← Chapters

အခန်း ၃၀၀

Vol. 27 Ch. 300

အခန်း ၃၀၀

Vol. 27 Ch. 300

အခန်း (၃၀၀) ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပေးသနားခြင်း၊ ဆရာဖြစ်သူက မင်းအတွက် မျှော်လင့်ချက် ထားရှိခြင်း

ချမ်ချန်ကန်းက ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကတ်ပြားကို အသုံးပြု၍ မိုဝန်ထျန်းအား သွေးငရဲနဂါးနတ်ဘုရားခန္ဓာကိုယ်ကို တိုက်ရိုက် ပေးအပ်လိုက်၏။

တစ်မုဟုတ်ချင်းပင် မိုဝန်ထျန်း၏ ခန္ဓာကိုယ်မှာ ကောင်းကင်ယံမှ မီးဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ တဟုန်းဟုန်း တောက်လောင်လာသည်။

သူ၏ ခန္ဓာကိုယ်တွင်း၌ မုန်တိုင်းထန်နေသော လှိုင်းလုံးကြီးများကဲ့သို့ ဂျုန်းဂျုန်းဂျိမ့်ဂျိမ့် အသံကြီးများ ထွက်ပေါ်လာ၏။

သွေးရောင် နဂါးကြီးတစ်ကောင်က သူ၏ နောက်ကျောဘက်တွင် ပုံပေါ်လာပြီး လေမုန်တိုင်းနှင့် မိုးရေများကို ခေါ်ဆောင်လာသဖြင့် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ကမ္ဘာမြေကို တုန်လှုပ်စေသော နဂါးဟောက်သံကြီးကလည်း ကောင်းကင်နှင့် မြေကြီးကိုပါ ပဲ့တင်ထပ်သွားစေ၏။

ရင်ဘတ်အတွင်း၌ ကြယ်တာရာများ ပြည့်နှက်နေပြီး ထိုကြယ်တာရာများက ကောင်းကင်ယံသို့ ထိုးတက်သွားကာ သက်တံရောင်စဉ်များက အေးစက်သော နေမင်း၏ အလင်းရောင်ဖြင့် တောက်ပသွားသည်။

သူ၏ နောက်ကျောမှ သွေးရောင်နဂါးများက ကမ္ဘာမြေကို ရစ်ပတ်၍ ကောင်းကင်ယံသို့ ပျံတက်သွားပြီး အစွမ်းထက်လှသော နဂါးစွမ်းအားများကို ထုတ်လွှတ်လိုက်ရာ တောင်ပေါင်းတစ်သိန်းတောင်တန်းအတွင်းရှိ နတ်ဆိုးသားရဲ အားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေ၏။

ကြီးမားလှသော နဂါးကြီး၏ စွမ်းအားက အင်မော်တယ်နယ်မြေအထိပင် ပျံ့နှံ့သွားသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲများ၏ ဝိညာဉ်များကိုပါ ကြောက်ရွံ့တုန်လှုပ်သွားစေ၏။

ဤသည်မှာ နဂါးတစ်သောင်း၏ ဘိုးဘေးကြီးကိုယ်တိုင် ဤနယ်မြေကို လာရောက် အုပ်စိုးသကဲ့သို့ပင် ဖြစ်သည်။

တောင်ပေါင်းတစ်သိန်းတောင်တန်းရှိ ကျင့်ကြံသူများ အားလုံးလည်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရ၏။

တစ်ယောက်ပြီး တစ်ယောက် အံ့အားသင့် မှင်သက်သွားကြသည်။

ဖေးရှန့်တောင်ပေါ်တွင် ပေါ်ထွက်လာသော ကြောက်မက်ဖွယ် ကောင်းလှသည့် မြင်ကွင်းကို ကြည့်ရင်း ဘာတွေ ဖြစ်ပျက်နေမှန်း မည်သူမျှ မသိကြချေ။

ချင်ရှို့ဝမ်နှင့် ချင်းယွင်ဖေးတို့ နှစ်ယောက်သာလျှင် အံ့အားသင့် တုန်လှုပ်နေကြပြီး သူတို့နှစ်ယောက်က အချင်းချင်း ပြောဆိုနေကြ၏။

"ဒါက ခန္ဓာကိုယ်ဖွဲ့စည်းပုံ နိုးထလာတဲ့ မြင်ကွင်းပဲ... ဝိညာဉ်တွေပါ တုန်လှုပ်သွားစေလောက်တဲ့အထိ ကြောက်စရာကောင်းလိုက်တာ..."

"မူလက သေးငယ်တဲ့ အောက်ဘုံတစ်ခုဖြစ်တဲ့ ကျူးရှိူ့တိုက်ကြီးမှာ ဒီလို ပုန်းအောင်းနေတဲ့ ကျားတွေ၊ နဂါးတွေ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."

"ဟုတ်တယ်... အခု ပေါ်ထွက်လာတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံမြင်ကွင်းက ငါ သခင်လေးကိုတောင် ထိတ်လန့်သွားစေတယ်... ဘယ်လို ခန္ဓာကိုယ်မျိုးလဲ ဆိုတာတော့ မသိဘူး..."

ချင်ရှို့ဝမ်နှင့် ချင်းယွင်ဖေးတို့ ဆွေးနွေးနေကြစဉ်မှာပင်။

ဖေးရှန့်တောင်ပေါ်တွင်တော့။

မိန်နျင်၊ အင်မော်တယ်အင်ပါယာ ယီဟိုင်နှင့် ကျန်းယုချန်တို့မှာ ဤမြင်ကွင်းကြောင့် လုံးဝကို မှင်သက် အံ့အားသင့်နေကြ၏။

စီနီယာက အရမ်း ကြောက်စရာ ကောင်းလွန်းတယ် မဟုတ်လား...။

တခြားသူတွေကိုတောင် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပေးသနားနိုင်သေးတယ်လေ...။

ဤသည်က အလွန်တရာ အံ့မခန်း ဖြစ်လွန်းလှသည်။

ပိုင်ယွဲ့နှင့် အမြီးလေးတို့ကမူ သိပ်ပြီး အံ့အားမသင့်လှပေ။

မည်သို့ပင်ဖြစ်စေ အရင်က ချမ်ချန်ကန်းသည် လင်းပေါင်အာအား အပျက်အစီးဓားခန္ဓာ ပေးသနားခဲ့သည်ကို သူတို့ မြင်တွေ့ခဲ့ဖူးသည် မဟုတ်ပါလော။

ယခုအချိန်၌ မိုဝန်ထျန်း၏ ကိုယ်ပေါ်တွင် ဖြစ်ပေါ်နေသော ကမ္ဘာမြေကို တုန်လှုပ်စေသည့် အပြောင်းအလဲများကို ကြည့်လိုက်သည်။

အင်မော်တယ်အင်ပါယာယီဟိုင်၏ သူငယ်အိမ်များက ရုတ်ခြည်း ကျဉ်းမြောင်းသွား၏။ သူက အတွေ့အကြုံ များပြားသူဖြစ်ရာ ချမ်ချန်ကန်းက မိုဝန်ထျန်းအား မည်သို့သော ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုး ပေးသနားလိုက်ကြောင်း တစ်မုဟုတ်ချင်း ရိပ်မိသွားပြီး အံ့အားသင့်ကာ မျက်နှာ ဖြူရော်သွားတော့သည်။

"မဖြစ်နိုင်ဘူး... ဒါက... အင်မော်တယ်နယ်မြေထောင်သောင်းရဲ့ ဒဏ္ဍာရီထဲက အမြင့်မြတ်ဆုံး ခန္ဓာကိုယ်ဖြစ်တဲ့ သွေးငရဲနဂါးနတ်ဘုရားခန္ဓာကိုယ်များ ဖြစ်နေမလား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

အင်မော်တယ်အင်ပါယာ ယီဟိုင်၏ စကား ထွက်ပေါ်လာသည်နှင့် မိန်နျင်၊ ကျန်းယုချန်နှင့် ပိုင်ယွဲ့တို့လည်း အလွန် အံ့အားသင့်သွားကြ၏။

မိန်နျင်ကလည်း ဤအမြင့်မြတ်ဆုံး ခန္ဓာကိုယ်ဖွဲ့စည်းပုံ အကြောင်းကို ကြားဖူးထားသည်။

သွေးငရဲနဂါးနတ်ဘုရားခန္ဓာကိုယ်။

ဤခန္ဓာကိုယ်ဖွဲ့စည်းပုံက ခန္ဓာကိုယ်ဖွဲ့စည်းပုံ ထောင်သောင်းချီသည့်အထဲတွင် ထိပ်ဆုံးဆယ်ခု စာရင်းဝင်လောက်သည့်အထိ စွမ်းအားကြီးမားသည်။

ကောလာဟလများအရ ဤခန္ဓာကိုယ်ဖွဲ့စည်းပုံကို နဂါး၏ သွေးများဖြင့် လောင်းချ၍ အမြင့်မြတ်ဆုံး နဂါးနတ်ဘုရား ခန္ဓာကိုယ်အဖြစ် ဖန်တီးထားခြင်းဖြစ်ပြီး ကြောက်မက်ဖွယ် မြင်ကွင်းဖြစ်သော 'သွေးငရဲ နဂါးတစ်သောင်း ချောက်ကမ်းပါး' ကိုပင် ကျင့်ကြံ ဖော်ထုတ်နိုင်စွမ်း ရှိသည်ဟု ဆို၏။ ၎င်းက ပို၍ပင် ပြိုင်ဘက်ကင်းသေးသည်။

ချမ်ချန်ကန်း ပေးသနားလိုက်သည်က ဤမျှ ကြောက်စရာကောင်းသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။

ပိုင်ယွဲ့ကမူ။

ဤသွေးငရဲနဂါးနတ်ဘုရားခန္ဓာကိုယ်က အရင်က လင်းပေါင်အာအား ပေးသနားခဲ့သည့် အပျက်အစီးဓားခန္ဓာထက် မနိမ့်ကျကြောင်း သိလိုက်ရသဖြင့် သူမ အလွန် အံ့အားသင့်သွားသည်။

ထပ်ပြောရလျှင် နှစ်ခုစလုံးက ဒဏ္ဍာရီလာ ခန္ဓာကိုယ်ဖွဲ့စည်းပုံများ ဖြစ်ကြ၏။

နှစ်ခုစလုံးက သမိုင်းရေစီးကြောင်းကြီးထဲတွင် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

ဤသို့သော ခန္ဓာကိုယ်ဖွဲ့စည်းပုံဖြင့်ဆိုလျှင် မိုဝန်ထျန်းက အနာဂတ်တွင် အင်မော်တယ်နယ်မြေထောင်သောင်း၌ နေရာတစ်နေရာ သေချာပေါက် ရရှိလာပေလိမ့်မည်။

ကျန်းယုချန်ကမူ။

သူမက ချမ်ချန်ကန်းကို လှမ်းကြည့်လိုက်သည်။

သူမက ရိုသေလေးစားစွာဖြင့် သက်ပြင်းချလိုက်၏။

ဤချမ်ချန်ကန်းက အမှောင်ခေတ်၏ ဗုဒ္ဓအရှင်သခင်ဖြစ်ခဲ့သည်နှင့် အံဝင်ခွင်ကျပင်ဖြစ်ပြီး သူက အမှန်တကယ်ကို ကြောက်စရာ ကောင်းလွန်းလှသည်။

ခန္ဓာကိုယ်ဖွဲ့စည်းပုံကို မိမိ စိတ်ကြိုက် ပေးသနားနိုင်သည်။

အလွန်ကြောက်မက်ဖွယ် ကောင်းလှ၏။

သူမက ချမ်ချန်ကန်းအား ဆန့်ကျင်ဘက် မလုပ်ခဲ့မိသဖြင့် ကံကောင်းသွားသည်ဟု တွေးလိုက်မိသည်။

ထို့အစား ချမ်ချန်ကန်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့၏။

ဤမျှ ရူးသွပ်ဖွယ်ကောင်းသော နည်းလမ်းမျိုး။

ဤလောကတစ်ခွင်လုံးတွင် ချမ်ချန်ကန်း တစ်ယောက်သာလျှင် လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။

မကြာမီမှာပင် ကောင်းကင်နှင့် မြေကြီး၏ မြင်ကွင်းက ပျောက်ကွယ်သွားပြီး မိုဝန်ထျန်းလည်း အရင်နေရာသို့ ပြန်ရောက်လာ၏။ သို့သော်လည်း သူ၏ တစ်ကိုယ်လုံးကမူ ကမ္ဘာမြေကို တုန်လှုပ်စေလောက်သည့် အပြောင်းအလဲများ ဖြစ်ပေါ်သွားခဲ့ပြီ ဖြစ်သည်။

သူ၏ အသက်ရှူသံက တည်ငြိမ်သွားပြီး ကြီးမားလှသော နဂါးစွမ်းအားများက သိမ်မွေ့စွာ ထွက်ပေါ်နေ၏။ သွေးကြောများကလည်း တဟုန်းဟုန်း ဆူပွက်နေပြီး လူပုံသဏ္ဌာန် သားရဲကြီး တစ်ကောင်ကဲ့သို့ ခမ်းနားထည်ဝါလှသည်။ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်နေသော ဂျုန်းဂျုန်းဂျိမ့်ဂျိမ့် အသံကြီးများက ကျောက်ဆောင်ကို ရိုက်ခတ်နေသည့် ဧရာမ လှိုင်းလုံးကြီးများကဲ့သို့ အလွန် ကြောက်စရာ ကောင်းလှ၏။

မိုဝန်ထျန်းက သူ၏ ခန္ဓာကိုယ်အနှံ့ ပြည့်နှက်နေသော ကြောက်မက်ဖွယ် စွမ်းအားများကို ခံစားလိုက်မိသဖြင့် လုံးဝ ထင်မထားမိဘဲ အလွန် စိတ်လှုပ်ရှားသွားသည်။

သူက ဒူးထောက် ချလိုက်၏။

"တပည့်က ဆရာ့ကို ကျေးဇူးတင်ပါတယ်..."

ချမ်ချန်ကန်း၏ မျက်လုံးများက တည်ငြိမ်နေပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။

"ထပါ..."

"ဝန်ထျန်း... ငါ ဆရာက မင်းကို ဒီသွေးငရဲနဂါးနတ်ဘုရားခန္ဓာကိုယ် ပေးသနားလိုက်ပြီဆိုတော့ အင်မော်တယ်နယ်မြေထောင်သောင်းက ပါရမီရှင်တွေထက် မင်းက နိမ့်ကျနေတော့မှာ မဟုတ်ဘူး... သေချာကျင့်ကြံပါ... ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို အမြန်ဆုံး ဖြတ်ကျော်နိုင်အောင် ကြိုးစားပြီး ငါ ဆရာ ပေးထားတဲ့ သုံးကြိမ် သန့်စင်ထားတဲ့ အင်မော်တယ် ဖြတ်ကျော်ခြင်း ဆေးလုံးကို အသုံးပြုရင် အင်မော်တယ်တစ်ပါး ဖြစ်လာဖို့က သေချာပေါက်ပဲ..."

"သေချာကျင့်ကြံပါ... ငါ ဆရာက မင်းအပေါ် မျှော်လင့်ချက်ကြီးကြီး ထားတယ်... ပြီးတော့ ကောင်းကင်အင်မော်တယ်နယ်မြေမှာ မင်းရဲ့ ညီမလေးရူဟွာနဲ့ အမြန်ဆုံး ပြန်ဆုံတွေ့နိုင်ဖို့လည်း မျှော်လင့်ပါတယ်..."

အမှန်တကယ်တော့ ချမ်ချန်ကန်း၏ စိတ်ထဲတွင်။ အခြားအစီအစဉ်များ ရှိနေသည်။

တာ့ဖုန်းအင်မော်တယ်လက်စွပ်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။

ထိုကျန်းရူဟွာက မိုဝန်ထျန်းအပေါ် အလွန် သံယောဇဉ် ကြီးမားလှ၏။

သူမက သူဌေးမလေးတစ်ဦး ဖြစ်သည်။

ထို့ကြောင့်လည်း သူက မိုဝန်ထျန်းကို လွတ်ချော်သွားခွင့် မပေးနိုင်ပေ။

မိုဝန်ထျန်းအား ကောင်းကင်အင်မော်တယ်နယ်မြေသို့ စောစော သွားစေပြီး ကျန်းရူဟွာနှင့် ပြန်လည်ဆုံတွေ့စေကာ ကျန်းရူဟွာကို သိမ်းပိုက်စေရမည်။

ထိုသို့ဆိုလျှင်။

ချမ်ချန်ကန်းကလည်း မိုဝန်ထျန်းမှတစ်ဆင့် ကျန်းမိသားစုထံမှ ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်တုံး အမြောက်အမြားကို ရရှိနိုင်ပေလိမ့်မည်။

ဤသည်က ချမ်ချန်ကန်း၏ ရည်ရွယ်ချက် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ပိုင်ယွဲ့နှင့် အခြားသူများ၏ စကားများအရ ကျန်းမိသားစုက အင်မော်တယ်တစ်သောင်းနယ်မြေတွင် ဩဇာတိက္ကမ ကြီးမားပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့် ထိပ်သီးအင်အားစုကြီး တစ်ခုဖြစ်ကြောင်း ချမ်ချန်ကန်း သိထား၏။

တစ်ချိန်တည်းမှာပင် သူက ကျန်းယုချန်ကိုလည်း မေးမြန်းခဲ့သည်။

ကောင်းကင်အင်မော်တယ်နယ်မြေရှိ ကျန်းမိသားစု၏ ခိုင်မာလှသော အမွေအနှစ်များက ရွှယ်ဝူ အင်မော်တယ်နယ်မြေရှိ ကျန်းမိသားစုထက် များစွာသာလွန်ကြောင်း သူမ သိထား၏။

အကယ်၍ ကျန်းယုချန်ကို သူဌေးမလေးအဖြစ် ခိုင်းနှိုင်းရလျှင်။

ထိုကျန်းရူဟွာက အမှန်တကယ်ကို ချမ်းသာကြွယ်ဝလှသော သူဌေးမကြီးပင် ဖြစ်တော့သည်။

All Chapters