အခန်း ၁၀၀
Vol. 10 Ch. 100
အခန်း - (၁၀၀)
ဝန်းရံသတ်ဖြတ်ခြင်း - ၂
လီထုန်ယာသည် ထိုလူငယ်လေး၏ သိုလှောင်အိတ်ကို ကောက်ယူလိုက်ပြီး အခြားလက်တစ်ဖက်တွင် ကိုင်ဆောင်ထားသော တုတ်ရှည်ကြီးကို ၎င်းထဲသို့ ထည့်သွင်းလိုက်ကာ ထိုအိတ်ကလေးကို ခါးတွင် ချိတ်ဆွဲထားလိုက်သည်။ ဤသို့ဖြင့် သူသည် သိုလှောင်အိတ်တစ်လုံးကို ရရှိခဲ့ပြီ ဖြစ်သည်။
လီထုန်ယာသည် ရရှိခဲ့သောပစ္စည်းများကို စစ်ဆေးရန် အချိန်မရှိသေးဘဲ လေဟုန်စီးလျှက် ဟွာချန်တောင်ရှိရာဆီသို့ ပြန်လည်ပျံသန်းလာခဲ့သည်။ သူသည် အဝေးဆီမှနေ၍ ထိုလူသုံးဦးက ကောင်းကင်ယံထက်တွင် အပြန်အလှန် တိုက်ခိုက်နေကြဆဲ ဖြစ်သည်ကို လှမ်းမြင်လိုက်ရသဖြင့် လက်ထဲမှ ဓားကိုသုံး၍ ဟွာချန်တောင်၏ မဟာအစီအရင်ကို ပြင်းထန်စွာ ခုတ်ပစ်လိုက်တော့သည်။
ဟွာချန်တောင်ပေါ်က အစီအရင်သည် သိသာစွာပင် လွန်ခဲ့သောနှစ်များက မြေကမ္ဘာချိပ်ပိတ်ဟွာချန်အစီအရင် မဟုတ်တော့ဘဲ ကျီမိသားစု အသစ်ပြန်လည် တည်ဆောက်ထားသော မဟာအစီအရင်ကြီး ဖြစ်သည်။ သို့သော်လည်း ၎င်း၏ကာကွယ်နိုင်စွမ်းသည် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်း အထွဋ်အထိပ်အဆင့်သာ ရှိသဖြင့် ဓားတစ်ချက်တည်းဖြင့်ပင် ကြီးမားလှသော အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားခဲ့ပြီး ဖြည်းဖြည်းချင်း ပြန်လည်ပိတ်သွားခဲ့သည်။
လီထုန်ယာ၏ ဓားချက်ပေါင်း တစ်ဒါဇင်ခန့်နှင့်အတူ တောင်အောက်က လုကလန်မှ လူများ၏ တိုက်ခိုက်မှုကိုပါ ခံလိုက်ရသဖြင့် အစီအရင်သည် ချက်ချင်းပင် အလင်းရောင်များ မတည်မငြိမ် ဖြစ်သွားခဲ့ရကာ စွမ်းအားများ ဆက်လက်မဖြည့်တင်းနိုင်တော့ဘဲ ဝုန်းခနဲ မြည်သံနှင့်အတူ ပေါက်ကွဲပျက်စီးသွားခဲ့တော့သည်။
“တိုက်ခိုက်ကြ!”
တောင်ခြေရင်းတွင် ချက်ချင်းပင် ဓားလှံလက်နက်သံများ ဆူညံသွားခဲ့သည်။ လီထုန်ယာသည် သူ့ကိုယ်သူ ဖုံးကွယ်ထားလိုက်ကာ ခြံဝင်းအတွင်းသို့ တည့်တည့်မတ်မတ် ဆင်းသက်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ဗလာကျင်းနေခဲ့ပြီး ပရမ်းပတာ ပျက်စီးနေခဲ့သည်။ လီထုန်ယာက ဝိညာဉ်အာရုံဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သောအခါ တောင်ပေါ်ရှိ လူများအားလုံး တောင်ခြေသို့ ထွက်ပြေးသွားကြပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သိုလှောင်ရုံအချို့မှာလည်း ဗလာကျင်းနေခဲ့သည်။ လီထုန်ယာ၏ နှုတ်ခမ်းထောင့်များ တွန့်သွားခဲ့ပြီး လေထဲသို့ ပျံတက်ကာ ပတ်ဝန်းကျင်ကို တစ်ပတ်ခန့် ရှာဖွေလိုက်သောအခါ ဂူ၏ဂိတ်တံခါးကို တွေ့ရှိလိုက်ရသည်။
ဂူဝရှိအစီအရင်သည် အတော်လေး ခိုင်မာပေသည်။ လီထုန်ယာက ဓားချီပေါင်း ဆယ်ဂဏန်းမက အသုံးပြုပြီးမှသာ ထိုအစီအရင်ကို မတည်မငြိမ် ဖြစ်သွားအောင် တိုက်ခိုက်နိုင်သွားစဉ် ရုတ်တရက် ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဝုန်း…”
ကောင်းကင်ယံထက်ရှိ လုစစ်စစ်သည် ကိုယ်တွင်းရှိ အဆီအနှစ်စွမ်းအင်များအားလုံး ပြန့်ကျဲသွားခဲ့ရသည်။ သူ့တစ်ကိုယ်လုံး မည်းနက်သွားကာ သွေးများ အန်ထုတ်ရင်း ဒယိမ်းဒယိုင်ဖြင့် တောအုပ်အတွင်းသို့ ကျဆင်းသွားခဲ့ရသည်။ ထိုကတုံးပြောင်မျိုးသားက ကပျာကယာ နောက်ဆုတ်လိုက်ပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
“အဲဒါ ဘယ်လိုအဆောင်မျိုးလဲ”
ကျီတုန်းချီသည် စကားတစ်ခွန်းမျှ မဆိုဘဲ မျက်နှာတစ်ခုလုံး မည်းပြာနေခဲ့ကာ ဆေဘာကိုဝှေ့ယမ်းလျှက် ထိုလူဆီသို့ ခုတ်ပစ်လိုက်သည်။ ထိုကတုံးပြောင်အမျိုးသားက ကပျာကယာ ရှောင်ကွင်းလိုက်ပြီး အသံကျယ်ကြီးဖြင့် အော်လိုက်သည်။
“ဟိုဝမ့်မျိုးရိုး မိတ်ဆွေ! ငါတစ်ယောက်တည်း သူ့ကို မယှဉ်နိုင်ဘူး။ မြန်မြန်လေး လာကူညီပေးပါဦး!”
လီထုန်ယာသည် စိတ်ထဲတွင် ကျိန်ဆဲလိုက်မိပြီး ဘာမှမတတ်နိုင်တော့ဘဲ ဂူကိုစွန့်လွှတ်ကာ ဟွာချန်တောင်ပေါ်မှ ပျံတက်လိုက်ပြီး ကျီတုန်းချီ၏ ကျောပြင်ဆီသို့ ဓားချီတစ်ချက်ကို ပြင်းထန်စွာ ပစ်လွှတ်လိုက်တော့သည်။
“ဝမ့်မိသားစုရဲ့အကြွင်းအကျန်တွေ”
ကျီတုန်းချီသည် မျက်လုံးအစုံ ပြူးကျယ်သွားခဲ့ပြီး ကိုယ်ကိုလှည့်ကာ ဆေဘာဖြင့် ဘေးတိုက် ခုတ်ပစ်လိုက်ရာ ထိုဓားချီကို ဖြိုခွဲပစ်နိုင်ခဲ့သည်။ ထို့နောက် ဆေဘာကိုမြှောက်ကာ အပေါ်မှနေ၍ တည့်တည့်မတ်မတ် ခုတ်ချလိုက်တော့သည်။
ကျီတုန်းချီ၏ အဆီအနှစ်စွမ်းအင်သည် ထက်ရှပြီး ပြင်းထန်ကာ သူအသုံးပြုသော ဆေဘာသိုင်းပညာကလည်း အလွန်တရာ အားကောင်းပြင်းထန်လှပေသည်။ လီထုန်ယာသည် ဓားအရှိန်အဝါကိုသုံး၍ ဓားချက်အချို့ကို ခုခံလိုက်သော်လည်း လေထဲတွင် ခြေလှမ်းအချို့ ဆက်တိုက် နောက်ဆုတ်သွားခဲ့ရသည်။
ထိုကတုံးပြောင်အမျိုးသား အသုံးပြုလိုက်သော မန္တန်များသည် အရိုးထဲစွဲနေသော မျော့များကဲ့သို့ ကပ်တွယ်နေကြသည်။ ကျီတုန်းချီသည် မတတ်သာတော့ဘဲ ကိုယ်ကိုလှည့်၍ ခုခံရပြန်ရာ လီထုန်ယာ၏ ဓားချီက သူ၏ကျောပြင်ဆီသို့ နောက်တစ်ဖန် ရောက်လာခဲ့ပြန်သည်။
ကျီတုန်းချီသည် တစ်ခဏအတွင်းပင် နှစ်ဘက်စလုံးမှ တိုက်ခိုက်မှုများကို အလူးအလဲ ခုခံနေခဲ့ရသည်။ သူတို့ အမွှေးတိုင်တစ်တိုင်စာမျှ တိုက်ခိုက်ပြီးနောက်တွင်မူ အောက်ခြေရှိ ကျီကလန်မှလူများ၏ အော်ဟစ်ညည်းတွားသံများက တဖြည်းဖြည်းချင်း ပိုမိုနည်းပါးလာခဲ့သည်။ ကျီတုန်းချီက အံကြိတ်လိုက်ပြီး အဆောင်စာရွက်တစ်ရွက်ကို ထုတ်ယူကာ မန္တန်တစ်ခုကိုသုံး၍ ပစ်လွှတ်လိုက်တော့သည်။
“မကောင်းတော့ဘူး”
လီထုန်ယာနှင့် ထိုအမျိုးသားတို့ အလောတကြီး နောက်ဆုတ်လိုက်ကြသည်။ သို့သော် ထိုအဆောင်စာရွက်သည် လေထုထဲတွင် လွင့်မျောကာ မီးပန်းအချို့သာ ထွက်ပေါ်လာခဲ့သည်။ ကျီတုန်းချီကို ပြန်လှည့်ကြည့်လိုက်သည့်အခါတွင်မူ သူသည် ဝေးကွာလှသောအရပ်သို့ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။
“လှည့်စားခံလိုက်ရတာပဲ!”
ကတုံးပြောင်မျိုးသားက ကိုယ့်ဘာသာကိုယ် အပြစ်တင်လိုက်သော်လည်း လီထုန်ယာကမူ ရှေ့သို့ လှမ်းတက်လိုက်ကာ လေးနက်စွာဖြင့် ပြောလိုက်သည်။
“သူ့ကို လုံးဝ အလွှတ်ပေးလို့ မရဘူး! လိုက်စမ်းပါ!”
ကျီတုန်းချီသည် ကတုံးပြောင်အမျိုးသား၊ လုစစ်စစ်တို့နှင့် အချိန်အတန်ကြာ တိုက်ခိုက်ခဲ့ရသည်။ သူသည် တဖြည်းဖြည်းနှင့် မတောင့်ခံနိုင်တော့သည်ဖြစ်ရာ မတတ်သာတော့ဘဲ အသက်ကယ်အဆောင်ကိုပါ အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း လီထုန်ယာက ထပ်မံ၍ အစားဝင် တိုက်ခိုက်လာခဲ့သဖြင့် သူ့ကိုယ်တွင်းရှိ အဆီအနှစ်စွမ်းအင်များ ခမ်းခြောက်လုနီးပါး ဖြစ်သွားခဲ့ရကာ မြောက်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
ကျီတုန်းချီသည် အသက်ရှုကြိမ် အနည်းငယ်မျှသာ ထွက်ပြေးရသေးသော်လည်း ကျောက်စိမ်းကျိုင်းတုတ်တစ်ခုသည် သူ၏ ဦးခေါင်းထက်သို့ တည့်တည့်မတ်မတ် ဝင်ရောက်လာခဲ့သည်။ သူသည် ဓားကိုမြှောက်၍ အတင်းအကျပ် ခုခံလိုက်ရသဖြင့် ထွက်ပြေးနေရာမှ ရပ်တန့်လိုက်ရတော့သည်။
လုစစ်စစ်သည် ဒယိမ်းဒယိုင်ဖြင့် လေထဲသို့ ပျံတက်လာခဲ့ပြီး သူ့ခြေထောက်နှစ်ဖက်စလုံးတွင် သွေးများ ပေကျံနေခဲ့သည်။ ကြည့်ရသည်မှာ လေထဲမှ ပြုတ်ကျခြင်းကြောင့် အရိုးကျိုးသွားခဲ့ပုံရပေသည်။ ဤအဘိုးကြီး၏ နှုတ်ခမ်းထောင့်တွင် သွေးများ စီးကျနေဆဲဖြစ်ကာ မုတ်ဆိတ်မွေးများ ထောင်ထနေလျှက် ရက်စက်လှသော လေသံဖြင့် အော်လိုက်သည်။
“သူ့ကို လုံးဝ အလွှတ်မပေးနဲ့!”
ကျီတုန်းချီသည် ကျောက်စိမ်းကျိုင်းတုတ်ကို ကာကွယ်လိုက်ချိန်တွင် လီထုန်ယာ၏ဓားက သူ့ဆီသို့ ချက်ချင်းပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ကျီတုန်းချီသည် နာကျည်းစွာဖြင့် ပြန်လည်ခုခံလိုက်ပြီး မျက်ဝန်းအစုံက နီမြန်းနေခဲ့ကာ ယနေ့တွင် သူ့အတွက် အသက်ရှင်သန်ရန် လမ်းကြောင်းမရှိတော့ကြောင်း ကောင်းစွာ သိရှိလိုက်သည်။
လီထုန်ယာသည် ကျီတုန်းချီ၏ ပြတ်သားလှသော မျက်နှာပေးကိုကြည့်ရင်း ခြေလှမ်းများကို အသက်ရှုကြိမ် တစ်ကြိမ်စာမျှ တိတ်တဆိတ် နှေးကွေးလိုက်ပြီး ထိုကတုံးပြောင်မျိုးသား ရှေ့သို့ တိုးကပ်သွားသည်ကို စိုက်ကြည့်ရင်း ဓားကိုကိုင်ကာ အေးစက်စွာဖြင့် ကျီတုန်းချီကို ကြည့်နေလိုက်သည်။
ကျီတုန်းချီက အားရပါးရ ရယ်မောလိုက်ပြီး ခါးတွင် ချိတ်ထားသော သိုလှောင်အိတ်ကိုဖြုတ်ကာ အဝေးသို့ လွှဲပစ်လိုက်သည်။ ထို့နောက် ကိုယ်ကိုလှည့်၍ ဆေဘာကို မြှောက်လိုက်ပြီး တိုးဝင်လာသော ကတုံးပြောင်အမျိုးသားဆီသို့ ပြင်းထန်စွာ ခုတ်ပစ်လိုက်တော့သည်။ ဓားပေါ်တွင် ရွှေရောင်အလင်းတန်းများ လင်းလက်နေခဲ့ပြီး အင်အားက အလွန်တရာ ပြင်းထန်လွန်းလှသဖြင့် ၎င်းသည် သူ၏ စွမ်းအားများ အားလုံးကို အသုံးချလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။
လီထုန်ယာနှင့် လုစစ်စစ်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နှစ်ဦးစလုံးသည် သူတို့၏ အဆီအနှစ်စွမ်းအင်ကိုသုံး၍ ထိုသိုလှောင်အိတ်ကို လှမ်းယူလိုက်ကြသည်။ ကတုံးပြောင်အမျိုးသားမှာမူ ကျီတုန်းချီ၏ ဆေဘာခုတ်ချက်များကို ဆင့်ကဲဆင့်ကဲ ခုခံလိုက်ရသဖြင့် လက်ခြေများ ထုံကျင်သွားခဲ့ရပြီး ထိတ်လန့်တကြား အော်ဟစ်ကာ နောက်ဆုတ်သွားခဲ့ရသည်။
ကျီတုန်းချီကမူ အခွင့်အရေးကို လက်လွှတ်မခံဘဲ ဆေဘာရှည်ကြီးကိုမြှောက်ကာ ကတုံးပြောင်အမျိုးသား၏ ရင်ဘတ်ဆီသို့ အသက်ချင်းလဲမည့် ပုံစံမျိုးဖြင့် တည့်တည့်မတ်မတ် ခုတ်ပစ်လိုက်သည်။ ကတုံးပြောင်အမျိုးသားက မတတ်နိုင်တော့ဘဲ ကိုယ်ကိုစောင်း၍ ရှောင်လိုက်ရသော်လည်း မျက်လုံးထောင့်မှနေ၍ ကျီတုန်းချီ၏ ရင်ဘတ်အလယ်ဆီမှ အေးစက်လှသော ဓားအလင်းတန်းတစ်ခုကို ဖျတ်ခနဲ လှမ်းမြင်လိုက်ရတော့သည်။
“ဖူး…”
ကျီတုန်းချီသည် သွေးများအန်ကာ နောက်လှည့်ကြည့်လိုက်သောအခါ လီထုန်ယာက ဓားကို ပြန်ရုပ်သိမ်းကာ ဓားပေါ်ရှိ သွေးစက်များကို ခါထုတ်ပစ်နေသည်ကိုသာ တွေ့လိုက်ရသည်။ ကျီတုန်းချီသည် မြေပြင်ပေါ်သို့ ပျော့ခွေကာ လဲကျသွားခဲ့ရပြီး မြေပြင်ကို သွေးချင်းချင်း နီသွားစေခဲ့တော့သည်။
၎င်းတို့နှစ်ဦးသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် မန္တန်အချို့ကို ထပ်မံသုံးလိုက်ကာ ကျီတုန်းချီ ဧကန်မုချ သေဆုံးသွားစေရန် ပြုလုပ်လိုက်ကြသည်။ ထိုအခါမှသာ လုစစ်စစ်က သိုလှောင်အိတ်ကို ကိုင်ဆောင်ကာ လေဟုန်စီးလျှက် အနားသို့ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ ခြေထောက်ပေါ်ရှိ ဒဏ်ရာများကို အကြမ်းဖျင်းအားဖြင့် စည်းနှောင်ထားပြီးဖြစ်သည်။ သူက ဝမ်းမြောက်ဝမ်းသာဖြင့် စကားဆိုလိုက်သည်။
“ငါနဲ့အတူ ကျီမိသားစုရဲ့ အခြေစိုက်စခန်းဖြစ်တဲ့ ဟွာကျိုးတောင်ဆီကို ဘယ်သူလိုက်မလဲ။”
“ခင်ဗျားတို့ နှစ်ယောက်ပဲ သွားကြပါ။ ကျွန်တော်ကတော့ ဒီဟွာချန်တောင်မှာပဲ ရှာဖွေတော့မယ်။”
လီထုန်ယာက စိတ်မပါတော့သည့် အမူအရာမျိုးဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာဉ်ပစ္စည်းအများစုမှာ ဧကန်မုချပင် ကျီတုန်းချီ၏ သိုလှောင်အိတ်ထဲတွင် ရှိနေမည်ဖြစ်သည်။ လုစစ်စစ်သည် ကျီတုန်းချီနှင့် ဝေးကွာသော်လည်း ပစ္စည်းကို အရင်ဆုံး လက်ဦးမှု ရယူသွားနိုင်ခဲ့သဖြင့် သူ့အတွက် နှမြောစရာကောင်းလှပေသည်။
ဟွာကျိုးတောင်ပေါ်နှင့် ပတ်သက်၍မူ ထိုနေရာတွင် ရှိနေသည်မှာ ကျီမိသားစု၏ ကျင့်စဉ်အမွေအနှစ်များမှလွဲ၍ အခြားမဟုတ်နိုင်ချေ။ လုစစ်စစ်သည် ဆန်းကြယ်အသွင် သစ္စာကျိန်ဆိုထားခဲ့ပြီးဖြစ်သဖြင့် ခွဲဝေပေးရမည်သာ ဖြစ်ပေသည်။ သို့ဖြစ်၍ သူသည် အမှန်ပင် စိတ်ဝင်စားမှု သိပ်မရှိလှဘဲ ဤဟွာချန်တောင်ပေါ်ရှိ ဂူအတွင်းသို့သာ သွားရောက် ရှာဖွေမည်ဖြစ်သည်။
အန်မျိုးရိုးရှိသော အမျိုးသား ခေါင်းညိတ်ပြလိုက်ပြီး လုစစ်စစ်နှင့်အတူတူ လေဟုန်စီးလျက် ထွက်ခွာသွားကြတော့ရာ၊ လီထုံယာသည် ကိုယ်ကိုလှည့်၍ ဟွာချန်တောင်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
အန်းမျိုးရိုးနှင့်လူသည် ခေါင်းညိတ်ပြလိုက်ပြီး လုစစ်စစ်နှင့်အတူ လေဟုန်စီးလျှက် ထွက်ခွာသွားကြတော့သည်။ လီထုန်ယာသည် ဟွာချန်တောင်ဆီသို့ ပြန်လှည့်လာခဲ့သည်။
ဟွာချန်တောင်သည် လုံးဝဥဿုံ ပရမ်းပတာဖြစ်နေခဲ့ပြီး ပျက်စီးနေခဲ့ပြီကာ နေရာအနှံ့၌ ငိုကြွေးသံများနှင့် အကူအညီတောင်းခံသံများဖြင့် ပြည့်နှက်နေခဲ့သည်။ ဂူ၏ရှေ့တွင်မူ လုကလန်မှ လူများက ဝိုင်းထားကြပြီ ဖြစ်သည်။ လီထုန်ယာသည် စောစောတုန်းက လုစစ်စစ်နှင့်အတူတူ ရန်သူကို ရင်ဆိုင်ခဲ့သည်ကို ၎င်းတို့ မြင်တွေ့ထားကြပြီးသားဖြစ်သဖြင့် သူ့ကို မြင်သည်နှင့် အားလုံးက ဦးညွတ်လိုက်ကြကာ စီနီယာဟု ခေါ်လိုက်ကြတော့သည်။
လီထုန်ယာက ခေါင်းညိတ်ပြလိုက်ပြီး အမွှေးတိုင်တစ်တိုင်စာခန့် အချိန်ယူကာ ဂူ၏ အစီအရင်ကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် သူက တန်းတန်းမတ်မတ် အတွင်းသို့ဝင်သွားခဲ့လေရာ လုကလန်မှ လူများသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဂူ၏ တံခါးအပြင်ဘက်၌သာ ဘာမှတတ်နိုင်ဘဲ ငေးမောကျန်ရစ်ခဲ့ကြရသည်။
လီထုန်ယာ ဂူအတွင်းသို့ ဝင်လိုက်သည်နှင့် သူ့မျက်စိရှေ့တွင် ကြည်လင်လှသော စမ်းရေတွင်းတစ်ခု ရှိနေခဲ့ပြီး ရေများ တသွင်သွင် စီးဆင်းနေခဲ့သည်။ လီထုန်ယာက ဝိညာဉ်အာရုံဖြင့် တစ်ချက်ဝေ့ကြည့်လိုက်ပြီး လက်ကိုဆန့်ထုတ်ကာ စမ်းရေတွင်းထဲမှ ကျောက်စိမ်းတုံးအများအပြားကို နှိုက်ယူလိုက်သည်။
လီထုန်ယာသည် ကျောက်စိမ်းတုံးများကို အရင်ဆုံး သိမ်းဆည်းလိုက်ပြီးနောက် ရပ်တန့်မသွားဘဲ ကျောက်တံခါးကို ဖြိုခွဲပစ်လိုက်သည်။ ထိုအခါ သူ့မျက်စိရှေ့တွင် ကျောက်လက်ဖက်ရည်စားပွဲနှင့် ကျောက်ခုံတန်းများကို မြင်တွေ့လိုက်ရပြီး စားပွဲခုံပေါ်တွင် အရွယ်အစားမတူသော ကျောက်စိမ်းပုလင်းနှစ်လုံး တင်ထားသည်ကို တွေ့လိုက်ရသည်။
ပုလင်းငယ်ကလေးအတွင်း၌ ကျောက်စိမ်းအညွန့်ဆေးလုံးတစ်လုံး ထည့်ထားပြီး လီထုန်ယာက ၎င်းကို အသာအယာ သိမ်းဆည်းထားလိုက်သည်။ သို့သော် ပုလင်းကြီးကိုမူ သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်း၍ မရနိုင်ချေ။ လီထုန်ယာက ဝိညာဉ်အာရုံဖြင့် တစ်ချက် စစ်ဆေးကြည့်လိုက်သောအခါ ၎င်း၏အတွင်း၌ အလွန်ထက်ရှကာ မျက်လုံးများ ကျိန်းစပ်သွားစေနိုင်သော မိုးနှင့်မြေ၏ ဝိညာဉ်ချီတစ်မျိုးကို သိုလှောင်ထားခြင်းဖြစ်သည်။ လီထုန်ယာသည် ဘာမှမတတ်နိုင်တော့ဘဲ ဤကျောက်စိမ်းပုလင်းကြီးကို ခါးတွင်သာ ချိတ်ဆွဲထားလိုက်ရတော့သည်။
ကျန်ရှိနေသော ကျောက်တုံးအခန်းများမှာမူ အားလုံး ပစ္စည်းအဟောင်းအစုတ်များသာ ဖြစ်ပြီး ကျီမိသားစုက သမီးငယ်လေး ပြန်လည်ပေးပို့ထားသော စာအချို့လည်း ရှိနေခဲ့သည်။ စာသားများသည် အလွန်တရာ သံယောဇဉ်ကြီးမားဟန်ရပြီး ကျီတုန်းချီသည် ထိုစာများကို သစ်သားပေလွှာအောက်တွင် သေချာစွာဖိကာ သိမ်းဆည်းထားခဲ့သည်။ နေ့ရက်များကို ကြည့်ရှုလိုက်သောအခါ အနီးစပ်ဆုံး စာသည်ပင် လွန်ခဲ့သော ငါးနှစ်ခန့်က ဖြစ်သည်။
“အော် ဒါဆိုရင် ရွှေရောင်ထန်ဂိတ်ရဲ့ သခင်လေးကို စစ်ထူယိလို့ ခေါ်တာကိုး…”
လီထုန်ယာသည် စာများကို ဖတ်ရှုပြီးသည်နှင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့မျက်နှာထက်တွင် တဖြည်းဖြည်း အံ့ဩသင့်သော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူက အသံထွက်ကာ ဖတ်လိုက်သည်။
“စိမ်းပြာရေအိုင်ဂိုဏ်းက ဒီနှစ်ပိုင်းအတွင်းမှာ အဆက်မပြတ် လှုပ်ရှားနေကြတယ်။ အိမ်မှာ အစစအရာရာ သေသေချာချာ ဂရုစိုက်ကြပါ။ ယွဲ့တောင်သားတွေ အရှေ့ဘက်ကို နယ်စပ်ဖြတ်ကျော်ပြီး တိုက်ခိုက်လာခဲ့ရင် သူတို့ကို လုံးဝ အနိုင်ယူဖို့ မလုပ်ပါနဲ့။ မဟာနတ်ဆရာကြီးက မြောက်ဘက်တောင်ခြေရင်းကို စည်းလုံးစေပြီး ပူဇော်သက္ကာအဖြစ် အသုံးချနိုင်မယ့် လူတစ်ယောက်ကို ရရှိဖို့အတွက် နှစ်ပေါင်းတစ်ရာတိုင်တိုင် စောင့်ဆိုင်းခဲ့ရတာ။ သူ့ကို လုံးဝ သတ်လို့မဖြစ်ပါဘူး။ ခရမ်းရောင်စံအိမ်တော်အဆင့်ရဲ့ ဒေါသတရားဆိုတာ ကျွန်မတို့လိုလူတွေ ခံနိုင်ရည်ရှိတာ မဟုတ်ဘူး…”
လီထုန်ယာသည် သူ၏ကျောတွင် အေးစိမ့်သွားခဲ့ပြီး ကြက်သီးမွေးညင်းများ ထောင်ထသွားခဲ့ရသည်။ သူသည် ထိုစာကို သိုလှောင်အိတ်အတွင်းသို့ တိတ်တဆိတ် ထည့်သွင်းလိုက်ရင်း သူ့ဘာသာ ရေရွတ်လိုက်မိတော့သည်။
“ဒါကြောင့်ကိုး... ဒါကြောင့် ကျားနီရှီက လီကျင်းတောင်ကို လျှပ်တပြတ် တိုက်ခိုက်ပြီး မြောက်ဘက်က ရွှေရောင်ထန်ဂိတ်ရဲ့ အုပ်ချုပ်မှုအောက်က ကလန်တွေကို ကျူးကျော်တိုက်ခိုက်တာတောင်မှ ဘယ်သူကမှ ဝင်မစွက်ဖက်ကြဘဲ ငါတို့ကိုပါ သည်းခံထားဖို့ ပြောတာကိုး။ ကြည့်ရတာ အဲဒီမဟာနတ်ဆရာကြီးက ကြီးကြီးမားမား ပေးဆပ်ထားပုံရတယ်။ ယွဲ့တောင်မျိုးနွယ်စုတွေ ကျူးကျော်ဝင်ရောက်လာတာတွေ အားလုံးက ကျားနီရှီကို ကာကွယ်ပေးထားဖို့အတွက်ပဲ။ တကယ့်ကို ရက်စက်ပြီး တကယ့်ကို ကြီးမားလှတဲ့ အကြံအစည်ကြီးပါပဲ!”
“မျိုးနွယ်စုအသီးသီးကို ချေမှုန်းတာဟာ မြောက်ဘက်တောင်ခြေရင်း ယွဲ့တောင်သားတွေအတွက် နှစ်ပေါင်းတစ်ရာအတွင်းမှာ တစ်ခုတည်းသော စည်းလုံးညီညွတ်တဲ့ မဟာမျိုးနွယ်စုကြီးကို ဖန်တီးပေးဖို့အတွက်ပဲ။ ပြီးမှ ဒီကံကြမ္မာသားတော်ကို ယဇ်ကောင်အဖြစ် အသုံးချမှာ။ တကယ့်ကို ရက်စက်ပြီး ယုတ်မာလွန်းတာပဲ။ ကျားနီရှီ သေဆုံးသွားတာနဲ့ မြောက်ဘက်တောင်ခြေရင်းမှာ ဘယ်လောက်အထိ ပရမ်းပတာ လှုပ်ရှားမှုတွေ ထပ်ပြီး ဖြစ်ပေါ်လာဦးမလဲ မသိနိုင်တော့ဘူး!”
လီထုန်ယာသည် မိမိ၏ဦးခေါင်းပေါ်ရှိ ကောင်းကင်ကြီးတစ်ခုလုံး မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်ကာ မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ကျောက်တုံးအခန်း၏ မျက်နှာကြက်ကို စိုက်ကြည့်နေမိသည်။ သူသည် ကျောက်ဆောင်ကြီးများ အထပ်ထပ်နှင့် ကြည်လင်နေသော ညကောင်းကင်ကြီးကို ဖြတ်သန်းကာ ကမ္ဘာလောကကြီးထဲတွင် စစ်တုရင်အရုပ်များကို စိတ်တိုင်းကျ ရွှေ့ပြောင်းကစားနေကြသော ကစားသမားကြီးများ၏ လက်များကို လှမ်းမြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။