← Chapters

ကောင်းကင်ကိုးလွှာရေစင်၏ ပြောင်းလဲမှု

Vol. 16 Ch. 203

ကောင်းကင်ကိုးလွှာရေစင်၏ ပြောင်းလဲမှု

Vol. 16 Ch. 203

အခန်း (၂၀၃) ကောင်းကင်ကိုးလွှာရေစင်၏ ပြောင်းလဲမှု

ငါးမိနစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ် ‘ဒီမီးဧကရာဇ်က မဆိုးဘူးပဲ’

တိုက်ပွဲအစမှာ ဟန်ကျွယ်ဟာ လုံးဝ ဖိနှိပ်ခံရပါတယ်။ နေမီးလျှံစစ်ရဲ့ လောင်မြိုက်နိုင်စွမ်းက အရမ်းအရမ်းကို ကြောက်ဖို့ကောင်းပါတယ်။ ဒီတိုက်ပွဲမှာ ဟန်ကျွယ်နိုင်ခဲ့တယ်ဆိုပေမဲ့ ဟန်ကျွယ်ရင်ထဲမှာတော့ အကြောက်မပြေသေးပါဘူး။

‘ငါ သူ့ကို တစ်ချက်တည်း မသတ်နိုင်ဘူးဆိုတော့ သူ့ကို ရန်မစတာ အကောင်းဆုံးပဲ’ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ စိတ်ထဲမှာ ပြောလိုက်ပါတယ်။

မီးဧကရာဇ်ရဲ့ စွမ်းအားကို နားလည်ပြီးနောက်ပိုင်း ဟန်ကျွယ်ဟာ သက်သာရာ ရသွားပါတယ်။ ဒီလိုစွမ်းအားကြီးကျင့်ကြံသူရဲ့ ကာကွယ်မှုနဲ့ဆိုရင် ကြက်သွေးရောင်တိမ်ကမ္ဘာကို တစ်ယောက်ယောက် ကျူးကျော်လာမှာ စိုးရိမ်စရာ မလိုတော့ပါဘူး။

မီးဧကရာဇ်ဟာ လေပေါ်မှာ တရားထိုင်ပြီး တိတ်တဆိတ် ကျင့်ကြံနေပါတယ်။ သူဟာ အမှောင်ထုမှာ အလင်းဖြာထွက်နေတဲ့ နေမင်းလိုပါပဲ။

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲ လုပ်ဆောင်ချက်နဲ့ လေးငါးခြောက်နာရီ ကစားပြီးမှ ဆက်လက်ကျင့်ကြံပါတယ်။

နက်ရှိုင်းလှတဲ့ ဟင်းလင်းပြင်မှာတော့...။

အပူတပြင်း တောက်လောင်နေတဲ့ မီးလျှံတွေထဲမှာ လူတစ်ယောက် တရားထိုင်နေပါတယ်။ သူဟာ အနီရောင်ဝတ်ရုံနဲ့ ရွှေရောင်သရဖူကို ဆင်မြန်းထားပြီး ဧကရာဇ်လို စိုးမိုးခြယ်လှယ်တက်တဲ့ ရောင်ဝါမျိုး ထွက်ပေါ်နေပါတယ်။ သူဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။

“ခုနက...”

မီးဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်ယောက်က သူ့ကို ချောင်းကြည့်နေတယ်လို့ ခံစားလိုက်ရပြီး တစ်ဖက်လူရဲ့ တည်နေရာကို ပြန်ပြီးတော့ အာရုံခံလို့မရလို့ပါ။

‘ကောင်းကင်ဧကရာဇ်က ဒီသေမျိုးကမ္ဘာကို ကာကွယ်ဖို့ တာဝန်ပေးတာ အံဩစရာမရှိတော့ပါဘူး၊ တကယ်ကို ပြဿနာတက်မဲ့ပုံပဲ’

မီးဧကရာဇ်ဟာ သတိမလွှတ်ရဲတာကြောင့် လက်ဝှေ့ယမ်းပြီး နေမီးလုံးတစ်လုံးကို ထုတ်ဖော်လိုက်ပါတယ်။ ဒီနေမီးလုံးဟာ မီးလျှံပေါင်းများစွာ ကွဲထွက်သွားပြီး အရပ်ဆယ်မျက်နှာကို ပျံသန်း ပျောက်ကွယ်သွားပါတယ်။

ကြိတ်ကြိတ်တိုး စည်ကားလှတဲ့ မြို့တစ်မြို့မှာ လမ်းမတွေအကုန်လုံး လူတွေနဲ့ ပြည့်နှက်နေပါတယ်။

ရွှင်ချန်အန်းဟာ လမ်းထောင့်မှာ မတ်တတ်ရပ်နေပြီး လှမ်းကြည့်လိုက်ပါတယ်။ သူဟာ အနက်ရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး ကောက်ရိုးဦးထုပ် ဆောင်းထားပါတယ်။

မုရုံချီဟာ ရွှင်ချန်အန်းရဲ့ အနောက်မှာ ရုတ်တရက် ပေါ်လာပြီး ဒေါသတကြီး ပြောလိုက်ပါတယ် “ကြိုက်တယ်ဆိုရင်လည်း သွားတွေ့လေ”

ရွှင်ချန်အန်းဟာ သူ့တပည့်ရဲ့ အသံကြောင့် ကြောက်လန့်သွားပြီး ချက်ချင်းနောက်လှည့်ကာ စောဒကတက်လိုက်ပါတယ် “မင်း ဒီလို ရုတ်တရက်ကြီး မပေါ်လာလို့ မရဘူးလား”

“ဟမ်... ဆရာသခင်ကမှ ကြိုးကြိုးစားစား မကျင့်ကြံတာ၊ ကျွန်တော် ကျင့်ကြံမှုက အရမ်းမြင့်နေတော့ ဆရာသခင်က ကျွန်တော်ရောက်နေတာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”

မုရုံချီဟာ သူ့ဆရာသခင်ကိုကြည့်ပြီး ဘာမှမတက်နိုင်ရှာပါဘူး။ မသိတဲ့သူတွေဆိုရင် ဆရာသခင်ကို တပည့်လို့ထင်ပြီး တပည့်ကို ဆရာသခင်မှာ ထင်မိမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။

ရွှင်ချန်အန်းက သက်ပြင်းချလိုက်ပါတယ် “သူက ဒီလောက်ထိလှတာ၊ ငါ့ကို လုံးဝကြိုက်မှာ မဟုတ်ဘူး”

မုရုံချီဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “ဆရာသခင်က စွမ်းအားကြီးကျင့်ကြံသူလေ၊ သူက ချီသန့်စင်ခြင်းအဆင့်ပဲရှိတာ၊ ဘယ်လိုလုပ်ပြီး သူက ငြင်းနိုင်မှာလဲ”

“ချန်အာက ကျင့်ကြံမှုအဆင့်ကို ကြည့်တက်တဲ့ အစားထဲမှာ မပါဘူး”

“ဒါဆိုရင် သူက ဆရာသခင်ရဲ့ မျက်နှာကို ကြည့်ရမှာလား၊ ကျင့်ကြံမှုအဆင့်ကို ကြည့်တာက ပိုမကောင်းဘူးလား”

“မင်း... ကျေးဇူးမသိတက်တဲ့ တပည့်”

ရွှင်ချန်အန်းဟာ ‌ဒေါသကြောင့် တုန်ယင်သွားပြီး မုရုံချီကို ပါးရိုက်ချင်စိတ် ပေါက်သွားပါတယ်။ ဒါပေမဲ့ တကယ်ရိုက်ဖို့က မဖြစ်နိုင်ပါဘူး။ မုရုံချီက ဆက်ပြောပါတယ် “ဆရာသခင်က ဘာကို ကြောက်နေတာလဲ၊ သူ့ကို နှစ်ရာချီကြာအောင် ရှာနေတာ ဒီစကားပြောဖို့ မဟုတ်ဘူးလား၊ သူက လက်မခံဘူးဆိုရင်တောင် ကြိုးစားသင့်တယ်၊ ကျွန်တော် ဆရာသခင်ကို ကူညီမှာပါ”

ရွှင်ချန်အန်းဟာ မုရုံချီရဲ့စကားကြောင့် ရှိသမျှသတ္တိတွေကို စုစည်းလိုက်ပြီး ခပ်လှမ်းလှမ်းဆီ လျှောက်သွားပါတယ်။

မုရုံချီကတော့ နေရာမှာပဲ ရပ်နေပြီး ဘာဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေပါတယ်။

ဆယ်နှစ်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ အသက် ၁၄၀၀ ပြည့်သွားပါပြီ။ ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။

မီးဧကရာဇ် ရောက်လာကတည်းက ကြက်သွေးရောင် တိမ်ကမ္ဘာကို ဘယ်သူမှာ လာမတိုက်ခိုက်ပါဘူး။

ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတ အလယ်အဆင့်ကို မထိုးဖောက်နိုင်သေးဘူးဆိုပေမဲ့ သိပ်ပြီးတော့ မဝေးတော့ပါဘူး။

ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်တပည့် စုချီသည် ကြမ္မာဆိုးကို ဖြန့်ကျက်ခဲ့သောကြောင့် တာအိုသခင်တန်ချင်းသည် အတွင်းနတ်ဆိုး ဖြစ်ပေါ်လာပြီး နဂါးအမတကျွန်းသည် နှစ်သောင်းချီတွင် ကြုံတွေ့ခဲရလှသော ပင်လင်ကပ်ဘေးနှင့် ရင်ဆိုင်ရပြီး ကြီးမားစွာ ဆုံးရှုံးပျက်စီးသွားသည်။]

[သင့်မိတ်ဆွေ ကျိုးဖန်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ ကယ်တင်စောင်မမှုဖြင့် အမတကမ္ဘာသို့ ဝင်ရောက်သွားသည်။]

[သင့်တပည့် ရန်ထျန်တုန်းသည် သေမျိုးကမ္ဘာမှ ထွက်ခွာသွားသည်။]

[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် အခွင့်အရေးတစ်ခုကြောင့် ‌ကောင်းကင် ကောင်းချီးနယ်မြေသို့ မတော်တဆ ဝင်ရောက်မိသွားသည်။]

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် မဟာညီညွှတ်မှုဓားတာအိုကို သိမြင်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]

[သင့်အိမ်မွေးသားရဲ ပဋိပက္ခကောင်းကင်ခွေးသည် လက်ယာကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၀၃၉၃

[သင်မြေးတပည့် ဖန်းလျန်သည် ကျင့်ကြံနေစဉ် မဟာတာအိုအား သုံးသပ်နားလည်ခဲ့သည်။ ဖန်းလျန်၏ ပဓာနဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး မဟာတာအို၏ မျက်နှာသာပေးမှုကို ရရှိသွားသည်။]

ဟန်ကျွယ်ဟာ စာအိတ်တွေကို ဆက်ဖတ်ပါတယ်။ ဒီဆယ်နှစ်ဆိုတဲ့ အချိန်ကာလက အခွင့်အရေးတွေနဲ့ချည်းပဲ ပြည့်နှက်နေပါတယ်။

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေတစ်ဆင့် ရွှမ်ချင်းကျွင်းရဲ့ ကျင့်ကြံမှုအဆင့်ကို စစ်ဆေးလိုက်တဲ့အခါ မဟာညီညွှတ်မှု မြေအမတဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ရွှမ်ချင်းကျွင်းက ဟန်ကျွယ်နဲ့ မယှဉ်နိုင်ဘူးဆိုပေမဲ့ အနည်းဆုံးတော့ ဆက်တိုးတက်နေတုန်းပါပဲ။

ဟန်ကျွယ်ဟာ သူ့ရဲ့ ပထမဆုံး တာအိုလက်တွဲဖော်ကို တော်တော်လေး ဂရုစိုက်ပါတယ်။ ရွှမ်ချင်းကျွင်းက သူ့ကို ဖိအားပေးဖို့ ရည်ရွယ်ခဲ့တယ်ဆိုပေမဲ့ သူ့ကို အမြဲတမ်း လက်ဆောင်တွေ ပေးခဲ့ပါတယ်။

ဟန်ကျွယ်ဟာ သူတို့နှစ်ယောက် ထပ်တွေ့မဲ့အချိန်ကို မျှော်လင့်နေပါတယ်။

‘သူသာ ငါ့ကျင့်ကြံမှုအဆင့်ကို သိသွားရင် ဘယ်လိုနေမလဲ မသိဘူး’

‘ငါ ဒီအကြောင်းတွေကို ထပ်တွေးလို့မဖြစ်ဘူး’

ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံနေရာကနေ အပြင်တောင် ထွက်ချင်စိတ် ပေါက်သွားပါတယ်။

‘ကောင်းကင်တာအိုက ငါ့ကို နှိပ်စက်နေတာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။

ခုနစ်လရှစ်လ အကြာမှာတော့ ဟန်ကျွယ်ာ သူ့ရန်သူအားလုံးကို ကျိန်စာတိုက်ပြီးသွားတဲ့အတွက် ကြမ္မာဆိုးစာအုပ်ကို ကျေနပ်အားရစွာ ပြန်သိမ်းလိုက်ပါတယ်။

ဝူတောက်ကျန့်က ပြောလိုက်ပါတယ် “သခင်... ကောင်းကင်ကိုးလွှာရေစင်က ပုံပြောင်းသွားပြီ”

ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ ကောင်းကင်ကိုးလွှာရေစင်က ရေအိုင်ကလေး ဖြစ်လာပြီး ရေမျက်နှာပြင်မှာ ငွေရောင်တောက်နေတာကို တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို မြင်လိုက်ရတာကြောင့် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ ကောင်းကင်ကိုးလွှာရေစင်ဆီ လျှောက်သွားပါတယ်။

ကောင်းကင်ကိုးလွှာရေစင်ထဲမှာ မြို့တစ်မြို့ရဲ့ ပုံရိပ် ပေါ်လာပါတယ်။ လူတွေ သွားချည်လာချည် လှုပ်ရှားနေပြီး ကျင့်ကြံသူတော်တော်များများကလည်း မြို့ထက်မှာ ပျံသန်းနေကြပါတယ်။

“အင်း...”

ဟန်ကျွယ်ဟာ အံအားသင့်သွားပေမဲ့ သူ ဘာမြင်နေရတာလဲဆိုတာကို နားမလည်ပါဘူး။

‘ကောင်းကင်ကိုးလွှာရေစင်က ဒီလိုလုပ်ဆောင်ချက်မျိုး ရှိသေးတာလား’

ဟန်ကျွယ်ဟာ ရေထဲက မြို့ဟာ ဘယ်နားကလဲဆိုတာ သိချင်သွားပါတယ်။ ဟန်ကျွယ်ဟာ နားမလည်တဲ့အတွက် နားလည်တဲ့လူကို မေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နားလည်တဲ့လူက တစ်ခြားလူမဟုတ်ပါဘူး။ ဟန်ကျွယ်က အစ်ကိုတော်အဖြစ် သတ်မှတ်ထားတဲ့ ကျန်းကူရှင်းပါ။

ဟန်ကျွယ်ဟာ သူ့အိပ်ရာပေါ်ကို ချက်ချင်းပြန်ပြီး ဓားတာအိုကို သုံးသပ်လိုက်ပါတယ်။ မကြာခင်မှာ ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ကို ရောက်သွားပြီး ကျန်းကူရှင်းကို တွေ့လိုက်ရပါတယ်။

“အစ်ကိုတော်... ကောင်းကင်ကိုးလွှာရေစင်ကို ကြားဖူးလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။

ကျင့်ကြံအားထုတ်နေတဲ့ ကျန်းကူရှင်းဟာ ဟန်ကျွယ်ရဲ့ အမေးစကားကြောင့် ကျင့်ကြံရာက ထလိုက်ရပါတယ်။ ကျန်းကူရှင်းဟာ ဟန်ကျွယ်ရဲ့ ရည်ရွယ်ချက်ကို နားမလည်ပေမဲ့ ပြန်ဖြေလိုက်ပါတယ် “ကြားဖူးတယ်၊ မင်းက ဒီဒဏ္ဍာရီလာမြင့်မြတ်ရေစင်ကို ရထားလို့လား”

‘ဒီကောင်လေးရဲ့ အရည်အချင်းက ကြောက်ဖို့ကောင်းသလောက် ကံတရား အထောက်အပံ့ကလည်း တော်တော်လေး မနာလိုစရာပဲ”

“ကျွန်တော် လေ့ကျင့်နေတုန်း ရေအိုင်လေးတစ်အိုင် တွေ့ခဲ့တယ်၊ အဲဒီရေအိုင်က ကောင်းကင်ကိုးလွှာရေစင်ပဲ၊ အဲဒီရေမျက်နှာပြင်မှာ မြို့တစ်မြို့ပုံ ထင်ဟပ်နေတယ်၊ အဲဒါ ဘာကြောင့်လဲ”

‘ငါ့အစ်ကိုတော်က တော်‌တော်လေး အံဩဖို့ကောင်းတယ်၊ သူမသိတာ ဘာမှမရှိဘူး’

“ကောင်းကင်ကိုးလွှာရေစင်က ကောင်းကင်တာအိုရေစင်ပဲ၊ အဲဒီရေစင်က အနန္တကမ္ဘာကို ထင်ဟပ်စေနိုင်တယ်၊ ဒီရေမျက်နှာပြင်က ကမ္ဘာတစ်ခုခုရဲ့ မိုးမြေသားတော်ကို ပြလိမ့်မယ်၊ မိုးမြေသားတော်ဆိုတာက ကောင်းကင်တာအိုရဲ့ ဇာတ်လိုက်ပဲ၊ လူသားမျိုးနွယ်စုက ကောင်းကင်တာအိုရဲ့ ဇာတ်လိုက်မို့လို့ အနန္တကမ္ဘာကို စိုးမိုးနိုင်တယ်၊ သေမျိုးကမ္ဘာမှာလည်း ကောင်းကင်တာအိုက မိုးမြေသားတော်ကို ရွေးချယ်လိမ့်မယ်၊ အမတကမ္ဘာမှာ အင်အားကြီးတဲ့ အင်အားစုတွေက ကောင်းကင်ကိုးလွှာရေစင်ကို အသုံးချပြီး အရည်အချင်းရှိတဲ့သူတွေကို ရှာဖွေကြတယ်”

ကျန်းကူရှင်းရဲ့ အဖြေကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်ကိုးလွှာရေစင်အကြောင်းကို နားလည်သွားပါတယ်။

‘ဖန်းလျန်ရော ပစ်မှတ်ထားခံရမှာလား’

‘ဒါ ဖြစ်နိုင်တယ်’

‘သူ့ကို အမတနတ်ဘုရားက အိပ်မက်ထဲမှာ ပညာလာသင်ပေးနေတယ်၊ နောက်ပြီးတော့ ရှေးခေတ်ကို အိပ်မက်မြင်မက်တာတွေက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးဦးရဲ့ လက်ချက်ပဲ ဖြစ်ရမယ်’

ဟန်ကျွယ်ဟာ ကျန်းကူရှင်းနဲ့ စကားထပ်မပြောတော့ဘဲ ချက်ချင်း ထွက်ခွာလာခဲ့ပါတယ်။

ကျန်းကူရှင်းဟာ စိတ်မချမ်းမသာ ဖြစ်သွားပါတယ် ‘ဒီကောင်လေးက ငါ့ကို ဘာထင်နေတာလဲ၊ လာချင်တဲ့အချိန်လာပြီး ပြန်ချင်တဲ့အချိန်ပြန်တယ်’

ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ကောင်းကင်ကိုးလွှာရေစင်ဆီ ထပ်လျှောက်သွားပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ အဲဒီကမ္ဘာရဲ့ မိုးမြေသားတော်ကို မြင်ချင်တာကြောင့် သေချာကြည့်ပါတယ်။

ကောင်းကင်ကိုးလွှာရေစင်က ဟန်ကျွယ်ရဲ့ အတွေးကို ခံစားမိပုံပါပဲ။ မြင်ကွင်းက ချက်ချင်း ပြောင်းလဲသွားပြီး ဝင်းခြံတစ်ခု ပေါ်လာပါတယ်။ ဝင်းခြံထဲက မိုးမခပင်အောက်မှာ အဖြူရောင်ဝတ်စုံနဲ့ မိန်းမပျိုတစ်ဦး တရားထိုင်နေပါတယ်။

သူ့မျက်နှာက အလွန်လှပပြီး ရှည်လျားတဲ့ဆံနွယ်တွေ ရှိပါတယ်။ မိုးမခပင်အောက်မှာ တရားထိုင်နေပုံက ရှုမငြီးတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။

‘ဒါက မိုးမြေသားတော်လား’

စပ်စုချင်တဲ့ ဟန်ကျွယ်ဟာ နတ်အာရုံနဲ့ စမ်းသပ်ကြည့်တဲ့အခါ သူ့နတ်အာရုံက ကောင်းကင်ကိုးလွှာရေစင်ကို ဖြတ်သန်းပြီး တစ်ဖက်သေမျိုးကမ္ဘာကို ချောင်းကြည့်လို့ရမှန်း အံအားသင့်ဖွယ် တွေ့ရှိလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ တစ်ဖက်က စွမ်းအားကြီးကျင့်ကြံသူတွေကို အပြစ်ပြုမိမှာ ကြောက်တာကြောင့် သူ့နတ်အာရုံကို ဝင်းခြံထဲမှာ ထိန်းသိမ်းထားလိုက်ပါတယ်။ ဒီမိန်းမပျိုက ကောင်းကင်ဘုံဝင်အဆင့် ရှိပါတယ်။

[ကံတရား အထောက်အပံ့ရှိသူအား ရှာဖွေတွေ့ရှိထားသည်။ မူလဇစ်မြစ်ကို စစ်ဆေးနေသည်။]

သူရှေ့မှာ ပေါ်လာတဲ့ စာကြောင်းကြောင့် ဟန်ကျွယ်ဟာ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters