← Chapters

မသေမျိုးဧကရာဇ်၊ ပြန်လည်မွေးဖွားခြင်း နတ်မျက်စိ

Vol. 15 Ch. 193

မသေမျိုးဧကရာဇ်၊ ပြန်လည်မွေးဖွားခြင်း နတ်မျက်စိ

Vol. 15 Ch. 193

အခန်း (၁၉၃) မသေမျိုးဧကရာဇ်၊ ပြန်လည်မွေးဖွားခြင်း နတ်မျက်စိ

အနောက်လောကဓာတ်ကို မေးတင်နေတဲ့ နေမင်းကြီးဟာ သွေးရောင်လို နီရဲနေပါတယ်။ ဖုန်းဆိုးမြေတစ်ခုလုံးမှာလည်း အက်ကြောင်းတွေ လျှိုမြောင်တွေနဲ့ ပြည့်နှက်နေပါတယ်။ အနည်းငယ် မတ်စောက်တဲ့ ချောက်ကမ်းပါးတစ်ခုမှာတော့ လူနှစ်ယောက် ထိုင်နေပါတယ်။

ဒီလူနှစ်ယောက်ကတော့ ကျိုးဖန်နဲ့ မော့ဖူချိုတို့ပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ဘေးတိုက်ယှဉ်လျက် ထိုင်နေပြီး ကျင့်စဉ်တစ်မျိုးမျိုးကို ကျင့်ကြံနေကြပါတယ်။ သူတို့ခေါင်းပေါ်မှာ အနက်ရောင်ချီလုံးတစ်လုံး ပေါလောမျောနေပါတယ်။

ဟန်ကျွယ်ဟာ အမတစစ်ရဲ့ ရောင်ဝါကို အာရုံခံမိလိုက်ပါတယ်။

မဟာညီညွှတ်မှု အမတစစ်။

‘ကြက်သွေးရောင်တိမ်ကမ္ဘာမှာ ဘယ်လိုလုပ်ပြီး မဟာညီညွှတ်မှု အမတစစ် ရှိနေရတာလဲ’

ဟန်ကျွယ်ဟာ လုယက်ခံရသလို ခံစားလိုက်ရတာကြောင့် ရုတ်ခြည်းဆိုသလို ကျိုးဖန်နဲ့ မော့ဖူချိုနောက်မှာ ပေါ်လာပါတယ်။ အဲဒီနောက် လက်တစ်ချက်ဝှေ့ယမ်းပြီး အနက်ရောင်ရောင်ဝါကို သိမ်းဆည်းပစ်လိုက်ပါတယ်။

ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ရုတ်ခြည်းပျောက်ကွယ်သွားပြီး သေမျိုးကမ္ဘာရဲ့ တစ်ခြားတစ်ဖက် ဘယ်သူမှမရှိတဲ့ နေရာတစ်ခုကို သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ညလက်မြှောက်ပြီး အနက်ရောင်ရောင်ဝါကို ထုတ်ယူလိုက်ပါတယ်။

“တာအိုရောင်းရင်း... ကျုပ် ခင်ဗျားရဲ့ သေမျိုးကမ္ဘာ ထိခိုက်အောင် ဘာမှမလုပ်ထားပါဘူး”

အေးစက်လှတဲ့အသံတစ်သံဟာ အနက်‌ရောင်ချီလုံးထဲကနေ ထွက်ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ အလန့်တကြား ဖြစ်ခြင်းမရှိဘဲ အနက်ရောင်ချီလုံးကို ဆုပ်ကိုင်လိုက်ပါတယ်။

[မသေမျိုးဧကရာဇ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု:ကြယ်သုံးပွင့်။]

‘မသေမျိုးကဧကရာဇ်’

‘နာမည်ကတော့ ကျောချမ်းဖို့ကောင်းသား’

ဟန်ကျွယ်ဟာ မသေမျိုးဧကရာဇ်ရဲ့ သတင်းအချက်အလက်ကို ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။

[မသေမျိုးဧကရာဇ်:မဟာညီညွှတ်မှု ရွှေအမတ အလယ်အဆင့်၊ အထက်ဘုံရှိ အမတဧကရာဇ်ဖြစ်ပြီး ရှန်နန်းတော်ရှိ အမတဧကရာဇ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်။ နှစ်တစ်သန်းကြာပြီးနောက် မဟာညီညွှတ်မှု ရွှေအမအဆင့်သို့ ရောက်ရှိအောင် ပြန်လည် ကျင့်ကြံနိုင်ခဲ့သည်။ မသေမျိုးဧကရာဇ်သည် ဆန်းကြယ်စွမ်းအား အသုံးပြု၍ ဝိညာဉ်အတွေး ‌ထောင်သောင်းချီခွဲထုတ်ကာ အနန္တကမ္ဘာ၌ သူ့ပညာ ဆက်ခံမည်သူကို ရှာဖွေနေခြင်းတည်း။ မသေမျိုးဧကရာဇ်သည် ရှန်နန်းတော်ကဲ့သို့ စွမ်းအားကြီးမားသော အင်အားစုတစ်စုကို ဖန်တီးချင်နေသည်။ သင်သည် သူ့အစီအစဉ်အား ဝင်နှောင့်ယှက်သောကြောင့် မသေမျိုးဧကရာဇ်သည် သင့်အား မုန်းတီးသွားခြင်းတည်း။ လက်ရှိ မုန်းတီးမှု:ကြယ်သုံးပွင့်။]

‘အမတဧကရာဇ်’

ဟန်ကျွယ်ဟာ လန့်သွားပါတယ်။ ဒါပေမဲ့ ဝိညာဉ်အတွးတစ်ခုမှန်း သိလိုက်ရတာကြောင့် သက်သာရာ ရသွားပါတယ်။

‘ဝိညာဉ်အတွေးတစ်ခုကို ငါက ကြောက်စရာလား၊ ဒါပေမဲ့ ဝိညာဉ်အတွေးတစ်ခုတည်းနဲ့ အမတစစ်အဆင့်ကို ရောက်နိုင်တယ်ဆိုတော့ ဒီမသေမျိုးဧကရာဇ်က တစ်ခုခုတော့ တစ်ခုခုပဲ’

ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ကောင်းကင်ရုံးတော်ရဲ့ သေမျိုးကမ္ဘာကို ကျူးကျော်တာက ကောင်းကင်နိယာမကို ဖောက်ဖျက်‌တာပဲ၊ ငါ အခုပဲ စီနီယာတိထိုက်ပိုင်ကို ပြောရမယ်”

မသေမျိုးဧကရာဇ်ဟာ ချက်ချင်းပဲ အော်ပြောလိုက်ပါတယ် “တာအိုရောင်းရင်း... ကျုပ်တို့တွေ ဆွေးနွေးလို့ရပါတယ်”

“ဘယ်လိုဆွေးနွေးမှာလဲ၊ ခင်ဗျားက ကျုပ်ရဲ့ ကလေးနှစ်ယောက်ကို ဆက်ခံသူအဖြစ်ရွေးတာ လွန်လွန်းတယ်လို့ မထင်ဘူးလား”

မသေမျိုးဧကရာဇ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီကောင်လေးနှစ်ကောင် ဒီလောက်ထိ ဖြစ်နေတာ သူတို့နောက်မှာ အမတရှိနေတာကိုး’

မသေမျိုးဧကရာဇ်ဟာ တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်ကလည်း မသေမျိုးဧကရာဇ်ရဲ့ ဝိညာဉ်အတွေးကို ရှင်းပစ်ရင်ကောင်းမလား တွေးရင်း ချီတုံချတုံ ဖြစ်နေပါတယ်။

မသေမျိုးဧကရာဇ်က ပြောလိုက်ပါတယ် “တာအိုရောင်းရင်း... ဒါက ကျုပ်ရဲ့ အမှားပါ၊ ကျုပ် နောက်တစ်ခါ မလာတော့ဘူး၊ ကျုပ်ရဲ့ ဝိညာဉ်အတွေးကို လွှတ်ပေးပါ”

ဟန်ကျွယ်ဟာ ဒီဝိညာဉ်အတွေးကို ဖျက်ဆီးလိုက်ရင်တောင် တစ်ခြားသူကို သတ်မရတဲ့အပြင် ပိုပြီးရန်တိုးမှာ ဖြစ်တဲ့အတွက် လွှတ်ပေးလိုက်ပါတယ်။

“ဒါဆိုလည်း သွားတော့”

ဟန်ကျွယ်ဟာ အနက်ရောင်ချီလုံးကို လွှတ်ပေးလိုက်ပြီး တိတ်တဆိတ် လမ်းခြောက်သွယ် အမှတ်အသား မှတ်လိုက်ပါတယ်။

အနက်ရောင်ချီလုံးဟာ အလွန်လျင်မြန်စွာပဲ ကြက်သွေးရောင်တိမ်ကမ္ဘာကနေ ထွက်ပြေးသွားပါတယ်။

အနက်ရောင်ချီလုံးကို လုံးဝအာရုံခံလို့မရတော့မှ ဟန်ကျွယ်ဟာ ဝီရိယတောင်ကို ပြန်ပါတယ်။

ဒီအဖြစ်အပျက်တွေကို ကျိုးဖန်နဲ့ မော့ဖူချိုက လုံးဝသတိမထားမိပါဘူး။ နှစ်ပေါင်းများစွာကြာမှ သူတို့ကို တပည့်အဖြစ်လက်ခံချင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က တကယ်ပျောက်ကွယ်သွားမှန်း သူတို့တွေ သိလိုက်ကြပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး သူ့ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။ ကျိန်စာတိုက်ရတဲ့လူတွေ များလွန်းတာကြောင့် လေးငါးခြောက်လကြာမှပဲ ဟန်ကျွယ်ဟာ မသေမျိုးဧကရာဇ်ကို ကျိန်စာတိုက်နိုင်ပါတယ်။

ဒီလိုလနည်းနည်းကြာမှ ကျိန်စာတိုက်တဲ့အတွက် မသေမျိုးဧကရာဇ်က သူ့ကို သံသယဝင်လောက်မှာတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် မသေမျိုးဧကရာဇ်က ဝိညာဉ်အတွေးထောင်ချီရှိတော့ ရန်သူကလည်း မရေမတွက်နိုင်အောင် ရှိမှာပါ။

ကျိန်စာတိုက်ပြီးတဲ့နောက်မှာ‌တော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအို တိုကင်ကို ထုတ်ယူပြီး တိထိုက်ပိုင်ကို မသေမျိုးဧကရာဇ်အကြောင်း ပြောလိုက်ပါတယ်။

“မသေမျိုးဧကရာဇ်၊ ဒီကောင်က အခုချိန်အထိ အသက်ရှင်နေသေးတာလား” တိထိုင်ပိုင်ရဲ့ အသံဟာ တိုကင်ရဲ့ တစ်ခြားတစ်ဖက်ကနေ ထွက်ပေါ်လာပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “သူ ထပ်လာအုန်းမှာလား”

“ငါ အရှင်မင်းကြီးဆီ တင်ပြလိုက်မယ်၊ ဘာပဲဖြစ်ဖြစ် မသေမျိုးဧကရာဇ်က အမတဧကရာဇ်ပဲ၊ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ သူ မင်းဆီကို ထပ်မလာပါဘူး”

ဟန်ကျွယ်ဟာ တိထိုက်ပိုင်ရဲ့ အာမခံမှုကြောင့် စိတ်ချလက်ချ ဖြစ်သွားပါတယ်။

ဝူတောက်ကျန့်က မနေနိုင်ဘဲ စပ်စုပါတယ် “မသေမျိုးဧကရာဇ်က ဘယ်သူလဲ”

ဟန်ကျွယ်ဟာ ဘာမှမဖုံးကွယ်ဘဲ ကောင်းကင်ဘုံဝင်အဆင့်ရဲ့ အထက်မှာရှိတဲ့ အဆင့်တွေကို ဝူတောက်ကျန့်သိအောင် ပြောပြလိုက်ပါတယ်။ ဟန်ကျွယ်စကားကြောင့် ဝူတောက်ကျန့်ရဲ့ မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူရော် ဖြစ်သွားပါတယ်။

“တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်ဆိုတဲ့ ဆိုရိုးစကားလိုပဲ၊ ငါတို့တွေက တော်တော်လေး အားနည်းနေသေးတယ်၊ အဲဒါကြောင့် အမှတ်တမဲ့နေလို့ မဖြစ်ဘူး၊ ငါ့မှာလည်း ရန်သူတွေ အများကြီးရှိတယ်၊ မင်း ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ထားမှ အရေးပေါ် အခြေအနေ ရောက်ရင် ငါ့ကို ကယ်တင်ပေးနိုင်မှာ” ဟန်ကျွယ်က အလေးအနက် ပြောလိုက်ပါတယ်။

ဝူတောက်ကျန့်ဟာ လေးနက်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ကောင်းကင်ဓားတာအိုကို ဆက်လေ့ကျင့်ပါတယ်။

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကိုကြည့်ပြီး အားရစွာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် သူလည်းပဲ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ကို စတင်ကျင့်ကြံပါတယ်။

ပြန်လည်မွေးဖွားခြင်း အမတစစ်ကို ထိုးဖောက်ပြီးနောက် ဟန်ကျွယ်ရဲ့ ကျင့်စဉ်ဟာ အလွန်တရာ ခက်ခဲနက်နဲလာပါတယ်။ ဟန်ကျွယ်ဟာ ဒီကျင့်စဉ်ကို အချိန်တိုလေးအတွင်းမှာ မတတ်မြောက်နိုင်တော့ပါဘူး။ ဒါပေမဲ့ သူ့မှာ အလွန်ရှည်လျားတဲ့ သက်တမ်းရှိတာကြောင့် ဟန်ကျွယ်ဟာ စိုးရိမ်ခြင်းတော့ မရှိပါဘူး။

၁၇ နှစ် ကြာပြီးနောက်။

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ရဲ့ အမတစစ်အခန်းကို တတ်မြောက်သွားပြီး ကျင့်ကြံမှုအလျင်က အရင်ကထက် များစွာ တိုးတက်သွားပါတယ်။ ဒါ့အပြင် ဆန်းကြယ်စွမ်းအားအသစ်ကိုလည်း ထိုးထွင်းသိမြင်သွားပါတယ်။

ပြန်လည်မွေးဖွားခြင်း နတ်မျက်စိ။

ဒီနတ်မျက်စိက သက်ရှိအားလုံးရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်ကို မြင်နိုင်ပါတယ်။ ဒါ့အပြင် ရန်သူကို သတ်ပြီးတဲ့အခါမှာလည်း ရန်သူ ဘဝပေါင်းများစွာ စုဆောင်းထားတဲ့ ကံတရား အထောက်အပံ့ကိုလည်း စုပ်ယူနိုင်ပါတယ်။ ပြောရမယ်ဆိုရင် တော်တော်လေး ဗိုလ်ကျတဲ့ နတ်မျက်စိပါ။

ဒီဆန်းကြယ်စွမ်းအားက အရမ်းအသုံးဝင်ပေမဲ့ ဟန်ကျွယ်ဟာ လောလောဆယ်မှာတော့ တစ်ခြားသူတွေရဲ့ ကံတရား အထောက်အပံ့ကို စုပ်ယူဖို့ စိတ်မဝင်စားပါဘူး။

ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှု တိုးတက်အောင် ဆက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ ဖြစ်နိုင်မယ်ဆိုရင် အမတစစ် အလယ်အဆင့်ကို ခုချက်ချင်းကို ရောက်ချင်နေတာပါ။

ဒါပေမဲ့ ဟန်ကျွယ် အမတစစ်အဆင့်ကို ရောက်ပြီးနောက်ပိုင်း ဟန်ကျွယ်ရဲ့ အဆင့်တက်နှုန်းက သိသိသာသာကို နှေးကွေးသွားပေမဲ့ အမတချီ စုပ်ယူနှုန်းကတော့ အရင်ကထက် အများကြီး ပိုမြန်လာပါတယ်။ ဒါပေမဲ့လည်း ဒီအဆင့်ကို ထိုးဖောက်ဖို့ လိုအပ်တဲ့ အမတချီက နည်းနည်းနောနော မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ကောင်းကင်မြစ်ဘေး၌ ကောင်းတာာအို အမှန်တရားကို သိမြင်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]

[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် အမတကမ္ဘာမှ ထွက်ခွာသွားသည်။]

[သင့်မြေးတပည့် မုရုံချီသည် ရှေးဟောင်းလျှို့ဝှက်နယ်မြေသို့ မတော်တဆ ဝင်ရောက်မိပြီး အနှိုင်းမဲ့ဆန်းကြယ်စွမ်းအားကို တတ်မြောက်သွားသည်။]

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၄၉၉၈၃

[သင့်မိတ်ဆွေ မော့ဖူချိုသည် မိစ္ဆာဘိုးဘေး၏ သွေးဆောင်ဖြားယောင်းမှုကြောင့် အတွင်းနတ်ဆိုး ဖြစ်ပေါ်လာ၏။]

[သင့်မြေးတပည့် ဖန်းလျန်သည် အမတနတ်ဘုရားတစ်ပါး၏ လမ်းညွှန်မှုကို အိပ်မက်ထဲ၌ ရရှိခဲ့သည်။]

[သင့်မိတ်ဆွေ လုံရှန်သည် မဟာညီညွှတ်မှု ဆန်းကြယ်စွမ်းအားကို သိမြင်နားလည်ပြီး ကျင့်ကြံမှု များစွာ တိုးတက်သွားသည်။]

ထူးထူးခြားခြား သိပ်မရှိပေမဲ့ ဖန်းလျန်ကို အမတတစ်ဦးက လမ်းညွှန်ပေးနေတာ ဟန်ကျွယ် တွေ့သွားပါတယ် ‘ဘာဖြစ်တာလဲ... ကောင်းကင်ရုံးတော်က တစ်ယောက်ယောက်က ငါ့တပည့်ကို လုချင်နေတာလား’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ဖန်းလျန် ပြန်ရောက်လာမှ မေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ စာအိတ်တွေကို တစ်ခဏ ဆက်ဖတ်ပြီးနောက် ပြန်ကျင့်ကြပါတယ်။

နှစ်ဝက်ကြာပြီးနောက်။

နတ်မိမယ်ရှီရွှမ် ပြန်ရောက်လာပြီး ဟန်ကျွယ်ကို လာရှာပါတယ်။

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်သွားဖို့ ပြောလိုက်ပြီး နတ်မိမယ်ရှီရွှမ်နဲ့ နှစ်ယောက်တည်း စကားပြောပါတယ်။

“ကျွန်မ လျှို့ဝှက်နယ်မြေတစ်ခုကနေ စာတစ်စောင် ရထားတယ်၊ ဒီစာကို အသုံးပြုပြီး အထက်ဘုံက ကျင့်ကြံခြင်းဂိုဏ်းတစ်ဂိုဏ်းထဲ ဝင်လို့ရတယ်၊ ရှင်သွားချင်လား” နတ်မိမယ်ရှီရွှမ်ဟာ ထိုင်ပြီးတာနဲ့ မေးလိုက်ပါတယ်။

ဟန်ကျွယ်နဲ့ ကောင်းကင်ရုံးတော်ရဲ့ ဆက်ဆံရေးက လူသိရှင်ကြား မဟုတ်တဲ့အတွက် လူတိုင်းဟာ ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာကို ဘာမှမလုပ်တော့ဘူးလို့သာ သိရှိထားကြပါတယ်။

ဟန်ကျွယ်ဟာ စာကိုယူပြီး ဖတ်ကြည့်လိုက်တဲ့အခါ ဒီကျင့်ကြံခြင်းဂိုဏ်းက ကောင်းကင်ခုနစ်စဉ်ကျွန်းလို့ အမည်ရပြီး နှစ်သိန်းချီ သက်တမ်းရှိတာကြောင့် နက်နဲတဲ့အုတ်မြစ်ရှိတယ်လို့ ပြောလို့ရပါတယ်။ နောက်ပြီး ကောင်းကင်ခုနစ်စဉ်ကျွန်းသခင်က ကြက်သွေးရောင်တိမ်ကမ္ဘာကနေ ဘုံပျံတက်သွားတဲ့သူဖြစ်တာကြောင့် သူ့မွေးရပ်မြေကို အမြဲသတိရနေတယ်လို့လည်း စာထဲမှာ ရေးထားပါတယ်။

“မင်းသွားချင်လား၊ ငါ့မှာ လောလောဆယ် ဘုံပျံတက်ဖို့ အစီအစဉ် မရှိသေးဘူး”

နတ်မိမယ်ရှီရွှမ်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “ကျွန်မရဲ့ ကျင့်ကြံမှုနဲ့ ဘုံပျံတက်ရင် ကိုယ့်သေတွင်း ကိုယ်တူးတာကမှ သက်သာအုန်းမယ်”

“ဒါဆိုလည်း သိမ်းထားလိုက်၊ မင်း အနာဂတ်မှာ ဘုံပျံတက်ရင် အဲဒီကို သွားလို့ရတာပေါ့” ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး နတ်မိမယ်ရှီရွှမ်ဆီ စာပြန်ပေးလိုက်ပါတယ်။

ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီက ပိုပိုပြီး သိပ်သည်းလာတာကြောင့် နတ်မိမယ်ရှီရွှမ်ဟာ ဟင်းလင်းပြင်ပေါင်းစပ်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် နတ်မိမယ်ရှီရွှမ်အတွက် သက်တမ်းပြဿနာက ပြဿနာ မဟုတ်တော့ပါဘူး။

ဒီနှစ်တွေမှာ ဂူပဲအောင်းနေတဲ့ ချန်ယွီအာကလည်း ဟင်းလင်းပြင်ပေါင်းစပ်အဆင့်နဲ့ တောတော်လေး နီးကပ်လာပါပြီ။

နတ်မိမယ်ရှီရွှမ်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ရှင်က သေမျိုးကမ္ဘာမှာပဲ ဆက်နေမှာလား”

ဟန်ကျွယ်က ခေါင်းညိတ်လိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ တစ်စုံတစ်ခု ပြောချင်ပေမဲ့ တုံ့ဆိုင်းနေပါတယ်။ နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ကို ဘုံပျံတက်ဖို့ ဖျောင်းဖျချင်တာပါ။ ဒါပေမဲ့ ဟန်ကျွယ် အရည်အချင်းက သူတွေးလို့ရတဲ့အရာ မဟုတ်တာကြောင့် ဘာမှမပြောတော့ပါဘူး။

အဲဒီနောက် အတန်ကြာ စကားဆက်ပြောကြပြီးမှ နတ်မိမယ်ရှီရွှမ်ဟာ ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ပြန်ခေါ်ဖို့ ပြင်လိုက်စဉ်မှာပဲ သူ့နားထဲကို အသံတစ်သံ ‌ရောက်လာပါတယ်။

“ဟန်ကျွယ်... ငါ မဟာညီညွှတ်မှု အမတစစ် ဖြစ်သွားပြီ၊ မင်း ငါနဲ့ ဟင်းလင်းပြင်မှာ တိုက်ခိုက်ရဲလား”

‘ဒီအသံက ရင်းနှီးလှချည်လား’

‘အင်း... ဒါက ကောင်းကင်ဧကရာဇ်ရဲ့သားတော် လုံရှန်မလား’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်လေး ဘာလာလုပ်တာလဲ’

လုံရှန်ရဲ့အသံဟာ ထပ်မံ ထွက်ပေါ်လာပြန်ပါတယ် “မစိုးရိမ်ပါနဲ့၊ လက်ရည်စမ်းရုံလေးတင်ပါ၊ ဘယ်သူနိုင်နိုင် ငါ မင်းကို ခက်ခဲအောင် မလုပ်ပါဘူး”

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters