← Chapters

အခန်း ၂၉၂

Vol. 26 Ch. 292

အခန်း ၂၉၂

Vol. 26 Ch. 292

အခန်း (၂၉၂ )ကြီးမားလှသော အမုန်းတရား... ဒူးထောက်၍ ထွက်သွား...

"ခင်ဗျား အကြိမ်တစ်ရာ သေဆုံးပြီးသွားရင် ကျွန်တော်နဲ့ ခင်ဗျားကြားက စာရင်း ရှင်းသွားပြီ..."

မိုဝန်ထျန်းက သူ့ကို ပြောလိုက်၏။

ကျန်းချင်း၏ မျက်နှာမှာ ဖြူရော်သွားသည်။ အကြိမ်တစ်ရာတောင် သေရဦးမည်တဲ့လား။ ကောင်းကင်ကြီးရေ။ ယခုအခါတွင် သူ ထပ်၍ မသေချင်တော့ချေ။ ဤကဲ့သို့သော ညှဉ်းပန်းနှိပ်စက်မှုမျိုးကို သူ ဒုတိယအကြိမ် ထပ်မခံစားချင်တော့ပေ။

သို့သော်လည်း သူ စျေးဆစ်ပိုင်ခွင့် လုံးဝ မရှိကြောင်းကို သူ သိထား၏။ အဆုံးတွင် အကြိမ်တစ်ရာ သေဆုံးပြီးသွားပါက သူ အသက်ရှင်လျက် ထွက်ခွာနိုင်မည် ဖြစ်သည်။

သူက အံကြိတ်လိုက်၏။

"သခင်လေးမို ခုလောက် သနားညှာတာပြီး အစေခံအိုကြီးရဲ့ အသက်ကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ကျန်းချင်းက ထပ်မံ၍ ခေါင်းငိုက်စိုက်ချလိုက်ပြီး အပေါ်ယံတွင်တော့ မိုဝန်ထျန်းကို ပို၍ပင် ကျေးဇူးတင်နေပုံ ပြလိုက်သည်။

ထို့နောက်တွင်တော့ ကျန်းချင်း၏ နာကျင်ဖွယ်ရာ ညှဉ်းပန်းနှိပ်စက်မှု အကြိမ်တစ်ရာ သေမင်းလမ်းစဉ် စတင်သွားခဲ့၏။

သေဆုံးခြင်းတစ်ရာက သူ့အတွက် အလွန် နှေးကွေးလွန်းလှသည်။

သူ့ကို ထပ်ခါတလဲလဲ ညှဉ်းပန်းနှိပ်စက်နေ၏။

သို့သော်လည်း အဆုံးတွင်တော့ သူ တောင့်ခံနိုင်ခဲ့သည်။

နောက်ဆုံးတွင် သူ၏ အကြိမ်တစ်ရာ သေဆုံးခြင်း အဆုံးသတ်သွားခဲ့၏။

သူ တစ်ကိုယ်လုံး ရွှံ့ဗွက်အိုင်တစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး အမောတကော အသက်ရှူနေရသည်။

ထိုအချိန်၌ ချမ်ချန်ကန်းက အမြီးလေးကို ပွေ့ချီ၍ လျှောက်လာခဲ့၏။

သူ၏ နောက်တွင်တော့ အသွားကိုးချောင်းထွန်ခြစ်ကို ကိုင်ဆောင်ထားသော ကျူးပါကျဲ ပါလာခဲ့သည်။

ကျူးပါကျဲ၏ မျက်လုံးများက တည့်မတ်နေပြီး သူက ရက်စက်ကြမ်းကြုတ်ကာ ခွန်အားကြီးမားပုံပေါ်၏။ သူ၏ ရုပ်သွင်က အကျည်းတန်သော်လည်း လူများကို သူက သာမန်မဟုတ်ကြောင်း ခံစားမိစေသည်။

"ဆရာ..."

"စီနီယာ..."

ချမ်ချန်ကန်းက ခေါင်းညိတ်လိုက်ပြီးနောက် မိုဝန်ထျန်းကို ကြည့်၍ မေးလိုက်၏။

"မင်း ဆုံးဖြတ်ချက် ချပြီးသွားပြီ ထင်တယ်..."

မိုဝန်ထျန်းက ရိုသေလေးစားစွာ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ.."

"မင်းရဲ့ငယ်ချစ်သူ ကျန်းရူဟွာရဲ့ မျက်နှာကို ထောက်ပြီး သူ့ကို လွှတ်ပေးလိုက်တာလား..."

မိုဝန်ထျန်းက ခေါင်းခါလိုက်၏။

"အဲဒီလို မဟုတ်ပါဘူး ဆရာ..."

မိုဝန်ထျန်းက ကျန်းချင်းကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီးနောက် ချမ်ချန်ကန်းကို ခိုင်မာ ပြတ်သားစွာ ပြန်ဖြေလိုက်သည်။

"ကျန်းချင်းက အစွမ်းထက်တယ်... သူက အင်မော်တယ်နယ်မြေမှာ အဆင့်အတန်းမြင့်မားပြီး ဒီနေ့ သူ ဒီလောက် အရှက်ကွဲသွားတာက ဆရာ ဝင်ပါခဲ့လို့ပါ..."

"တစ်နေ့ကျရင် ကောင်းကင်အင်မော်တယ်နယ်မြေကို ခြေချနိုင်ပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ သူ့ကို အနိုင်ယူကာ သူ့ကို သတ်ဖြတ်နိုင်ဖို့ မျှော်လင့်ပါတယ်..."

"ဆရာ့ရဲ့ အကူအညီရှိတယ်ဆိုပေမဲ့ တပည့်က ဆရာ့ကို တစ်သက်လုံး အားကိုးနေလို့ မဖြစ်နိုင်ပါဘူး..."

"အရမ်းကောင်းတယ်... ရည်မှန်းချက်ကြီးမားတယ်... ငါ့ရဲ့ တပည့်ဖြစ်ရတာ တန်ပါတယ်..."

မိုဝန်ထျန်း၏ စကားများကို ကြားသောအခါ ချမ်ချန်ကန်းက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။

ထို့နောက် ချမ်ချန်ကန်းကလည်း ကျန်းချင်းကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများက အေးစက်နေသည်။

"မင်းကံက အတော်လေး ကောင်းတယ်... မိုဝန်ထျန်းက မင်းကို ခဏလောက် အသက်ရှင်ခွင့် ပေးဖို့ ရည်ရွယ်ထားမှတော့ မင်းအသက်ကို မင်းလက်ထဲမှာပဲ ခဏလောက် ထားပေးလိုက်မယ်... ထွက်သွားတော့..."

ကျန်းချင်းမှာ မျက်ရည်များ ကျဆင်းလာပြီး အလွန်ကျေးဇူးတင်သွား၏။

သူက အလွန် းပြင်းထန်သော အားဖြင့် ခေါင်းငိုက်စိုက်ချနေရာ သူ၏ ခေါင်းမှာ မြေပြင်နှင့် ဆောင့်မိပြီး သွေးများ စီးကျလာသည်။

"အစေခံအိုကြီးကို အသက်ရှင်ခွင့်ပေးတဲ့ သခင်ကြီးနဲ့ သနားညှာတာပေးတဲ့ သခင်လေးမိုတို့ကို ကျေးဇူးတင်ပါတယ်..."

ထို့နောက် သူ လှည့်၍ ထွက်ပြေးလေ၏။

တကယ်တမ်းတွင်မူ ကျန်းချင်း၏ နှလုံးသားထဲ၌ မည်သူမျှ သတိမထားမိသော အရာများ ရှိနေသည်။

သူ၏ နှလုံးသားက အမုန်းတရားများဖြင့် ပြည့်နှက်နေ၏။

သတ်ဖြတ်ချင်စိတ်များပင် ဖြစ်သည်။

ကြီးမားလှသော အမုန်းတရားနှင့် သတ်ဖြတ်ချင်စိတ်များ။ အပေါ်ယံတွင် သူ၏ အမှားများကို ဝန်ခံလိုက်သကဲ့သို့ သူက ဘယ်တော့မှ ရိုးရှင်းနေမည် မဟုတ်ပေ။

ယနေ့တွင် ဤအဘိုးကြီးက အသက်ရှင်သန်နိုင်ရန် သူ၏ အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်သည်။

ဤအဘိုးကြီး ကောင်းကင်အင်မော်တယ်နယ်မြေသို့ ပြန်ရောက်သွားသောအခါ ကျူးရှိူ့တိုက်ကြီးနှင့် ပတ်သက်သမျှ အရာအားလုံးကို သေချာပေါက် ဖြန့်ဝေပစ်မည် ဖြစ်၏။

၎င်းက ချမ်ချန်ကန်း ပိုင်ဆိုင်ထားသောသေသူကို ပြန်လည်အသက်သွင်းနိုင်သည့် နည်းလမ်းများပဲ ဖြစ်ဖြစ်။

ဤကျူးရှိူ့တိုက်ကြီးထဲမှ ဤမျှ ကျယ်ပြောလှသော ထိပ်တန်း အင်မော်တယ်နယ်မြေကြီးပဲ ဖြစ်ဖြစ်။

သတင်းများ ထွက်ပေါ်သွားပြီးနောက် ၎င်းက အင်မော်တယ်နယ်မြေရှိ ရေတွက်၍ မရနိုင်သော ထိပ်တန်း သိုင်းပညာရှင်များကို လာရောက် ယှဉ်ပြိုင်ရန် သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်သည်။

ကျန်းမိသားစုပင်လျှင် ဝင်ပါလိမ့်မည်။

ထိုသို့သော အခြေအနေကို မြင်တွေ့ရသောအခါ ချမ်ချန်ကန်း မည်သို့ လုပ်မည်ကို သူ ကြည့်ချင်သေး၏။

ထိုအချိန်ကျလျှင်။

သေလိုက်စမ်း။

သေလိုက်စမ်း။

ငရဲကို သွားလိုက်စမ်း။

ကျန်းချင်း၏ နှလုံးသားမှာ လှိုင်းထန်နေပြီး သူ၏ နှလုံးသားထဲမှ အမုန်းတရားများကို အနိုင်နိုင် ဖိနှိပ်ထားရသည်။

သို့သော် ယခုအချိန်၌ သူ မည်သည့် အရိပ်အယောင်မျှ ပြသ၍ မရပေ။ သို့မဟုတ်ပါက ချမ်ချန်ကန်း သတိထားမိသွားလျှင် သူ သေချာပေါက် သေရလိမ့်မည် ဖြစ်၏။

ဤကြီးမားလှသော အမုန်းတရားများကို နှလုံးသား၏ အနက်ရှိုင်းဆုံး အပိုင်းတွင်သာ မြှုပ်နှံထားနိုင်၏။

သို့သော် ဤအခိုက်အတန့်၌ အသံတစ်သံက ရုတ်တရက် သူ့ကို တားဆီးလိုက်သည်။

"ခဏနေဦး..."

ကျန်းချင်း၏ နှလုံးသားမှာ တုန်ယင်သွားပြီး မထိတ်လန့်ဘဲ မနေနိုင်တော့ချေ။

သူ၏ အငြိုးအာဃာတကို သူ သတိထားမိသွားတာများလား။

"သခင်... သခင်ကြီး..."

"ငါက မင်းကို ဒီအတိုင်း ထွက်သွားခွင့် ပေးလိုက်လို့လား..."

ချမ်ချန်ကန်းက မျက်လုံးများကို အဖွင့်အပိတ် လုပ်၍ အေးစက်စက် ပြောလိုက်၏။

"ဒူးထောက်လိုက်... တောင်ပေါင်းတစ်သိန်းတောင်တန်း အပြင်ဘက်ကို ရောက်တဲ့အထိ တစ်လျှောက်လုံး ဒူးထောက်သွား..."

ထိုသို့ပြောလိုက်သည်နှင့် ထိတ်လန့်စရာကောင်းပြီး လွှမ်းမိုးနိုင်သော စွမ်းအားက ကျန်းချင်း၏ ခန္ဓာကိုယ်ကို ရုတ်တရက် ဖိနှိပ်လိုက်ရာ သူ၏ ခြေထောက်များ တိုက်ရိုက် ကျိုးသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဒူးထောက်ကျသွားသည်။

"ထွက်သွားတော့..."

"အစေခံ... အစေခံအိုကြီး သခင်ကြီး အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ကျန်းချင်း၏ မျက်နှာမှာ ဖြူရော်နေပြီး သူ၏ နှလုံးသားထဲမှ ဒေါသများကို ဖိနှိပ်ကာ သည်းခံရမည်၊ သည်းခံရမည်၊ သည်းခံရမည် ဖြစ်၏။

အသက်ရှင်လျက် ထွက်ခွာနိုင်သရွေ့ မည်မျှပင် စော်ကားခံရပါစေ တန်ပါတယ်။

ဤသို့ဖြင့် ကျန်းချင်းက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဒူးများဖြင့် ရှေ့သို့ တိုး၍ ဖေးရှန့်တောင်မှ တစ်လျှောက်လုံး ထွက်ခွာသွားခဲ့၏။

ချမ်ချန်ကန်း၏ မျက်ဝန်းများက နက်ရှိုင်းနေပြီး ရှေးဟောင်းရေတွင်းတစ်ခုပမာ မည်သည့် လှိုင်းဂယက်မျှမရှိဘဲ ကျန်းချင်း ဒူးထောက် ထွက်ခွာသွားသည်ကို အေးစက်စက် စောင့်ကြည့်နေခဲ့သည်။

ဘေးဘက်တွင်မူ အင်မော်တယ်အင်ပါယာ ယီဟိုင်က အလွန် စိုးရိမ်ပူပန်နေ၏။

"စီနီယာ... ဒီအဘိုးကြီးက ဒီအတိုင်း အရှုံးပေးသွားမှာ မဟုတ်ဘူးလို့ ကျွန်တော် စိုးရိမ်တယ်..."

ချမ်ချန်ကန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အဲဒီတော့ ဘာဖြစ်လဲ... ငါက ကြောက်နေရမှာလား..."

"ဒါ့အပြင် သူ့အသက်ကို မိုဝန်ထျန်း လာယူဖို့ ချန်ထားပေးခဲ့တာလေ..."

All Chapters