← Chapters

အခန်း ၂၉၆

Vol. 26 Ch. 296

အခန်း ၂၉၆

Vol. 26 Ch. 296

အခန်း (၂၉၆) အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်၊ တစ်လအတွင်း အင်မော်တယ် ဖြစ်လာခြင်း

ထူးထူးခြားခြား အံ့သြစရာများ မရှိခဲ့ပေ။ ကျန်းမိသားစုနှင့် ချမ်ချန်ကန်းတို့၏ ပူးပေါင်းဆောင်ရွက်မှုက အောင်မြင်သွားခဲ့သည်။

ပူးပေါင်းဆောင်ရွက်မှု ပြီးမြောက်သွားသော်လည်း ကျန်းယုချန်မှာ အလွန် ဝေခွဲမရဖြစ်နေပြီး အိပ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်၏။ ဤအရှင်သခင်နှင့် ပူးပေါင်းဆောင်ရွက်ရန်က ဤမျှလောက်ပင် လွယ်ကူနေခဲ့သည်လား။

ဤပူးပေါင်းဆောင်ရွက်မှုတွင် အပေးအယူအနေဖြင့် ကျန်းမိသားစုက ချမ်ချန်ကန်းအား ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးများကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးရမည် ဖြစ်သည်။ ချမ်ချန်ကန်းကလည်း ကျန်းမိသားစုအား ထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းများကို ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်၏။

ဤမျှကြီးမားသည့် စကားမျိုးကို အခြားလူတစ်ယောက်က ပြောခဲ့လျှင် သဘာဝကျကျပင် မည်သူကမျှ ချမ်ချန်ကန်း၏ စကားကို ယုံကြည်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းများက နေရာတိုင်းတွင် တွေ့ရသည့် ဟင်းသီးဟင်းရွက်များ မဟုတ်ချေ။ အင်မော်တယ်ကျောက်တုံး မည်မျှပင် ရှိနေစေကာမူ ထိပ်တန်းအဆင့် တာအိုစည်းချက်ပစ္စည်း မည်မျှနှင့် လဲလှယ်နိုင်မည်ဆိုသည်က မသေချာပေ။

သို့သော်လည်း သူမရှေ့မှ ချမ်ချန်ကန်းကတော့ ကွာခြားလှ၏။ ကျန်းယုချန်၏ စိတ်ထဲတွင် သူမက ချမ်ချန်ကန်း၏ နောက်ခံကို သိထားသည်ဟု တွေးထင်ထားခဲ့သည်။

မည်သို့ပင်ဆိုစေ ချမ်ချန်ကန်းက တစ်ချိန်က အင်မော်တယ်တစ်သောင်းကို ကြီးစိုးခဲ့သည့် ဗုဒ္ဓအရှင်သခင်၏ သခင်ဖြစ်ပြီး သူ၏ နောက်ခံအင်အားက အလွန် တောင့်တင်းခိုင်မာလှပေသည်။

ထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းများစွာကို ထုတ်ပေးနိုင်ခြင်းက ကျန်းယုချန်၏ အမြင်တွင် ချမ်ချန်ကန်းအတွက် သာမန်ကိစ္စလေး တစ်ခုမျှသာ ဖြစ်ပေ၏။

ချမ်ချန်ကန်းက ပြောလိုက်သည်။

"ထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းတွေကို နောက်နှစ်ရက်နေရင် ငါ ထုတ်ပေးမယ်... ဒီရက်ပိုင်းတော့ လောလောဆယ် ဖေးရှန့်တောင်ပေါ်မှာပဲ နေကြတာပေါ့..."

ကျန်းယုချန်က ရိုသေလေးစားစွာ ပြောလိုက်၏။

"ဒါဆိုလည်း စီနီယာကို အနှောင့်အယှက် ပေးရတော့မှာပေါ့..."

မူလက သူမ၏ စိတ်ထဲတွင် ချမ်ချန်ကန်းကို အလွန ကြောက်ရွံ့နေခဲ့သည်။ သို့သော်လည်း ချမ်ချန်ကန်းနှင့် ထိတွေ့ဆက်ဆံပြီးနောက်တွင် ချမ်ချန်ကန်းက သူမ၏ အမွေအနှစ် မှတ်ဉာဏ်များထဲမှ ဗုဒ္ဓအရှင်သခင်နှင့် မတူကြောင်း ကျန်းယုချန် တွေ့ရှိသွားခဲ့၏။

ဗုဒ္ဓအရှင်သခင်၏ သတ်ဖြတ်မှုများက ရက်စက်ကြမ်းကြုတ်လှသည်။ သို့သော် ဆန့်ကျင်ဘက်အနေဖြင့် ချမ်ချန်ကန်းက သိမ်မွေ့ညင်သာပြီး အတူရှိနေရသည်မှာ အလွန် သက်သောင့်သက်သာ ရှိသည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပေသည်။

ဤသည်က ဗုဒ္ဓအရှင်သခင်၏ ဟန်ဆောင်မှုတစ်ခုမျှသာဖြစ်ပြီး အမြင်မှားခြင်း သက်သက်လား ဆိုသည်ကို သူမ မသိပေ။ သို့မဟုတ် ဤသည်က ဗုဒ္ဓအရှင်သခင်၏ မူလရုပ်သွင်အစစ်အမှန်များ ဖြစ်နေမည်လား။ ဗုဒ္ဓအရှင်သခင်က ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်တတ်သည်ဟူသော ကောလာဟလများက အထင်လွဲမှားမှုတစ်ခုများ ဖြစ်နေမည်လား။

ကျန်းယုချန်က ချမ်ချန်ကန်းကို ကြည့်ရင်း ထိုသို့တွေးလိုက်မိသည်။

ဝန်ခံရလျှင် ကျန်းမိသားစုနှင့် ပူးပေါင်းဆောင်ရွက်မှုက ချမ်ချန်ကန်းကို အလွန်ကျေနပ်အားရစေခဲ့သည်။

သူ ထောက်ပံ့ပေးရမည့်အရာမှာ ထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းများသာ ဖြစ်၏။ ထိုအရာက သူ့အတွက်တော့ အလွန် ရိုးရှင်းသည့် ကိစ္စတစ်ခုမျှသာ ဖြစ်ပေသည်။

ဆန့်ကျင်ဘက်အနေဖြင့် ကျန်းမိသားစုက ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး ငါးသောင်းကို တစ်ချက်တည်း ထုတ်ပေးနိုင်ခဲ့ပြီး အနာဂတ်တွင်လည်း ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးများကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်မည် ဆိုသည်မှာ တကယ့်ကို ကြွယ်ဝချမ်းသာလွန်းလှပေ၏။

အထူးသဖြင့် ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံးများကို နယ်မြေတန်ဖိုးများအဖြစ် လဲလှယ်နိုင်လေသည်။ ထိုအရာက ချမ်ချန်ကန်း အတိအကျ လိုအပ်နေသောအရာပင် ဖြစ်၏။

ကျန်းယုချန်အပေါ် ချမ်ချန်ကန်း၏အမြင်က အတော်လေး ကောင်းမွန်နေဆဲပင် ဖြစ်သည်။ သူက စိတ်ထဲမှနေ၍ သူမအား သူဌေးမလေးအဖြစ် သတ်မှတ်လိုက်၏။

ချမ်ချန်ကန်းက တစ်ချက် တွက်ဆလိုက်သည်။ ယခု သူ့တွင် ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး ငါးသောင်းကျော် ရှိနေပြီ ဖြစ်၏။

သို့သော်လည်း သူက ပြိုင်ဘက်ကင်းနယ်မြေကို ချဲ့ထွင်ရန် အလျင်စလို မဖြစ်သေးပေ။ မည်သို့ပင်ဆိုစေ ပြိုင်ဘက်ကင်းနယ်မြေကို အချိန်မရွေး ချဲ့ထွင်နိုင်လေသည်။

ယခု သူ့ရည်မှန်းချက်က စနစ်ကို အဆင့်မြှင့်တင်ရန် ဖြစ်၏။ ယခုအချိန်တွင် တက်လှမ်းခြင်း အစီအရင်အတွက် လိုအပ်သော ယုံကြည်မှုစွမ်းအားများကို စုဆောင်းရန် ရက်အနည်းငယ် အချိန်ယူရဦးမည် ဖြစ်သည်။

ချမ်ချန်ကန်းက အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းနှင့် ပတ်သက်၍ အစောပိုင်းက ပြောခဲ့သည့် စကားကို မေ့မသွားခဲ့ပေ။ ယခု တက်လှမ်းခြင်း အစီအရင် မစတင်မီ တစ်ခုလုံးသော ကျူးရှိူ့တိုက်ကြီးက ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ်သို့ မတက်လှမ်းနိုင်သေးပေ။

ထို့ကြောင့် ဤနှစ်ရက်အချိန်ကို အခွင့်ကောင်းယူ၍ အခြားကိစ္စတစ်ခုခုကို လုပ်ဆောင်ရမည်ဖြစ်၏။ သူက မျက်လုံးများကို အနည်းငယ် မှေးကျဉ်း၍ သူ၏ ပြိုင်ဘက်ကင်းနယ်မြေကို စစ်ဆေးလိုက်သည်။

လက်ရှိ ပြိုင်ဘက်ကင်းနယ်မြေအတွင်းတွင် ရောက်ရှိနေသည့် ကျင့်ကြံသူ သိန်းချီ၍ ရှိနေလေသည်။ ထိုအထဲတွင် ရေတွက်၍ မရနိုင်သော ပညာရှင်များ ပါဝင်ပြီး နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်၊ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်နှင့် အင်မော်တယ်တစ်ပိုင်းအဆင့် ရှိသူများပင် အနည်းအကျဉ်း မဟုတ်ချေ။

သူတို့အားလုံးက ကြိုးစားပန်းစား ကျင့်ကြံနေကြ၏။ မိမိတို့၏ စွမ်းအား တိုးတက်လာစေရန် အစွမ်းကုန် ကြိုးစားနေကြသည်။

ကောင်းကင်တာအို၏ အစောင့်အရှောက် ပိုင်ယွဲ့ ပြောခဲ့သည့်အတိုင်း တစ်ခုလုံးသော အောက်ဘုံက အင်မော်တယ်နယ်မြေအဖြစ်သို့ တက်လှမ်းပြောင်းလဲသွားမည်ဖြစ်ကြောင်းကို သူတို့အားလုံး သိထားကြသော်လည်း သူတို့က ဝမ်းသာအားရနှင့် စိတ်လှုပ်ရှားနေကြဆဲ ဖြစ်၏။

သို့သော်လည်း တစ်ချိန်တည်းမှာပင် သူတို့က ထိုအချက်ကို သတိပြုမိကြလေသည်။ ကျူးရှိူ့တိုက်ကြီးက ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားလျှင်ပင် သူတို့၏ စွမ်းအားများက ပို၍ သေးငယ်ပြီး အားနည်းသွားမည် ဖြစ်ကြောင်းကို သဘောပေါက်နေကြ၏။

အင်မော်တယ်တစ်သောင်းအကြားတွင် ခိုင်မာသည့် နေရာတစ်နေရာ ရရှိနိုင်ရန်အတွက် ပိုမို အင်အားကြီးမားလာစေရန် ကြိုးစားရမည် ဖြစ်သည်။

အကယ်၍ ဤအခွင့်အရေးကို အသုံးချပြီး အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းတွင် ကံထူးရှင်တစ်ဦးဖြစ်လာကာ အင်မော်တယ်နယ်ပယ်သို့ ခြေချနိုင်မည်ဆိုပါက အလွန်ကောင်းမွန်ပေလိမ့်မည်။

ထို့ကြောင့် ဤအချိန်အတောအတွင်း ဤကျင့်ကြံသူများက သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို ဖြတ်ကျော်နိုင်ရန် ကြိုးစားပန်းစား ကျင့်ကြံနေကြပြီး ချမ်ချန်ကန်း၏ မျက်နှာသာပေးမှုကို ရရှိရန် ကြိုးပမ်းနေကြလေသည်။

တစ်ချိန်တည်းမှာပင် ဤကျင့်ကြံသူများက အဆင့်များကို ဖြတ်ကျော်နိုင်ခဲ့ကြပြီး ချမ်ချန်ကန်းအတွက် သန်းနှင့်ချီသော နယ်မြေတန်ဖိုးများကို ထောက်ပံ့ပေးခဲ့ကြ၏။

သို့သော်လည်း ချမ်ချန်ကန်းက မကျေနပ်သေးချေ။ ယခု သူ၏ ပြိုင်ဘက်ကင်းနယ်မြေက တောင်ပေါင်းတစ်သိန်းတောင်တန်းကိုသာ လွှမ်းခြုံထားနိုင်ပြီး ကျူးရှိူ့တိုက်ကြီး တစ်ခုလုံးကို လွှမ်းခြုံနိုင်ရန် လိုအပ်သေးလေသည်။

သူက လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ချင်နေသည်။ အင်မော်တယ်ကျောက်တုံးများကို အသုံးပြု၍ နယ်မြေတန်ဖိုးများ လဲလှယ်သည့်အပြင် အခြားနည်းလမ်းတစ်ခုက ပြိုင်ဘက်ကင်းနယ်မြေသို့ ရောက်လာသည့် ကျင့်ကြံသူများကို ပိုမို များပြားလာစေပြီး သူတို့ကို သေခြင်းအတွေ့အကြုံ စုစည်းမှု ပေးရန် ဖြစ်၏။

ထို့အပြင် ထိုကျင့်ကြံသူများကို ကြိုးစားပန်းစား ကျင့်ကြံစေပြီး သူတို့၏ ကျင့်ကြံခြင်း စွမ်းအားများကို ပိုမို အားကောင်းလာစေရန် ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့၏ အဆင့်တက်လှမ်းမှု တိုင်းက ချမ်ချန်ကန်းအတွက် နယ်မြေတန်ဖိုးများစွာကို ထောက်ပံ့ပေးနိုင်လေသည်။

ချမ်ချန်ကန်း၏ လက်ထဲတွင် ကတ်ပြားတစ်ခု ပေါ်လာ၏။ ဤသည်က ငါးဆားနယ် ရတနာသေတ္တာမှ ထွက်ပေါ်လာသည့် ကောင်းမွန်သောအရာများထဲမှ တစ်ခုဖြစ်သော ရှေးဦးတက်လှမ်းခြင်းအစီအရင် ကတ်ပြားပင် ဖြစ်သည်။

ကျူးရှိူ့တိုက်ကြီးက ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ်သို့ တက်လှမ်းပြီးနောက်တွင် ကျူးရှိူ့တိုက်ကြီးပေါ်၌ အင်မော်တယ်များ မရှိတော့သဖြင့် သူက လာရောက် ကူညီပေးမည် ဖြစ်၏။

ဤအစီအရင်ကြီးကို အင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းတွင် အသုံးပြုမည် ဖြစ်သည်။ အထူးသဖြင့် သူ့တွင် ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး ငါးသောင်းကျော်ရှိနေပြီဖြစ်ရာ အင်မော်တယ် တစ်ရာကို မွေးထုတ်ပေးရန် လုံလောက်ရုံထက်ပင် ပိုမိုနေသည် မဟုတ်ပါလား။

သူက စိတ်ထဲမှ တစ်ချက် တွေးတောလိုက်၏။ ချမ်ချန်ကန်းက ဤကတ်ပြားကို တိုက်ရိုက် အသုံးပြုလိုက်သည်။ ချက်ချင်းပင် ဤရှေးဦးတက်လှမ်းခြင်းအစီအရင်၏ စွမ်းအားများက ရုတ်ခြည်း ထွက်ပေါ်လာပြီး ပြိုင်ဘက်ကင်းနယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

ပြိုင်ဘက်ကင်းနယ်မြေ တစ်ခုလုံးတွင် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများလည်း ပြည့်နှက်သွားလေ၏။

“စနစ်၏အသိပေးချက် - လက်ခံသူက ရှေးဦးတက်လှမ်းခြင်းအစီအရင်ကို ဖွင့်လှစ်လိုက်ပါသည်…”

ထို့နောက် ချက်ချင်းပင် စမ်းသပ်ချက်မျှော်စင်ဘေး၌ ကောင်းကင်နှင့် မြေကြီးက ရုတ်တရက် ပြောင်းလဲသွားပြီး မြေပြင်က လှိုင်းထသွားလေသည်။

ထိုအရာက စမ်းသပ်ချက်မျှော်စင် အပြင်ဘက်ရှိ ရေတွက်၍ မရနိုင်သော ကျင့်ကြံသူများကို အနှောင့်အယှက် ဖြစ်စေခဲ့၏။ သူတို့မှာ ဝေခွဲမရဖြစ်သွားကြပြီး ဘာတွေဖြစ်ပျက်နေမှန်း နားမလည်နိုင်အောင် ဖြစ်သွားကြသည်။

ထို့နောက် ချက်ချင်းပင်။ ကွင်းပြင်ထဲတွင် ဧရာမ စက်ဝိုင်းပုံ စင်မြင့်ကြီးတစ်ခု ပေါ်လာတော့သည်။

ချမ်ချန်ကန်းက စကားပြောလိုက်ပြီး သူ၏ အသံက ပြိုင်ဘက်ကင်းနယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။

“ဒါက အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်ပဲ... အဲဒီမှာ ရှေးဟောင်း အစီအရင်ကြီးတစ်ခုရဲ့ ကောင်းချီးပါဝင်တယ်... မင်းတို့က အဲဒီထဲဝင်ပြီး ကျင့်ကြံသရွေ့ တစ်လအတွင်း အင်မော်တယ်ဖြစ်လာနိုင်တယ်..."

တည်ငြိမ်အေးဆေးလှသည့် အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပြိုင်ဘက်ကင်းနယ်မြေထဲရှိ ကျင့်ကြံသူ အားလုံးမှာ ရုတ်တရက် အံ့အားသင့် မှင်တက်သွားကြတော့သည်။

အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်၊ တစ်လအတွင်း အင်မော်တယ် ဖြစ်လာခြင်းတဲ့... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

All Chapters