← Chapters

အခန်း ၃၀၂

Vol. 27 Ch. 302

အခန်း ၃၀၂

Vol. 27 Ch. 302

အခန်း (၃၀၂ )ပိုင်ယွဲ့ အင်မော်တယ်ဖြစ်လာပြီး နှစ်ယောက်စလုံး ထွက်ခွာသွားသည့်

မိုးကြိုးကပ်ဘေး။

ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများက တစ်ခုပြီးတစ်ခု ပစ်ချလာပြီး ခြောက်သွေ့ဆွေးမြေ့နေသည်များကို ဖျက်ဆီးပစ်ကာ ကောင်းကင်တာအို၏ အစောင့်အရှောက်ဖြစ်သော ပိုင်ယွဲ့ကို အစအနမကျန် ဖျက်ဆီးပစ်တော့မည့်အလား ရှိနေ၏။

သို့သော်လည်း ပိုင်ယွဲ့အတွက်မူ သူမက ပေါ့ပေါ့ပါးပါးပင် ရင်ဆိုင်လိုက်သည်။ သူမက အင်မော်တယ်နယ်မြေ၏ ပါရမီရှင် ဖြစ်၏။ အခြားသော ကောင်းကင်ဘုံ ပါရမီရှင် တစ်ဦးလည်းဖြစ်သည်။ သာမန် အင်မော်တယ် မိုးကြိုးကပ်ဘေးမျှသာ ဖြစ်၍ သူမအတွက် ရင်ဆိုင်ရန် မည်သို့ ခက်ခဲနိုင်ပါမည်နည်း။

အားလုံး၏ အာရုံစိုက်မှုအောက်တွင် သူမက အလွယ်တကူပင် ခုခံလိုက်သည်။

တဖြည်းဖြည်းနှင့် ပိုင်ယွဲ့၏ ခန္ဓာကိုယ်က အင်မော်တယ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားပြီး အဆုံးအစမဲ့သော အင်မော်တယ်စွမ်းအင်များ ထွက်ပေါ်လာ၏။

တက်လှမ်းခြင်း အင်မော်တယ်တံခါးက အင်မော်တယ် အလင်းတန်းများနှင့်အတူ ကျယ်ဝန်းစွာ ပွင့်ဟသွားပြီး တက်လှမ်းခြင်း လမ်းမှတစ်ဆင့် ပိုင်ယွဲ့၏ ခြေရင်းသို့ ရောက်ရှိလာသည်။

ထိုအခိုက်၌ အင်မော်တယ်အလင်းတန်းများ စီးဆင်းနေသော ပိုင်ယွဲ့မှာ အင်မော်တယ် တစ်ပါးအဖြစ်သို့ ပြောင်းလဲသွားပြီး မြင့်မြတ်သန့်စင်ကာ မျက်စိပသာဒ ဖြစ်နေ၏။

တောင်ပေါင်းတစ်သိန်းမှ ရေတွက်မရနိုင်သော ကျင့်ကြံသူများက ဤမြင်ကွင်းကို စောင့်ကြည့်နေကြသည်။

သူတို့၏ မျက်လုံးများက ပူပြင်းနေပြီး မျှော်လင့်ချက်များ၊ စိတ်လှုပ်ရှားမှုများ အပြည့်ဖြစ်နေ၏။ ဤသည်က အင်မော်တယ်အဖြစ် တက်လှမ်းခြင်း၏ ကြီးကျယ်ခမ်းနားသော အခြေအနေကို သူတို့ မျက်မြင်ကိုယ်တွေ့ ကြုံရသည့် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ဤမြင်ကွင်းကြောင့် အားလုံးမှာ လုံးဝ အံ့အားသင့်သွားကြသည်။

အင်မော်တယ်အဖြစ် တက်လှမ်းခြင်းက တကယ်ပင် ဤမျှ လွယ်ကူပါသလား။

ပိုင်ယွဲ့က မည်သည့် အားထုတ်မှုမှ မလုပ်ရဘဲ အင်မော်တယ်တစ်ပါး ဖြစ်လာသည့်အလား ပေါ်လွင်နေ၏။

ယခုအခါ ပိုင်ယွဲ့က ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်သွားပြီဖြစ်ပြီး သုံးကြိမ် သန့်စင်ထားသော အင်မော်တယ် ဖြတ်ကျော်ခြင်း ဆေးလုံး၏ ဆေးစွမ်းများကို လုံးဝ ချေဖျက် သန့်စင်ပြီးသွားပြီ ဖြစ်သည်။

ထိုအခိုက်၌ သူမက အင်မော်တယ် လျှို့ဝှက်နယ်ပယ်သို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့ပြီဖြစ်ပြီး အင်မော်တယ်စစ်သည်တော် ပထမအဆင့်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်၏။

နောက်တစ်ဆင့်အနေဖြင့် ပိုင်ယွဲ့က ဤတက်လှမ်းခြင်းလမ်းအတိုင်း လျှောက်လှမ်း၍ ကျယ်ဝန်းစွာ ပွင့်ဟနေသော တက်လှမ်းခြင်း အင်မော်တယ်တံခါးထဲသို့ ဝင်ရောက်သွားရန်သာ လိုတော့သည်။

ထို့နောက်တွင် သူမက အစစ်အမှန် အင်မော်တယ်တစ်ပါး ဖြစ်လာကာ ကျူးရှိူ့တိုက်ကြီးမှ ထွက်ခွာ၍ အင်မော်တယ်နယ်မြေထောင်သောင်းသို့ ဝင်ရောက်သွားမည် ဖြစ်သည်။

သို့သော်လည်း လူအုပ်ကြီး၏ မျက်စိရှေ့မှောက်တွင် ပိုင်ယွဲ့က တက်လှမ်းခြင်း အင်မော်တယ်တံခါးထဲသို့ ဝင်ရောက်မသွားခဲ့ချေ။

သူမ၏ အင်မော်တယ်စွမ်းအင်များက တဖြည်းဖြည်းချင်း ကိုယ်တွင်းသို့ ပြန်လည် ဝင်ရောက်သွားပြီး လှည့်ကာ တက်လှမ်းခြင်း လမ်းမှ တိုက်ရိုက် ထွက်ခွာသွား၏။

"ဘုရားရေ... သူ ဘာလုပ်ချင်လို့လဲ... ဘာလို့ အဲဒီတက်လှမ်းခြင်းလမ်းကနေ ထွက်သွားရတာလဲ..."

"သူက ကျူးရှိူ့တိုက်ကြီးမှာ ဆက်နေဖို့ အစီအစဉ် ရှိနေတာလား..."

သို့သော်လည်း အချို့သော ကျင့်ကြံသူများက အလျင်အမြန်ပင် နားလည်သွားကြပြီး ပြောလိုက်ကြသည်။

"ကျူးရှိူ့တိုက်ကြီးကလည်း တက်လှမ်းပြီး ကျူးရှိူ့အင်မော်တယ်နယ်မြေ ဖြစ်လာတော့မယ်ဆိုတာ မမေ့ကြနဲ့လေ... ဒါ့ကြောင့် သခင်မလေး ပိုင်ယွဲ့က ဒီနေရာမှာ ဆက်နေပြီး တက်လှမ်းခြင်းလမ်းကတစ်ဆင့် အင်မော်တယ်တံခါးထဲ ဝင်မသွားတာပေါ့... အသိသာကြီးပဲ ဒါက အစီအစဉ်တစ်ခုပဲ..."

"ဟုတ်တယ်... ဟုတ်တယ်... ကျူးရှိူ့တိုက်ကြီးက တက်လှမ်းပြီး ကျူးရှိူ့အင်မော်တယ်နယ်မြေ ဖြစ်လာတာနဲ့ သူက အဲဒီတက်လှမ်းခြင်း အင်မော်တယ်တံခါးထဲကို ဝင်ဖို့ မလိုတော့ဘူးပေါ့..."

ပိုင်ယွဲ့က တက်လှမ်းခြင်းလမ်းမှ ထွက်ခွာသွားသည်နှင့်အမျှ တက်လှမ်းခြင်း အင်မော်တယ်တံခါးကလည်း တဖြည်းဖြည်း ပိတ်သွားပြီး ကောင်းကင်ယံမှ အဆုံးအစမဲ့သော မိုးကြိုးများကလည်း ပျောက်ကွယ်သွား၏။

မှောင်မိုက်နေသော လောကကြီးက အလင်းရောင် ပြန်လည် ရရှိလာသည်။

ဤအဖြစ်အပျက်က ရေတွက်မရနိုင်သော ကျင့်ကြံသူများကို မိန်းမောသွားစေ၏။

တက်လှမ်းခြင်းကပ်ဘေးက ဤကဲ့သို့ ပြီးဆုံးသွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

ပိုင်ယွဲ့က ဖေးရှန့်တောင်သို့ ပြန်သွားသည်။

ချက်ချင်းပင် ချမ်ချန်ကန်း၏ အသံက တောင်ပေါင်းတစ်သိန်းတောင်တန်းဆီမှ ထွက်ပေါ်လာ၏။

"မနက်ဖြန်က ကျူးရှိူ့တိုက်ကြီးရဲ့ တက်လှမ်းခြင်း အစီအရင် ပွင့်လာမယ့်နေ့ ဖြစ်ပြီး ကျူးရှိူ့က အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲသွားလိမ့်မယ်... စောင့်ကြည့်ကြတာပေါ့..."

ချမ်ချန်ကန်း၏ စကားကို ကြားသောအခါ အားလုံးက အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး စောင့်မျှော်နေကြသည်။

ဤနေ့ရက်က နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

သူတို့က ချမ်ချန်ကန်းအပေါ် ကြောက်ရွံ့ရိုသေမှု၊ လေးစားအားကျမှု၊ ကျေးဇူးတင်မှုနှင့် စိတ်လှုပ်ရှားမှုများ အပြည့်ဖြစ်နေကြသည်။

စီနီယာသာ မရှိခဲ့လျှင် ကျူးရှိူ့တိုက်ကြီးတွင် ဤကဲ့သို့သော နေ့ရက်မျိုး ရောက်လာမည် မဟုတ်ကြောင်း သေချာလှ၏။

ဤအရာအားလုံးက စီနီယာ၏ ကြီးမားလှသော ကရုဏာဖြင့် ကျူးရှိူ့တိုက်ကြီးကို ကူညီပေးခဲ့ခြင်း ဖြစ်သည်။

သူတို့၏ ကျင့်ကြံမှုများကို ပိုမို အားကောင်းလာစေရန် ကျူးရှိူ့တိုက်ကြီးတွင် ဤမျှ ကျယ်ပြောလှသော အင်မော်တယ်နယ်မြေကို ဖန်တီးပေးခဲ့ရုံသာမက ကျူးရှိူ့တိုက်ကြီး တစ်ခုလုံးကိုပင် အင်မော်တယ်နယ်မြေအဖြစ် ပြောင်းလဲပေးတော့မည် ဖြစ်၏။

အင်မော်တယ်နယ်မြေ ပြောင်းလဲခြင်း ပြီးမြောက်သွားသည်နှင့် တစ်ပြိုင်နက် ကျူးရှိူ့တိုက်ကြီးတစ်ခုလုံးရှိ ကျင့်ကြံသူ အားလုံးအတွက် ဖြစ်လာပေလိမ့်မည်။

သူတို့ အားလုံးက ကြီးမားလှသော အင်မော်တယ် အခွင့်အရေးများကို ရရှိကြမည် ဖြစ်သည်။

ထို့ကြောင့် ဤကျင့်ကြံသူများက သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်နှင့် ပိုမို အားကောင်းလာစေရန်အတွက် ပို၍ ကြိုးစား ကျင့်ကြံကြ၏။

ဤသို့ပြုလုပ်မှသာလျှင် သူတို့က စီနီယာ၏ မျှော်လင့်ချက်များနှင့် ထိုက်တန်နိုင်မည် ဖြစ်သည်။

ဖေးရှန့်တောင်။

ချမ်ချန်ကန်းက ပိုင်ယွဲ့ကို ကြည့်လိုက်သည်။

ပိုင်ယွဲ့က လူသားအင်မော်တယ် လျှို့ဝှက်နယ်ပယ်သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။

ယခုအခါ သူမက ကျူးရှိူ့တိုက်ကြီးမှ အချိန်မရွေး ထွက်ခွာသွားနိုင်ပြီ ဖြစ်သည်။

ပိုင်ယွဲ့၏ တစ်ကိုယ်လုံးတွင် အံ့မခန်း အင်မော်တယ်စွမ်းအင်များ စီးဆင်းနေသည်ကို သူ မြင်လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်က ကျောက်စိမ်းကဲ့သို့ တောက်ပနေပြီး တိတ်ဆိတ်နေသော တောင်ကြားထဲမှ သစ်ခွပန်းလေး တစ်ပွင့်အလား ဖြစ်နေ၏။

သူမ တစ်ကိုယ်လုံးက ပတ်ဝန်းကျင် ရှုခင်းများနှင့် လုံးဝ ပေါင်းစပ်သွားသည့်အလား ရှိနေပြီး သေမျိုးအညစ်အကြေးများနှင့် ကင်းစင်နေသည်။

ယခုအခိုက်၌ အင်မော်တယ်ဖြစ်လာပြီးနောက် ပိုင်ယွဲ့မှာ နှင်းပွင့်ကဲ့သို့ ပို၍ မြင့်မြတ်သန့်စင်နေပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အချိန်မရွေး လေထဲ လွင့်မျောသွားတော့မည့် နတ်သမီးလေး တစ်ပါးကဲ့သို့ ရှိနေ၏။

ချမ်ချန်ကန်းမှာ လက်ရှိ ပိုင်ယွဲ့ကို ကြည့်၍ အံ့အားသင့်သွားခဲ့ရသည်ဟု ဆိုရပေမည်။

"ဆရာ ပေးသနားတဲ့ သုံးကြိမ် သန့်စင်ထားသော အင်မော်တယ် ဖြတ်ကျော်ခြင်း ဆေးလုံးအတွက် ကျေးဇူးတင်ပါတယ်… တပည့် အရမ်းမြန်မြန် အင်မော်တယ်ဖြစ်လာနိုင်ခဲ့ပြီ..."

ပိုင်ယွဲ့က ရိုသေလေးစားစွာဖြင့် စကားဆိုလိုက်သည်။

သူမက စိတ်ထဲတွင် ပို၍ပင် သက်ပြင်းချလိုက်မိ၏။

ဆရာက တကယ့်ကို အစွမ်းထက်ပြီး ဤမျှ အစွမ်းထက်သော ဆေးလုံးမျိုး ရှိနေသည်။

သူမက သုံးကြိမ် သန့်စင်ထားသော အင်မော်တယ် ဖြတ်ကျော်ခြင်း ဆေးလုံးကို သန့်စင်၍ အင်မော်တယ်အဖြစ် အလွယ်တကူ တက်လှမ်းနိုင်ခဲ့၏။

ဤသုံးကြိမ် သန့်စင်ထားသော အင်မော်တယ် ဖြတ်ကျော်ခြင်း ဆေးလုံးအတွင်း ပါရှိသော အဆုံးအစမဲ့ လျှို့ဝှက်ချက်များကိုပင် သူမ ခံစားနိုင်သေးသည်။

ဤဆေးလုံးဖြင့်ဆိုလျှင် အောက်ဘုံမှ ကျင့်ကြံသူများ အင်မော်တယ်ဖြစ်လာရန်မှာ အိပ်မက်တစ်ခု မဟုတ်တော့ဟု ဆိုနိုင်ပေသည်။

"ကောင်းတယ်... မနက်ဖြန်က တက်လှမ်းခြင်း အစီအရင်ကို စတင်ရမယ့် အချိန်ပဲ... ကောင်းကင်တာအိုရဲ့ အစောင့်အရှောက်အနေနဲ့ မင်းက အခြေအနေတစ်ရပ်လုံးကို ကြီးကြပ်ရလိမ့်မယ်... ကောင်းကောင်း အနားယူပြီး သေချာ ပြင်ဆင်ထား..."

"ဟုတ်ကဲ့ပါ ဆရာ..."

ထို့နောက်တွင် ချမ်ချန်ကန်းက ကျန်းယုချန်ကို ထပ်မံ ခေါ်ယူလိုက်၏။

“စီနီယာ..."

ကျန်းယုချန်က ရိုသေစွာ ပြောလိုက်သည်။

ဤရက်အနည်းငယ် အတူနေထိုင်ပြီးနောက်တွင် သူမက ချမ်ချန်ကန်းကို ထိုမျှလောက် မကြောက်ရွံ့တော့ချေ။

ကောလာဟလများထဲမှ ဗုဒ္ဓအရှင်သခင်က ထိုမျှရက်စက်ကြမ်းကြုတ်ပုံ မပေါ်ဘဲ အတော်လေး ချဉ်းကပ်ရ လွယ်ကူသူ ဖြစ်နေ၏။

တကယ်တမ်းလည်း ကောလာဟလများက ယုံကြည်ရဖွယ် မရှိပေ။ သူမက အရင်ကလို စီနီယာ့ကို မကြောက်ရွံ့တော့ချေ။

"သခင်မလေးကျန်း... ဒီရက်ပိုင်းအတွင်း မင်း အချိန်အတော်ကြာ စောင့်ခဲ့ရပြီ..."

ထိုသို့ပြောပြီးနောက် ချမ်ချန်ကန်းက သူ အပင်ပန်းခံ ဖန်တီးထားသည့် ထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းများကို ကျန်းယုချန်ထံသို့ လွှဲပြောင်းပေးအပ်လိုက်သည်။

ကျန်းယုချန်က အလွန်ပင် ကျေးဇူးတင်သွား၏။

ဤထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းများဖြင့်ဆိုလျှင် ကျန်းမိသားစုအတွက် အင်မော်တယ်အင်ပါယာ တစ်ဆယ်ပါးကို တစ်ပြိုင်နက်တည်း ကျင့်ကြံမွေးထုတ်ပေးရန်ပင် ပြဿနာ မရှိနိုင်ချေ။

မည်သို့ပင်ဖြစ်စေ မိသားစုထဲတွင် အင်မော်တယ်များစွာရှိနေပြီး သူတို့က အင်မော်တယ်အရှင်သခင်အဆင့်၏ ပိတ်ဆို့မှုတွင် တစ်ဆို့နေကြခြင်း ဖြစ်သည်။

သူတို့ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများက အလုံအလောက် စုဆောင်းမိနေပြီ ဖြစ်သော်လည်း သူတို့၏ ကိုယ်ပိုင် တာအိုလမ်းစဉ်ကို လုံလောက်စွာ နားလည်သဘောပေါက်ခြင်း မရှိသေးသဖြင့် ပိတ်ဆို့မှုကို ဖြတ်ကျော်ကာ အင်မော်တယ်အင်ပါယာအဆင့်သို့ မတက်လှမ်းနိုင်ကြခြင်းပင် ဖြစ်၏။

ဤထိပ်တန်းအဆင့် တာအိုစည်းချက်များဖြင့်ဆိုလျှင် သူတို့အတွက် လုံလောက်သော တာအိုများကို စုပ်ယူနိုင်ရန် လုံလောက်ပေသည်။

"ကျေးဇူးတင်ပါတယ် စီနီယာ..."

ချမ်ချန်ကန်းက ပြုံးလိုက်၏။

"ကျေးဇူးတင်ဖို့ မလိုပါဘူး... အရောင်းအဝယ်အတွက် အင်မော်တယ် ကျောက်တုံးတွေကို မမေ့နဲ့ပေါ့..."

"ပြဿနာမရှိပါဘူး စီနီယာ... ကျွန်မ မိသားစုဆီ ပြန်ရောက်တာနဲ့ ဒီအရောင်းအဝယ်ကနေ ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံးတစ်သိန်းကို အမြန်ဆုံး ယူလာခဲ့ပါ့မယ်..."

ထိုထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းများကို ရရှိပြီးနောက် ကျန်းယုချန်က သေချာဂရုတစိုက် သိမ်းဆည်းလိုက်သည်။

ထို့နောက် သူမက ဖေးရှန့်တောင်တွင် ဆက်လက် မနေထိုင်တော့ချေ။

ယခုအခါ တာဝန် ပြီးမြောက်သွားပြီဖြစ်သည်။

သူမက ဤထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းများကို ပြန်လည်သယ်ဆောင်သွားရန် မစောင့်နိုင်တော့ပေ။

မကြာမီမှာပင် ကျန်းယုချန် ထွက်ခွာသွားတော့၏။

မိန်နျင်ကလည်း ကျန်းယုချန် ထွက်ခွာသွားသည်ကို သဘာဝကျစွာ မြင်တွေ့လိုက်သည်။

သူမက စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။

"အဲ့ကျန်းမိသားစုက အင်မော်တယ် သတ္တုတွင်းကြီးဖြစ်တဲ့အလျောက် တကယ့်ကို ကြွယ်ဝပါပေတယ်... သူတို့မှာ ကြီးမားတဲ့ စည်းစိမ်တွေရှိပြီး ဟွမ်ဖူအင်မော်တယ်မိသားစုနဲ့တောင် နှိုင်းယှဉ်လို့ မရနိုင်ဘူး... သူတို့က စီနီယာနဲ့ အရောင်းအဝယ် လုပ်ဖို့အတွက် ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံး တစ်သိန်းကို တစ်ပြိုင်နက်တည်း ထုတ်ပေးနိုင်တယ်ဆိုတော့..."

ချမ်ချန်ကန်းအား ယခင်က ပေးအပ်ခဲ့သော ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံး ငါးသောင်းကိုပါ ထည့်ပေါင်းလိုက်လျှင် စုစုပေါင်း ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံး တစ်သိန်းခွဲပင် ဖြစ်သည်။

ထိပ်တန်းအဆင့် အင်မော်တယ် ကျောက်တုံး တစ်သိန်းခွဲဆိုသည်မှာ ဟွမ်ဖူအင်မော်တယ်မိသားစုအတွက်မူ မိုးတိမ်ပေါ်က ဂဏန်းအရေအတွက် တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

အကယ်၍ ဟွမ်ဖူအင်မော်တယ်မိသားစုသာဆိုလျှင် ဤမျှများပြားသော အင်မော်တယ် ကျောက်တုံးများကို တစ်ကြိမ်တည်းဖြင့် ထုတ်ပေးနိုင်ရန်မှာ မဖြစ်နိုင်ချေ။

ယနေ့တွင် ဟွမ်ဖူအင်မော်တယ်မိသားစုက ချမ်ချန်ကန်း၏ ပေါင်ကို ဖက်ထားနိုင်ခဲ့သည်။

သို့သော် ကျန်းမိသားစုကလည်း အင်မော်တယ် ကျောက်တုံး အမြောက်အမြားကို အားကိုး၍ ချမ်ချန်ကန်း၏ ပေါင်ကို ဖက်ထားနိုင်ခဲ့၏။

ကံကောင်းစွာဖြင့် မိန်နျင် စိုးရိမ်စရာ မလိုသည့်အချက်မှာ သတ္တမမင်းသမီး ဟွမ်ဖူပိုင်ယွဲ့က ချမ်ချန်ကန်း၏ တပည့် ဖြစ်နေခြင်းပင်။

ချမ်ချန်ကန်းက ဟွမ်ဖူအင်မော်တယ်မိသားစုအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံမည် မဟုတ်ကြောင်း သေချာလှသည်။

ထိုသို့ဆိုလျှင် ကျန်းမိသားစုက သူတို့၏ စွမ်းအားများကို မြှင့်တင်ရန် ဤထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းများအပေါ် မှီခိုရမည်ဆိုပါက သူတို့က ဟွမ်ဖူအင်မော်တယ်မိသားစုကို ပစ်မှတ်ထားဝံ့မည်လား ဆိုသည်ကို စဉ်းစားရပေလိမ့်မည်။

မူလက မိန်နျင်မှာ ဤအောက်ဘုံ တက်လှမ်းခြင်း ပြီးဆုံးသည်အထိ စောင့်ဆိုင်းပြီးမှ ထွက်ခွာရန် အစီအစဉ် ရှိခဲ့သည်။

သို့သော်လည်း ကျန်းယုချန်က ထိုထိပ်တန်းအဆင့် တာအိုစည်းချက် ပစ္စည်းများကို ယူဆောင်၍ ထွက်ခွာသွားပြီ ဖြစ်သောကြောင့်တည်း။

မိန်နျင်ကလည်း ဆက်လက်၍ မနေထိုင်တော့ဘဲ ချမ်ချန်ကန်းကို ပြောပြပြီးနောက် ကျူးရှိူ့တိုက်ကြီးမှ ထွက်ခွာကာ ရွှယ်ဝူအင်မော်တယ်နယ်မြေသို့ ထွက်ခွာသွားတော့သည်။

All Chapters