← Chapters

အခန်း ၁၀၅၇

Vol. 51 Ch. 1057

အခန်း ၁၀၅၇

Vol. 51 Ch. 1057

အခန်း(၁၀၅၇) မိုးကြိုးဧကရာဇ်၏ သား

ယမမင်းမျိုးနွယ်စုကို အပြီးသတ် ချေမှုန်းနိုင်ခြင်းမရှိမီ ချင်ယွမ်ဖုန်းသည် မိမိ၏ အယုံကြည်ရဆုံးလူများမှလွဲ၍ မည်သူ့ကိုမျှ ပေါ့ပေါ့တန်တန် စကားဆိုလိမ့်မည်မဟုတ်ပေ။

"သခင်လေးချင်ကတော့ အတော်လေး ဇာတ်လမ်းဆင်တာပဲ။ ငါတို့ကို မပြောပြချင်တာဆိုတော့ ငါတို့ကို အထင်သေးနေတာလား" ကျန်းပန်၏ လေသံမှာ ရုတ်တရက် အေးစက်သွားသည်။

"ဟေ့ ကျန်းပန်၊ ဒီနေ့သာ ငါ့အဖေ ရှိမနေရင် ငါ နင့်ကို ဒီကနေ ကန်ထုတ်ပစ်လိုက်မှာ! လူတိုင်းက ကိုယ်ပြောချင်တာ ပြောဖို့ စုဝေးနေကြတာလေ၊ နင်က ဘာလို့ လူတွေကို အမြဲတမ်း ဖိအားပေးနေရတာလဲ။ ဒီလိုစကားမျိုး ထပ်ပြောရင်တော့ ငါ နင်ကို တကယ်ပဲ မောင်းထုတ်ပစ်မယ်" အိုယန်ယွန်းက ဒေါသတကြီးဖြင့် ပြောသည်။

ကျန်းပန်က ပြုံးလိုက်သော်လည်း သူ၏ အပြုံးမှာ အေးစက်စက်ပင် ဖြစ်သည်။ အိုယန်ယွန်းသည် ချင်ယွမ်ဖုန်းဘက်မှ ကာကွယ်ပြောဆိုနေခြင်းကို သူ သိလိုက်ရသဖြင့် မခံမရပ်နိုင်ဖြစ်သွားသည်။

သို့သော် သူ၏ အကြည့်မှာ အနည်းငယ် ရွှေ့လျားသွားပြီးနောက် သူက "မိန်းကလေး၊ မင်းက ကုဇေကြယ်ရဲ့ ပါရမီရှင်တစ်ယောက်လို့ ကြားမိတယ်။ အခုလက်ရှိ နယ်ပယ်က နတ်ဘုရားတစ်ပိုင်းအဆင့်နဲ့ နီးကပ်နေပြီဆိုတော့ စွမ်းအားက တကယ်ပဲ ကြီးမားမှာပဲ။ ငါတို့ နှစ်ယောက် စမ်းသပ်တိုက်ခိုက်ကြရင်ကော။ ငါသာ မင်းရဲ့ ပြိုင်ဘက် မဟုတ်ရင် မင်း နှစ်သက်သလို လုပ်နိုင်ပါတယ်" ဟု ပြောသည်။

အိုယန်ယွန်းက မျက်လုံးအဝိုင်းသားဖြင့် "နင် ရူးနေတာလား။ နတ်ဘုရားနယ်ပယ်အထိ ရောက်နေတဲ့ နင်က နတ်ဘုရားတစ်ပိုင်းအဆင့်တောင် မရောက်သေးတဲ့ ငါ့ကို အနိုင်ကျင့်ချင်နေတာလား။ ကိုယ့်ရဲ့ စွမ်းအားကို အသုံးပြုပြီး အားနည်းသူကို အနိုင်ကျင့်တာကတော့ တကယ်ပဲ လွန်လွန်းနေပြီ" ဟု ဆိုသည်။

ကျန်းပန်က "မိန်းကလေး၊ ငါက ဘယ်လိုလုပ်ပြီး အနိုင်ကျင့်ရက်ပါ့မလဲ။ စိတ်မပူပါနဲ့၊ ငါ တိုက်ခိုက်တဲ့အခါ ငါ့ရဲ့ နယ်ပယ်ကို နတ်ဘုရားတစ်ပိုင်းအဆင့်အောက်ကို သတ်မှတ်ထားပြီး မင်းနဲ့ တန်းတူ ဖြစ်အောင် လုပ်ထားမယ်။ ဘယ်လိုလဲ" ဟု ပြန်ပြောသည်။

ထိုသို့ ပြောပြီးသည်နှင့် အိုယန်ယွန်း ဘာမျှ ပြန်မပြောခင်မှာပင် သူက မှော်ရတနာ တစ်ခုကို တိုက်ရိုက် ထုတ်ယူလိုက်သည်။ ထိုမှော်ရတနာမှာ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီးနောက် သူ၏ ရင်ဘတ်ကို ရိုက်နှက်လိုက်သည်။

ချက်ချင်းဆိုသလိုပင် မှော်ရတနာထဲမှ စာလုံးပေါင်းများစွာ လည်ပတ်လာပြီး ခဏအကြာတွင် သူ၏ နယ်ပယ်မှာ ကျဆင်းသွားတော့သည်။

ထိုနယ်ပယ်မှာ နတ်ဘုရားတစ်ပိုင်းအဆင့်အောက်တွင် ရပ်တန့်သွားသည်။ ထို့နောက် သူက အိုယန်ယွန်းကို ကြည့်ကာ "မိန်းကလေး၊ မြင်တဲ့အတိုင်းပဲ။ ငါ့ရဲ့ နယ်ပယ်ကို ဒီလောက်အထိ ချုပ်နှောင်ထားပြီးပြီ။ အခု စတင်လို့ ရပြီလား" ဟု မေးသည်။

"အင်း" အိုယန်ယွန်း စကားမပြောရသေးမီ ဘေးမှ အိုချီဟွာက ဦးစွာ ခေါင်းညိတ်ကာ "ကောင်းတယ်၊ မင်းတို့နှစ်ယောက်က အသက်အရွယ် ကွာခြားပေမဲ့ လူငယ် ပါရမီရှင်တွေပဲ။ အချင်းချင်း စမ်းသပ်တိုက်ခိုက်တာက မကောင်းဘူးလား၊ တစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံလည်း ရတာပေါ့" ဟု ဆိုသည်။

"အဖေ၊ သမီးက..." အိုယန်ယွန်းသည် ကျန်းပန်ကို အရေးမစိုက်လိုသော်လည်း အဖေဖြစ်သူ၏ စကားကြောင့် အနည်းငယ် အနေရခက်သွားသည်။ သူမသာ ငြင်းဆိုလိုက်ပါက လူပိန်းတစ်ယောက်လို ဖြစ်သွားလိမ့်မည်။ ထိုအချိန်တွင် ချင်ယွမ်ဖုန်းက ဘေးမှ "ကျန်းပန်သခင်လေးက ဒီလောက်တောင် စိတ်အားထက်သန်စွာနဲ့ ဖိတ်ခေါ်နေတာပဲ၊ သူနဲ့ ကစားပေးလိုက်ပါ။ သူ အထီးကျန်မနေရအောင်ပေါ့" ဟု ပြောသည်။

ချင်ယွမ်ဖုန်း၏ စကားကို ကြားလိုက်ရသဖြင့် အိုယန်ယွန်းမှာ ချက်ချင်း စိတ်တက်ကြွသွားကာ "ကောင်းပါပြီ ချင်အကို၊ အကို ပြောတဲ့အတိုင်းပါပဲ" ဟု ဆိုသည်။

အိုချီဟွာမှာ မျက်မှောင်ကြုတ်မိသွားပြီး ကျန်းပန်၏ မျက်နှာမှာလည်း ထူးဆန်းသွားသည်။ ထိုအချိန်တွင် သူ၏ ချင်ယွမ်ဖုန်းကို ကြည့်သည့် အကြည့်မှာ အလွန်ပင် မဖော်ရွေပေ။

အိုယန်ယွန်း၏ စကားဆုံးသည်နှင့် သူမသည် လှုပ်ရှားလိုက်ပြီး အပြင်သို့ ပျံသန်းထွက်သွားသည်။ သူမ၏ နယ်ပယ်မှာ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ မရောက်သေးသော်လည်း အခြားသိုင်းပညာရှင်များနှင့် ယှဉ်ပါက သူမ၏ ကျင့်ကြံမှုမှာ ပိုမိုနက်ရှိုင်းပြီး ငယ်စဉ်ကတည်းက တည်ဆောက်ထားသည့် အခြေခံကောင်းကြောင့် ဖြစ်တန်ရာသည်။

"စမ်းသပ်ချင်ရင် မြန်မြန်လုပ်၊ ဒီမိန်းကလေးမှာ မနင်နဲ့ အချိန်ဖြုန်းနေဖို့ မရှိဘူး" ဟု အိုယန်ယွန်းက ပြောသည်။ ထို့နောက် လက်ဝါးကို ရွှေ့လိုက်ရာ သူမ၏ ဝိညာဉ်လင်းဓားမှာ ချက်ချင်း ပေါ်လာသည်။ ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်နှင့် ဝိညာဉ်လင်းဓားမှ ထိတ်လန့်ဖွယ်ရာ စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

လူတိုင်းသည် စားပွဲခုံများမှ ထလိုက်ကြပြီး တံခါးဝသို့ ရောက်လာကြကာ တိုက်ခိုက်တော့မည့် နှစ်ဦးကို ကြည့်နေကြသည်။

ကျန်းပန်လည်း အိုယန်ယွန်း၏ စွမ်းအားကို ခံစားမိသည်။ အိုယန်ယွန်း၏ ပါရမီမှာ သူထက် ပိုမိုအားကောင်းသည်။ ဒီအရွယ်မှာပင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ခါနီးနေပြီဖြစ်၍ သူမ၏ အနာဂတ်မှာ တိုင်းတာမရနိုင်ပေ။

ထို့ပြင် သူသာ သူမ၏ နယ်ပယ်အတိုင်း နေမည်ဆိုပါက သူမ၏ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်လိမ့်မည်။ ထို့ကြောင့် ကျန်းပန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ခါးတွင် ချိတ်ထားသော ကွေးညွတ်သည့် ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ထိုဓားမှ အအေးဓာတ်များ ပေါက်ကွဲထွက်လာပြီး ဓားအလင်းမှာ လခြမ်းကွေးကဲ့သို့ ဖြစ်သွားသည်။

"ဒါက သာမန် မှော်ရတနာ မဟုတ်ဘူး!း" ဟု အကိုနဂါးက တစ်ဖက်လူ ဆွဲထုတ်လိုက်သော ဓားကို စူးစိုက်ကြည့်ရင်း ပြောသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ကာ "ဒါဟာ နတ်ဘုရားလက်နက်အဆင့်ကို ရောက်နေတာ ဖြစ်ရမယ်။ သူ ပါဝင်တဲ့ စွမ်းအားက ငါတို့ ခန့်မှန်းထားတာထက် ပိုတယ်" ဟု ဆိုသည်။ သူသည် ယခင်က ထိုက်ရွှီဓားကို သုံးစွဲဖူးသဖြင့် နတ်ဘုရားလက်နက်အဆင့် မှော်ရတနာများအကြောင်း အနည်းငယ် နားလည်ထားသည်။

သူတို့ အသုံးပြုနေသော ကွေးညွတ်သည့် ဓားကို ကြည့်ခြင်းဖြင့် ၎င်း၏ စွမ်းအားမှာ နတ်ဘုရားလက်နက်အဆင့်သို့ ရောက်ရှိနေပြီဟု သူ ဆုံးဖြတ်နိုင်သည်။ သို့သော် နတ်ဘုရားလက်နက်တစ်ခုသည် နတ်ဘုရားနယ်ပယ်တွင် အသုံးပြုမှသာ ၎င်း၏ စစ်မှန်သော စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ပေသည်။

အခုအခါ ကျန်းပန်သည် မိမိ၏ နယ်ပယ်ကို နတ်ဘုရားတစ်ပိုင်းအဆင့်အောက်သို့ ချုပ်နှောင်ထားသဖြင့် ထိုမှော်ရတနာ၏ စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်သော်လည်း ထိတ်လန့်ဖွယ်ရာ စွမ်းအားကိုတော့ ထုတ်လွှတ်နိုင်နေဆဲပင် ဖြစ်သည်။

တစ်ဖက်လူ ထိုရတနာကို ထုတ်ယူလာသည်ကို မြင်သောအခါ အိုယန်ယွန်း မျက်မှောင်ကြုတ်လိုက်သည်။ ပြိုင်ဘက်၏ မှော်ရတနာမှာ အလွန် အစွမ်းထက်သည်ဟု ခံစားရသော်လည်း သူမ ဂရုမစိုက်ဘဲ ဓားဖြင့် တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်လိုက်သည်။

နတ်ဘုရားဝိညာဉ် ၁၁ချက်ဓား၏ စွမ်းအားမှာ ချက်ချင်း ပေါက်ကွဲထွက်လာပြီး ကျန်းပန်မှာလည်း အိုယန်ယွန်း၏ တိုက်ခိုက်မှုကို တတ်နိုင်သလောက် ပိတ်ဆို့သည်။ သူ၏ လက်ထဲမှ မှော်ရတနာမှာ အလင်းရောင်များ တောက်ပနေပြီး ချွင်ချွင်မြည်သံများ ဆက်တိုက် ကြားနေရသည်။ ချက်ချင်းဆိုသလိုပင် ကျန်းပန်မှာ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရပြီး ထိုအချိန်တွင် သူ၏ နဖူးပေါ်၌ ချွေးစက်များ ပေါ်လာသည်။

သူ အိုယန်ယွန်းကို ပြန်ကြည့်ရင်း မိမိကိုယ်ကိုယ် "ဒီမိန်းကလေးရဲ့ စွမ်းအားက အတော်လေး ပြင်းထန်တာပဲ၊ ငါ သူမရဲ့ တိုက်ခိုက်မှုကို မနည်း ပိတ်ဆို့လိုက်ရတယ်" ဟု တွေးလိုက်သည်။ ထိုသို့ တွေးနေစဉ် ကျန်းပန်၏ မျက်လုံးများမှာ ချက်ချင်း ပြတ်သားသွားသည်။

ယခုအခါ သူ၏ နယ်ပယ်မှာ အများကြီး ချုပ်နှောင်ခံထားရပြီး ဒီကျင့်ကြံခြင်း အဆင့်သို့ ရောက်ခါစဖြစ်၍ အနည်းငယ် အသားမကျသေးပေ။ ထို့ပြင် သူ၏ လက်ထဲမှ လရောင်ဓားမှာလည်း လက်ရှိ ကျင့်ကြံခြင်း အဆင့်တွင် သုံးစွဲနိုင်သော ပစ္စည်းမဟုတ်ပေ။

၎င်းမှာ ပြင်းထန်သော စွမ်းအားကို ထုတ်လွှတ်နိုင်သော်လည်း ကျင့်ကြံခြင်း၏ ကန့်သတ်ချက်ကြောင့် ကောင်းမွန်သော ရလဒ်ကို မရရှိခဲ့ပေ။

သူ တွေးတောနေစဉ်မှာပင် အိုယန်ယွန်း၏ တိုက်ခိုက်မှုမှာ ထပ်မံ ရောက်ရှိလာသည်။ သို့သော် ဒီတစ်ကြိမ်တွင် အိုယန်ယွန်းမှာ လက်ထဲမှ ဝိညာဉ်ဓားဖြင့် တိုက်ရိုက် မတိုက်ခိုက်တော့ဘဲ လက်ဝါးကို မြှောက်လိုက်ရာ ခိုဥ အရွယ်အစားရှိသော ပုတီးစေ့ အဝိုင်းလေးများ သူမ၏ လက်ထဲမှ ပျံသန်းထွက်သွားသည်။ ထိုပုတီးစေ့များမှာ ပျံသန်းနေစဉ်အတွင်း အလွန် ပူပြင်းလာသည်။

"မိုးကြိုးနတ်ဘုရား ပုတီးစေ့" အိုချီဟွာမှာ အော်ဟစ်လိုက်မိသည်။ ဒါတွေက မိုးကြိုးနတ်ဘုရား ပုတီးစေ့များ ဖြစ်ကြောင်း သူ သဘာဝအတိုင်း သိသည်။ အကြောင်းမှာ အိုယန်ယွန်းကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် သူ ကိုယ်တိုင် ပေးခဲ့ခြင်း ဖြစ်သည်။

၎င်း၏ စွမ်းအားမှာ အလွန် ပြင်းထန်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ပင် ရှောင်ရှားရမည့် အခြေအနေ ဖြစ်သည်။ သမီးဖြစ်သူက ဒီလို အခြေအနေမျိုးမှာ ကျန်းပန်ကိုတောင် ဒီပုတီးစေ့တွေနဲ့ တိုက်ခိုက်လိမ့်မည်ဟု အိုချီဟွာ လုံးဝ မထင်ထားခဲ့ပေ။

ကျန်းပန်မှာ မိုးကြိုးနတ်ဘုရား ပုတီးစေ့များ၏ စွမ်းအားကို မသိသော်လည်း ခုခံမှသာ ရတော့မည့် အခြေအနေ ဖြစ်သည်။ သူ၏ လက်ထဲမှ လရောင်ဓားမှာ မချရသေးသဖြင့် အလျင်အမြန်ပင် ထိုပုတီးစေ့များဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

ဘုန်း ဘုန်း ဘုန်း... ဟိန်းဟောက်သံများ ဆက်တိုက် ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်မှာ ချက်ချင်းဆိုသလိုပင် အနံ့ဆိုးရှိသော မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းသွားသည်။ ကျန်းပန်၏ ပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွားပြီး ပေါက်ကွဲထွက်လာသော တောက်လောင်နေသည့် မီးတောက်များမှာ ကောင်းကင်သို့ ထိုးတက်သွားသည်။

All Chapters