် ပါးစပ်ကြမ်းကြမ်းဟူ၍ နက်ရှိုင်းသော ထင်မြင်ချက်တစ်ခု ရှိနေခဲ့၏။

ပဉ္စမမျိုးဆက် မဟာအကြီးအကဲသည် တာအိုဂိုဏ်းတော်၏ ပုံရိပ်ကို ပြန်လည်ပြုပြင်၍ ကျင့်ဝတ်ထုံးတမ်းများ၏ အရေးပါမှုကို အလေးပေးခဲ့ပြီးကတည်းက တာအိုအဖွဲ့အစည်းအတွင်းမှာ ရုန့်ရင်းကြမ်းတမ်းသော လူများကို သိပ်ပြီး မတွေ့မြင်ရတော့ပေ။

ဖေးရှောင်လိုသည် မယားကြောက် ယောကျ်ားတစ်ယောက်ကဲ့သို့ ဖြစ်နေပုံရသည်မှာ မထူးဆန်းပေ။

ဖေးရှောင်လို၏ ဇနီးသည် ချီရွှမ်းစုအကြောင်းကို ကြားသိရသည်နှင့် သူမက ဤလူငယ်ကို တွေ့မြင်လို၏။ ထို့ကြောင့် ဖေးရှောင်လိုကလည်း သူမကို ခေါ်လာရသည်။

ထိုမတိုင်ခင် သူ့ဇနီးသည် အမြဲတမ်းစိတ်ထဲရှိသလို ပြုမူတတ်သောကြောင့် စိတ်ကိုပြင်ဆင်ထားဖို့ ချီရွှမ်းစုကို ဖေးရှောင်လို သတိပေးထား၏။ ဖေးရှောင်လို၏ အစ်ကို သူတော်စင်တန်ဟွားကလွဲလျှင် ဖေးမိသားစုထဲ မည်သူကမှ သူမကို မထိန်းချုပ်နိုင်ပေ။

ဖေးရှောင်လိုက သက်ပြင်းချ၍ ညည်းညူပြ၏။

“ယောကျ်ားကောင်းတစ်ယောက်အနေနဲ့ ထိုက်တန်တဲ့ဇနီး.. လိမ်မာတဲ့ သားသမီးနဲ့ တည်ငြိမ်တဲ့အိမ်ထောင်ရေးကိုရဖို့ဆိုတာ ခက်တယ်”

ချီရွှမ်းစုက ထိုစကားကို လက်မခံချင်ပေ။ ပေါင်းအိုးသည် ရေနွေးအိုးကို မဲသည်ဟု ပြောခြင်းမျှသာဟု သူခံစားမိ၏။ သို့သော် ထိုစကားကို ဖေးရှောင်လိုရှေ့မှာ ထုတ်ဖော်မပြောဆိုရဲဘဲ သူ့ရင်ထဲမှာသာ သိမ်းထားခဲ့ရ၏။

ထိုက်ဖျင်တည်းခိုခန်း၏ ခေါင်းဆောင်အမျိုးသမီး လျှိုယွီချွန်းကလည်း ဤသတင်းကိုကြားပြီး ပေါ်ထွက်မလာရဲပေ။

ချီရွှမ်းစုမှာတော့ ပုန်းရှောင်စရာနေရာမရှိသည့်အတွက် ထူးခြားအံ့မခန်း ဤအမျိုးသမီးနှင့် တွေ့ဆုံရန် စောင့်နေဖို့သာရှိသည်။

ချီရွှမ်းစု အံ့အားသင့်သွားရသည်မှာ ဖေးရှောင်လို၏ ဇနီးသည် ဝေဟင်ပျံသင်္ဘောပေါ်မှာ ပထမဆုံးတွေ့ဆုံခဲ့ရစည်ကဲ့သို့ ရုန့်ရင်းကြမ်းတမ်းခြင်းမရှိတော့ပေ။ သူမသည် လုံးဝကွဲပြားခြားနားသော လူတစ်ယောက်လို ပြောင်းလဲသွားပုံရ၏။

နေရာထိုင်ခင်းချပေးပြီးနောက် ဖေးရှောင်လို၏ ဇနီးက ချီရွှမ်းစုကို အကဲခတ်ကြည့်ပြီး ပြောလိုက်၏။

“ဒါဆို… နင်က ချီရွှမ်းစုလား”

ချီရွှမ်းစုက သူ၏ နာမည်အရင်းကိုကြားရပြီး တုန်လှုပ်သွားပြီး ‘လူတိုင်းက ငါ့ရဲ့အစစ်အမှန်သရုပ်သကန်ကို ဘာလို့သိနေတာလဲ… သူတော်စင်ဖေးက ငါ့အကြောင်း သူ့မိန်းမကို ပြောထားတာလား’ ဟု သူတွေးနေမိ၏။

ချီရွှမ်းစု၏ အမူအရာကိုကြည့်ပြီး အမျိုးသမီးက လက်ကာပြလိုက်၏။

“ဘာမှကြောက်မနေနဲ့ သခင်မချီနဲ့ငါက မိတ်ဆွေတွေဖြစ်လာတာကြာပြီ… ဒါနဲ့ ငါ့နာမည်က လေ့ရှောင်ဟွမ်”

ဖေးရှောင်လိုနှင့် လေ့ရှောင်ဟွမ် နှစ်ဦးစလုံးမှာ ‘ရှောင်’ဟူသော တူညီသည့်စကားလုံးပါရှိနေသည်က တိုက်ဆိုင်မှုတစ်ခုလားဟု သူစဉ်းစားနေမိ၏။

(ရှောင် သို့ ရှောင်း - သေးငယ်သောဟု အဓိပ္ပာယ်ရသည်။)

ဤစကားကိုကြားပြီး ချီရွှမ်းစုက စိတ်သက်သာစွာသက်ပြင်းချ၍ သူမကို အလေးပြုလိုက်၏။

“တွေ့ရတာ ဝမ်းသာပါတယ်… သခင်မလေ့”

တာအိုအဖွဲ့အစည်းအတွင်းမှာ အမျိုးသားများနှင့် အမျိုးသမီးများကို အဆင့်အတန်းတူညီသည်ဟု သတ်မှတ်ထားသောကြောင့် လက်ထပ်ထားပြီးသား အမျိုးသမီးများကို သူတို့၏ အပျိုဘဝနာမည်ဖြင့်သာ ခေါ်ဝေါ်ကြရသည်။

လေ့ရှောင်ဟွမ်က မေးလိုက်၏။

“နင်ကလည်း ကိုယ်ခံပညာသိုင်းသမားတစ်ဦးပဲလား”

“ကျုပ်က အစစ်အမှန် ကိုယ်ခံပညာသိုင်းသမားမဟုတ်ပါဘူး… ဒါပေမဲ့ ကံကောင်းထောက်မပြီး ကိုယ်ခံပညာသိုင်းသမားတွေရဲ့ အစွမ်းအစတချို့ကို ကျုပ်ရထားတယ်”

ချီရွှမ်းစုက မှန်မှန်ကန်ကန်ပင် ဖြေပေးလိုက်၏။

“နှမြောစရာပဲ”

လေ့ရှောင်ဟွမ်က ခေါင်းခါယမ်းလိုက်၏။

ဖေးရှောင်လိုက ရှင်းပြသည်။

“ငါ့မိန်းမက စစ်ဗိုလ်ရဲမက်မိသားစုကဆိုတော့ သူငယ်ငယ်ကတည်းက ကိုယ်ခံပညာသိုင်းတွေကို လေ့ကျင့်ရတယ်… တာအိုဂိုဏ်းတော်ကိုဝင်ရောက်ပြီးတဲ့နောက် သူက မွန်မြတ်မဟာသူတော်စင်တစ်ပါးရဲ့ သင်ပြမှုကိုခံယူပြီး အစစ်အမှန်ဝူလျန်အဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦး ဖြစ်လာခဲ့တယ်”

မည်သည့်နောက်ခံရှိထားသည်ဖြစ်စေ တာအိုဆရာတစ်ဦးနှင့်လက်ထပ်ပြီးနောက် သူတို့က တာအိုဝါဒသို့ ကူးပြောင်းရပေလိမ့်မည်။ သူတို့သည် တာအိုဂိုဏ်းတော်၏ အမိန့်များကိုလည်း နာခံရပေလိမ့်မည်။

ရှန်းထျန်သက်ရှိများကဲ့သို့ ကောင်းကင်သက်ရှိများကိုလည်း အဆင့်သုံးဆင့်ခွဲထား၏။ ကောင်းကင်သက်ရှိများ၏ ပထမအဆင့်ကို ရှောင်ယောင်အဆင့်ဟုခေါ်ပြီး ဒုတိယအဆင့်က ဝူလျန်အဆင့်ဖြစ်ကာ တတိယအဆင့်က ဇောက်ဟွာအဆင့်ဖြစ်သည်။

ပိုင်သီမြို့မှာ ချီရွှမ်းစုကို ဒဏ်ရာရအောင်လုပ်ခဲ့သည့် ကောင်းကင်သက်ရှိကျောက်ဖူအန်သည် ကိုယ်ခံပညာသိုင်းသမား၏ နတ်ဘုရားဂုဏ်ရည်နယ်ပယ်နှင့် တူညီသော ရှောင်းယောင်အဆင့်မှာရှိသည်။ သို့သော် ကျောက်ဖူဟန်သည် တာအိုဆရာကျိကို မယှဉ်နိုင်ခဲ့ပေ။

လေ့ရှောင်ဟွမ်သည် ကိုယ်ခံပညာသိုင်းသမား၏ အစဉ်ပြောင်းလဲနယ်ပယ်နှင့် လိုက်ဖက်ညီသည့် ဝူလျန်အဆင့်မှာရှိသည်။ တိုက်ခိုက်ရလျှင် ဖေးရှောင်လိုက သူ့မိန်းမကို မနိုင်လောက်ဟု ချီရွှမ်းစု ခန့်မှန်းမိ၏။ ထို့ကြောင့် ဖေးရှောင်လိုက မယားကြောက်ဖြစ်နေပုံရ၏။

လေ့ရှောင်ဟွမ်သည် သူ့ကို တပည့်အဖြစ်လက်ခံဖို့ သို့မဟုတ် လမ်းညွှန်ပြသမှုတချို့ပေးဖို့ စိတ်ကူးရှိသည်ဟု ချီရွှမ်းစုက အကြမ်းဖျင်းနားလည်သဘောပေါက်၏။ သို့သော်လည်း သူသည် အစစ်အမှန်ကိုယ်ခံပညာသိုင်းသမားတစ်ဦး မဟုတ်သောကြောင့် ထိုသို့ဖြစ်ခွင့်မရှိတော့ပေ။

ဤသည်ကိုစဉ်းစားရင်း ချီရွှမ်းစုကလည်း နှမြောစရာကောင်းသည်ဟု ခံစားမိ၏။ ကျန်းယွဲ့လု၏ လမ်းညွှန်ပြသမှုကနေ သူ အကျိုးအမြတ်ရရှိခဲ့၏။ ကောင်းကင်သက်ရှိ ကိုယ်ခံပညာသိုင်းသမားတစ်ဦးထံကနေ သင်ယူခွင့်ရမည်ဆိုလျှင် သူ၏ ကျင့်ကြံမှုမှာ သေချာပေါက် ထပ်မံ၍ တိုးတက်လာပေလိမ့်မည်။

သို့သော် လူတစ်ယောက်၏ လမ်းစဉ်ကို အတင်းအကျပ်လုပ်မယူနိုင်ပေ။ လမ်းစဉ်ကြီးအတော်များများမှာ ဆင်တူမှုများရှိသော်လည်း လမ်းစဉ်တစ်ခုကနေ တစ်ခုကို ကူးပြောင်းဖို့အတွက် တင်းကျပ်သော လိုအပ်ချက်များရှိ၏။

လမ်းစဉ် ၅ ခုထဲမှာ အတင်းကျပ်ဆုံးသည် အခြားသောမည်သည့်လမ်းစဉ်ကိုမှ မကူးပြောင်းနိုင်သည့် နတ်ဘုရားအင်မော်တယ်လမ်းစဉ်ဖြစ်သည်။ လိုက်လျောညီထွေအရှိဆုံးမှာ မြေကမ္ဘာအင်မော်တယ်လမ်းစဉ်ဖြစ်သည်။ ထိုလမ်းစဉ်မှသူများသည် ကောင်းကင်အင်မော်တယ်တစ်ဦးအဖြစ်သို့ သို့မဟုတ် လူသားအင်မော်တယ်နှင့် တစ္ဆေအင်မော်တယ်များအဖြစ်သို့ ကူးပြောင်းနိုင်ကြသည်။

အခြားသောလမ်းစဉ်များမှာလည်း ကန့်သတ်ချက်များစွာရှိသည်။ လူသားအင်မော်တယ်လမ်းစဉ်နှင့် တစ္ဆေအင်မော်တယ်လမ်းစဉ်သည် အစွန်းနှစ်ဖက်က ဆန့်ကျင်ဘက်များဖြစ်ရာ တစ်ခုကနေတစ်ခုသို့ မကူးပြောင်းနိုင်ကြပေ။ သို့သော်လည်း သူတို့သည် မြေကမ္ဘာအင်မော်တယ်လမ်းစဉ်သို့ သို့မဟုတ် နတ်ဘုရားအင်မော်တယ်လမ်းစဉ်သို့ ကူးပြောင်းနိုင်ကြသည်။ နတ်ဘုရားအင်မော်တယ်လမ်းစဉ်သည် ရွေးချယ်ပြီးသည်နှင့် နောက်ပြန်ဆုတ်၍မရသည့်အတွက် ထိုလမ်းကြောင်းကို မလျှောက်ခင် သေချာစဉ်းစားဆုံးဖြတ်ရပေလိမ့်မည်။

ဒါ့အပြင် လမ်းစဉ်တစ်ခုကနေတစ်ခုသို့ ကူးပြောင်းခြင်းသည် လူတစ်ယောက်၏ ကျင့်ကြံမှုအပေါ် မလွဲမသေ ပျက်စီးထိခိုက်မှုဖြစ်ပေါ်စေပေလိမ့်မည်။ တစ်ခါတစ်ရံ ပျက်စီးထိုက်ခိုက်မှုမှာ ကျင့်ကြံမှုအဆင့် ထပ်မတက်နိုင်လောက်တော့အောင် ပြင်းထန်ပေလိမ့်မည်။ ထို့ကြောင့် လမ်းစဉ်တစ်ခုကနေတစ်ခုသို့ ကူးပြောင်းလိုသည့်သူ အနည်းအကျဉ်းမျှသာရှိသည်။

သီအိုရီအရတော့ လေလွင့်ကျင့်ကြံသူများသည် မည်သည့်လမ်းစဉ်ကိုမဆို ကူးပြောင်းနိုင်ကြသည်။ သို့သော်လည်း အဲဒါသည် လုံလောက်သည့်အရင်းအမြစ်နှင့်ဆိုပါက လေလွင့်ကျင့်ကြံသူတစ်ဦးသည် နတ်သက်ကြွေအင်မော်တယ်ဖြစ်လာနိုင်သည်ဟု ယူဆခံထားရသလို သီအိုရီအရသာဖြစ်လေသည်။

နှစ်ပေါင်းရာချီအတွင်း လေလွင့်ကျင့်ကြံသူကနေ နတ်သက်ကြွေအင်မော်တယ်ဖြစ်လာသူ တစ်ဘောက်ယောက်၏ မည်သည့်သတင်းမှ ပေါ်ထွက်မလာခဲ့ပေ။ ထိုကူးပြောင်းခြင်းဖြစ်စဉ်မှာ ရွှမ်ကျောက်စိမ်းက အဓိကအရာဖြစ်၍ လီချန်ကဲသည် ထိုလမ်းကြောင်းကို လျှောက်လှမ်းနေသည်ဆိုခြင်းမှာ ချီရွှမ်းစု၏ ထင်မြင်ယူဆချက်သာဖြစ်၏။ သူ့မှာ ယခုအချိန်ထိ ခိုင်လုံသည့် သက်သေအထောက်အထား မရှိသေးပေ။

လေ့ရှောင်ဟွမ်သည် ခဏမျှစဉ်းစားပြီးနောက် သူမ၏ မှော်သိုလှောင်ပစ္စည်းထဲကနေ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်၏။

အဲဒါက လက်သီးထိုး သိုင်းကျမ်းတစ်ခုဖြစ်၏။

ဖေးရှောင်လိုသည် သူ့ဇနီးထံမှ ထိုစာအုပ်ကိုယူပြီး ချီရွှမ်းစုကို ကမ်းပေးလိုက်၏။

ချီရွှမ်းစုက စာအုပ်ကို လက်နှစ်ဖက်ဖြင့်ယူ၍ မျက်နှာဖုံးမှာရေးထားသည့် ‘လက်သီးစိတ်ဆန္ဒ’ဟူသောစကားလုံးမှာ မှင်တက်သွား၏။

ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ လက်သီးစိတ်ဆန္ဒသည် ချီရွှမ်းစု၏ ဓားချီနှင့် ဂမ္ဘီရဝိဇ္ဇာတစ်ဦဂ၏ အဆောင်လက်ဖွဲ့များကဲ့သို့ဖြစ်၏။ ထိုအရာများသည် အဆက်မပြတ် သန့်စင်မွမ်းမံ၍ အင်မော်တယ်တစ်ပါးဖြစ်သည်အထိ ကျင့်ကြံနိုင်သော အခြေခံကျသည့် လျှို့ဝှက်ဆန်းကြယ်စွမ်းရည်များဖြစ်၏။ သူကလည်း ထိုလက်သီးစိတ်ဆန္ဒကို လေ့ကျင့်နိုင်မလား ချီရွှမ်းစု စဉ်းစားနေမိ၏။

သို့သော် ဤသိုင်းကျမ်းက ယေဘုယျဆန်လွန်းသည်။ မတူညီသော ဓားချီများရှိသကဲ့သို့ လက်သီးစိတ်ဆန္ဒအမျိုးမျိုးရှိပေမည်။ ချီရွှမ်းစု၏ ဓားချီသည် ဖုန့်ပို၏ ဓားချီနှင့် လုံးဝကွဲပြားပြီး ကျန်းယွဲ့လု၏ ဓားချီကလည်း ရှဲ့ချိုးနျန်၏ ဓားချီနှင့် မတူပေ။ ထို့ကြောင့် လက်သီးစိတ်ဆန္ဒက တစ်မျိုးမက ရှိနေလိမ့်မည်ဟု ချီရွှမ်းစုယုံကြည်မိ၏။

လေ့ရှောင်ဟွမ်က ရှင်းပြလိုက်၏။

“ဒါ… ငါ ဆယ်ကျော်သက်တုန်းကဖတ်ခဲ့တဲ့ ကျမ်းစာအုပ်ပဲ… မျက်နှာဖုံးပေါ်မှာ လက်သီးစိတ်ဆန္ဒလို့ ရေးထားတယ်ဆိုတာ အထူးသဖြင့် တခြားကျင့်စဉ်တွေနဲ့ ရောထွေးမသွားအောင်လို့ပဲ… အဲဒါက ဒီလောကမှာရှိတဲ့ လက်သီးစိတ်ဆန္ဒအမျိုးအစားအားလုံးကို ခြုံငုံထားတယ်လို့ မဆိုလိုဘူး”

ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။

လေ့ရှောင်ဟွမ်က ခဏမျှရပ်တန့်ပြီးနောက် ထပ်ပြောလိုက်၏။

“ငါသိထားတာမှန်မယ်ဆိုရင် အဲဒါက ထန်ထိုက်လက်သီးစိတ်ဆန္ဒပဲ”

All Chapters