အကောင်းစား ဧကရာဇ်တာအို ရတနာ၊ ကျိုးဖန်၏ မျှော်လင့်ချက်
Vol. 16 Ch. 208
အခန်း (၂၀၈) အကောင်းစား ဧကရာဇ်တာအို ရတနာ၊ ကျိုးဖန်၏ မျှော်လင့်ချက်
ဟန်ကျွယ်ဟာ သူ့ရှေ့က ရွေးချယ်မှုနှစ်ခုကိုကြည့်ပြီး ချက်ချင်း မဆုံးဖြတ်သေးဘဲ ရွှင်ချန်အန်း ပြောပြတဲ့ အကြောင်းအရာတွေကို ဆက်နားထောင်ပါတယ်။
ရွှင်ချန်အန်းရဲ့ အဖြစ်အပျက်က သိပ်အရှုပ်ကြီး မဟုတ်ပါဘူး။ ရွှင်ချန်အန်းရဲ့ ကာကွယ်မှုအောက်မှာ ချန်အာလူဝင်စားက ကျင့်ကြံခြင်းဂိုဏ်းထဲ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး နောက်ထပ်ယောက်ျားတစ်ယောက်နဲ့ ချစ်ကြိုက်သွားခဲ့ပါတယ်။
ရွှင်ချန်အန်းဟာ ဒီအကြောင်းကိုသိသွားတော့ နှလုံးကွဲကျေမတက် ခံစားခဲ့ရပါတယ်။ ဒါပေမဲ့လည်း အချစ်စစ်အတွက် ရွှင်ချန်အန်းဟာ ဆက်ပြီးတော့ စောင့်ရှောက်ပေးခဲ့ပါတယ်။ နောက်တော့ ချန်အာရဲ့ယောက်ျားဟာ ရွှင်ချန်အန်းအကြောင်းကို ရှာတွေ့သွားပြီး စတင်အသုံးချပါတော့တယ်။ သူဟာ ချန်အာကို ရွှင်ချန်အန်းဆီကနေ ပစ္စည်းမျိုးစုံ တောင်းခိုင်ပါတော့တယ်။
ရွှင်ချန်အန်းဟာ ဒီကိစ္စကို လုံးဝ သတိမထားမိပါဘူး။ ဒါပေမဲ့ မုရုံချီက မကြာခင်မှာပဲ ရှာတွေ့သွားပါတယ်။ ရွှင်ချန်အန်း ဒီကိစ္စကို စိတ်မဆိုးပါဘူး။ ဒါပေမဲ့ နှလုံးသားကို မီးအပ်တစ်သန်းနဲ့ အထိုးခံရသလို နာကျင်သွားပါတယ်။
မုရုံချီဟာ ဆက်ပြီးတော့ သည်းမခံနိုင်တော့တာကြောင့် ချန်အာရဲ့ယောက်ျားက သင်ခန်းစာပေးလိုက်ပါတယ်။ ဒါပေမဲ့ မုရုံချီရဲ့ လက်ချက်နဲ့ ချန်အာယောက်ျားဟာ သေပွဲဝင်သွားရပါတယ်။
မုရုံချီလည်း ဒီအဖြစ်ကြောင့် တော်တော်လေး မှင်သက်အံဩသွားခဲ့ရပါတယ်။ တကယ်တော့ မုရုံချီက အင်အားနည်းနည်းလေးပဲ သုံးခဲ့တာပါ။
အဲဒီကိစ္စပြီးတဲ့နောက်မှာ ချန်အာဟာ မုရုံချီနဲ့ ရွှင်ချန်အန်းကို အသေမုန်းသွားပါတယ်။ သူဟာ မိစ္ဆာကျင့်ကြံသူတစ်ဦးကို လက်ထပ်ပြီး လက်စားချေဖို့ ကြည့်စည်ပါတယ်။ ဒါပေမဲ့ လက်ရှိ သေမျိုးကမ္ဘာမှာ ဘယ်မိစ္ဆာကျင့်ကြံသူကများ မုရုံချီရဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာလဲ။ မုရုံချီဟာ လာသမျှ မိစ္ဆာကျင့်ကြံသူတွေကို အပြတ်ရှင်းပစ်ပါတယ်။
ချန်အန်ကလည်း ဆက်တိုက်ကို လက်ထပ်ပြီး ရွှင်ချန်အန်းကို ပိုပိုပြီး မုန်တီးလာပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ချန်အာဟာ မိစ္ဆာကျင့်ကြံသူတစ်ဦးရဲ့ လှည့်စားတာခံရပြီး အသက်ဓာတ် အခိုးခံရကာ ညတွင်းချင်း အိုမင်းပြီး ကျင့်ကြံထားသမျှအားလုံး ဆုံးရှုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ရွှင်ချန်အန်းရဲ့ အဖြစ်အပျက်ကို ကြားပြီးနောက် စိတ်ထဲမှာ အံဩတကြီး ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက တော်တော်ကို ယုတ္တိမရှိလို့ပါ။ ဒါပေမဲ့လည်း ချက်ချင်းဆိုသလို ဟန်ကျွယ်ဟာ တစ်စုံတစ်ခု မှားယွင်းနေတယ်လို့ ခံစားလိုက်ရပါတယ်။
‘ချန်အာက ဦးနှောက်မရှိတာလား၊ ရုပ်ဆိုးတဲ့ ရွှင်ချန်အန်းနောက်ကို လိုက်ဖို့ထက် မိစ္ဆာကျင့်ကြံသူအများကြီးကို ဘာလို့ လက်ထပ်ခဲ့တာလဲ’
‘မုရုံချီကလည်း ရွှင်ချန်အန်း ယောက်ျားကို ထိတာနဲ့ ဘာလို့သေသွားရတာလဲ’
‘ဗုဒ္ဓဂိုဏ်းက ဒီကိစ္စတွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေတာလား’
“ဆရာသခင်... ကျွန်တော် ထပ်ပြီး မချစ်ချင်တော့ဘူး... ဒါပေမဲ့ ကျွန်တော် ချန်အာကိုလည်း ထပ်ပြီးတော့ သတိမရချင်တော့... ကျွန်တော် တကယ်မလိုချင်တော့ဘူး...”
“ဒါပေမဲ့ ကျွန်တော်နှလုံးသားထဲမှာ အတွင်းနတ်ဆိုး ရှိနေတယ်လို့ ဘာလို့ ခံစားနေရတာလဲ၊ ဘာဖြစ်လို့ သူ့အပြုံးနဲ့ မျက်မှောင်ကြုတ်တာတွေကိုပဲ အမြဲတမ်း မြင်နေရတာလဲ”
“ကျွန်တော်က အတိဒုက္ခဖြတ်ကျော်သူ ဖြစ်နေပြီ၊ ဒါပေမဲ့ ဘာဖြစ်လို့ သူ့ကို မေ့လို့မရတာလဲ”
ရွှင်ချန်အန်းဟာ စိတ်ပျက်အားလျော့စွာ ပြောလိုက်ပါတယ်။ စကားအဆုံးမှာပဲ ရွှင်ချန်အန်းရဲ့ မျက်ဆံတွေက ရွှေရောင်ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ရွှင်ချန်အန်းက ချန်အာကို တကယ်ကြိုက်တာ မဟုတ်ဘဲ ကျိန်စာနဲ့ ဘေးဒုက္ခကြောင့် ဒီလိုဖြစ်နေတယ်ဆိုတာကို သံသယရှိတာ ကြာလှပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်နေပါတယ်။
ရွှင်ချန်အန်းရဲ့ ခံစားမှုဝေဒနာကို ကြည့်ပြီး ဟန်ကျွယ်ဟာ နံပါတစ်ကို မရွေးချယ်နိုင်ပါတယ်။ ရွှင်ချန်အန်းကို ဟန့်တားလိုက်တာက သူ့ကို ပြဿနာလျော့နည်းစေမှာ မှန်ပေမဲ့ ရွှင်ချန်အန်းကတော့ အတိုင်းမသိတဲ့ ဝေဒနာကို ခံစားရမှာ မလွဲဧကန်ပါပဲ။
‘ဘာလို့ ငါကြောက်ရမှာလဲ၊ နဂါးနိုင်ဗုဒ္ဓတောင် ငါ့ကို အနိုင်မယူနိုင်ဘူး၊ ဗုဒ္ဓဂိုဏ်းမှာ တစ်ခြားစွမ်းအားကြီး ဗုဒ္ဓတွေ ရှိတယ်ဆိုရင်တောင် ငါ့နောက်မှာ ကောင်းကင်ရုံးတော် ရှိသေးတယ်၊ သူတို့က ရန်သူတွေဆိုတော့ ကောင်းကင်ရုံးတော်က ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး’
အဲဒီနောက် ဟန်ကျွယ်ဟာ ဆုံးဖြတ်ချက်တစ်ခုကိ ပြတ်သားစွာ ချလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ညာလက်ကိုအသာမြှောက်ပြီး ရွှင်ချန်အန်းရဲ့ နဖူးကို လက်ညိုးနဲ့ ညွှန်လိုက်ပါတယ်။
ရွှင်ချန်အန်းဟာ ကြက်သေသေသွားပြီး သူ့ဆရာသခင်ရဲ့ အပြုအမူကို နားမလည် ဖြစ်သွားပါတယ်။
ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါတယ် “ဒါက မင်းအမှားမဟုတ်ဘူး၊ တကယ်တော့ မင်းက အချစ်ဘေးဒုက္ခကို ခံစားနေရတာ”
‘အချစ်ဘေးဒုက္ခ’ ရွှင်ချန်အန်းဟာ တအံတဩ ဖြစ်သွားပါတယ်။ ရွှင်ချန်အန်း ဆက်ပြီး မတွေးနိုင်ခင်မှာပဲ ဟန်ကျွယ်ရဲ့ ကြီးမားလွန်းတဲ့ ဝိညာဉ်စွမ်းအားဟာ ရွှင်ချန်အန်းခန္ဓာကိုယ်ထဲ ဝင်လာပါတယ်။ ဟန်ကျွယ်ရဲ့ နတ်အာရုံကလည်း ရွှင်ချန်အန်းဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းကို ဝင်ရောက်လာပါတယ်။
ရွှင်ချန်အန်းဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ အမွေအနှစ်တစ်ခုက ပြင်းထန်စွာ တုန်ခါနေပါတယ်။ ဒီအမွေအနှစ်က လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအားတစ်မျိုး ထုတ်လွှတ်ပြီး ရွှင်ချန်အန်းရဲ့ ဝိညာဉ်ကို တိုက်ခိုက်ကာ အချစ်ဘေးဒုက္ခကို ခုခံနေပါတယ်။
ဟန်ကျွယ်ဟာ နတ်အာရုံကို အသုံးပြုပြီး ကူညီလိုက်ပါတယ်။
အချိန်အတော်ကြာသွားတဲ့ အခါမှာတော့...။
ဟန်ကျွယ်ဟာ လက်ပြန်ရုတ်လိုက်ပါတယ်။ ရွှင်ချန်အန်းဟာ မျက်လုံးမှိတ်ပြီး တရားထိုင်လိုက်ပါတယ်။ ရွှင်ချန်အန်းရဲ့ ဘဝဟောင်းက မှတ်ဉာဏ်တွေဟာ တဖြည်းဖြည်း နိုးထလာပါတယ်။
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[သင်သည် ရွှင်ချန်အန်အား အချစ်ဘေးဒုက္ခမှ လွတ်မြောက်ရန် ကူညီခဲ့သောကြောင့် အကောင်းစား ရတနာအား ရရှိပါသည်။]
[ဧကရာဇ်တာအို အကောင်းစားရတနာ ဒြပ်ငါးပါးစိန်လက်ကောက်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ဒြပ်ငါးပါး စိန်လက်ကောက်: ခံစစ် ဧကရာဇ်တာအို အကောင်းစား ရတနာဖြစ်ပြီး အမတဧကရာဇ်၏ တိုက်ချက်တစ်ချက်ကို ခုခံနိုင်ကာ ဒြပ်ငါးပါးနှင့် အမတချီကို စုပ်ယူနိုင်သည်။]
‘ခံစစ် ဧကရာဇ်တာအို အကောင်းစားရတနာလား၊ အမတဧကရာဇ်ရဲ့ တိုက်ချက်တစ်ချက်ကို ခုခံနိုင်တယ်’ ဟန်ကျွယ်ဟာ ကျေနပ်အံအားသင့်သွားပါတယ် ‘တကယ့်ရတနာကောင်းပဲ’
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး လုံဟောင်ဆီ လျှောက်သွားပါတယ် “ဘယ်လို ဆန်းကြယ်စွမ်းအားမျိုးကို သင်ချင်လဲ”
လုံဟောင်က စိတ်လှုပ်တရှား ပြန်ဖြေပါတယ် “ဘယ်လို ဆန်းကြယ်စွမ်းအားမျိုးလဲဆိုတော့ အင်အားအကြီးဆုံး ဆန်းကြယ်စွမ်းအားပါ”
ဟန်ကျွယ်ဟာ လုံဟောင်စကားကြောင့် ပြုံးမိလိုက်ပါတယ် ‘ဒါဆိုရင် ငါမင်းကို နှလုံးမဲ့ဓားသိုင်း သင်ပေးမယ်လေ... ဟွတ်...ဟွတ်...’ ဟန်ကျွယ်ဟာ ဒီကိစ္စကို တွေးပဲတွေးရဲပါတယ်။ တကယ်မလုပ်ရဲပါဘူး။ ဟန်ကျွယ်ဟာ လုံဟောင်ကို မိုးမြေကမ္ဘာဖောက်ဓားလက်ချောင်း သင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
၇ ရက်ကြာတဲ့အခါမှာတော့။
ဟန်ကျွယ်ရဲ့ ပညာသင်ကြားပေးမှုက ပြီးဆုံးသွားပါတယ်။ ရွှင်ချန်အန်းလည်း နိုးထလာပါတယ်။
ရွှင်ချန်အန်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ အသွင်ပြောင်းလဲသွားပြီး မျက်နှာကလည်း အရေပြားတွေ ကွာကျလာပါတယ်။ ရုပ်ဆိုးလွန်းတဲ့ ရွှင်ချန်အန်းရဲ့ မျက်နှာဟာ ဒုတိယဟန်ကျွယ် ဖြစ်လောက်တဲ့အထိကို အလွန်တရာ ချောမောသွားပါတယ်။
ဒီအဖြစ်က လူတိုင်းကို အံဩတကြီး ဖြစ်သွားစေပါတယ် “ဘာတွေဖြစ်နေတာလဲ”
“ဆရာသခင်က ခန္ဓာကိုယ် အသိမ်းခံလိုက်ရတာလဲ”
“ဆရာတူအစ်ကို အဆင်ပြေရဲ့လား”“Master is possessed?”
“ဒီရုပ်ဆိုးဘုန်းကြီးက စောက်ရမ်းချောလာပါလား”
“ဆရာသခင်... ဘာဖြစ်တာလဲ”
“လူတိုင်းဟာ ရွှင်ချန်အန်းကို ဝန်းရံလိုက်ကြပါတယ်။ ဟန်ကျွယ်ဟာ အဖြေမပေးဘဲ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။
ရွှင်ချန်အန်း မျက်လုံးဖွင့်လိုက်တဲ့အခါ သူ့မျက်ဆံတွေက ရွှေရောင်ဖြစ်နေပြီး အသားအရေကလည်း ဖြူစင်ဝင်းမွတ်နေပါတယ်။ ရွှင်ချန်အန်းဟာ အလွန်ချောမောပြီး ကြည့်ကောင်းတဲ့ ဘုန်းကြီးတစ်ပါး ဖြစ်သွားပါတယ်။ ဒါကိုကြည့်ပြီး မုရုံချီဟာ အံဩတကြီး အဖြစ်ဆုံးပါ။
‘အား...’
အကုန်လုံးက အံဩတကြီး ဖြစ်သွားကြပေမဲ့ ချူရှီရန်ကတော့ မျက်မှောင်ကြုတ်သွားပါတယ်။ ရွှင်ချန်အန်းရဲ့ ပြောင်းလဲမှုကို မြင်ရတဲ့ ချူရှီရန်ဟာ ရှင်းပြလို့မရတဲ့ မသက်မသာဖြစ်မှုကို ခံစားလိုက်ရပါတယ်။
ရွှင်ချန်အန်းဟာ ဟန်ကျွယ်ကို ဒူးထောက်လိုက်ပါတယ်။ ဒါက ရွှင်ချန်အန်းရဲ့ စိတ်ရင်းအမှန်ပါ။ ရွှင်ချန်အန်းဟာ ဘဝဟောင်းက မှတ်ဉာဏ်တွေ နိုးထလာပေမဲ့ ဟန်ကျွယ်ကို ဆရာသခင်အဖြင် အသိအမှတ်ပြုတုန်းပါပဲ။
“အခုအချိန်ကစပြီး ကျွန်တော်က ဗုဒ္ဓဂိုဏ်းနဲ့ ဘာမှမပတ်သက်တော့ဘူး၊ ဆရာသခင်ရဲ့ နောက်ကိုပဲ ကျွန်တော် လိုက်တော့မယ်” ရွှင်ချန်အန်းဟာ ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ရွှင်ချန်အန်းသည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်လိုက်ရတဲ့အခါမှာ လုံးဝ သက်သာရာ ရသွားပါတယ် ‘ငါ့တပည့်လေးက ကျေးဇူးသိတက်သားပဲ’
ဟန်ကျွယ်ဟာ ကတိစကားကို မယုံပါဘူး။ မျက်နှာသာပေးမှုကိုပဲ ယုံကြည်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ဒြပ်ငါးပါး စိန်လက်ကောက်ကို ထုတ်ယူပြီး ကိုယ်ပိုင်ပစ္စည်းအဖြစ် သန့်စင်ပါတယ်။
[နဂါးနိုင်ဗုဒ္ဓသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု:ကြယ်လေးပွင့်။]
[ကောင်းကင်ဒေါသဗုဒ္ဓသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု:ကြယ်လေးပွင့်ခွဲ။]
‘နောက်ဆုံးတော့ ပေါ်လာပြီပဲ’
ဟန်ကျွယ်ဟာ ကောင်းကင်ဒေါသဗုဒ္ဓရဲ့ အချက်အလက်ကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။
[ကောင်းကင်ဒေါသဗုဒ္ဓ: ကျင့်ကြံမှုမသိ။ ဗုဒ္ဓဂိုဏ်း၏ ရှန်ဗုဒ္ဓဖြစ်ပြီး ရှေးဟောင်း စိတ်ဝိညာဉ်ဂျင်ဆင်း၏ ပိုင်ရှင်ဟောင်း ဖြစ်သည်။ ကောင်းကင်ဒေါသဗုဒ္ဓသည် သင်က ရှေးဟောင်း စိတ်ဝိညာဉ်ဂျင်ဆင်း၏ အချစ်ဘေးဒုက္ခကို ကူညီဖြေရှင်းပေးလိုက်ကြောင်း တွက်ချက်မိသဖြင့် သင့်အား မုန်းတီးသွားခြင်းတည်း။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်ခွဲ။]
‘ကျင့်ကြံမှုမသိ... ဒါ ကျိန်းသေပေါက် အမတဧကရာဇ်ပဲ’
‘အချစ်ဘေးဒုက္ခက ဒီလောက်ထိ ဖြေရှင်းဖို့ခက်တာ အံဩစရာ မရှိတော့ပါဘူး’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒြပ်ငါးပါး စိန်လက်ကောက်ကို ကိုယ်ပိုင်ပစ္စည်းအဖြစ် သန့်စင်ပြီးနောက် ကြမ္မာဆိုးစာအုပ်ကို ချက်ချင်း ထုတ်ယူကာ ကောင်းကင်ဒေါသဗုဒ္ဓကို ကျိန်စာတိုက်ပါတယ်။
ဒီအချိန်ကစပြီး ဟန်ကျွယ် ကျိန်စာတိုက်တဲ့စာရင်းထဲမှာ နာမည်နှစ်ခု ထပ်တိုးသွားပါတယ်။
ရန်သူအားလုံးကို ကျိန်စာတိုက်ပြီးနောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအို တိုကင်ကို ထုတ်ယူပြီး တိထိုက်ပိုင်နဲ့ ဆက်သွယ်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကောင်းကင်ဒေါသဗုဒ္ဓအကြောင်း မေးမြန်းပါတယ်။
“ဗုဒ္ဓဂိုဏ်းရဲ့ ရှန်ဗုဒ္ဓတစ်ပါးပဲ၊ အမတဧကရာဇ်လည်း ဟုတ်တယ်၊ မင်းက သူ့ကို ဘယ်လိုလုပ်ပြီး သိတာလဲ” တိထိုက်ပိုင်က တအံတဩ မေးလိုက်ပါတယ်။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “သူက ကျွန်တော့်ကို သတ်ပစ်မယ်ဆိုပြီး အိပ်မက်ထဲမှာ လာခြိမ်းခြောက်လို့”
တိထိုက်ပိုင်က အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “ငါ ဒီကိစ္စကို ကောင်းကင်ဧကရာဇ်ဆီ လျှောက်တင်ပေးမယ်၊ မင်းစိုးရိမ်စရာ မလိုဘူး”
“အင်း...”
ကောင်းကင်တာအို တိုကင်နဲ့ ဆက်သွယ်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံ အားထုတ်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်အတွက် အရေးကြီးဆုံးက ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတ နောက်ဆုံးအဆင့်ကို ထိုးဖောက်ဖို့ပါပဲ။
.....
ရွှေခန်းမတစ်ခုမှာ ကြီးမားတဲ့ဆေးအိုးကြီးတစ်လုံး ရှိနေပါတယ်။ ဒီဆေးအိုးအပေါ်မှာ လူတစ်ယောက် ပေါလောပေါ်နေပါတယ်။ ဒီလူဟာ ဆံရိတ်ထားပြီး ကိုယ်တုံးလုံး ဖြစ်ပါတယ်။ သူ့ကြွက်သားတွေက ဖုထစ်မို့မောက်နေတာမို့ လူသားပုံစံ သားရဲတစ်ကောင်လိုပါပဲ။
ဒီလူကတော့ တစ်ခြားသူမဟုတ်ပါဘူး။ ကျိုးဖန်ပါ။
တာအိုအဘိုးအိုတစ်ဦးဟာ ဆေးအိုးရှေ့မှာ မတ်တတ်ရပ်နေပါတယ်။ တာအိုအဘိုးဟာ မုတ်ဆိတ်မွေးကို လက်နဲ့သပ်ပြီး ပြုံးလိုက်ပါတယ် “မဆိုးဘူး.. မဆိုဘူး၊ ဒီလိုနာကျင်မှုမျိုးကို တောင့်ခံနိုင်တာဆိုတော့ ပါရမီရှင်လို့ ယူဆလို့ရပြီ”
ကျိုးဖန်ရဲ့ မျက်နှာဟာ ရှုံ့မဲ့နေပြီး အံကြိတ်သွားပါတယ် “ဘယ်လောက်ကြာအုန်းမှာလဲ”
“စောသေးတယ်၊ ဆက်တောင့်ထားအုန်း၊ မင်းတောင့်ခံထားနိုင်မယ်ဆိုရင် အမတအဆင့်ကို ရောက်လိမ့်မယ်”
“အမတအဆင့်က ကောင်းကင်စစ်သားတွေနဲ့ နှိုင်းယှဉ်ရင်ရော”
“ကောင်းကင်စစ်သားတွေထက် သာတာပေါ့၊ ကောင်းကင်စစ်သူကြီးတွေက ကောင်းကင်စစ်သားတွေနဲ့ အဆင့်လုံးဝမတူတော့ ပြောဖို့ခက်တယ်”
ကျိုးဖန်ဟာ ကျေနပ်အံအားသင့်သွားပါတယ်။ ဟန်ကျွယ်က ကောင်းကင်စစ်သားတွေကို ပြန်တိုက်ထုတ်လိုက်ကတည်းက ကျိုးဖန်ဟာ ကောင်းကင်စစ်သားတွေကို ပစ်မှတ်ထားပြီး ကျင့်ကြံခဲ့တာပါ ‘နောက်ဆုံးတော့ ငါ ဟန်ကျွယ်ကို မှီတော့မှာပဲ’
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။