← Chapters

အခန်း ၂၉၉

Vol. 27 Ch. 299

အခန်း ၂၉၉

Vol. 27 Ch. 299

အခန်း (၂၉၉) အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်၏ စွမ်းအားက ဆေးလုံးနှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံတို့ကို ပေးအပ်ခြင်း

"အဲဒါက တာအိုစည်းချက်ပဲ... တာအိုစည်းချက် အင်မော်တယ်သွေးကြောရဲ့ အငွေ့အသက်တွေ... ဒီကျွမ်းရွှယ်က သူမရဲ့ ကိုယ်ပိုင် တာအိုစည်းချက် အင်မော်တယ်သွေးကြောကို ရသွားပြီဆိုတာနဲ့ အင်မော်တယ် ဖြစ်လာဖို့က ရှောင်လွှဲလို့မရတော့ဘူး..."

ချင်ရှို့ဝမ်က ဤအရာကို သတိပြုမိသွားသောအခါ ရုတ်တရက် သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်သည့် အမူအရာ ဖြစ်သွား၏။

ဤလောကတွင် လူများကို အင်မော်တယ် ဖြစ်လာစေရန် ကူညီပေးနိုင်သော အရာများ တကယ် ရှိနေခဲ့သည်ပင်။

ချင်းယွင်ဖေးမှာလည်း အလွန်အမင်း တုန်လှုပ်သွားသည်။

"မင်း မမြင်ဘူးလား... တာအိုစည်းချက် အင်မော်တယ်သွေးကြောရဲ့ အငွေ့အသက်တွေအပြင် ကျွမ်းရွှယ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အင်မော်တယ်အလင်းတန်းတွေ တောက်ပနေပြီး အင်မော်တယ်စည်းချက် အငွေ့အသက် သဲ့သဲ့လေး ရှိနေတယ်... ဒါက သူမရဲ့ ခန္ဓာကိုယ်က အင်မော်တယ်ခန္ဓာကိုယ်အဖြစ် တဖြည်းဖြည်းချင်း အသွင်ပြောင်းလဲနေတာပဲ..."

"သောက်ကျိုးနည်း... ဒီကျွမ်းရွှယ်က တစ်လအတွင်း အင်မော်တယ်အဖြစ် တကယ်ကြီး တက်လှမ်းသွားတော့မှာလား..."

"ဖြစ်နိုင်ခြေ အများကြီးရှိတယ်... စီနီယာရဲ့ ကျင့်ကြံခြင်းအခြေခံက ခန့်မှန်းရခက်ပြီး နောက်ခံကလည်း ဒီလောက်ထိ အံ့မခန်းဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...ဒီအင်မော်တယ်တက်လှမ်းခြင်းစင်မြင့်က ဘာကြီးလဲ... ဒါက တကယ့်ကို ကြောက်မက်ဖွယ်ကောင်းပြီး အံ့အားသင့်စရာကောင်းတဲ့ တာအိုစည်းချက် အင်မော်တယ်သွေးကြောကို ထွက်ပေါ်လာစေနိုင်တယ်... ကျွမ်းရွှယ်ကို အင်မော်တယ်ဖြစ်လာအောင် ကူညီပေးနိုင်ဖို့ တကယ် ဖြစ်နိုင်ပုံရတယ်..."

ဘေးနားရှိ ချင်ရှို့ဝမ်က အံ့ဩတကြီးဖြင့် သက်ပြင်းချလိုက်၏။

"ချင်းယွင်ဖေး... စီနီယာက ကျွမ်းရွှယ်ကို အင်မော်တယ်ဖြစ်လာအောင် ကူညီပေးခဲ့တယ်လို့ မပြောနဲ့ဦး... ဒီအင်မော်တယ်တက်လှမ်းခြင်း စီမံကိန်းက တကယ် အစစ်အမှန်ဖြစ်နေပုံရတယ်... ဒီအင်မော်တယ်တက်လှမ်းခြင်းစင်မြင့် နဲ့ဆိုရင် ကျင့်ကြံသူတစ်ရာကို အင်မော်တယ်ဖြစ်လာအောင် ကူညီပေးဖို့ လုံလောက်ရုံတင်မက ပိုတောင် ပိုနေဦးမယ် မဟုတ်လား..."

ချင်ရှို့ဝမ်နှင့် ချင်းယွင်ဖေးတို့က အင်မော်တယ်နယ်မြေ၏ ပါရမီရှင်များဖြစ်ကြပြီး အကြားအမြင် ဗဟုသုတ ကြွယ်ဝကြပေသည်။ ရှေးဦးတက်လှမ်းခြင်းအစီအရင် ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ကျွမ်းရွှယ်၏ အသွင်ပြောင်းလဲမှုများကို သူတို့က တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်ကြ၏။

သို့သော်လည်း အခြားသော ကျင့်ကြံသူများအတွက်မူ။

သူတို့က ဤအရာများကို မမြင်နိုင်ကြချေ။

သူတို့ ရှင်းရှင်းလင်းလင်း သိထားသည်က တစ်ချက်တည်းသာ ရှိသည်။ ထိုအရာက ကျွမ်းရွှယ်၏ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ပင်။ သူမက အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်သို့ ဝင်ရောက်သွားသည်နှင့် သူမ၏ အဆင့်တက်လှမ်းမှုက အများကြီး ပိုမို မြန်ဆန်လာခဲ့၏။

မကြာမီမှာပင်။

ရွှေအမြုတေ ဆဋ္ဌမအဆင့်မှ ရွှေအမြုတေ သတ္တမအဆင့်သို့ တက်လှမ်းသွားတော့သည်။

အဆင့်တက်လှမ်းမှုက အလွန်တရာ မြန်ဆန်လွန်းလှ၏။

၎င်းက ထိုကျင့်ကြံသူများကို လုံးဝ မှင်တက်အံ့ဩသွားစေသည်။

ဤကျွမ်းရွှယ်၏ ကျင့်ကြံခြင်းအဆင့် တက်လှမ်းမှုက မြန်ဆန်လွန်းလှပေသည်။

ဤအတိုင်းသာ ဆက်သွားနေပါက ရွှေအမြုတေအဆင့်မှ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ဖြတ်ကျော်၍ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်၊ ထိုမှတစ်ဆင့် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်အထိပင် တက်လှမ်းနိုင်ပေလိမ့်မည်။

နောက်ဆုံးတွင် အင်မော်တယ် ဖြစ်လာရန်မှာလည်း မဖြစ်နိုင်စရာ အကြောင်း မရှိချေ။

ကျင့်ကြံသူများ ဘာတွေးနေသည်ဆိုသည်ကိုမူ။

ချမ်ချန်ကန်းက ဂရုမစိုက်ချေ။

အဘယ်ကြောင့်ဆိုသော် တစ်လအတွင်း အင်မော်တယ်တက်လှမ်းခြင်းစင်မြင့်တွင် ကျင့်ကြံနေသော ကျွမ်းရွှယါတစ်ယောက် အင်မော်တယ် ဖြစ်လာရန်မှာ ရှောင်လွှဲ၍ မရနိုင်သောကြောင့် ဖြစ်သည်။

ချမ်ချန်ကန်းက စနစ်၏ စွမ်းအားကို တစ်ခါမျှ သံသယ မဝင်ခဲ့ဖူးပေ။

ယခုအချိန်တွင်မူ။

သူ့၌ အသုံးပြုရန် အရာအချို့ ကျန်ရှိနေသေး၏။

ဥပမာအားဖြင့် ထိုသုံးကြိမ် သန့်စင်ထားသော အင်မော်တယ် ဖြတ်ကျော်ခြင်း ဆေးလုံးဆယ်လုံးနှင့် တာအိုဥပဒေဿကတ်ပြားအပြင် သွေးငရဲနဂါးနတ်ဘုရားခန္ဓာကိုယ် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကတ်ပြားတို့ပင် ဖြစ်သည်။

ဤအရာများက သူ့အတွက် အသုံးဝင်မှု သိပ်မရှိလှချေ။

ထို့နောက်။

ချမ်ချန်ကန်းက ပိုင်ယွဲ့နှင့် မိုဝန်ထျန်းတို့ကို ခေါ်လိုက်သည်။

"ဆရာ.."

သူတို့ နှစ်ယောက်စလုံးက ချမ်ချန်ကန်းအပေါ် အလွန်အမင်း ရိုသေလေးစားမှု ရှိကြ၏။

ချမ်ချန်ကန်းက တစ်ယောက်လျှင် သုံးကြိမ် သန့်စင်ထားသော အင်မော်တယ် ဖြတ်ကျော်ခြင်းဆေးလုံး တစ်လုံးစီ ပေးအပ်လိုက်သည်။

"ဒါက သုံးကြိမ် သန့်စင်ထားတဲ့ အင်မော်တယ် ဖြတ်ကျော်ခြင်း ဆေးလုံး ပဲ... သူ့ကို ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်မှာ အသုံးပြုရတယ်... တစ်လုံးယူပြီး သန့်စင်လိုက်တာနဲ့ မင်းတို့ အင်မော်တယ်အဖြစ် တက်လှမ်းနိုင်ဖို့ ကူညီပေးလိမ့်မယ်..."

"ပိုင်ယွဲ့... မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအခြေခံက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်မှာရှိနေပြီး မင်းက ကျူးရှိူ့တိုက်ကြီးရဲ့ ကောင်းကင်တာအိုအစောင့်အရှောက်လည်း ဖြစ်တယ်... အကယ်၍ မင်း ဒီဆေးလုံးကို သောက်လိုက်မယ်ဆိုရင် အမြန်ဆုံး အင်မော်တယ် ဖြစ်လာလိမ့်မယ်... နောက်ပိုင်း ကြုံတွေ့ရမယ့် တက်လှမ်းခြင်းကပ်ဘေးဒဏ်ကို ရင်ဆိုင်ရတာ ပိုပြီး လွယ်ကူသွားလိမ့်မယ်..."

ချမ်ချန်ကန်း၏ စကားများ ထွက်ပေါ်လာသောအခါ။

မိုဝန်ထျန်းနှင့် ပိုင်ယွဲ့တို့က သူတို့၏ လက်ထဲမှ ရွှေရောင်ဆေးလုံးများကို မှင်တက်အံ့ဩစွာ ကြည့်လိုက်ကြသည်။

မိန်နျင်၊ အင်မော်တယ်အင်ပါယာယီဟိုင်နှင့် ကျန်းယုချန်တို့နှင့်အတူ သူတို့အားလုံး ထပ်မံ၍ တုန်လှုပ်သွားကြပြန်၏။

ဤသုံးကြိမ် သန့်စင်ထားသော အင်မော်တယ် ဖြတ်ကျော်ခြင်း ဆေးလုံးက တကယ်ပဲ ထိုမျှလောက် အစွမ်းထက်နေသည်လော။

ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်မှ ကျင့်ကြံသူက ဆေးလုံးများကို သန့်စင်လိုက်ရုံဖြင့် အင်မော်တယ် ဖြစ်လာနိုင်သည်တဲ့လော။

၎င်းက လွယ်ကူလွန်းနေသည် မဟုတ်ပါလော။

ချမ်ချန်ကန်း ဆင့်ခေါ်ထားသော ဒဏ္ဍာရီဇာတ်ကောင်ဖြစ်သည့် ကျူးပါကျဲ တစ်ယောက်သာလျှင်။

ချမ်ချန်ကန်းအပေါ် သံသယ အလျဉ်းမရှိပေ။

သူ၏ အမြင်တွင်မူ သခင်က ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်မှ ကျင့်ကြံသူကို အင်မော်တယ်ဖြစ်လာစေရန် လွယ်ကူစွာ ကူညီပေးနိုင်သော ဤဆေးလုံးမျိုး ထုတ်ပေးနိုင်ခြင်းမှာ အလွယ်ကူဆုံး ကိစ္စတစ်ခုသာ ဖြစ်၏။

"ကျေးဇူးတင်ပါတယ် ဆရာ..."

ပိုင်ယွဲ့နှင့် မိုဝန်ထျန်းတို့က အလွန်အမင်း ရိုသေလေးစားစွာ ပြောလိုက်ကြသည်။

အထူးသဖြင့် မိုဝန်ထျန်းမှာ ချမ်ချန်ကန်းကို ပို၍ပင် ကျေးဇူးတင်နေမိသည်။

ချမ်ချန်ကန်း၏ စကားများကို သူ လုံးဝ ယုံကြည်ပေသည်။

မိမိ၏ ကျင့်ကြံခြင်းက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားသရွေ့ ဤဆေးလုံးကို အသုံးပြု၍ အင်မော်တယ်အဖြစ် တက်လှမ်းနိုင်မည် ဖြစ်၏။

သူ၏ ညီမလေးရူဟွာကို တွေ့ရန် အင်မော်တယ်နယ်မြေသို့ အမြန်ဆုံး သွားနိုင်ပေလိမ့်မည်။

ထို့ပြင် ကျန်းရူဟွာက မိုဝန်ထျန်းထံ ပေးအပ်ခဲ့သော တာ့ဖုန်း အင်မော်တယ်လက်စွပ်ကိုလည်း မိုဝန်ထျန်းက သန့်စင်ပြီးဖြစ်၏။

ကျန်းရူဟွာ သူ့အတွက် ချန်ထားရစ်ခဲ့သော ကြီးမားလှသည့် ကြွယ်ဝချမ်းသာမှုများကို သူ သဘာဝကျကျပင် မြင်တွေ့ခဲ့ရသည်။

ထိုအချိန်က မိုဝန်ထျန်းမှာ အလွန်အမင်း အံ့အားသင့်သွားခဲ့ရ၏။

သူက ဘာကိုမှ တွေးတောမနေတော့ဘဲ တာ့ဖုန်းအင်မော်တယ်လက်စွပ်တစ်ခုလုံးကို ချမ်ချန်ကန်းထံ ပေးအပ်ခဲ့သည်။

သို့သော်လည်း ချမ်ချန်ကန်းက လက်မခံခဲ့ချေ။

ထိုအစား မိုဝန်ထျန်းကိုသာ သူ့ဘာသာသူ အသုံးပြုစေခဲ့၏။

မည်သို့ပင်ဆိုစေ ဤအရာက ကျန်းရူဟွာ သူ့အတွက် ပေးထားခဲ့ခြင်း ဖြစ်သည်။

သို့သော် သူက ကျန်းရူဟွာ၏ သူ၏အပေါ် ထားရှိသော ပြင်းပြသည့် ကြိုးစားအားထုတ်မှုများကို အချည်းနှီး မဖြစ်စေနိုင်ပေ။

ထို့ကြောင့် မိုဝန်ထျန်းမှာ ချမ်ချန်ကန်းအပေါ် ပို၍ပင် ရိုသေလေးစားမှုရှိကာ ကျေးဇူးတင်နေမိတော့သည်။

"မိုဝန်ထျန်း... မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက သာမန်ပဲ... အင်မော်တယ်အင်ပါယာယီဟိုင်ရဲ့ အကူအညီနဲ့ နဂါးကျောရိုးကို ဖွင့်လှစ်နိုင်ပြီး မင်းရဲ့ အလားအလာတွေကို ထုတ်ဖော်နိုင်ခဲ့တယ် ဆိုပေမယ့် စမ်းသပ်ချက်မျှော်စင်ကြီးထဲက အင်မော်တယ်နယ်မြေရဲ့ ကောင်းကင်ဘုံ ပါရမီရှင်တွေထက် မင်းက မညံ့ဖျင်းဘူးဆိုပေမယ့် မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမြဲတမ်း ကြီးမားတဲ့ အားနည်းချက်တစ်ခု ဖြစ်နေတယ်... မင်း အင်မော်တယ်နယ်မြေကို ရောက်သွားတဲ့အခါ အဲ့အားနည်းချက်က ထင်ရှားလာလိမ့်မယ်..."

ချမ်ချန်ကန်း၏ စကားများကြောင့် မိုဝန်ထျန်းက ခေါင်းညိတ်လိုက်သည်။

"ဆရာပြောတာ မှန်ပါတယ်... တပည့်မှာ ဘယ်လို ခန္ဓာကိုယ်ဖွဲ့စည်းပုံမှ မရှိပါဘူး..."

အင်မော်တယ်အင်ပါယာ ယီဟိုင်ကလည်း ချမ်ချန်ကန်း၏ စကားများကို သဘောတူပေသည်။

သို့သော်လည်း သူ ဘာမှမတတ်နိုင်ချေ။

မည်သို့ပင်ဆိုစေ။

ခန္ဓာကိုယ်ဖွဲ့စည်းပုံဆိုသည်က မွေးရာပါဖြစ်ပြီး နောင်တစ်ချိန်တွင် ဖြည့်ဆည်းယူ၍ မရနိုင်ပေ။

ထို့ကြောင့် စမ်းသပ်ချက်မျှော်စင်ကြီးထဲတွင် မိုဝန်ထျန်းအား နဂါးကျောရိုးကို ဖွင့်လှစ်ရန် သင်ကြားပေးခြင်းမှလွဲ၍ သူ့တွင် အခြား ရွေးချယ်စရာ မရှိခဲ့ချေ။

သူ့နှင့် ထိုအင်မော်တယ်နယ်မြေမှ ပါရမီရှင်များကြားရှိ စွမ်းအား ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဖြစ်၏။

မိုဝန်ထျန်း၏ အလားအလာများကို အပြည့်အဝ ထုတ်ဖော်နိုင်စေရန်ပင်။

သို့သော်လည်း ချမ်ချန်ကန်းက ပြုံးရွှင်သော မျက်နှာဖြင့် မိုဝန်ထျန်း၏ ပခုံးကို ပုတ်လိုက်သည်။

"ဝန်ထျန်း... မင်းက ခန္ဓာကိုယ်ဖွဲ့စည်းပုံ မရှိဘဲနဲ့တောင် ဒီနေ့ ဒီနေရာအထိ ရောက်လာနိုင်ခဲ့တယ်... အကယ်၍ မင်းမှာ ခန္ဓာကိုယ်ဖွဲ့စည်းပုံသာ ရှိခဲ့မယ်ဆိုရင် စွမ်းအားပိုင်းမှာ ကြီးမားတဲ့ အဆင့်တက်လှမ်းမှုကြီးကို သေချာပေါက် ရရှိလာလိမ့်မယ်လို့ ငါ ယုံကြည်တယ်... ဒီနေ့ ငါက မင်းကို သွေးငရဲနဂါးနတ်ဘုရားခန္ဓာကိုယ် ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပေးအပ်မယ်..."

ပြောပြီးသည်နှင့် တစ်ပြိုင်နက်။

ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကတ်ပြားကို အသုံးပြု၍ မိုဝန်ထျန်း၏ မျက်ခုံးနှစ်ခုကြားသို့ ထောက်လိုက်သည်။

All Chapters