ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတ
Vol. 15 Ch. 200
အခန်း (၂၀၀) ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတ
ဖန်းလျန် ပြန်ရောက်လာပြီး ဝီရိယတောင်ထိပ်ဟာ ရက်အနည်းငယ် စည်ကားပါတယ်။ ပြီးမှပဲ အရင်လို ပြန်လည်ငြိမ်သက်သွားပါတယ်။ နှစ်တစ်ထောင်ကျော် ကြာပြီးနောက်မှာတော့ ဟန်ကျွယ်ရဲ့ တပည့်တွေဟာ တိတ်တဆိတ် ကျင့်ကြံရတာကို နှစ်ခြိုက်နေကြပါပြီ။
ကျိုးမင်ယွဲ့ဟာ ဖန်းလျန်ကို ရန်သူတော်ကြီးတစ်ယောက်လို သဘောထားပြီး အရင်ကထက် ကြိုးကုတ်ကြိုးခဲ ကျင့်ကြံပါတယ်။
ဟန်ကျွယ်ကလည်း ပြန်လည်မွေးဖွားခြင်း အမတစစ် နောက်ဆုံးအဆင့်ကို စတင်ထိုးဖောက်ပါတယ်။
၂၇ နှစ် ကြာပြီးနောက်မှာတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း အမတစစ် ထိပ်ဆုံးအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါတယ်။ အဆင့်တက်ပြီးနောက် ဟန်ကျွယ်ဟာ တစ်စက်ကလေးတောင် အနားယူခြင်းမရှိဘဲ သူ့ကျင့်ကြံမှုကို ခိုင်မြဲအောင် ဆက်ကျင့်ကြံပါတယ်။
ဒီလိုနဲ့ ငါးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နောက်ထပ်အဆင့်ကြီးတစ်ဆင့် တက်ဖို့အတွက် အဆင်သင့် ဖြစ်သွားပါတယ်။
“အပြင်ထွက်အုန်း”
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ဝူတောက်ကျန့်ကို ပြောလိုက်ပါတယ်။
ဝူတောက်ကျန့်လည်း ဟန်ကျွယ်အသံကို ကြားတာနဲ့ အလိုလိုမတ်တတ်ရပ်ပြီးသား ဖြစ်သွားပြီး လိုဏ်ဂူဝကို လျှောက်သွားပါတယ်။ ဒါပေမဲ့ လိုဏ်ဂူဝကို မရောက်ခင်မှာပဲ ဝူတောက်ကျန့်ဟာ ရုတ်တရက် နောက်ပြန်လှည့်ပြီး ပြောလိုက်ပါတယ် “သခင်... ကျွန်မ ကောင်းကင်ဓားတာအို ပထမအဆင့်ကို တက်မြောက်သွားပြီ”
“ကောင်းတယ်၊ နောက်ပြီးကျရင် မင်းကို ငါ ဒုတိယအဆင့် သင်ပေးမယ်”
“ဟုတ်ကဲ့”
ဝူတောက်ကျန့်ဟာ ခေါင်းညိတ်ပြီး ထွက်ခွာသွားပါတယ်။ ဒါပေမဲ့ သူ့နောက်ကျောဟာ အနည်းငယ် စိတ်ပျက်သွားပုံ ပေါ်နေပါတယ်။
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ပြောလိုက်ပါတယ် ‘ငါ သူ့ကို ရက်စက်လွန်းရာ ကျနေပြီလား၊ မဖြစ်သေးဘူး၊ သူ ထွက်မပြေးအောင် ချိုချိုသာသာ ဆက်ဆံအုန်းမှာပဲ’
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာတဲ့ ဝူတောက်ကျန့်ဟာ အပြင်ရောက်တယ်ဆိုရင်ပဲ ဖန်းလျန်နဲ့ ပျော်ပျော်ရွှင်ရွှင် လက်ရည်စမ်းပါတော့တယ်။ သူတို့နှစ်ယောက်ဟာ ကောင်းကင်ပေါ်တက်ပြီး တိုက်ခိုက်ကြပါတယ်။ နှစ်ဦးစလုံးက ဓားကျင့်ကြံသူတွေ ဖြစ်တာကြောင့် သူတို့ရဲ့တိုက်ခိုက်မှု ဧရိယာဟာ ကြီးမားကျယ်ပြန့်လွန်းပါတယ်။ ဒါကြောင့် ယွီဂျင်ဂိုဏ်းတော်ကြီးက ကျင့်ကြံသူတွေရဲ့အာရုံကို တော်တော်လေး ဆွဲဆောင်နိုင်လိုက်ပါတယ်။
ကောင်းကင်ဓားတာအိုနဲ့ ဓားတစ်သောင်း။
ဟန်ကျွယ်ဟာ ဒီတိုက်ပွဲကို မကြည့်ဘဲ အဆင့်တက်တာကိုပဲ အာရုံစိုက်ပါတယ်။
၇ နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတအဆင့်ကို အောင်မြင်စွာ ထိုးဖောက်ရောက်ရှိသွားပြီး ဝိညာဉ်စွမ်းအားထိုးတက်ကာ ပဓာနဝိညာဉ်လည်း အသွင်ပြောင်းလဲသွားပါတယ်။
ဟန်ကျွယ်ဟာ အလွန်ပျော်ရွှင်သွားပြီး ကိုယ်ရေးအကျဉ်းကို ချက်ချင်း ဖွင့်ကြည့်လိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၁,၃၆၅/၁၂၀,၄၅၉,၉၉၉]
[မျိုးနွယ်စု: အမတ(ကြယ်တာရာ လောကဦးခန္ဓာကိုယ်)]
[ကျင့်ကြံမှု: ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတ ကနဦးအဆင့်။]
‘ငါ့သက်တမ်းက သန်း ၁၂၀ တောင်ပါလား... များလှချည်လား’
ဟန်ကျွယ်ဟာ မိုးပေါ်ထိုးတက်သွားသလို ချက်ချင်း ခံစားလိုက်ရပါတယ်။
‘ဒါက တကယ့်ကျင့်ကြံမှုလမ်းပဲ’
ဟန်ကျွယ်ဟာ သူ့ကိုယ်ရေးအကျဉ်းကို ကြည့်ပြီး အသက်ရှူသံ မြန်လာပါတယ်။ ဒီနှစ်သန်း ၁၀၀ အတွင်းမှာ အေးအေးဆေးဆေး ကျင့်ကြံလို့ ကောင်းကင်ဘဝဂ်အဆင့်ကို မရောက်ဘူးဆိုရင် ဟန်ကျွယ်ဟာ သူ့နောက်မည်ကို ပြောင်းပြန် ပြန်ရေးလိုက်မှာပါ။
ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို အခြေခိုင်အောင် ဆက်အားထုတ်ပါတယ်။ နှစ်ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ခိုင်မြဲအောင်လုပ်လို့ ပြီးသွားပါတယ်။
အဲဒီနောက် ဟန်ကျွယ် ပထမဆုံး လုပ်တာကတော့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ဂုဏ်ပြုပွဲ ကျင်းပတာပါ။ ဒီလောက်ရှည်လျားတဲ့ သက်တမ်းရှိတာကြောင့် နှစ်လေးတစ်ထောင် နှစ်ထောင်က ဟန်ကျွယ်အတွက် ဘာမှမဟုတ်တော့ပါဘူး။
ဟန်ကျွယ်ဟာ လူတစ်ယောက်ကို ခုနစ်ရက်ကြာ ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ငါးရက်ကျော် ကျိန်စာဆက်တိုက်တဲ့ အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းက နည်းနည်းလေး လျော့ကျသွားပါတယ်။
ခုနစ်လရှစ်လ အကြာမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ကျေနပ်အားရစွာ ပြန်သိမ်းဆည်းလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို စတင်လိုက်ပါတယ်။ လုံရှန်က ဟန်ကျွယ်ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ တိထိုက်ပိုင်ကို စိန်ခေါ်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ တစ်ချက်တည်းနဲ့ အသက်မခံရတော့တာကြောင့် သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဓားတာအို တတိယအဆင့် လောကဦးကို ဖွင့်လှစ်ပြီး ကြယ်တွေ ဖန်တီးလိုက်တဲ့အခါမှာတော့ တိထိုက်ပိုင် မခံနိုင်တော့ပါဘူး။ တိထိုက်ပိုင်ဟာ ကောင်းကင်ဓားတာတိုကို တတိယအဆင့်ထိရောက်အောင် ကျင့်ကြံထားပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ ဟန်ကျွယ်ကို မယှဉ်နိုင်ပါဘူး။
ဒီတိုက်ပွဲဟာ တစ်နာရီနီးပါး ကြာမြင့်ပါတယ်။
တိုက်ပွဲပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်နာရီက အရမ်းကြာလွန်းလို့ပါ။
‘ငါ့စွမ်းအားက မလုံလောက်သေးဘူး၊ ရှန်နန်းတော်ရဲ့ ပါရမီရှင်က အမတစစ်အဆင့်နဲ့ ရွှေအမတကျင့်ကြံသူကို သတ်နိုင်တယ်၊ သူသာ ဆန်းကြယ်အမတဖြစ်လာရင် ရွှေအမတကျင့်ကြံသူကို တစ်ချက်တည်းနဲ့ သတ်နိုင်မှာပဲ’
ဒါကို တွေးမိလိုက်တဲ့ ဟန်ကျွယ်ဟာ စောစောကခံစားခဲ့ရတဲ့ ဂုဏ်ယူမှုတွေအားလုံး ပျောက်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်နဲ့ တိုက်ခိုက်ဖို့ ကြိုးစားတဲ့အခါမှာတော့ တစ်ချက်တည်း အသတ်ခံလိုက်ရပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ သူ့ရဲ့သတိကြီးကြီးထားတဲ့ အခြေအနေကို ပြန်ရောက်သွားပါတယ်။
‘ငါက တော်တော် အားနည်းနေသေးတာပဲ၊ ကောင်းကင်ဧကရာဇ်သာ စိတ်ပြောင်းပြီး ငါ့ကို သတ်ချင်ရင် ငါ ဘယ်လိုနည်းနဲ့မှ တားနိုင်မှာ မဟုတ်ဘူး’
ဟန်ကျွယ်ဟာ နောက်ထပ်ပန်းတိုင်တစ်ခု ချမှတ်လိုက်ပါတယ်။ အဲဒါကတော့ ကောင်းကင်ဧကရာဇ်ကို ကျော်တက်ဖို့ပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ခေါ်လိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ သူ့ဖျာပေါ်မှာ ထိုင်ပြီး ပြုံးလိုက်ပါတယ် “သခင်... အဆင့်တက်လို့ ပြီးသွားပြီလား”
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ချိုချိုသာသာ ဆက်ဆံဖို့ ဆုံးဖြတ်ထားတာကြောင့် အပြုံးနဲ့ ပြောလိုက်ပါတယ် “ပြီးသွားပြီ၊ ငါ မင်းကို ကောင်းကင်ဓားတာအို ဒုတိယအဆင့် သင်ပေးမယ်၊ ငါ့ဘေးနားကို လာထိုင်ချည်”
ဟန်ကျွယ်အမူအရာကြောင့် ဝူတောက်ကျန့်ဟာ အံအားလည်းသင့် ဝမ်းလည်းသာ ဖြစ်သွားပါတယ်။ ဝူတောက်ကျန့်ဟာ လူသားအသွင်ယူထားတာ နှစ်ရာချီကြာပြီဖြစ်ပေမဲ့ ဟန်ကျွယ်အိပ်ရာပေါ်မှာ တစ်ခါမှာ မထိုင်ခဲ့ဖူးပါဘူး။ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ရဲ့ဘေးနားမှာ ကြောင်ငယ်လေးတစ်ကောင်လို ထိုင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့် ဘယ်လိုထိုင်ထိုင် စိတ်မရှိပါဘူး။ ဝူတောက်ကျန့် ထိုင်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ဓားတာအို ဒုတိယအဆင့်ကို စတင်သင်ကြားပေးပါတယ်။
တစ်နှစ်ကြာ သင်ကြားပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ကိုယ့်ဘာသာ သုံးသပ်ပြီး ကျင့်ကြံခိုင်းပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဆီ တိထိုက်ပိုင် အလည်ရောက်လာပါတယ်။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်မောင်းထုတ်လိုက်ပြီး တိထိုင်ပိုင်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်ခိုင်းလိုက်ပါတယ်။
“မင်းတပည့်နဲ့ မြေးတပည့်တွေက တော်တော် အရည်အချင်း ရှိတာပဲ၊ အဆင့်တက်တာ တော်တော် မြန်လွန်းတယ်” တိထိုက်ပိုင်ဟာ မုတ်ဆိတ်မွေးကို လက်နဲ့သပ်ပြီး ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တိထိုက်ပိုင်ကို အကဲခတ်လိုက်တဲ့အခါမှာ နည်းနည်း မူမမှန်တာကို တွေ့လိုက်ရပါတယ် ‘သရဲနတ် တိုက်ခိုက်လို့ရထားတဲ့ ဒဏ်ရာက အခုထိ ပြန်မကောင်းသေးတာလား’
“ဒီလောက်ကြီးလဲ မဟုတ်ပါဘူး၊ စီနီယာ... ကျွန်တော်ဆီ ရောက်လာတာက မက်မွန်သီးပွဲတော်နဲ့ ပတ်သက်နေမယ် ထင်တယ်” ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ်။
တိထိုက်ပိုင်ဟာ ခေါင်းညိတ်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ စားပွဲပေါ်မှာ လက်သီးဆုပ်အရွယ် မက်မွန်သီးလေးလုံး ပေါ်လာပါတယ်။
ကောင်းကင်ရုံးတော်ရဲ့ မက်မွန်းသီးတွေဟာ သာမန်မက်မွန်းသီးတွေထက် အရောင်နည်းနည်း ရင့်တာကလွဲရင် ကျန်တာအားလုံး တူတူလောက်ပါပဲ။
“မက်မွန်သီးပွဲတော် စတော့မယ်၊ ပွဲတော်မှာ မက်မွန်သီးတွေ ကုန်သွားမှာစိုးလို့ ငါ မင်းဆီကို ကြိုလာပို့တာ၊ သာမန်အမတနဲ့ နတ်ဘုရားတွေက တစ်လုံးပဲ စားနိုင်တယ်၊ ကောင်းကင်မယ်တော်တောင် နှစ်လုံးပဲ စားနိုင်တာ၊ အရှင်မင်းကြီးရဲ့ သားတော်အများစုကတော့ တစ်လုံး မဟုတ်ရင် နှစ်လုံး စားနိုင်ကြတယ်၊ အရည်အချင်း အရမ်းရှိတဲ့သူတွေကတော့ သုံးလုံးစားနိုင်တယ်” တိထိုင်ပိုင်က မနာလိုစွာ ပြောလိုက်ပါတယ်။
‘အရှင်မင်းကြီးက ဒီကောင်လေးကို တော်တော် မျက်နှာသာပေးတာပဲ’
ဟန်ကျွယ်ဟာ တိထိုက်ပိုင်ရဲ့စကားကြောင့် ကောင်းကင်ဧကရာဇ်အပေါ် မျက်နှာသာပေးမှု တိုးသွားပါတယ်။ အနာဂတ်မှာ ကောင်းကင်ဧကရာဇ်သာ အကူအညီလိုမယ်ဆိုရင် အသက်အန္တရာယ်မရှိသမျှ ကာလပတ်လုံး ဟန်ကျွယ်က ကျိန်းသေပေါက် ကူညီမှာပါ။
“ကျွန်တော့်ကိုယ်စား အရှင်မင်းကြီးကို ကျေးဇူးတင်ကြောင်း ပြောပေးပါ” ဟန်ကျွယ်က အလေးအနက် ပြောလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်မက်မွန်သီးထဲမှာ ပါဝင်တဲ့ သိပ်သည်းများပြားလွန်းတဲ့ အမတချီကို အာရုံခံမိပါတယ်။ ကောင်းကင်ရုံးတော်ရဲ့ မက်မွန်သီးလို့ မပြောရပါဘူး။ တကယ်ကို သာလွန်ထူးမြတ်တာပါ။
တိထိုက်ပိုင်က အပြုံးနဲ့ ဆက်ပြောပါတယ် “ရှန်နန်းတော်ရဲ့ ပါရမီရှင်တွေကလည်း မက်မွန်သီးပွဲတော်ကို လာကြလိမ့်မယ်၊ သူတို့ရဲ့ခေါင်းဆောင်က ဓားနတ်ဧကရာဇ်ပဲ၊ ဒီလူက အချိန်မရွေး အမတဧကရာဇ် ဖြစ်လာနိုင်တယ်၊ သူက ရှန်နန်းတော် မျိုးဆက်သစ်တွေရဲ့ ခေါင်းဆောင် မဟုတ်ဘူးဆိုပေမဲ့ နံပါတ်တစ် ဓားကျင့်ကြံသူ ဖြစ်နေတုန်းပဲ၊ မင်းသာ နှစ်တစ်သောင်းလောက် စောမွေးလာခဲ့ရင် မက်မွန်သီးပွဲတော်မှာ သူ့ကိုယှဉ်ပြိုင်အနိုင်ယူပြီး သူ့ကျော်ကြားမှုကို ဖျက်ဆီးနိုင်မှာ”
‘ဓားနတ်ဧကရာဇ်’
ဟန်ကျွယ်မျက်နှာဟာ ထူးဆန်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓားနတ်ဧကရာဇ်က ဟန်ကျွယ်အပေါ်မှာ မျက်နှာသာပေးမှု ကြယ်သုံးပွင့်တောင် ရှိနေလိုပါ။ မျက်နှာသာပေးမှု ကြယ်သုံးပွင့်ဆိုတာက တရင်းတနှီးရှိတဲ့ မိတ်ဆွေရင်းချာတွေလို့ ပြောရင် မှားမယ်မထင်ပါဘူး။
“အင်အားစုနှစ်စု တွေ့ဆုံကြတာဆိုတော့ အချင်းချင်း တိုက်ခိုက်ကြမှာပေါ့” ဟန်ကျွယ်က စပ်စုလိုက်ပါတယ်။
ဇာတ်လမ်းထဲမှာဆိုရင် ပါရမီရှင်တွေက တစ်ယောက်နဲ့တစ်ယောက် တွေ့တာနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပြီး ဘယ်သူပိုသာလဲဆိုတာ ဆုံးဖြတ်ကြပါတယ်။
‘ငါ မက်မွန်သီးပွဲတော်ကို သွားမတက်တာ မှန်တယ်၊ မဟုတ်ရင် ငါ ပြဿနာပေါင်း သောင်းခြောက်ထောင် တက်မှာပဲ’
ဒီတိုက်ပွဲတွေက ကျိန်းသေပေါက် အမုန်းခံရဆုံးအချိန် ဖြစ်မှာပါ။
ကောင်းကင်ဧကရာဇ်က သူ့ကို အမြင့်ကြီးမျှော်မှန်းထားတာကြောင့် ဟန်ကျွယ်ဟာ ကျိန်းသေပေါက် စင်ပေါ်တက်ရမှာပါ။ ဟန်ကျွယ်ဟာ တွေးလေလေ မက်မွန်သီးပွဲတော် မတက်မိတာ ဝမ်းသာလေလေ ဖြစ်သွားပါတယ်။
တိထိုက်ပိုင်က အပြုံးနဲ့ ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့... ကောင်းကင်ရုံးတော်က လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရတဲ့အထဲမှာ မပါဘူး၊ ကောင်းကင်ရုံးတော်မှာလည်း ပါရမီရှင်တွေ အများကြီး ရှိပါသေးတယ်၊ အရှင့်သားလုံရှန်က ကောင်းကင်ရုံးတော်ရဲ့ နံပါတစ်ပါရမီရှင် မဟုတ်သေးဘူး၊ သူက ပါရမီရှင်စာရင်းပဲ ဝင်သေးတာ” ဟန်ကျွယ်က ခေါင်းညိတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော် တစ်ခုခုဖြစ်မျာကို မမြင်ချင်ပါဘူး။
ကောင်းကင်ရုံးတော်ကို သူဝင်ပြီးလို့ မကြာခင်မှာပဲ ကောင်းကင်ရုံးတော်က ပျက်စီးသွားမယ်ဆိုရင် ဟန်ကျွယ်က ကျိန်းသေပေါက် ကလဲ့စားလိုက်ချေရမှာပါ။ မဟုတ်ရင် ကြားလို့ကောင်းမှာ မဟုတ်ပါဘူး။
သူတို့နှစ်ဦး အတန်ကြာ စကားပြောပြီးတဲ့နောက်မှာတော့ တိထိုက်ပိုင်ဟာ ဟန်ကျွယ်ကို နှုတ်ဆက်ပြီး ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်မက်မွန်သီးလေးလုံးကို သိမ်းဆည်းလိုက်ပြီး ကောင်းကင်တာအို တိုကင်ကို ထုတ်ယူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီအတောအတွင်း ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့က ဘယ်လိုရှိလဲဆိုတာ သိချင်လာပါတယ်။
မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့ အဆင့်ကို မြင်လိုက်ရပါတယ်။
ဟန်ကျွယ်တစ်ယောက် ဆွံအသွားပါတော့တယ်။
အဆင့် ၂၅၃၂။
‘အဆင့်တက်တာ မြန်လှချည်လား’
‘ကောင်းကင်ရုံးတော်ရဲ့ ကံတရား အထောက်အပံ့ ကျဆင်းလာလို့များလား’
ဟန်ကျွယ်ဟာ အတွေးရေယဉ်ကြောထဲ မျောသွားပါတယ်။
‘ထားလိုက်ပါတော့... ငါ့စွမ်းအားကြီးမားလာအောင် ဓားတာအိုဆန်းကြယ်စွမ်းအားတွေကို အဆင်မြှင့်ရမယ်’
ဟန်ကျွယ်ဟာ မျက်စိတ်မှိတ်လိုက်ပြီး သုံးလောကသန့်ရှင်းခြင်း ဆန်းကြယ်စွမ်းအားကို စတင် သုံးသပ်လိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ထဲ ဝင်ရောက်သွားပါတယ်။
ကျန်းကူရှင်းကို ဟန်ကျွယ် ထပ်တွေ့လိုက်ရတဲ့အခါမှာတော့ ကျန်းကူရှင်းက လူတစ်ယောက်နဲ့ စကားပြောနေတာကို တွေ့လိုက်ရပါတယ်။
ကျန်းကူရှင်းဟာ ဟန်ကျွယ်ကို ပြုံးပြီး နှုတ်ဆက်လိုက်ပါတယ် “မင်းလာတာ အချိန်ကိုက်ပဲ၊ ငါ မင်းကို မိတ်ဆက်ပေးစရာရှိတယ်၊ ဒါက ရှန်နန်းတော်ရဲ့ ဓားကျင့်ကြံသူတစ်ဦးပဲ၊ သူက အသက်သုံးထောင်ပဲ ရှိသေးပေမဲ့ မဟာညီညွှတ်မှု အမတစစ် နောက်ဆုံးအဆင့်ကို ရောက်နေပြီ၊ သူက ပါရမီရှင်ဖြစ်ဖို့ အရည်အချင်းအရှိတယ်”
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။