← Chapters

မိုးမြေနတ်ခန္ဓာကိုယ်၊ ဖန်းလျန်

Vol. 15 Ch. 199

မိုးမြေနတ်ခန္ဓာကိုယ်၊ ဖန်းလျန်

Vol. 15 Ch. 199

အခန်း (၁၉၉) မိုးမြေနတ်ခန္ဓာကိုယ်၊ ဖန်းလျန်

ရှင်းဟုန်ရွှမ်နဲ့ တစ်လကျော် ပျော်ပါးမြူးထူးပြီးနောက်မှာတော့ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ခေါ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ဂရုမစိုက်ဘဲ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ထုံစံးအတိုင်း ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးပါတယ်။

ဒီလိုလုပ်တာက အစီရင်ခံစာတွေ ဖတ်ရသလိုပါပဲ။ စိတ်ဝိညာဉ်နန်းတော်မှာရှိတဲ့ ကောင်းကင်ဧကရာဇ်လည်း ဒီလို ခံစားရကောင်း ခံစားနိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်လို ဘာမှဖြေရှင်းစရာမလိုပါဘူး။

[သင့်မိတ်ဆွေ မော့ဖူချိုသည် သင့်မြေးတပည့် ဖန်းလျန်၏ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားသည်။]

[သင့်မိတ်ဆွေ ကျိုးဖန်သည် သင့်မြေးတပည့် ဖန်းလျန်၏ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွာသည်။]

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် သင့်မြေးတပည့် မုရုံချီ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်တပည့် ရွှင်ချန်အန်းသည် နတ်ဆိုးဘုရင်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားသော်လည်း ကံကောင်းထောက်မစွာပင် သူ့တပည် မုရုံချီ၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]

[သင့်တပည့် စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် နဂါးအမတကျွန်း၏ ကံတရားအထောက်အပံ့သည် ကျဆင်းသွား၏။]

[သင့်မိတ်ဆွေ တိထိုက်ပိုင်သည် သရဲနတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၄

[သင့်မိတ်ဆွေလုံရှန်သည် မဟာဧကရာဇ်၏ ညွှန်ကြားမှုကို လက်ခံရရှိခဲ့သောကြောင့် သူ့ဆန်းကြယ်စွမ်းအားသည် မဟာဆန်းကြယ်ခြင်းသို့ ရောက်ရှိသွားသည်။]

‘ဖန်းလျန်က ကြမ်းလှချည်လား... မော့ဖူချိုနဲ့ ကျိုးဖန်ကိုတောင် နှစ်ယောက်တစ်ယောက် ချနိုင်တယ်’

ဟန်ကျွယ်ဟာ အံဩမှင်သက်သွားပြီး ဖန်းလျန်ရဲ့ အချက်အလက်ကို ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။

[ဖန်းလျန်: အတိဒုက္ခဖြတ်ကျော် ဒုတိယအဆင့်။ မိုးမြေ၏ ကံတရားအထောက်အပံ့နှင့် ပေါင်းစပ်သွားသောကြောင့် မိုးမြေနတ်ခန္ဓာကိုယ်ကို ကျင့်ကြံမိပြီး သေမျိုးအဆင့်အား ကျော်တက်သွား၏။]

‘မိုးမြေနတ်ခန္ဓာကိုယ်... နာမည်ကြည့်ရတာတော့ မဆိုးဘူး’

ဟန်ကျွယ်ဟာ စုချီက နဂါးအမတကျွန်းကို ရောက်သွားတာ သတိပြုမိလိုက်ပါတယ်။

“ချစ်တပည့်‌လေးရေ... တာအိုသခင်တန်ချင်း ငါ့ကို ပြဿနာမရှာခင် သူ့ကို မင်း သတ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်” ဟန်ကျွယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီး မျက်နှာမှာ ထူးဆန်းတဲ့အပြုံးတစ်ခု ပေါ်လာပါတယ်။

ဝူတောက်ကျန့်က စပ်စုပါတယ် “သခင် ဘယ်သူကို ပြောနေတာလဲ”

“ဘယ်သူ့ကိုမှ မဟုတ်ဘူး”

“သခင်... ကျွန်မ ကောင်းကင်ဓားတာအို ပထမအဆင့်ကို တတ်မြောက်တော့မယ်” ဝူတောက်ကျန့်က အပြုံးနဲ့ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ စိတ်ဆိုးမာန်ဆိုး ပြန်ပြောပါတယ် “မင်းတက်မြောက်ပြီးမှပဲ ဒီအကြောင်းကို ပြောကြမယ်၊ နှစ်တွေ ဘယ်လောက်ကြာနေပြီလဲ”

“ဟုတ်ကဲ့ပါ” ဝူတောက်ကျန့်ဟာ ရွေးချယ်စရာမရှိဘဲ ဆက်လက်ကျင့်ကြံ အားထုတ်ရပါတယ်။

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို လျစ်လျူရှုပြီး စာအိတ်တွေကို ဆက်ဖတ်ပါတယ်။ ဒီလိုနဲ့ လေးငါးခြောက်လ အကြာမှာတော့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်လို့ ပြီးသွားပါတယ်။ ကျိန်စာတိုက်ပြီးပြီးချင်း ဟန်ကျွယ်ဟာ ကောင်းကင်တာအိုကနေ ရွှင်ချန်အန်းကို အကဲခတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကို မစိုးရိမ်ဘဲ မနေနိုင်ပါဘူး။ ရွှင်ချန်အန်းဟာ ဗုဒ္ဓကျိန်စာကြောင့် မကြာခဏဆိုသလို အချစ်နွံထဲ သက်ဆင်းပါတယ်။ အခုလည်း ထွက်သွားတာ အတော်ကြာပါပြီ။

ရွှင်ချန်အန်းက ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီကို ထပ်မတိုးစေနိုင်တော့လို့ပါ။ မဟုတ်ရင် ဟန်ကျွယ်က ရွှင်ချန်အန်းကို ဝီရိတောင်ပေါ်မှာ ဂူပိတ်ထားမှာပါ။

ဒီအချိန်မှာတော့ ရွှင်ချန်အန်းဟာ မြို့တစ်မြို့ရဲ့ တည်းခိုခန်းထဲမှာ အရက်မူးနေပြီး အမည်နာမတစ်ခုကို တမ်းတမ်းစွဲ ရွတ်ဆိုနေပါတယ်။

“ချန်အာ... ချန်အာ... ချန်အာ...”

ဟန်ကျွယ်ဟာ ရှန်ဗုဒ္ဓကို တကယ်အထင်ကြီးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှန်ဗုဒ္ဓရဲ့ ကျိန်စာက ဘဝအလီလီပြောင်းပြီး နှစ်ရာချီကြာတာတောင် မပြယ်နိုင်သေးဘဲ ဆက်ဒုက္ခပေးနေလို့ပါ။

ချန်အာသေသွားတာ နှစ်ရာချီပါပြီ။ ဒါပေမဲ့ ရွှင်ချန်အန်းဟာ ချန်အာကို အခုထိ မမေ့နိုင်သေးပါဘူး။ ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကို သေခိုင်းပြီး နောက်ဘဝကျရင် ဘယ်မိန်းမနဲ့မှ မတွေ့အောင် ဝီရိယတောင်ပေါ်မှာ ပိတ်လှောင်ထားရင် ကောင်းမယ်လို့ ရုတ်တရက် တွေးမိလိုက်ပါတယ်။

‘မဖြစ်သေးဘူး... ဒီနည်းလမ်းက ၁၀၀ ရာခိုင်နှုန်း စိတ်မချရဘူး၊ တော်ကြာ တောင်ပေါ်က မိန်းမတွေကို ချစ်ကြိုက်သွားမှ ငါရင်ကွဲနေရလိမ့်မယ်’

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီးနောက် ချန်အာပြန်ဝင်စားတဲ့လူကို ရှာရင် ကောင်းမလား စဉ်းစားလိုက်ပါတယ်။ ဒါပေမဲ့ ရွှင်ချန်အန်းက ရုပ်ဆိုးလွန်းတဲ့အတွက် ချန်အာက ဘယ်နှဘဝ ပြန်ဝင်စားဝင်စား ရွှင်ချန်အန်းကို မကြိုက်ဖို့က ၉၉ ရာခိုင်နှုန်း သေချာပါတယ်။

‘ဟင်း... ထားလိုက်ပါတော့’

နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ရှန်ဗုဒ္ဓရဲ့ ကျင့်ကြံမှုအဆင့်ထိ ရောက်အောင် အမြန်ဆုံး ကျင့်ကြံပြီး ရွှင်ချန်အန်းကို ကယ်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မုရုံချီက ရွှင်ချန်အန်းကို အမြဲတမ်း အထင်သေးတယ်ဆိုပေမဲ့ ရွှင်ချန်အန်း ဒုက္ခရောက်တိုင်း အမြဲတိုင်း ကယ်တင်တာချည်းပါပဲ။ တစ်ခါတစ်ရံကျတော့လည်း ဟန်ကျွယ်ဟာ မုရုံချီကို သနားမိပါတယ်။

ဒါပေမဲ့လည်း ဟန်ကျွယ်မှာ ရွေးချယ်စရာမရှိပါဘူး။ မုရုံချီက ဟန်ကျွယ်ရဲ့ သုံးဆက်မြောက်တပည့်တွေထဲမှာ အကြီးဆုံးဖြစ်တာကြောင့် ရှေ့ဆောင်လမ်းပြဖြစ်သင့်ပါတယ်။

ဟန်ကျွယ်ဟာ သူ့ရဲ့တတိမျိုးဆက် တပည့်တွေက ဒုတိယမျိုးဆက်တပည့်တွေထက် စွမ်းအားပိုကြီးတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ရဲ့ ဒုတိယမျိုးဆက်ထဲမှာ စုချီနဲ့ ထူလင်းအာပဲ ကောင်းကောင်းကန်းကန်း ရှိပါတယ်။ ရွှင်ချန်အန်းနဲ့ ရန်ထျန်တုန်းက သုံးစားမရပါဘူး။

‘ငါ့မျိုးဆက်တွေအတွက် နာမည်ပေးသင့်နေပြီ၊ ဝီရိယဂိုဏ်း.. ဝီရိယတောင်၊ ဝီရိယဂူ၊ နှိမ့်ချခြင်းလိုဏ်ဂူ... ဘယ်ဟာကောင်းမလဲ...’

အချိန်တွေဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ် ဂူအောင်း ကျင့်ကြံတာတောင် နှစ်သုံးဆယ်ကြာသွားပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း အမစစ် ထိပ်ဆုံးအဆင့်ကို မရောက်ရှိသေးပါဘူး။ ထိပ်ဆုံးအဆင့်ကို မထိုးဖောက်နိုင်သေးဘူးဆိုပေမဲ့ အများကြီးတော့ မဝေးတော့ပါဘူး။ ကြယ်တာရာ လောကဦးခန္ဓာကိုယ်ကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအလျင်က ပိုမြန်ဆန်လာပေမဲ့လည်း အဆင့်တက်ဖို့ အချိန်အများကြီး ယူရပါသေးတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အမတစစ် ထိပ်ဆုံးအဆင့်ကို ထိုးဖောက်ဖို့က ဘယ်လောက်ထိ ခက်ခဲလဲဆိုတာ သိနိုင်ပါတယ်။

ဟန်ကျွယ်ဟာ လုံရှန်ကို ကြည့်လိုက်တဲ့အခါမှာတော့ အလယ်အဆင့်မှာပဲ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။

ဒီနေ့မှာတော့ ဖန်းလျန် ပြန်ရောက်လာပါတယ်။

ဖူစန်းသစ်ပင်အောက်ဟာ လူတိုင်းဟာ မတ်တတ်ရပ်ပြီး ဖန်းလျန်ကို ဝိုင်းကြည့်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖန်းလျန်က လက်တစ်ဖက် ဆုံးရှုံးလာလို့ပါ။

“ဘာဖြစ်လာတာလဲ၊ ဘယ်သူလုပ်တာလဲ” ငရဲကြက်နက်က မေးလိုက်ပါတယ်။

ဖန်းလျန်ရဲ့ ဆံပင်တွေက အဖြူယှက်နေတဲ့အတွက် နည်းနည်းအိုမင်းဟန် ပေါက်နေပြီး အရင်တုန်းကလိုမျိုး ငယ်ရွယ်နုပျိုတဲ့အသွင် မရှိတော့ပါဘး။

ဖန်းလျန်က မဲ့ပြုံးပြုံးလိုက်ပါတယ် “ကျွန်တော့်ဘာသာ ချိုးလိုက်တာပါ”

ချူရှီရန်နဲ့ ကျိုးမင်ယွဲ့ဟာ ဖန်းလျန်ကို နားမလည်နိုင်စွာ ကြည့်လိုက်ပါတယ်။

ကျိုးမင်ယွဲ့ဟာ ဖန်းလျန် ဘာဖြစ်လာတာလဲဆိုတာ တော်တော်လေး သိချင်သွားပါတယ်။ ဝီရိယတောင်ပေါ်မှာ နေတာကြာပြီဖြစ်တဲ့အတွက် ကျိုးမင်းယွဲ့ဟာ ဖန်းလျန်နဲ့ မုရုံချီကို ဆရာဘိုးဘိုးက အထူးအလေးပေးကြောင်း တစ်ခြားသူတွေဆီက ကြားထားပါတယ်။

“ဘာမှမဖြစ်ပါဘူး၊ ကျွန်တော် ဆရာဘိုးဘိုးဆီ သွားလိုက်အုန်းမယ်” ဖန်းလျန်က အပြုံးနဲ့ ပြောလိုက်ပါတယ်။

စကားဆုံးတာနဲ့ ဖန်းလျန်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူဆီ လျှောက်သွားပါတယ်။ ဟန်ကျွယ်ဟာ တစ်ခုခု မဟုတ်မှန်း သတိပြုမိတာကြောင့် ဝူတောက်ကျန့်ကို မောင်းထုတ်လိုက်ပါတယ်။

“ဆရာဘိုးဘိုး... ဆရာဘိုးဘိုး ဘာလို့အပြင်မထွက်လဲ၊ ဘာလို့ လက်မထပ်လဲဆိုတာကို ကျွန်တော် နားလည်ပြီ” ဖန်းလျန်ဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ပြီး သက်ပြင်းချလိုက်ပါတယ်။ သူ့မျက်နှာမှာ ဝမ်းနည်းမှုတွေ အပြည့်ပါပဲ။

ဟန်ကျွယ်က မေးလိုက်ပါတယ် “ဘာဖြစ်လာတာလဲ”

ဖန်းလျန်ဟာ သူကြုံတွေခဲ့ရတာတွေကို စပြောပါတယ်။

ဖန်းလျန် လက်ထပ်လိုက်တဲ့ နတ်ဆိုးသူတောင်စင်မက မြေခွေးနက် နတ်ဆိုးဧကရာဇ်ရဲ့ သမီးဖြစ်နေပါတယ်။ မြေခွေးနက် နတ်ဆိုးဧကရာဇ်က ပထမတော့ ဖန်းလျန်ကို အရမ်းအလေးပေးပါတယ်။ ဒါပေမဲ့ ဖန်းလျန်ဟာ‌ မြေခွေးနက် နတ်ဆိုးဧကရာဇ် သူ့တို့နှစ်ယောက် လက်ထပ်ပွဲကို သဘောတူတာက လူသားနဲ့ နတ်ဆိုးတွေကို အုပ်ချုပ်ချင်လို့ပဲလို့ဆိုတာ သဘောပေါက်သွားပါတယ်။

ဒါတင် မကသေးပါဘူး။ သူသိပ်ချစ်ရတဲ့ မိန်းမကပါ ဖန်းလျန်ကို စပြီးဖျောင်းဖျလာပါတယ်။ အကယ်၍ ဖန်းလျန်သာ သဘောတူမယ်ဆိုရင် မြေခွေးနက် နတ်ဆိုးဧကရာဇ်က နောက်ကျရင် သူ့နေရာကို ဖန်းလျန်ဆီ လွှဲအပ်မှာပါ။ ဒါပေမဲ့ ဖန်းလျန်ဟာ လူသားမျိုးနွယ်စုကို ဘယ်လိုနည်းနဲ့မှ မစွန့်ပစ်နိုင်ပါဘူး။

ဒီလိုနဲ့ ဖန်းလျန်တို့နှစ်ယောက်ရဲ့ အချစ်ဟာ ပြဿနာတွေကြောင့် တဖြည်းဖြည်း လုံးပါးပါးလားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဖန်းလျန်တို့နှစ်ယောက် ကွဲခဲ့ကြပါတော့တယ်။

ဖန်းလျန်ဟာ ဘယ်တော့မှ နောက်ပြန်မလှည့်ဘူးဆိုတာက သက်သေပြတဲ့အနေနဲ့ သူ့လက်ကို ချိုးပစ်ခဲ့ပါတယ်။ ဒီအဖြစ်ကြောင့် နတ်ဆိုးသူတော်စင်မဟာ ယူကျုံးမရဖြစ်ပြီး အချစ်ကြီးရင် အမျက်ကြီးတဲ့ဆိုတဲ့စကားအတိုင်း ဖန်းလျန်ကို မုန်းတီးသွားပါတယ်။

ဖန်းလျန်ရဲ့ အဖြစ်ကို ကြားပြီးတဲ့နောက် ဟန်ကျွယ်ဟာ နှစ်သိမ့်စကားဆိုပါတယ် “ဘာမှမဖြစ်ဘူး၊ ဘဝမှာ အချစ်ဒုက္ခကို ရင်ဆိုင်ရမှာ မလွဲဧကန်ပဲ၊ နောက်ကျရင် ကောင်းကောင်းမွန်မွန်သာ ကျင့်ကြံချည်၊ အမတကမ္ဘာမှာ နတ်သမီးတွေ အများကြီးရှိတယ်၊ သူ့ကို ဂရုစိုက်စရာ မလိုဘူး”

“ဒီလောကမှာ ကျင့်ကြံခြင်းကသာ အရေးကြီးဆုံးဆိုတာကို မင်းစိတ်ထဲမှာ စွဲနေအောင် မှတ်ထားချည်”

ဖန်းလျန်ဟာ မဲ့ပြုံးပြုံးလိုက်ပါတယ်။

“မင်း ဝီရိယတောင်ပေါ်မှာနေ၊ အပြင်ထပ်မထွက်တော့နဲ့”

တကယ်တော့ ဖန်းလျန်ကို တောင်အောင် မဆင်းခိုင်းတာက ကြက်သွေးရောင်တိမ်ကမ္ဘာက အဆင့်ထပ်တက်မှာစိုးလို့ပါ။

ဖန်းလျန်က ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “ဆရာဘိုးဘိုး... ကျွန်တော့်ကိုယ်ကျွန်တော် သေမျိုးလို့ မခံစားရတော့ဘူး၊ ဒီခံစားချက်က စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ခံစားချက်မျိုးပဲ၊ ကျွန်တော်က အတိဒုက္ခဖြတ်ကျော်အဆင့်ပဲ ရှိသေးတယ်ဆိုပေမဲ့ ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေတောင် ကျွန်တော် ပြိုင်ဘက် မဟုတ်တော့ဘူး၊ ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ”

ဖန်းလျန်ဟာ သူ့အရည်အချင်းနဲ့ ကံတရားအထောက်အပံ့ကို ဟန်ကျွယ်က ပြောင်းလဲပေးခဲ့တာလို့ အမြဲတမ်းတွေးတာကြောင့် တစ်ခြားသူတွေက သူ့ကို ချီးကျူးတိုင်း ဟန်ကျွယ်ကို အမြဲတိုင်း သတိရလေ့ရှိပြီး ရင်ထဲမှာ နွေးထွေးသွားလေ့ ရှိပါတယ်။

“အဲဒါ ဘာမှမဟုတ်ဘူး၊ မင်းဆရာဦးလေး စုချီတောင် ဘုံပျံတက်သွားပြီ၊ မင်းရည်ရွယ်ချက်ကလည်း သူ့လိုပဲ ဖြစ်သင့်တယ်၊ သေမျိုးကမ္ဘာက ကောင်းကင်ဘုံဝင်အဆင့်ကို မင်းရဲ့စံအဖြစ် မသတ်မှတ်နဲ့၊ မင်းက ဒီသေမျိုးကမ္ဘာမှာ စွမ်းအားကြီးတယ်ဆိုပေမဲ့ အမတကမ္ဘာက ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှမဟုတ်သေးဘူး”

ဖန်းလျန်ဟာ တစ်ခဏတွေးတောလိုက်ပြီး သူ့ဆရာဘိုးဘိုးစကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဖန်းလျန်ကို ဆန်းကြယ်စွမ်းအား သင်ပေးပါတယ်။

ဟန်ကျွယ်ဟာ ဖန်းလျန်ကို အရင်ဆုံး ဓားတစ်သောင်း သင်ပေးပါတယ်။ ဒီဆန်းကြယ်စွမ်းအားကို ဖန်းလျန် တက်မြောက်သွားရင် သုံးလောကသန့်ရှင်းခြင်းကို သင်ပေးအုန်းမှာပါ။ ဟန်ကျွယ်ရဲ့ ပန်းတိုင်က သူ့တပည့်တွေ သူ့ရဲ့စွမ်းအားမျိုးစုံက ဆက်ခံစေချင်တာပါ။ ဒီလိုဆိုရင် ဟန်ကျွယ်က သမုဒ္ဒရာလိုနက်နဲပြီး အနန္တတန်ခိုးရှင်ပုံစံ ပေါက်သွားမှာပါ။

သုံးလကြာပြီးနောက် ဖန်းလျန်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်လာပါတယ်။ ဖန်းလျန်ဟာ လွန်ခဲ့တဲ့သုံးလကလိုမျိုး စိတ်ဓာတ်ကျခြင်းမရှိဘဲ တက်ကြွနေပါတယ်။

“မြွေနဂါးဘုရင် လက်ရည်စမ်းကြမလား”

ဖန်းလျန်ဟာ ခေါင်းငါးလုံး မြွေနဂါးဘုရင်ကို အပြုံးနဲ့ မေးလိုက်ပါတယ်။ ခေါင်းငါးလုံး မြွေနဂါးဘုရင်ဟာ စိတ်ထဲမှာ သူ့ကိုယ်သူ ပြောလိုက်ပါတယ် ‘ဒီကောင်လေးက ငါ့ကို အနိုင်ကျင့်ချင်တာလား၊ မင်းက အတိဒုက္ခဖြတ်ကျော်အဆင့်ပဲ ရှိသေးတာ၊ ငါက ဘာလို့ကြောက်ရမှာလဲ’

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters