← Chapters

ပြန်လည်မွေးဖွားခြင်း အမတစစ်၊ ကျိုးမင်ယွဲ့

Vol. 15 Ch. 191

ပြန်လည်မွေးဖွားခြင်း အမတစစ်၊ ကျိုးမင်ယွဲ့

Vol. 15 Ch. 191

အခန်း (၁၉၁) ပြန်လည်မွေးဖွားခြင်း အမတစစ်၊ ကျိုးမင်ယွဲ့

‘တစ်ခြား သေမျိုးကမ္ဘာ ရှင်းလင်းခံရတာလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒီနှစ်တွေမှာ သေမျိုးကမ္ဘာ ဘယ်နှခုလောက် သုတ်သင်ခံလိုက်ရပြီလဲ”

မုန့်ပေါ်က ပြန်ဖြေပါတယ် “ဒါက ဆယ်ကမ္ဘာမြောက်ပဲ”

ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။

‘ဆယ်ကမ္ဘာက သက်ရှိတွေ၊ ကောင်းကင်ဧကရာဇ်က တကယ်ရက်စက်တာပဲ’

ဟန်ကျွယ်ဟာ အိပ်မက်ကနေ နိုးထသူပမာ ဖြစ်သွားပါတယ်။ ကောင်းကင်ဧကရာဇ်ရဲ့ ကြင်နာမှုကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို လူကောင်းတစ်ယောက်လို ထင်နေခဲ့တာပါ။ အခုကြည့်ရသလောက်တော့ ကောင်းကင်ဧကရာဇ်က သူ့ကိုပဲ ကောင်းကောင်း ဆက်ဆံတာပါ။

ဒီသေမျိုးကမ္ဘာဆယ်ခုမှာ ဟန်ကျွယ်လိုမျိုး ပါရမီရှင်မရှိတာကြောင့် အကုန်လုံး သုတ်သင်ခံလိုက်ရပါတယ်။ ဒီဟာက တကယ်ကို ကြောက်ဖို့ကောင်းပါတယ်။

“ကျွန်တော် သိချင်နေတာ တစ်ခုရှိတယ်၊ သေမျိုးကမ္ဘာတွေကို ဘာဖြစ်လို့ မဖြစ်မနေ ရှင်းလင်းရတာလဲ” ဟန်ကျွယ်က အသံလွှင့်ပြီး မေးလိုက်ပါတယ်။

မုန့်ပေါ်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေပါတယ် “သေမျိုးကမ္ဘာက မိစ္ဆာတွေကို မှီခိုပြီး ကံတရားအထောက်အပံ့ တိုးလာမယ်ဆိုရင် မကြာခင်မှာပဲ မိစ္ဆာကမ္ဘာ ဖြစ်သွားလိမ့်မယ်၊ မိစ္ဆာမျိုးနွယ်စုက လူမြင်ကွင်းကနေ ပျောက်ကွယ်သွားတာ ကြာပြီဆိုပေမဲ့ သူတို့က ဘယ်တော့မှာ အလျော့မပေးဘူး၊ လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းက မဟာကပ်ဘေးကြီးတစ်ခု ဖြစ်ပေါ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ မိစ္ဆာမျိုးနွယ်စုကို ကောင်းကင်ရုံးတော်က အမြစ်ပြတ် မရှင်းလင်းနိုင်ခဲ့ဘူး၊ သူတို့တွေ အင်အား ဆက်မကြီးထွားလာအောင်ပဲ ဟန့်တားထားနိုင်ခဲ့တယ်”

“မင်းက ငါ့ဆီကို ဒါမေးဖို့ ရောက်လာတာလား”

ဟန်ကျွယ်ဟာ သတိပြန်ဝင်လာပြီး အသံလွှင့် မေးလိုက်ပါတယ် “ဘယ်ဟုတ်မှာလဲ၊ ကြက်သွေးရောင်တိမ်ကမ္ဘာမှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဘာဖြစ်လို့ အများကြီး ဝင်စားတာလဲဆိုတာ သိချင်လာလို့ပါ”

မုန့်ပေါ်က ပြုံးလိုက်ပါတယ် “မင်းအတွေးလွန်နေပြီ၊ အထက်ဘုံမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက နွားမွေးလို အများကြီးပဲ၊ နေ့တိုင်းမှာ စွမ်းအားကြီးပုဂ္ဂိုလ် အများကြီးသေပြီး ပြန်လည်ဝင်စားခြင်း စက်ဝန်းထဲ ကျကုန်ကြတာ၊ ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့ ကံတရားအထောက်အပံ့ နိမ့်တယ်လို့ ပြောလို့ရတယ်၊ ဒီလောက်နှစ်အများကြီးမှာ အမတဧကရာဇ်တစ်ချို့ပဲ ပြန်ဝင်စားတယ်၊ အတမဧကရာဇ်အဆင့်ကို ဖိနှိပ်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က တစ်ဦးပဲ ရှိတယ်၊ လွန်ခဲ့တဲ့ နှစ်သုံးရာတုန်းက တစ်ခြားသေမျိုးကမ္ဘာတွေမှာ ကောင်းကင်ဘဝဂ် ရွှေအမတ ကျင့်ကြံသူတောင် ပြန်ဝင်စားလို့ သေမျိုးကမ္ဘာတစ်ခုလုံးရဲ့ ကံတရားအထောက်အပံ့က ထိုးတက်သွားတယ်၊ အဲဒီသေမျိုးကမ္ဘာမှာရှိတဲ့ သက်ရှိအားလုံးလည်း ကောင်းကင်ဘဝဂ်ရွှေအမတ သယ်ဆောင်လာတဲ့ ကံကောင်းမှုကို စံစားကြရတယ်”

အမတဧကရာဇ်အဆင့်ကို ဖိနှိပ်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က ချူရှီရန်မှန်း ဟန်ကျွယ် ခန့်မှန်းမိပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့အမှားကို သတိပြုမိသွားပါတယ်။ ဟန်ကျွယ်ဟာ အမတကမ္ဘာကို သေမျိုးကမ္ဘာ ရှု‌ထောင့်ကနေ သုံးသပ်နေတာပါ။ ဒါပေမဲ့ အမတကမ္ဘာက သေမျိုးကမ္ဘာအားလုံးပေါင်းထက် ကြီးကျယ်နေတာကို ထည့်မစဉ်းစားခဲ့ပါဘူး။

‘အမတကမ္ဘာမှာ ရွှေအမတက ခွေးသာသာရှိပြီး အမတစစ်တွေက ခြေဦးတည့်ရာ လျှောက်သွားနေရတာလား’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ‌ တွေးတောလိုက်ပါတယ်။

“ထူလင်းအာ ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်ရင် သူ့ကို ကောင်းကင်ရုံးတော်ထဲ မဝင်ခိုင်းနဲ့” မုန့်ပေါ်က ဟန်ကျွယ်ကို အသံလွှင့်ပြီး ပြောလိုက်ပါတယ်။

ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “ကောင်းကင်ရုံးတော်ထဲ မဝင်ခိုင်းဘူးဆိုတော့ ဘုံပျံမတက်ခိုင်းနဲ့လို့ ပြောချင်တာလား”

“ဟုတ်တယ်၊ သူ့အရည်အချင်းနဲ့ဆိုရင် ကောင်းကင်ရုံးတော်က ကျိန်းသေပေါက် ရွေးချယ်လိမ့်မယ်၊ ကျင်ကြံမှုစွမ်းရည် နိမ့်မှသာ ကျင့်ကြံခြင်းဂိုဏ်းတွေဆီ ရောက်တာ”

“ကောင်းပြီလေ” ဟန်ကျွယ်က တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်ပါတယ်။

ကောင်းကင်ရုံးတော်က ငရဲပြည်ကို ထိန်းချုပ်ထားတယ်ဆိုပေမဲ့ မုန့်ပေါ်မှာလည်း သူလိုချင်တာတွေ ရှိပါတယ်။ ဟန်ကျွယ်က ကောင်းကင်ဧကရာဇ်နဲ့ ရန်သူမဖြစ်သေးသမျှ ကာလပတ်လုံး အားလုံး အဆင်ပြေပါတယ်။

ဟန်ကျွယ်ကလည်း အေးအေးဆေးဆေး ကျင့်ကြံခြင်ရုံပါ။

ဟန်ကျွယ်ဟာ မေ့လျော့ခြင်းတံတားပေါ်ကို သရဲတွေကို ကြည့်လိုက်ပြီး မုန့်ပေါ်ကို ထပ်မနှောင့်ယှက်တော့ပါဘူး။ မရေမတွက်နိုင်တဲ့ သရဲတွေ စီတန်းရပ်နေတာက တကယ်ကို ကြီးကျယ်လွန်းတဲ့ မြင်ကွင်းတစ်ခုပါ။

ဟန်ကျွယ်ရဲ့အကြည့်ဟာ သရဲတစ်ကောင်ပေါ် ကျရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်အမတ ဖြစ်တာကြောင့် ဒီသရဲရဲ့ အတိတ်ဘဝတွေကို ထိုးဖောက်မြင်နိုင်ပါတယ်။ ဒီသရဲက ဟန်ကျွယ်နဲ့ နည်းနည်း ရင်းနှီးပါတယ်။

“စီနီယာ ဒီသရဲကို ဘဝကောင်းမှာ ပြန်ဝင်စားပါစေ”

ဟန်ကျွယ်ဟာ မုန့်ပေါ်ကို အသံလွှင့်စကားပြောလိုက်ပြီး အဲဒီသရဲရဲ့ ရောင်ဝါကိုပါ မုန့်ပေါ်ဆီ ပေးပို့လိုက်ပါတယ်။

“အင်း”

မုန့်ပေါ်ဟာ ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။

ဟန်ကျွယ်ဟာ သရဲတန်းကြီးကို တစ်ခဏဆက်ကြည့်ပြီးနောက် အပြုံးမျက်နှာနဲ့ ခေါင်းခါလိုက်ပါတယ်။

အဲဒီသရဲဟာ လွန်ခဲ့တဲ့ခြောက်ဘဝတုန်းက ရန်လျိုလို့ခေါ်ပါတယ်။ အဲဒီတုန်းက ရန်လျိုဟာ ယွီဂျင်ဂိုဏ်းတော်ကြီး အပြင်စည်းစောင့်ကြပ်သူ ဖြစ်ခဲ့ဖူးပြီး ဟန်ကျွယ်ကို အတွင်းစည်းထဲ ရောက်အောင် လိုက်ပို့ပေးခဲ့သူပါ။

နှစ်ပေါင်းတစ်ထောင်အကြာမှာတော့ ရန်လျိုဟာ ရန်လျို မဟုတ်တော့ဘဲ ဟန်ကျွယ်ကလည်း ရန်လျိုကို အခြေခံအဆင့်ဆေးလုံးပေးဖို့ ကတိပေးခဲ့တာကို မေ့လျော့သွားခဲ့ပါပြီ။ ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ရန်လျိုရဲ့ ကျေးဇူးကို ပြန်ဆပ်လိုက်ပါတယ်။

သူ့နောက်ဘဝမှာ အခြေခံအဆင့်ကို ကျော်တက်ပြီး ရွှေဓာတ်လုံးအဆင့် ကံကောင်းထောက်မရင် ကနဦးဝိညာဉ်အဆင့်ကို ရောက်ရှိဖို့ ဟန်ကျွယ်က ဆုတောင်းပေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်ပြီးနောက် ကျိုးမင်ယွဲ့ရဲ့ တည်နေရာကို စစ်ဆေးလိုက်တဲ့အခါ ဝီရိယတောင်ခြေမှာ ဒူးထောက်နေတာကို တွေ့လိုက်ရပါတယ်။

အမတနတ်ဘုရားကပ်ဘေး ပြီးဆုံးသွားတဲ့အခါ ဝီရိယတောင်ခြေမှာ အရင်ကလိုပဲ ဒူးထောက်သူတွေနဲ့ ပြန်စည်ကားလာပါတယ်။ ကျိုးမင်ယွဲ့ဟာ အတွင်းဂိုဏ်းတပည့်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာက မိန်းမဆန်ပါတယ်။ သူ့နှုတ်ခမ်းတွေက နီရဲနေပြီး သွားတွေကလည်း ဖြူဖွေးနေတာကြောင့် ယောက်ျားလေး အဝတ်အစား ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ဦးလိုပါပဲ။

ဒါပေမဲ့ သူက ယောက်ျားစစ်စစ်ပါ။

‘ငါ သူ့ကို လက်ခံရင်ကောင်းမလား’ ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။

သေသေချာချာ တွေးတောပြီးတဲ့နောက်မှာတော့ ကောင်းကင်နဲ့ညီမျှတဲ့ မဟာပညာရှိက ကြက်သွေးရောင်တိမ်ကမ္ဘာမှာ ပြန်ဝင်စားတာ ကျပမ်းမဟုတ်မှန်း ဟန်ကျွယ် ကောက်ချက်ချလိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်ကို အပြစ်ပြုမိထားတဲ့လူက ဒီလိုသာမန်ကာလျှံကာ ပြန်ဝင်စားနိုင်မှာ မဟုတ်ပါဘူး။

‘ဒါ ကောင်းကင်ဧကရာဇ် စီစဉ်တာလား’

‘ထားလိုက်ပါတော့၊ ငါ သူ့ကို လက်ခံလိုက်ပါမယ်’

‘ငါ့ဆီမှာ ထိပ်သီးတွေများလေ ပိုကောင်းလေပဲ’

‌’ကောင်းကင်ဧကရာဇ်က မေးရင်တောင် မသိချင်ယောင်ဆောင်လိုက်မယ်’

ဟန်ကျွယ်မှာ စနစ်ရှိနေတာကို ဘယ်သူမှ မသိပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ကျိုးမင်ယွဲ့ကို ချူရှီရန် တပည့်အဖြစ် လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မဟာအဂ္ဂဗုဒ္ဓက ဗောဓိဗုဒ္ဓရဲ့ တပည့်ကို လုယူလိုက်တယ်။ ဒီဟာက စိတ်ဝင်စားစရာကောင်းမဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာပါ။

အတန်ကြာ တွေးတောပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ဟာ ကျိုးမင်ယွဲ့ကို ပထမဦးဆုံး နှစ်နည်းနည်း စမ်းသပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကျိုးမင်ယွဲ့မှာ ပြတ်သားတဲ့ဆုံးဖြတ်ချက် မရှိဘူးဆိုရင် ကောင်းကင်ဧကရာဇ် ဖြစ်နေရင်တောင် ဟန်ကျွယ်က သူ့ကို လက်ခံမှာ မဟုတ်ပါဘူး။

နှစ် ၂၀ ကြာပြီးနောက်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ ထိပ်ဆုံးအဆင့်ကို ထိုးဖောက် ရောက်ရှိသွားပါတယ်။

ဟန်ကျွယ်ဟာ သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။ ကောင်းကင်အမတအဆင့်မှာ အဆင့်တက်ဖို့က တော်တော်ကို နှေးကွေးလွန်းပါတယ်။ အမတစစ်၊ ‌ရွှေအမတ၊ အမတဧကရာဇ် ဖြစ်လာဖို့ အချိန်ဘယ်လောက် ကြာအုန်းမလဲ ဟန်ကျွယ် မသိပါဘူး။

ဟန်ကျွယ်ဟာ အများကြီး မတွေးတောဘဲ သူ့ကျင့်ကြံမှုကို အခြေခိုင်အောင် ကြိုးစားပါတယ်။ ဒီလိုနဲ့ နောက်ထပ်လေးနှစ်အကြာမှာတော့ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ အဆင့်သင်ဖြစ်ပြီ ဖြစ်တာကြောင့် ဝူတောက်ကျန့်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ မောင်းထုတ်လိုက်ပါတယ်။

“သခင်က အဆင့်ထပ်တက်ပြန်ပြီလား” ငရဲကြက်နက်က မျက်လုံးပြူးကြီးနဲ့ မေးလိုက်ပါတယ်။

တစ်ယောက်မှ အလည်မလာဘူးဆိုရင် ဟန်ကျွယ်က ဝူတောက်ကျန့်ကို ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက် နှင်မထုတ်ပါဘူး။

ဝူတောက်ကျန့်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “မကြာသေးခင်က ငါ ဓားတာအိုအသစ် ကျင့်ကြံထားတယ်၊ လက်ရည်စမ်းရအောင်”

“လာလေ... ငါက မင်းကို ကြောက်စရာလား”

‘ဟင်း... ငါက ဖန်းလျန်နဲ့ မုရုံချီကို မနိုင်ပေမဲ့ မင်းလိုမြက်ပင်ကိုတော့ အသာလေးပဲ’

အဲဒီနောက်...။

တကယ်တမ်း တိုက်ခိုက်တဲ့အခါမှာတော့ ငရဲကြက်နက် ရှုံးနိမ့်သွားပါတယ်။

ရွှေကျီးကန်းလေးနှစ်ကောင်ဟာ ဒါကိုကြည့်ပြီး မရယ်ဘဲ မနေနိုင်ပါဘူး။ ခေါင်းငါးလုံး မြွေနဂါးဘုရင်ဟာလည်း နှလုံးလှုပ်သွားပါတယ်။

‘ဒီစိတ်ဝိညာဉ်မြက်ပင်က ဒီလောက်တောင် အရည်ချင်း ရှိတာလား၊ ဒီလိုသာ ဆက်သွားနေရင် ငါ့ကို မကြာခင် ကျော်တက်သွားတော့မှာပဲ’

ချူရှီရန်ကတော့ ဝူတောက်ကျန့်ကို စိုက်ကြည့်ပြီး အတွေးနက်သွားပါတယ်။ အကြောင်းအရင်း တစ်ချို့ကြောင့် ချူရှီရန်ဟာ ဝူတောက်ကျန်ကိုကြည့်ပြီး ငေးမောသွားပါတယ်။

နှစ်ဝက်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း အမတစစ်အဆင့်ကို အောင်မြင်စွာ ထိုးဖောက် ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားဟာ ထိုးတက်သွားပြီး ဝိညာဉ်လဲ အသွင်ပြောင်းလဲသွားပါတယ်။ ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တာကြောင့် အော်ဟစ်ကြုံးဝါးလုနီးနီးပါပဲ။

‘အံဖွယ်ပဲ’

ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။

[အမည်: ဟန်ကျွယ်]

[သက်တမ်း: ၁,၁၉၁/၃၇,၈၀၀,၅၃၁]

[မျိုးနွယ်စု: အမတ]

[ကျင့်ကြံမှု: ပြန်လည်မွေးဖွားခြင်း အမတစစ် ကနဦးအဆင့်။]

အခုဆိုရင် ဟန်ကျွယ်သက်တမ်းက သန်း ၃၀ ဖြစ်သွားပြီး သန်း ၄၀ နားကို ကပ်သွားပါပြီ။ ဒီသက်တမ်းက ဟန်ကျွယ်ကို လုံခြုံမှုခံစားချက်တစ်ခု ပေးစွမ်းလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ်။ အခုဆိုရင် ဟန်ကျွယ်ဟာ သူ့သက်တမ်းရဲ့ သုံးသောင်းပုံတစ်ပုံလောက်ပဲ ဖြတ်ကျော်ရပါသေးတယ်။ ဒါပေမဲ့ သူ့သက်တမ်းက ပုံသေမဟုတ်ပါဘူး။ ကျင့်ကြံမှုတိုးတိုင်း ဆက်တိုးနေအုန်းမှာပါ။

‘ဘဝက တကယ်ကို ရှည်လျားတာပဲ’

[သင်သည် ပြန်လည်မွေးဖွားခြင်း အမတစစ်အဆင့်ကို ရောက်ရှိသွားသောကြောင့် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]

[၁။ ချက်ချင်းဘုံပျံတက်၍ နာမည်ကြီးသူ ဖြစ်လာမည်။ ဆုလာဘ်အဖြစ် အကောင်းစားရတနာနှင့် ဆန်းကြယ်စွမ်းအားအမွေကို ဆက်ခံရရှိမည်။]

[၂။ ဘုံပျံမတက်ဘဲ သေမျိုးကမ္ဘာတွင် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် အကောင်းစားရတနာအား ရရှိမည်။]

ဒါကိုမြင်တဲ့ ဟန်ကျွယ်ဟာ တုံ့ဆိုင်းခြင်းမရှိဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။

‘အမတကမ္ဘာမှာ အမတစ်စစ်အဆင့်နဲ့ နာမည်ကြီးမှာလား’

‘ကိုယ့်သေတွင်း ကိုယ်တူးတာပဲ’

အမတကမ္ဘာမှာ အမတဧကရာဇ်တောင် သေဆုံးပါတယ်။ ပိုပြီးတိတိကျကျ ပြောရရင် ကောင်းကင်ဘဝဂ် ရွှေအမတ ကျင့်ကြံသူတောင် ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ကျပါတယ်။ ပြန်လည်မွေးဖွားခြင်း အမတစစ်အဆင့်ပဲ ရှိသေးတဲ့ ဟန်ကျွယ်က အမတကမ္ဘာကို ဘယ်လိုလုပ်ပြီး သွားရဲမှာလဲ။

[သင်သည် ဘုံပျံမတက်မည်ကို ရွေးချယ်ခဲ့သောကြောင့် အကောင်းစားရတနာကို ရရှိပါသည်။]

[အကောင်းဆုံး မဟာညီညွှတ်မှု ရတနာ ခရမ်းရင့် ချီခြေနင်းအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[ခရမ်းရင့် ချီခြေနင်း:အကောင်းဆုံး မဟာညီညွှတ်မှု ရတနာဖြစ်ပြီး ရွေ့လျားအလျင် တိုးစေကာ အနန္တကမ္ဘာအကြား လွယ်လင့်တကူ ခရီးနှင်နိုင်သည်။]

‘မဆိုးဘူး’

ဟန်ကျွယ်ဟာ သိပ်ပြီးတော့ အံအားသင့်ခြင်း မရှိပါဘူး။ လောလောဆယ်မှာ ဟန်ကျွယ်က အနန္တကမ္ဘာကို ခရီးနှင်ဖို့ အစီအစဉ် မရှိသေးပါဘူး။

ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို အခြေခိုင်အောင် ကြိုးစားပါတယ်။ နှစ်ဝက်ကြာပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး သူ့ရန်သူတော်တွေကို ကျိန်စာစတိုက်ပါတယ်။

ရန်သူအကုန်လုံးကို ကျိန်စာတိုက်ပြီးမှ ဟန်ကျွယ်ဟာ ထိုင်ရာကထပြီး ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက် ကျေနပ်အားရစွာ လမ်းလျှောက်ထွက်ပါတယ်။

ကျိုးမင်ယွဲ့က တောင်ခြေမှာ ဒူးထောက်နေတုန်း ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟ ချူရှီရန်ကို သွားခေါ်ဖို့ စေခိုင်းလိုက်ပါတယ်။

ဒါကိုကြားလိုက်ရတဲ့ တစ်ခြားသူတွေဟာ ဟန်ကျွယ်က နောက်ထပ်တပည့်တစ်ယောက် လက်ခံတော့မယ်မှန်း သိလိုက်ပါတယ်။ ဟန်ကျွယ်နဲ့ အတူနေတာ ကြာပြီဖြစ်တဲ့အတွက် ဟန်ကျွယ် လက်ခံတဲ့လူတိုင်းက အရည်အချင်းရှိတဲ့သူတွေချည်းပဲ ဆိုတာ သူတို့တွေ သဘောပေါက်လာကြပါတယ်။

ဝူတောက်ကျန့်ကတော့ စိတ်လှုပ်ရှားနေပြီး ဒီတစ်ခေါက်တပည့်က မိန်းကလေးတပည့်ဖြစ်ဖို့ စိတ်ထဲမှာ ဆုတောင်းနေပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters