← Chapters

အခန်း ၃၂၃

Vol. 33 Ch. 323

အခန်း ၃၂၃

Vol. 33 Ch. 323

အပိုင်း ၃၂၃

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

အခန်းထဲ၌ ရဲ့ကျင်းယွီ၊ နိုင်အာနှင့် ယန်ဟုန်ရီတို့သာ ကျန်ရစ်တော့သည်။

ရဲ့ကျင်းယွီသည် စာကြည့်ခန်းထဲ၌ စိတ်လှုပ်ရှားစွာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး ပြောလိုက်သည်။ “သခင်... ကျွန်မတို့ နောက်ဆုံးတော့ ထျန်းရွှေမြို့စားစံအိမ်ကို ပြန်ရောက်လာပြီ.. ကျွန်မတို့ တကယ်ပဲ အိမ်ပြန်ရောက်လာပြီ”

ဆိုလွန် ပြုံးလိုက်သည်။

“မသေချာသေးဘူး... ထျန်းရွှေမြို့က တပ်တွေအားလုံးကို တကယ် သိမ်းပိုက်နိုင်ပြီး ကျိနင်ရဲ့ မဟာမိတ်တပ်တွေကို အနိုင်ယူနိုင်မှသာ ငါတို့ ဆိုမျိုးနွယ်စုရဲ့ အမွေအနှစ်ကို တကယ် ပြန်လည်ရယူနိုင်မှာ”

ရဲ့ကျင်းယွီ မေးလိုက်သည်။

“ခဏနေ ထျန်းရွှေမြို့က အရာရှိတွေ ရောက်လာရင် သခင် ဘာလုပ်ဖို့ စီစဉ်ထားလဲ”

ထိုအချိန်၌ ထျန်းရွှေမြို့ထဲတွင် တပ်သား တစ်သောင်းရှိပြီး တစ်နည်းအားဖြင့် လူတစ်ရာတပ်မှူးနှင့်အထက် အရာရှိ တစ်ရာခန့် ရှိလေသည်။

ထိုတပ်သား တစ်သောင်းကို အပိုင်းနှစ်ပိုင်း ခွဲခြားထားပြီး ခြောက်ထောင်မှာ ဆိုမျိုးနွယ်စု မြို့စောင့်တပ်ကို သစ္စာခံကြပြီး ဆိုဟန်ရီ ကိုယ်တိုင် ခေါ်ဆောင်လာသူများ ဖြစ်သည်။

အခြား ကျန်ရှိနေသည့် လေးထောင်မှာမူ နူအာတန်နှင့် အခြားသူများ၏ ပုန်ကန်သူ တပ်သားများ ဖြစ်ကြ၏။

ဆိုလွန် ပြတ်သားစွာပြောလိုက်သည်။

“နူအာတန်နဲ့ အခြား ပုန်ကန်သူ တပ်သားအရာရှိတွေ အားလုံးကို ကွပ်မျက်မယ်.. ထျန်ရွှေ မြို့စောင့်တပ် အရာရှိတွေထဲမှာ ငါ့ကို သစ္စာခံချင်တဲ့သူ အသက်ရှင်ခွင့်ရမယ်.. သစ္စာမခံချင်တဲ့သူ အားလုံး ကွပ်မျက်မယ်”

ထိုစကားကြောင့် ရဲ့ကျင်းယွီ တုန်လှုပ်သွားသည်။

“အဲ့ဒီ ပုန်ကန်သူ တပ်သားအရာရှိတွေလည်း သခင့်ကို သေချာပေါက် သစ္စာခံလာအောင် လုပ်လို့ရပါတယ်”

“သူတို့ကို ငါ မယုံဘူး”

“ထျန်းရွှေ မြို့စောင့်တပ်က ဆိုဟန်ရီကို သစ္စာခံတာ ခွင့်လွှတ်ပေးလို့ရတယ်.. ဒါပေမဲ့ နူအာတန်နဲ့ တခြား အဆင့်မြင့် သိုင်းပညာရှင် မြေပိုင်ရှင်တပ်တွေကတော့ လုံးဝကို ဗြောင်ကျကျ သစ္စာဖောက်တာပဲ”

“ဆိုလွန်... ဒါပေမဲ့ သူတို့ကလည်း ဆိုမျိုးနွယ်စုရဲ့ လက်အောက်ခံတွေပါ.. လူအများစုက နူအာတန်ရဲ့ ပုန်ကန်မှုမှာ လိုက်ပါခဲ့ရတာ အတင်းအကျပ် ခိုင်းစေခံရလို့လည်း ဖြစ်နိုင်တယ်”

ယန်ဟုန်ရီ ဝင်ပြောလာခြင်းပင်။

ဆိုလွန် သူမ၏စကားကိုသဘောမတူပါချေ။

“အစ်မဟုန်ရီ... ဒီလောကကြီးမှာ ဘယ်သူမှ လုံးဝ အပြစ်ကင်းစင်တဲ့သူ မရှိဘူး.. ပုန်ကန်သူ တပ်သားတွေက မျက်လုံးမှိတ်ပြီး လိုက်ပါခဲ့ကြတာမို့ အသက်ရှင်ခွင့် ရနိုင်တယ်.. ဒါပေမဲ့ လူတစ်ရာမှူးနဲ့အထက် အရာရှိတွေထဲမှာ အပြစ်ကင်းတဲ့သူ တစ်ယောက်မှ မရှိဘူး”

“ပြီးတော့ ဘယ်သူက အတင်းအကျပ် ခိုင်းစေခံရတာလဲဆိုတာကို ငါ အချိန်ပေးပြီး မခွဲခြားနိုင်ဘူး..နောက်ဆုံးအနေနဲ့ ငါ တပ်တွေကို ဦးဆောင်ပြီး တောင်ဘက်ကို သွားရမယ်.. ကောင်းကင်ဝံပုလွေ တောင်ကြားက ကျိနင်ရဲ့ မဟာမိတ်တပ်တွေကို အနောက်ဘက်ကနေ တိုက်ခိုက်ရမယ်.. ဒါကြောင့် ငါ ထျန်းရွှေမြို့ကို အတိုတောင်းဆုံး အချိန်အတွင်းမှာ သိမ်းပိုက်ဖို့ လိုအပ်နေတယ်”

ယန်ဟုန်ရီ ထပ်မပြောတော့ချေ။ ယခုဆိုလွန်သည် သူမ သိထားသည့် မောင်လေး မဟုတ်တော့သလို သူမ ရေချိုးနေသည်ကို ချောင်းကြည့်တတ်ပြီး နေ့စဉ် အရိုက် ခံနေရသည့် အလေအလွင့်ကောင်လေးလည်း မဟုတ်တော့ပေ။

“ဆိုလွန်... မင်း ကြီးပြင်းလာခဲ့ပြီ.. တကယ်လို့ အဖေသာ မင်းရဲ့ ဒီပုံစံကို မြင်ခဲ့ရင် သေချာပေါက် ကျေနပ်မိမှာပဲ”

ယန်ဟုန်ရီ ဆိုလွန်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ကာ နူးညံ့စွာဖြင့် ပြောလိုက်သည်။

“ကျင်းယွီ... ငါ နည်းနည်း ပင်ပန်းနေပြီ.. ငါ့ကို အနားယူဖို့ ခေါ်သွားပေးပါ”

“ဟုတ်ကဲ့ပါ”

ရဲ့ကျင်းယွီ သစ်သားဘီးတပ်ကုလားထိုင်ကို တွန်းကာ ယန်ဟုန်ယီနှင့်အတူ စာကြည့်ခန်းထဲမှ ထွက်ခွာသွား၏။

ချက်ချင်းပင် အခန်းထဲ၌ ဆိုလွန်နှင့် ယန်နိုင်အာ နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

ဆိုလွန် ရှေ့သို့တိုးသွားပြီး သူမ၏ လက်ကလေးကို ဆွဲယူကာ လက်သီးအလင်းတန်း ထိမှန်ထားသည့် နေရာကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ သူ၏စိတ်ထဲ၌ အနည်းငယ် စိတ်မကောင်းဖြစ်နေပုံပေါ်သည်။

နိုင်အာ ဆိုလွန်၏မျက်နှာကိုကြည့်ကာ ပြောလိုက်သည်။

“ဒဏ်ရာက သိပ်မပြင်းထန်ပါဘူးလို့ ပြောပြီးပြီပဲ... အသက်အန္တရာယ် မရှိပါဘူး”

ဆိုလွန် ခေါင်းညိတ်လိုက်သည်။

“နောက်ပိုင်း မင်း ကိုယ်တိုင်ထပ်ပြီး မတိုက်ရတော့ဘူးလို့ ကိုယ် တကယ် မျှော်လင့်ပါတယ်..မင်း ထပ်ပြီး ဒဏ်ရာရလို့ မဖြစ်တော့ဘူး”

နိုင်အာ သူ့ကို ပြုံးပြလိုက်သော်လည်း စကားမပြောခဲ့ချေ။

ဆိုလွန်၏ လက်မှာ ပခုံးအောက်ပိုင်းကို နှိပ်နယ်ပေးနေရာမှ တဖြည်းဖြည်းဖြင့် အောက်ဘက်သို့ ရောက်လာပြီး နှိပ်နယ်ပေးသည့် အနေအထားမှ ပွတ်သပ်ဆုပ်နယ်သည့် အနေအထားသို့ ပြောင်းလဲလာသည်။

နိုင်အာ၏ ကြီးမားထွားကြိုင်းလှသော ရင်သားများ ဆုပ်နယ်ခံလိုက်ရသောအခါ ချက်ချင်းပင် လျှပ်စစ်ရှော့ခ်မိသွားသည့်အလား သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေး တုန်ယင်သွားပြီး မျက်လုံးများ ပြူးသွားကာ ဆိုလွန်ကို စိုက်ကြည့်လာသည်။

“ကိုယ်...ကိုယ် လွှတ်မပေးရင် မင်း ကိုယ့်ကို ထိုးတော့မှာ မဟုတ်လား”

ဆိုလွန်က မေးလိုက်သည်။

နိုင်အာ ခေါင်းညိတ်လိုက်သည်။

ဆိုလွန် ရှက်ရွံ့စွာဖြင့် လက်ကို ပြန်ရုပ်လိုက်သော်လည်း နိုင်အာက သူ၏ ရင်ခွင်ထဲသို့ ညင်သာစွာ တိုးဝင်လာသည်။

သူမသည် ထိုကဲ့သို့သော ပြီးပြည့်စုံသည့် စိတ်ခံစားမှုမျိုးကို သဘောကျသော်လည်း ရင်သားများကို ပွတ်သပ်ခြင်း၊ တင်ပါးများကို ကိုင်တွယ်ခြင်းကဲ့သို့ ကိစ္စများကို အတော်လေး ရွံရှာသည်။ သူမ၏ အမြင်တွင် ထိုကဲ့သို့သောအရာများကို လက်ထပ်ပြီးမှသာ ပြုလုပ်သင့်သည်ဟု ယူဆထား၏။

“ရှင့်ရဲ့ ထူးခြားတဲ့ သိုင်းကျင့်စဉ်ကို တခြားသူတွေကို ပေးမမြင်စေနဲ့”

နိုင်အာ သတိပေးလိုက်သည်။

လွန်ခဲ့သည့် အချိန်အနည်းငယ် အသူရာမိစ္ဆာကြယ် ဆိုဟန်ရီ၏ နဂါးစွမ်းအင်ကို စုပ်ယူလိုက်ချိန်၌ နိုင်အာမှာ အနီးဆုံးတွင် ရှိနေခဲ့သဖြင့် ဆိုလွန်၏ ခန္ဓာကိုယ် ပြောင်းလဲမှုကို ရှင်းလင်းစွာ ခံစားမိခဲ့သည်။

“အင်း”

ဆိုလွန် ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ နီရဲပါးလွှာသော နှုတ်ခမ်းပါးလေးကို နမ်းရှိုက်လိုက်သည်။ နမ်းရင်းဖြင့် မနေနိုင်တော့ဘဲ လျှာကိုပါ ဆန့်ထုတ်ကာ တင်းကြပ်စွာ စုပ်ယူလိုက်၏။

နိုင်အာတစ်ယောက် ဆိုလွန်၏ ရင်ခွင်ထဲ၌ အားနည်းပျော့ခွေသွားရလေပြီ။

သို့သော် ရုတ်တရက် သူမ၏မျက်လုံးများပွင့်လာပြီး တုံ့ပြန်မှုကို ရပ်တန့်ကာ ဆိုလွန်ကို စိုက်ကြည့်လိုက်သည်။

ဆိုလွန်မှာမူ အလွန် စွဲမက်ဖွယ်ကောင်းအောင် ကော့တက်နေသည့် သူမ၏ လှပသော တင်ပါးများဆီမှ လက်ကို ရှက်ရွံ့စွာ ပြန်ရုပ်လိုက်ရသည်။

“ကိုယ် တမင်သက်သက် လုပ်တာ မဟုတ်ပါဘူး... လုံးဝကို အလိုအလျောက် ဖြစ်သွားတာ”

ဆိုလွန် အနည်းငယ်နေရခက်စွာဖြင့် ပြောလိုက်သော်လည်း အံ့မခန်း ချောမွေ့ အိစက်နေသည့် အထိအတွေ့ကို အရသာခံနေသည့်အလား သူ၏ လက်ချောင်းများဖြင့် နိုင်အာ၏တင်ပါးများကို လောဘတကြီး ပွတ်သပ်နေဆဲပင်။

“ရှင် ကျွန်မကို ဘယ်တော့ လက်ထပ်ဖို့ စီစဉ်ထားလဲ”

နိုင်အာ ရုတ်တရက် မေးလိုက်သည်။ သူမလေး၏ စကားမှာ တကယ်ကို တိုက်ရိုက်ဆန်လွန်းလှသည်။

“အဖေ့အတွက် ဝမ်းနည်းပူဆွေးရတဲ့ ကာလ ကုန်သွားရင် မင်းကို ငါ လက်ထပ်မယ်”

ဆိုလွန် အခိုင်အမာ ပြောလိုက်သည်။

“အခု ကိုယ့်မှာ ဘယ်လို စေ့စပ်ထားတာမျိုးမှ မရှိတော့ဘူးလေ.. ကွေ့ချင်ရှောင်းနဲ့လည်း စေ့စပ်ကြောင်းလှမ်းမှု ဖျက်သိမ်းခဲ့ပြီဆိုတော့ မင်း ကိုယ့်ကို ငြင်းပယ်မှာ မဟုတ်ဘူးမလား”

နိုင်အာ ဆိုလွန်ကို စိုက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“အင်း.. ဒါပေမဲ့ နည်းနည်းတော့ မသေချာသေးဘူး”

“ဘာလို့လဲ ကိုယ် သူနဲ့တစ်ခါမှ မအိပ်ဖူးဘူးလေ”

ဆိုလွန် အသည်းအသန်မေးလိုက်သည်။

နိုင်အာ ခေါင်းရမ်းလိုက်သည်။

“အဲ့ဒါကြောင့် မဟုတ်ပါဘူး... ထားလိုက်ပါ.. အဲ့ဒီအကြောင်း မပြောတော့ဘူး..ရှင် ဘာလုပ်ဖို့ လိုအပ်သေးလဲ.. ကျွန်မ ရှင့်ကို ကာကွယ် ပေးမယ်”

ဆိုလွန် အသူရာမိစ္ဆာကြယ်ကိုစိတ်ထဲမှမေးလိုက်သည်။

‘အသူရာမိစ္ဆာကြယ်... ဒီတစ်ခါ ဆိုဟန်ရီရဲ့ နဂါးစွမ်းအင်ကို သုံးပြီး ခန္ဓာကိုယ်ကို သန့်စင်ဖို့နဲ့ ကျင့်စဉ်ကို မြှင့်တင်ဖို့ အချိန်ဘယ်လောက် လိုအပ်မလဲ’

“ဆယ်နာရီလောက် ကြာလိမ့်မယ်”

“ဆိုဟန်ရီရဲ့ နဂါးစွမ်းအင်က အားကောင်းတယ်.. ဒီတစ်ခါ တိုးတက်မှုက အရမ်းကြီးမားလိမ့်မယ်”

အသူရာမိစ္ဆာကြယ် ဖြေလိုက်သည်။

ထိုသို့ဆိုလျှင် ယနေ့ည အစည်းအဝေးများ ပြီးဆုံးပြီးမှသာ အဆင့်မြှင့်တင်မှု ထပ်လုပ်ရ ပေမည်။

……

တစ်နာရီကျော် ကြာပြီးနောက်။

ထျန်းရွှေမြို့ရှိ လူတစ်ရာတပ်မှူးနှင့်အထက် အရာရှိများ အားလုံး ဆိုဟန်ရီ၏ အမိန့်ကို ရရှိပြီးနောက် ညီလာခံခန်းမကြီးထဲ၌ စုစည်းလာကြရာ လူပေါင်း တစ်ရာကျော်သွားသည်။

လူတိုင်း၏ အရှေ့တွင် လက်ဖက်ရည်အိုး တစ်လုံးနှင့် ခွက်တစ်ခွက်မှလွဲ၍ အခြားဘာမှ မရှိချေ။

“သခင်ဆိုဟန်ရီက အရမ်း ကပ်စေးနှဲတာပဲ.. အရက်တစ်အိုးတောင် ချမပေးဘူး”

ခန့်ညားသော လူငယ်တစ်ဦးက ပြောလိုက်ပြီး သူ၏ စကားထဲ၌ ဆိုဟန်ရီအပေါ် များစွာ ရိုသေမှုမရှိပေ။

ထိုသူ၏ နာမည်မှာ နူတာဟိုင် ဖြစ်ပြီး နူအာတန်၏ သွေးသားရင်း သားတစ်ယောက် ဖြစ်ကာ ထျန်းရွှေမြို့ရှိ ပုန်ကန်သူတပ်၏ ခေါင်းဆောင်လည်း ဖြစ်သည်။

“ဟုတ်တယ်..ဆိုမျိုးနွယ်စု လူတွေက အရမ်း ကပ်စေးနှဲကြတာ”

အနီးနားရှိ အရာရှိတစ်ဦးက ထောက်ခံပြောဆိုလိုက်သည်။

ညီလာလံခန်းမအတွင်းရှိ အရာရှိများကို အုပ်စုနှစ်စု ခွဲခြားထားပြီး လုံးဝ သီးခြားဖြစ်နေကြ၏။

အဆင့်မြင့် မြေပိုင်ရှင် ပုန်ကန်သူတပ်မှ အရာရှိများက တစ်စု၊ ဆိုမျိုးနွယ်စု မြို့စောင့်တပ်မှ အရာရှိများက တစ်စုဖြစ်ပြီး မျက်နှာချင်းဆိုင် ထိုင်နေကြသော်လည်း အချင်းချင်း စကားမပြောကြဘဲ သူတို့အကြားရှိလေထုမှာ အေးစက်နေသည်။

မြို့စောင့်တပ် ပထမ လူတစ်ထောင်တပ်မှူး ဆိုတန်ချန် အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့လည်း ဆိုမျိုးနွယ်စုရဲ့ လက်အောက်ခံတွေဆိုတာ မမေ့နဲ့”

နူတာဟိုင် လှောင်ရယ်လိုက်သည်။

“ဆိုမျိုးနွယ်စုရဲ့ ခွေးတွေအဖြစ် ငါတို့ လုပ်တာ လုံလောက်ပြီ... နောက်ပိုင်း ထပ်အလုပ်အကျွေး မပြုတော့ဘူး..အခု ဆိုလွန်က ပြီးဆုံးသွားပြီဆိုတော့ နောက်ပိုင်း ထျန်းရွှေမြို့ကို ဆိုဟန်ရီက အုပ်ချုပ်လိမ့်မယ်”

“ငါတို့ရဲ့ မျိုးရိုးစဉ်ဆက် ရာထူးတွေကို ပြန်ပေးပြီးရင် ရေတွင်းရေနဲ့ မြစ်ရေ မရောသလိုပဲ ဘယ်သူမှ ဝင်မစွက်ဖက်ကြနဲ့”

ထို့နောက် သူသည် စားပွဲကို အားကုန်ရိုက်ချလိုက်သည်။

“ဒီ ဆိုဟန်ရီက ဘာဖြစ်ချင်နေတာလဲ..ငါတို့ကို လာတွေ့ခိုင်းပြီး သူကိုယ်တိုင်က အကြာကြီး နေမှလာတယ်..ဘာအာဏာနဲ့ ဂုဏ်သိက္ခာကို ပြချင်နေတာလဲ.. ဆိုလွန်ဆိုတဲ့ အဲ့ဒီအမှိုက်ကောင်ကို လုံးဝ ရှင်းပစ်လိုက်ပြီပဲ..ဘာတွေ ဆွေးနွေးစရာ ရှိသေးလို့လဲ”

ထိုအချိန်၌ ခြေသံတစ်သံ ကြားလိုက်ရကာ ပိုးသားဝတ်ရုံ ဝတ်ဆင်ထားပြီး ရွှေသရဖူ ဆောင်းထားသော လူငယ်တစ်ဦး ညီလာခံခန်းမကြီးထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။

သူ၏ ဘယ်ဘက်အနောက်တွင် အလွန် လှပကျော့ရှင်းသည့် အမျိုးသမီးတစ်ဦး လိုက်ပါလာပြီး ညာဘက်အနောက်တွင် ရဲ့ကျင်းယွီ တွန်းလာသည့် ဘီးတပ်ကုလားထိုင်ပေါ်၌ ထိုင်နေသော ယန်ဟုန်ရီ ပါလာ၏။

သံသယဖြစ်စရာမရှိ ထိုလူငယ်မှာ ဆိုလွန်ပင်။

ဆိုလွန်၏ အသွင်အပြင်ကို မြင်လိုက်ရချိန်၌ ရောက်ရှိနေသူ အားလုံး လုံးဝ တုန်လှုပ်သွားကြပြီး သူတို့၏ မျက်လုံးများကိုပင် သူတို့ လုံးဝ မယုံကြည်နိုင်ကြတော့ချေ။

ဆိုလွန်အသက်ရှင်နေသေးပါသလော။ ဆိုဟန်ရီ သတ်နိုင်ခဲ့ပြီ မဟုတ်ပေလော။

ဆိုလွန် ပေါ့ပါးစွာလမ်းလျှောက်လာပြီး နူတာဟိုင်၏ အရှေ့ရပ်ကာ မေးလိုက်သည်။ “မင်း... နူအာတန်ရဲ့ သားလား”

နူတာဟိုင် ဒေါသတကြီးဖြင့် နှာခေါင်းရှုံ့လိုက်၏။

“ဟုတ်တော့ရော ဘာဖြစ်လဲ.. မင်းက အမှိုက်ကောင် ဆိုလွန်ပဲ.. ဆိုဟန်ရီက ဘာတွေ လျှောက်လုပ်နေတာလဲ.. ဘာလို့ မင်းကို မသတ်ဘဲ အရှင်လတ်လတ် ဖမ်းထားရတာလဲ”

ဆိုလွန် သူ၏မေးခွန်းကိုပြန်မဖြေဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

“မင်းက အရမ်း အသုံးမကျတာပဲ... ဒီလောကကြီးမှာ အသက်ရှင်နေဖို့ မျက်နှာ ရှိသေးတာလား”

နူတာဟိုင်၏ ဦးနှောက်မှာ သိပ်မကောင်းသော်လည်း သူ၏ ကျင့်စဉ်မှာ အဆင့်မြင့်မားပြီး ဆိုလွန်ထက် များစွာ သာလွန်သည်။ ထိုစကားကို ကြားသောအခါ သူ အလွန် ဒေါသထွက်သွားပြီး ဆိုလွန်ကို လက်သီးဖြင့် ထိုးရန် ပြင်လိုက်၏။

သူ၏ အမြင်၌ ဆိုလွန်တစ်ယောက် ဆိုဟန်ရီ၏ ဖမ်းဆီးခြင်းကို ခံထားရသောကြောင့်သာ ဤနေရာ၌ ပေါ်လာခြင်း ဖြစ်သည်ဟု ထင်မှတ်ထားသည်။

ဖီးနစ်ငှက်တစ်ကောင် ကျဆုံးသွားပါက ကြက်တစ်ကောင်ထက်ပင် နိမ့်ကျသွားသေး၏။ အမှိုက်ကောင် သုံ့ပန်းတစ်ယောက်ကို သတ်ဖြတ်ခြင်းက ဖြစ်သင့်ဖြစ်ထိုက်သောအရာပင်။

သို့သော် နူတာဟိုင် တကယ်တမ်း တွေ့ရှိလိုက်ရသည်မှာ ဆိုလွန်ကိုထိုးဖို့လက်ပင်မရွယ်ရသေးမှီ သူ၏ တစ်ကိုယ်လုံးမှာ အကျဉ်းချခံထားရသည့်အလား လုံးဝ လှုပ်ရှား၍ မရတော့ချေ။

နိုင်အာ၏ ကျောက်စိမ်းရောင် လက်ချောင်းများက သူ၏ ဂုတ်ပိုးကို ညင်သာစွာ ထောက်ထားပြီး သူ၏ လက်ချောင်းများပင် မြှောက်၍မရအောင် လုပ်ထားလိုက်ခြင်း ဖြစ်သည်။

ဆိုလွန် ရှေ့သို့ တစ်လှမ်း တိုးသွားပြီး ရွှေရောင် ဓားမြှောင်ကို ဆွဲထုတ်ကာ နူတာဟိုင်၏ လည်ပင်းကို ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။

“အဟွတ်...”

သူ တုန်ရီသွားပြီး နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ပန်းထွက်လာကာ စက္ကန့်အနည်းငယ် ကြာပြီးနောက် လုံးဝ အသက်ပျောက်သွားတော့သည်။

ပုန်ကန်သူ မြေပိုင်ရှင် ခေါင်းဆောင်၏ သားတစ်ဖြစ်လည်း နူတာဟိုင်တစ်ယောက် အသတ်ခံရလေပြီ။

အပိုင်း ၃၂၃ ပြီး။

All Chapters