← Chapters

အခန်း ၂၉၄

Vol. 26 Ch. 294

အခန်း ၂၉၄

Vol. 26 Ch. 294

အခန်း (၂၉၄) သုံးကြိမ် သန့်စင်ထားသော အင်မော်တယ် ဖြတ်ကျော်ခြင်း ဆေးလုံးနှင့် ကျန်းမိသားစု၏ အသေးအမွှား လက်ဆောင်လေး

"စနစ်၏အသိပေးချက် - ပိုင်ရှင်က မျက်စိမှိတ်ပြီး အဓိပ္ပာယ်မရှိတာတွေ မပြောသင့်ပါဘူး... စနစ်က ထုတ်လုပ်တဲ့ အရာတွေက အရည်အသွေးမြင့် ထုတ်ကုန်တွေချည်းပါပဲ... ယောကျ်ား မိန်းမ အိုမင်းရွယ်အိုမရွေး သုံးလို့ရပြီး ဘယ်သူ့ကိုမှ လိမ်ညာလှည့်စားထားတာ မရှိပါဘူး..."

စနစ်က တုံ့ပြန်လာ၏။

"ဟွန့်... ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံး ၁၀,၀၀၀ တောင်... ဒါတွေကို ပြိုင်ဘက်ကင်းနယ်မြေကို ချဲ့ထွင်ဖို့ သုံးလိုက်တာက ပိုမကောင်းဘူးလား..."

ချမ်ချန်ကန်းက သူ၏ နှလုံးသားထဲမှ ထိုအတွေးကို စွန့်လွှတ်လိုက်၏။

မူလက သူက ကျူးပါကျဲကို ဤထျန်းကန်း အသွင်ပြောင်းခြင်း သုံးဆယ့်ခြောက်ပါး မှော်စွမ်းအင်အား အမြီးလေး၊ လင်းပေါင်အာနှင့် ပိုင်ယွဲ့တို့ကို သင်ကြားပေးရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤမှော်စွမ်းအင်ကို ရရှိထားခြင်းက အသက်အန္တရာယ်ကို ပိုမို ကောင်းမွန်စွာ ကာကွယ်နိုင်ပြီး ခွန်အားများလည်း ပိုမို ကြီးမားလာနိုင်သောကြောင့် ဖြစ်၏။

စကားစပ်ရလျှင် ဝူမင်က လင်းပေါင်အာကို ခေါ်၍ ရှမီအင်မော်တယ်နယ်မြေသို့ ဓားအင်မော်တယ် အမွေအနှစ် ရှာဖွေရန် သွားခဲ့သည်မှာ ရလဒ်က မည်သို့ ထွက်ပေါ်လာမည်ကို သူ မသိသေးချေ။

သူက လင်းပေါင်အာကို သတိရသွား၏။

ထိုအချိန်၌။

စနစ်ထံမှ အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

"စနစ်၏အသိပေးချက် - ပိုင်ရှင်သည် အင်မော်တယ်စစ်သူကြီးတစ်ဦးကို သတ်ဖြတ်လိုက်သည့်အတွက် နယ်မြေတန်ဖိုး ၂.၅ သန်း ရရှိပြီး ငါးဆားနယ်ရတနာသေတ္တာ ၁ လုံး ကျလာပါသည်..."

ချမ်ချန်ကန်းမှာ မှင်တက်သွား၏။

ရုတ်တရက် ရရှိလိုက်သော ငါးဆားနယ် ရတနာသေတ္တာကြောင့် ကောင်းကင်မှ လာဘ်ကြီးကျလာသကဲ့သို့ ခံစားလိုက်ရသည်။

အနည်းငယ် အံ့အားသင့်သွားပြီး ဤအရာက အလွန်မိုက်လွန်းလှ၏။

ဤငါးဆားနယ် ရတနာသေတ္တာထဲမှ ပစ္စည်းကောင်းများ ထွက်လာနိုင်မည် ဖြစ်သည်။

ဘယ်သူတော်ကောင်းကများ ပို့ပေးလိုက်တာလဲ...။

မကြာမီမှာပင်။

ချမ်ချန်ကန်းက ကျန်းယုချန်ကို တွေ့ရှိသွားခဲ့သည်။

"ဟင်... သူမပဲ..."

သူက ကျန်းယုချန်ကို တွေ့လိုက်ရ၏။

သေချာသည်ကတော့ ချွင်းချက်မရှိပေ။

ပြိုင်ဘက်ကင်းနယ်မြေအတွင်းသို့ ဝင်ရောက်လာသော ကျင့်ကြံသူတိုင်းကို ချမ်ချန်ကန်းက သေခြင်းရှင်ခြင်း အတွေ့အကြုံ လက်ဆောင်ထုတ်တစ်ခုအဖြစ် ပေးအပ်လေ့ရှိသည် (ကျန်းချင်း လာမည်ကို ကြိုတင် သိထားသောကြောင့် ကျန်းချင်းကိုမူ ကြိုတင် မပေးထားခဲ့သဖြင့် သူက ဤအတွေ့အကြုံကို မခံစားခဲ့ရပေ)။

သဘာဝကျစွာပင် ကျန်းယုချန်လည်း ချွင်းချက် မဟုတ်ခဲ့ချေ။

သူမက ပြိုင်ဘက်ကင်းနယ်မြေအတွင်း၌ တစ်မုဟုတ်ချင်း သေဆုံးသွားခဲ့၏။

ထို့နောက် ချက်ချင်းပင် ပြန်လည် ရှင်သန်လာခဲ့သည်။

တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ချမ်ချန်ကန်းက ဆန္ဒရှိနေသရွေ့ သေခြင်းရှင်ခြင်း အတွေ့အကြုံ လက်ဆောင်ထုတ်ကို ရရှိသွားသော ကျင့်ကြံသူများမှာ ကိုယ်တိုင်ပင် သိလိုက်မည် မဟုတ်ချေ။

ဤသည်က ဗားရှင်း ၅.၀ ၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ခြင်း၏ ထိတ်လန့်စရာကောင်းသော အချက်ပင် ဖြစ်သည်။

ဘုရားရေ...။

လာရင် လာတာပေါ့... ဘာလို့ လက်ဆောင်တွေ ယူလာရတာလဲ...။

အတော်လေး အားနာစရာ ကောင်းတာပဲ...။

ချမ်ချန်ကန်းမှာ အနည်းငယ် အားနာသွား၏။

သူက ဖွဖွလေး ပြုံးလိုက်ပြီးနောက် ငါးဆားနယ် ရတနာသေတ္တာကို ဖွင့်လိုက်သည်။

"စနစ်၏အသိပေးချက် - ပိုင်ရှင်သည် ငါးဆားနယ် ရတနာသေတ္တာကို ဖွင့်လိုက်သည့်အတွက် သုံးကြိမ် သန့်စင်ထားသော အင်မော်တယ်ဖြတ်ကျော်ခြင်း ဆေးလုံး ၁၀ လုံး ရရှိပါသည်..."

သုံးကြိမ်သန့်စင်ထားသော အင်မော်တယ် ဖြတ်ကျော်ခြင်း ဆေးလုံး - သုံးကြိမ်တိုင်တိုင် သန့်စင်ထားသော ဆေးလုံးဖြစ်ပြီး ဟင်းလင်းပြင် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအတွက် အထူးဖန်တီးထားသော ဆေးလုံးဖြစ်သည်။ တစ်လုံးတည်းဖြင့် သုံးကြိမ် သန့်စင်ပြီးပါက ၁၀၀ ရာခိုင်နှုန်း အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။”

"မဆိုးဘူးပဲ..."

ချမ်ချန်ကန်းက မျက်လုံးများကို အနည်းငယ် မှေးလိုက်၏။

သူက သုံးကြိမ် သန့်စင်ထားသော အင်မော်တယ်ဖြတ်ကျော်ခြင်း ဆေးလုံး ၁၀ လုံးကို ရရှိခဲ့ရာ ကျူးရှိူ့တိုက်ကြီးမှ ကျင့်ကြံသူ ၁၀ ယောက်ကို အင်မော်တယ်များအဖြစ်သို့ ရောက်ရှိအောင် ပျိုးထောင်ပေးနိုင်မည်ဟု အဓိပ္ပာယ်ရသည်။

ဤကိစ္စသာ ကျူးရှိူ့တိုက်ကြီးအတွင်းသို့ ပျံ့နှံ့သွားပါက ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးရှိ ကျင့်ကြံသူများ၊ အထူးသဖြင့် ဟင်းလင်းပြင် သန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူများမှာ ရူးသွပ်သွားကြလိမ့်မည် ဖြစ်၏။

ဤသုံးကြိမ် သန့်စင်ထားသော အင်မော်တယ် ဖြတ်ကျော်ခြင်း ဆေးလုံး ၁၀ လုံးဖြင့် ချမ်ချန်ကန်း၏ နှလုံးသားထဲတွင် အစီအစဉ်အချို့ ရှိနေပြီ ဖြစ်သည်။

ထို့နောက်။

သူ၏ ဆန္ဒအရ ဖေးရှန့်တောင်သို့ လာနေသော ကျန်းယုချန်မှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။

ကျန်းယုချန် ပြန်လည်တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် သူမ၏ မျက်စိရှေ့တွင် မြင်ကွင်းများ မှုန်ဝါးသွားပြီးနောက် ဖေးရှန့်တောင်၏ ရှေ့သို့ ရောက်ရှိသွားသည်။

သူမ၏ ရှေ့တွင်တော့ မျက်နှာပေါ်၌ အပြုံးတစ်ခု ချိတ်ဆွဲထားသော ချမ်ချန်ကန်း ရှိနေ၏။

သူတို့၏ ဘေးတွင်တော့ အမြီးလေး၊ ပိုင်ယွဲ့၊ မိုဝန်ထျန်း၊ မိန်နျင်၊ အင်မော်တယ်အင်ပါယာ ယီဟိုင်နှင့် ကျူးပါကျဲတို့ ရှိနေကြသည်။

အားလုံးက စုံလင်စွာ ရှိနေကြ၏။

ရုတ်တရက် လူဤမျှများစွာကို မြင်လိုက်ရသောကြောင့် ကျန်းယုချန်၏ မျက်နှာမှာ ဖြူရော်သွားပြီး နောက်သို့ ခြေနှစ်လှမ်းခန့် မဆုတ်ဘဲ မနေနိုင်တော့ချေ။

မိန်နျင်က ကျန်းယုချန်ကို မြင်သောအခါ မျက်တောင် မခတ်ဘဲ မနေနိုင်တော့ချေ။

သူမက အရင်တုန်းက ရွှယ်ဝူအင်မော်တယ်နယ်မြေတွင် ကျန်းယုချန်နှင့် ဆုံတွေ့ခဲ့ဖူး၏။

ဤကျန်းယုချန်က စီနီယာ၏ နေရာသို့ အမှန်တကယ် ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

"သခင်မလေးကျန်း... မတွေ့ရတာ ကြာပြီနော်..."

ချမ်ချန်ကန်းက နှုတ်ဆက်လိုက်၏။ အထူးသဖြင့် ကျန်းယုချန်က သူ့ကို နယ်မြေတန်ဖိုး ၂.၅ သန်းအပြင် သုံးကြိမ် သန့်စင်ထားသော အင်မော်တယ် ဖြတ်ကျော်ခြင်း ဆေးလုံး ၁၀ လုံးကိုပါ ပေးခဲ့သည့်အတွက် သူ အလွန် ပျော်ရွှင်နေခဲ့သည်။

ကျန်းယုချန်မှာ စိုးရိမ်ထိတ်လန့်နေပြီး အရိုအသေ ပေးလိုက်၏။

"ကျန်းမိသားစုမှ ကျန်းယုချန် စီနီယာကို ဂါရဝပြုပါတယ်..."

ဤတစ်ကြိမ်တွင် ချမ်ချန်ကန်း၏ ခန္ဓာကိုယ်မှ အပျက်အစီး အငွေ့အသက်များကို သူမ မရရှိခဲ့သော်လည်း သူက ဖုံးကွယ်ထားခြင်း ဖြစ်ရမည်ဟု တွေးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ချမ်ချန်ကန်း၏ ကိုယ်ပိုင်အမှတ်အသားဖြစ်သော ဗုဒ္ဓအရှင်သခင်ဆိုသည်ကို သူမ သိထားသည် မဟုတ်ပါလော။

သူမက တည်ငြိမ်ရန် အစွမ်းကုန် ကြိုးစားထားသော်လည်း။

သူမ မကြောက်ရွံ့ဘဲ မနေနိုင်တော့ချေ။ သူမ၏ အသံများပင် တုန်ယင်နေ၏။

မိန်နျင်၏ အမူအရာက ထူးဆန်းနေသည်။

ကျန်းယုချန်၏ ပုံစံကို ကြည့်ရသည်မှာ စီနီယာကို အလွန်ကြောက်ရွံ့နေပုံ ရ၏။

ချမ်ချန်ကန်းကလည်း ဂရုမစိုက်ခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ သူက ယခင်က ကျန်းယုချန်နှင့် အဆက်အသွယ် ရှိခဲ့ဖူးသည်။

ကျန်းယုချန်မှာ အနည်းငယ် ပုံမှန်မဟုတ်ကြောင်း သူ သိထား၏။

ကျန်းယုချန်၏ လှပသော မျက်နှာလေးကို တစ်ဖန်ပြန်လည် မြင်တွေ့ရသောအခါ ချမ်ချန်ကန်းက သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

ဤမျှလှပသော မိန်းမချောလေးက ဘယ်လိုလုပ် ရောဂါရှိနေရတာလဲ...။ သနားစရာပဲ...။

ငါသာ သူမကို ကူညီပြီး ကုသပေးနိုင်ရင် ကောင်းမှာပဲ...။

"သခင်မလေးကျန်း... ဒီတစ်ကြိမ် တောင်ပေါင်းတစ်သိန်းတောင်တန်းဆီကို ရောက်လာတာ ဘာကိစ္စရှိလို့လဲဆိုတာ မသိရဘူးလား..."

ချမ်ချန်ကန်းက အဓိပ္ပာယ်မရှိသော စကားများကို မပြောတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက်မေးလိုက်သည်။

ကျန်းယုချန်က သိုလှောင်လက်စွပ် ၅ ကွင်းကို အလျင်အမြန် ချွတ်လိုက်၏။ သူမ ကြောက်ရွံ့နေသော်လည်း သတ္တိကို အစွမ်းကုန် မွေးထားဆဲ ဖြစ်သည်။

ထိုသိုလှောင်လက်စွပ် ၅ ကွင်းကို ကမ်းပေးလိုက်၏။

"စီနီယာ... ဒီသိုလှောင်လက်စွပ် ၅ ကွင်းထဲမှာ ကျန်းမိသားစုရဲ့ အသေးအမွှား လက်ဆောင်လေးတွေ ပါပါတယ်... စီနီယာ လက်ခံပေးဖို့ မျှော်လင့်ပါတယ်..."

"အသေးအမွှား လက်ဆောင်လေး..."

ချမ်ချန်ကန်းမှာ ဝေခွဲမရ ဖြစ်သွား၏။

"ပြီးခဲ့တဲ့အကြိမ်က ကျုးယန်အင်မော်တယ်သစ်သီးအတွက် ကျေးဇူးတင်ပါတယ်... ဒါကြောင့် ကျန်းမိသားစုက ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံး ၅၀,၀၀၀ ကို အထူးလက်ဆောင်အဖြစ် ဆက်သပါတယ်... စီနီယာ လက်ခံပေးပါ..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ချမ်ချန်ကန်းမှာ လုံးဝ အံ့အားသင့်သွားပြီး သူ၏ မျက်လုံးများက မမှေးဘဲ မနေနိုင်တော့ဘဲ နှလုံးသားထဲတွင် တုန်လှုပ်သွားခဲ့သည်။

(Θ□Θ)!!!

သခင်မလေးကျန်း... ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံး ၅၀,၀၀၀ တောင်... မင်း တကယ် မမှားဘူးမလား...။

ဒါက အသေးအမွှား လက်ဆောင်လေးလို့ ခေါ်သေးတာလား..။

မင်းက ငါ တွေးနေတဲ့ သူဌေးမလေးများ မဟုတ်ဘူးလား...။

All Chapters