← Chapters

ကွမ်ရင်ကျမ်းစာ၊ မက်မွန်းသီးပွဲတော်

Vol. 15 Ch. 195

ကွမ်ရင်ကျမ်းစာ၊ မက်မွန်းသီးပွဲတော်

Vol. 15 Ch. 195

အခန်း (၁၉၅) ကွမ်ရင်ကျမ်းစာ၊ မက်မွန်းသီးပွဲတော်

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်က ‌ရှေးဟောင်းစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့ အမွေအနှစ်ကို ဆက်ခံရရှိပြီး ဝိညာဉ်ပြောင်းလဲသွားတာကိုလည်း သတိပြုမိလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို အာရုံစိုက်လိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ အရင်တစ်ခါတုန်းက ကံအားလျော်စွာ ဝင်ရောက်ခဲ့မိတဲ့ တာအိုဘုံကျောင်းအတွင်းမှာပဲ ရှိနေပါသေးတယ်။ အရင်တစ်ခေါက်တုန်းက ရှင်းဟုန်ရွှမ်မှာ ချန်ယွီအာ အဖော်ပါပါတယ်။ ဒါပေမဲ့ ချန်ယွီအာက ရှင်းဟုန်ရွှမ်လောက် မရဲတဲ့အတွက် အပြင်ဘက်ကို ခဏခဏ မထွက်ပါဘူး။

ဟန်ကျွယ်ဟာ ရုပ်တုထဲမှာရှိတဲ့ ဝိညာဉ်အပိုင်းအစက နိုးထနေတာကို ရှာတွေ့သွားပါတယ်။ ဒီဝိညာဉ်အပိုင်းအစက တာအိုဝတ်ရုံ ဝတ်ဆင်ထားတဲ့ အမျိုးသမီးကြီးပါပဲ။ ဒါပေမဲ့ သူက အရင်ကနေ လုံးဝမတူဘဲ ကွဲပြားခြားနားနေပါတယ်။ သူဟာ ရှင်းဟုန်ရွှမ်ရဲ့ ခေါင်းပေါ်မှာ ပေါလောမျောပြီး ကျမ်းစာတွေကို ရွတ်ဖတ်နေပါတယ်။

ဟန်ကျွယ်ဟာ တိတ်တဆိတ် နားထောင်ရင်း တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကျမ်းစာက ဗုဒ္ဓဂိုဏ်းရဲ့ကျမ်းစာ ဖြစ်နေလို့ပါပဲ။

‘တာအိုဘုံကျောင်းမှာ ဗုဒ္ဓကျမ်းစာကို ဟောကြားတာလား၊ ဘာတွေ ဖြစ်ကုန်တာလဲ’

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ရုပ်ပုံကို လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်တဲ့အခါမှာ ခန္ဓာလည်း အသိမ်းမခံရသလို မျက်နှာသာပေးမှုလည်း လျော့ကျမသွားတာကြောင့် စိတ်သက်သာရာ ရသွားပါတယ်။

ဟန်ကျွယ်ဟာ နတ်အာရုံကို အသုံးပြုပြီး ဝိညာဉ်အပိုင်းအစကို စစ်ဆေးလိုက်ပါတယ်။

မဟာညီညွှတ်မှု ကောင်းကင်အမတ။

ဒါပေမဲ့ ဒါက ကျင့်ကြံမှုအဆင့်သာသာပါ။ သူ့စွမ်းအားက မြေလျှောက်အမတလောက်တောင် ရှိမှာ မဟုတ်ပါဘူး။ နောက်ပြီး သူ့ဝိညာဉ်အပိုင်းအစက လေဝှေ့တိုင်း ယိမ်းထိုးနေတဲ့ ဖယောင်းတိုင်တစ်တိုင်လိုပါပဲ။

ဟန်ကျွယ်ဟာ ဆက်ကြည့်နေပါတယ်။

အချိန်အတန်ကြာသွားတဲ့အခါမှာတော့ ရှင်းဟုန်ရွှမ်ဟာ မျက်လုံးပွင့်လာပြီး ပြောလိုက်ပါတယ် “ဆရာသခင်... ဒီကွမ်ရင်ကျမ်းစာက ကျွန်မကို တကယ်ပဲ အမတဖြစ်စေနိုင်တာလား”

အမျိုးသမီးကြီးက ပြောလိုက်ပါတယ် “ဟုတ်တယ်၊ ဗုဒ္ဓဂိုဏ်းက သက်ရှိအားလုံးကို မျှမျှတတ ဆက်ဆံတယ်၊ အရည်အချင်းရှိတဲ့သူမှန်သမျှ ဗုဒ္ဓ ဒါမှမဟုတ် ဗုဒ္ဓလောင်းလျာ ဖြစ်နိုင်တယ်၊ မင်းမှာ ခိုင်မာတဲ့ ဗုဒ္ဓနှလုံးသားရှိမယ်ဆိုရင် မဖြစ်နိုင်တာ မရှိဘူး၊ ဒါက မင်းအတွက် အမတဖြစ်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ၊ မင်း ကျင့်ကြံမှုစွမ်းရည်က နိမ့်ပါးတော့ သေမျိုးကမ္ဘာရှိတဲ့ ကျင့်စဉ်တွေက မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး၊ ငါ့မှာ အချိန်အများကြီး မကျန်တော့ဘူး၊ ငါ မင်းကို ငါ့ဝိညာဉ်အပိုင်းအစရဲ့ စွမ်းအားကိုတောင် ပေးအပ်ခဲ့ပြီးပြီ၊ မင်းပေးထားတဲ့ ကတိကိုသာ မမေ့ပါနဲ့”

စကားအဆုံးမှာပဲ အမျိုးသမီးကြီးရဲ့ ဝိညာဉ်အပိုင်းအစဟာ မီးခိုးငွေ့လိုပဲ လွင့်ပါးပျောက်ကွယ်သွားပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဝမ်းနည်းခြင်းမရှိဘဲ အလွန်တည်ငြိမ်နေပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရှေ့မှာ ရုတ်တရက် ပေါ်လာပါတယ်။

“ယောက်ျား” ရှင်းဟုန်ရွှမ်ဟာ အံဩတကြီး ဖြစ်သွားပြီး ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့ ကောင်းကင်တာအိုကို ကွပ်ကဲသူဖြစ်တာကြောင့် ကြက်သွေးရောင်တိမ်ကမ္ဘာအတွင်းမှာ သွားချင်တဲ့နေရာကို ရုတ်ခြည်းသွားလာနိုင်ပါတယ်။

“ခုနက ဘယ်သူလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။

“ဟိုးအရင်တုန်းက အထက်ဘုံကနေ သေမျိုးကမ္ဘာကို ဆင်းသက်လာတဲ့ ဗုဒ္ဓကျင့်ကြံသူပဲ၊ သူက သေဆုံးသွားပြီး ဝိညာဉ်အပိုင်းအစပဲ ကျန်နေခဲ့တာ၊ သူက သူ့ကျင့်စဉ်ကို မိန်းမဆီပေးပြီး နောက်ကျလို့ မိန်းမဘုံပျံတက်ရင် ဗုဒ္ဓဂိုဏ်းကို သူ့ရန်ငြိုးအကြောင်းပြောပြပြီး တရားမျှတမှု ပြန်ယူခိုင်းတယ်”

ဟန်ကျွယ်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဘာရန်ငြိုးလဲ”

ရှင်းဟုန်ရွှမ်ဟာ မဖုံးကွယ်ဘဲ အမှန်အတိုင်း ပြောလိုက်ပါတယ် “ဟိုးအရင်တုန်းက သေမျိုးကမ္ဘာကို ကပ်ဘေးတစ်ခု ကျရောက်ခဲ့တယ်၊ သူက ကောင်းကင်ရုံးတော်ရဲ့ အမတနတ်ဘုရားတွေနဲ့ ပူးပေါင်းပြီး မိစ္ဆာမျိုးနွယ်စုကို ရှင်းလင်းဖို့အတွက် သေမျိုးကမ္ဘာကို ဆင်းသက်ခဲ့တယ်၊ ဒါပေမဲ့ နောက်ဆုံးမှာ အမတနတ်ဘုရားတွေရဲ့ သစ္စာဖောက်တာကို ခံလိုက်ရတယ်”

‘ကောင်းကင်ရုံးတော်နဲ့ ပတ်သတ်တာလား’

ဟန်ကျွယ်ဟာ အများကြီး မတွေးပါဘူး။ ရှင်းဟုန်ရွှမ် ဗုဒ္ဓဂိုဏ်းကို ရောက်သွားဖို့က နှစ်ထောင်ချီကြာမှ ဖြစ်နိုင်သလို အဆင်မပြေရင် နှစ်သောင်းသိန်းချီ ကြာသွားမှာပါ။

“မင်း အဆင်ပြေရဲ့လား” ဟန်ကျွယ်က တယုတယမေးလိုက်ပြီး ရှင်းဟုန်ရွှမ်ရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားဟာ တည်ငြိမ်နေပြီး ခန္ဓာကိုယ်ထဲမှာ ဘာဘေးအန္တရာယ်မှ မရှိပါဘူး။

ရှင်းဟုန်ရွှမ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “ပြေပါတယ်၊ ဒီကွမ်ရင်ကျမ်းစာက တော်တော်လေး စွမ်းအားကြီးတယ်၊ ယောက်ျား လိုချင်လား၊ ယောက်ျားရဲ့ မိန်းကလေးတပည့်တွေကို နောက်ကျရင် ကျင့်ကြံခိုင်းလို့ရတာပေါ့”

ဟန်ကျွယ်ဟာ တုံ့ဆိုင်းပြီး ပြောလိုက်ပါတယ် “ဒါ မကောင်းဘူးထင်တယ်၊ ဒီကျင့်စဉ်ကို လျှောက်မဖြန့်ဖို့ သူက မပြောခဲ့ဘူးလား”

“ပြောခဲ့တယ်၊ ဒါက သူက သေသွားပြီလေ၊ နောက်ပြီး မိန်းမပိုင်တာကို ယောက်ျားပိုင်တာပဲလေ၊ မိန်းမက သူ့ကို ပေးထားတဲ့ ကတိအတိုင်း သူ့ရန်ငြိုးကို ဗုဒ္ဓဂိုဏ်းဆီ ပြောပြမှာပါ”

“ကောင်းပြီလေ၊ ဒီကျင့်စဉ်က အန္တရာယ်ရှိရှိ အရင်ဆုံး စစ်ဆေးရမယ်” ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ်။ ဟန်ကျွယ်သိသလောက် စိတ်ကူးယဉ်ဝတ္ထုတွေထဲမှာ မုန်းတီးမှုအခံရဆုံးက မဟာယနဗုဒ္ဓဘာသာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အပြောနဲ့အလုပ် မညီတဲ့ ကြောင်သူတော် ကြွက်သူခိုးတွေမို့လို့ပါ။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို ကွမ်ရင်ကျမ်းစာ ရွတ်ဖတ်ပြပါတယ်။ ကွမ်ရင်ကျမ်းစာဟာ ရေးမှတ်ထားတဲ့ မှတ်တမ်းမရှိပါဘူး။ နှုတ်ကနေပဲ လက်ဆင့်ကမ်း သယ်ဆောင်လာကြတာပါ။

ဟန်ကျွယ်ဟာ ကွမ်ရင်ကျမ်းစာကို ခွဲခြမ်းစိတ်ဖြာလိုက်ပါတယ်။ ကွမ်ရင်ကျမ်းစာက တကယ်ကို အံဩဖို့ကောင်းတဲ့ ကျမ်းစာတစ်စောင်ပါ။ ဒီကျမ်းစာကို တက်ကျွမ်းမယ်ဆိုရင် ကွမ်ရင်ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်ပြီး ပြိုင်ဘက်ကင်းတဲ့ နတ်စွမ်းအားကို ရရှိမှာပါ။

ဟန်ကျွယ်ဟာ အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီးတဲ့ နောက်မှာတော့ ဘာထောင်ချောက်မှ ရှာမတွေ့ပါဘူး။

“ဆက်ကျင့်ကြံချည်”

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ကာ ပြောကြားလိုက်ပြီး ပျောက်ကွယ်သွားပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ တဲ့တိုးစရိုက်ကို ကျင့်သားရနေပါပြီ။ အဲဒီနောက် ရှင်းဟုန်ရွှမ်ဟာ တရားထပ်ထိုင်ပြီး ဆက်ကျင့်ကြံပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာ ပြုံးလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ အခွင့်ကောင်းတွေ ထပ်ရတဲ့အတွက် သက်တမ်းကုန်ပြီး သေဆုံးမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။ ဒါက ဟန်ကျွယ်အတွက်တော့ သတင်းကောင်းပါ။

အခုလက်ရှိ ဟန်ကျွယ်ဘေးနားက လူတွေဟာ တော်တော်လေး အိုကုန်ကြပါပြီ။ သူတို့တွေက ဝီရိယတောင်မှာပဲနေပြီး ကျင့်ကြံအားထုတ်မယ်ဆိုရင် သူတို့သက်တမ်းအတွက်တော့ ပူပန်စရာလိုမှာ မဟုတ်ပါဘူး။

ဖူစန်းသစ်ပင်ကို အမတရေစင် သွန်းလောင်းပြီးကတည်းက ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီဟာ အလွန်တိုးတက်လာပါတယ်။

ဟန်ကျွယ်ဟာ အတွေးစကိုဖြတ်ပြီး ဆက်ကျင့်ကြံပါတယ်။ ဒီလိုနဲ့ နောက်ထပ် ၁၁ နှစ် လွန်မြောက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း အမတစစ် အလယ်အဆင့်ကို ထိုးဖောက်ရောက်ရှိသွားပြီး ဝိညာဉ်စွမ်းအား ထပ်တိုးပွားသွားပါတယ်။ ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပါတယ်။

ဟန်ကျွယ်ဟာ အဆင့်တက်တဲ့ ခံစားချက်ကို အရမ်းနှစ်သက်ပါတယ်။ ဒီခံစားချက်က သူဆယ်နှစ်ကျော် အံစာတုံးခေါက်ပြီး ကံတရားအထောက်အပံ့နဲ့ ကျင့်ကြံမှုစွမ်းရည်ကို ရရှိတုန်းကထက် အများကြီး ပိုခံစားလို့‌ကောင်းပါတယ်။

ဟန်ကျွယ်ဟာ ဘဝတစ်သက်တာလုံး အေးအေးချမ်းချမ်းနေနိုင်ဖို့အတွက် ဆယ်နှစ်ကျော် စိတ်ရှည်ရှည် အံစာတုံးခေါက်ခဲ့တာပါ။ ဘဝမှာ အခွင့်ကောင်းတွေက အချိန်တန်ရင် ရောက်လာတက်စမြဲပါ။ စိတ်ရှည်ရှည်နဲ့ သည်းခံစောင့်ဆိုင်းတက်ဖို့ပဲ လိုပါတယ်။

ဟန်ကျွယ်ဟာ စွမ်းအားပိုကြီးလာပေမဲ့ စိတ်ထင်ရာ လျှောက်မလုပ်ပါဘူး။ အရင်ကထက်တောင် သတိပိုကြီးလာသေးပါတယ်။ ဟန်ကျွယ်ရဲ့ နောက်ထပ်ပစ်မှတ်ကတော့ အမတစစ် နောက်ဆုံးအဆင့်ပါ။

ဒီလိုနဲ့ နောက်ထပ် သုံးနှစ် ကုန်ဆုံးသွားပြီး တိထိုက်ပိုင် ကိုယ်တိုင် ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ တိထိုက်ပိုင်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဖိတ်ခေါ်လိုက်ပါတယ်။

ကောင်းကင်ရုံးတော်မှာ ရာထူးကြီးကြီးရှိတဲ့သူတွေက တကယ်ကို မနာလိုချင်စရာပါ။ သေမျိုးကမ္ဘာကို စိတ်အလိုရှိတိုင်း ဆင်းသက်နိုင်ကြပါတယ်။ တစ်ခြားအမတတွေသာဆိုရင် ကောင်းကင်နိယာမကို ချိုးဖောက်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာပါ။

ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို လိုဏ်ဂူထဲကနေ မောင်းထုတ်လိုက်ပါတယ်။

တိထိုက်ပိုင်ဟာ ကုလားထိုင်မှာ ထိုင်လိုက်ပြီး ပြုံးလိုက်ပါတယ် “ငါ ကြားတာ မင်း အမတစစ် ဖြစ်သွားဆို”

“ဟုတ်တယ်၊ ကံကောင်းလို့ပါ” ဟန်ကျွယ်ဟာ နှိမ့်ချပြီး ဖြေလိုက်ပါတယ်။

တိထိုက်ပိုင်ဟာ မုတ်ဆိတ်မွေးကို လက်နဲ့သပ်ပြီး ပြုံးလိုက်ပါတယ် “အရှင်မင်းကြီး ကိုယ်တိုင် ရွေးချယ်ထားတဲ့ ပါရမီရှင်လို့ မပြောရဘူး၊ မင်းက တကယ်ကို ပါရမီရှိလွန်းတယ်၊ မသေမျိုးဧကရာဇ်ကို မင်း စိုးရိမ်စရာ မလိုတော့ဘူး၊ ရှန်စစ်သူကြီးက သူ့ကို သတ်လိုက်ပြီ၊ သူက လုံးဝမသေသေးဘူးဆိုပေမဲ့ နောက်ထပ်နှစ်တစ်သန်းအတွင်း မင်းကို ပြဿနာရှာနိုင်မှာ မဟုတ်ဘူး”

နှစ်တစ်သန်းက ဟန်ကျွယ် အင်အားကြီးလာဖို့ လုံလောက်ပါတယ်။

“ကောင်းကင်ရုံးတော်ကို ကျေးဇူးတင်ပါတယ်၊ ကောင်းကင်ဧကရာဇ်ကိုလည်း ကျေးဇူးတင်ပါတယ်၊ ရှန်စစ်သူကြီးကိုလည်း ကျေးဇူးတင်ပါတယ်”

“ကောင်းကင်ရုံးတော်မှာ နှစ်တစ်သောင်းတိုင်း ကျင်းပလေ့ရှိတဲ့ မက်မွန်သီးပွဲတော်ကို ကျင်းပတော့မယ်၊ ဒီပွဲကျင်းပဖို့ နှစ်တစ်ရာတော့ လိုသေးတယ်၊ မင်း ဒီပွဲကို တက်ချင်လား၊ မင်း တက်ချင်တယ်ဆိုရင် ငါ ဖိတ်စာပေးမယ်”

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးနောက် ပြန်ဖြေလိုက်ပါတယ် “ထားလိုက်ပါတော့... ပြဿနာတက်မှာ ကျွန်တော် ကြောက်တယ်”

တိထိုက်ပိုင်က ပြုံးလိုက်ပါတယ် “မက်မွန်သီးပွဲတော်မှာ ဘာပြဿနာ တက်နိုင်မှာလဲ၊ မစိုးရိမ်ပါနဲ့၊ မင်း ဘယ်သူဘယ်ဝါဆိုတာကို လူသိရှင်ကြား မပြောပါဘူး၊ အရှင်မင်းကြီးကလည်း မင်းအကြောင်း တစ်လုံးတစ်ပါဒမှ ဟမှာ မဟုတ်ဘူး၊ မင်းက မက်မွန်သီးကို အေးဆေးသုံးဆောင်ပြီး ကောင်းကင်ရုံးတော်က ဘယ်လောက်ထိ ကြီးကျယ်ခမ်းနားတယ်ဆိုတာ ထိုင်ကြည့်ရုံပဲ”

ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပြီး‌ မေးလိုက်ပါတယ် “ဒါက ကောင်းကင်ဧကရာဇ်ရဲ့ ဆန္ဒလား”

“ဟုတ်တယ်၊ မက်မွန်သီးတစ်လုံးက နှစ်တစ်ထောင် ကျင့်ကြံတာထက် ပိုထိရောက်တယ်၊ မင်းက ဒီလိုအခွင့်အရေးကို လက်လွှတ်ခံမလို့လား”

“ကောင်းပြီလေ၊ ကျွန်တော် သွားမယ်” ဒီဟာက ကောင်းကင်ဧကရာဇ်ရဲ့ ဆန္ဒဖြစ်တဲ့အတွက် ဟန်ကျွယ်သာ မသွားဘူးဆိုရင် ကောင်းကင်ဧကရာဇ်ကို စိတ်ထဲမထည့်ရာ ရောက်သွားပါလိမ့်မယ်။

ဒါ့အပြင် ကောင်းကင်ဧကရာဇ်က ရှန်စစ်သူကြီးကို စေလွှတ်ပြီး မသေမျိုးဧကရာဇ်ကို သတ်လိုက်တာကလည်း နည်းတဲ့မျက်နှာသာပေးမှု မဟုတ်ပါဘူး။ ကောင်းကင်ရုံးတော်က အခုအချိန်ထိ သူ့ကို ကူညီနေပြီး ဟန်ကျွယ်ကတော့ ကောင်းကင်ရုံးတော်အတွက် ဘာမှမလုပ်ပေးရသေးပါဘူး။

တိထိုက်ပိုင်က ပြုံးလိုက်ပါတယ် “ရှန်နန်းတော်မှာ အမတဧကရာဇ် ပြန်ဝင်စားတဲ့လူက ဧကရာဇ်တာအို နိုးထသွားပြီ၊ သူက မဟာညီညွှတ်မှု အမတစစ်အဆင့်မှာ ရှိတုန်းက မဟာညီညွှတ်မှု ရွှေအမတကို သတ်ပစ်နိုင်ခဲ့တယ်၊ အခုသူက မဟာညီညွှတ်မှု ရွှေအမတဖြစ်နေပြီး အရင်ကထက် ပိုစွမ်းလာတယ်၊ သူက ရှန်နန်းတော်ရဲ့ မျိုးဆက်သစ်တွေထဲမှာ နံပါတ်တစ်ပါရမီရှင်ပဲ၊ မင်း ကြိုးကြိုးစားကျင့်ကြံဖို့လိုတယ်၊ နောက်ကျရင် မင်း သူ့ကို ကျိန်းသေပေါက် ရင်ဆိုင်ရလိမ့်မယ်၊ မင်းက ကောင်းကင်ရုံးတော်ရဲ့ မျက်နှာဆိုတော့ ရှုံးနိမ့်လို့ မဖြစ်ဘူး”

ဟန်ကျွယ်ဟာ တိထိုက်ပိုင်ရဲ့စကားကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။

‘တော်တော် စွမ်းအားကြီးတာပဲ’ ဟန်ကျွယ်ဟာ တစ်ခုခုပြောဖို့ ပြင်လိုက်ပေမဲ့ တိထိုက်ပိုင်က ပျောက်ကွယ်သွားပါပြီ။ စားပွဲပေါ်မှာတော့ မက်မွန်သီးလို့ စာလုံးထွင်းထားတဲ့ အနီရောင်တိုကင်တစ်ခု ပေါ်လာပါတယ်။

‘မက်မွန်သီးပွဲတော်လား’ ဟန်ကျွယ်ဟာ ဒီမက်မွန်သီးက မွှေးကြိုင်ပြီး အရသာရှိလား သိချင်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအို တိုကင်ကို ထုတ်ယူလိုက်ပြီး အနန္တကမ္ဘာအဆင့်ကို စစ်ဆေးလိုက်တဲ့အခါ မျက်လုံးပြူးသွားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့အဆင့်က ရှေ့ကို သုံးလေးရာ ခုန်တက်သွားလို့ပါပဲ။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters