← Chapters

အခန်း ၃၀၇

Vol. 27 Ch. 307

အခန်း ၃၀၇

Vol. 27 Ch. 307

အခန်း (၃၀၇) ကျယ်ပြောလှသော ရေခဲပြင်က ဓားကျိုးအပိုင်းအစများကို စုပ်ယူလိုက်ခြင်း

တောင်ပေါင်းတစ်သိန်းတောင်တန်း။

ထိုကြောက်မက်ဖွယ် မိုးကြိုးကပ်ဘေးကြီးက ပျက်စီးခြင်း သမုဒ္ဒရာကြီးအဖြစ် ပြောင်းလဲသွား၏။

တောင်ပေါင်းတစ်သိန်းတောင်တန်းကို ဖျက်ဆီးပစ်ရန် ဆိုထားဘိ။ ကျူးရှိူ့တိုက်ကြီး တစ်ခုလုံးကို ပြာကျသွားစေရန်ပင် ပြုလုပ်နိုင်စွမ်း ရှိသည်။

သို့သော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကပ်ဘေးကြီးကို ချမ်ချန်ကန်းက လွယ်လွယ်ကူကူပင် မျိုချပစ်လိုက်၏။

ဤသည်က လူတိုင်း၏ သိမြင်နားလည်နိုင်စွမ်းကို ပြောင်းပြန်လှန်ပစ်လိုက်ခြင်းပင်။

၎င်းက ထိုနေရာရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေ၏။ သူတို့မှာ ထိတ်လန့်သွားကြသကဲ့သို့ ဖြစ်နေသည်။

တစ်ယောက်ပြီးတစ်ယောက် မျက်လုံးပြူးကာ မေးရိုးများ ကျွတ်ကျမတတ် ဖြစ်သွားကြပြီး သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့် မှင်သက်နေကြ၏။

ပရိသတ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

ဤသည်က အရမ်းကို အံ့အားသင့်စရာ ကောင်းလွန်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့မှာ အသက်ပင် မရှူရဲကြဘဲ စကားတစ်ခွန်းမျှ မဟနိုင်ကြတော့ချေ။

ကောင်းကင်ယံထက်တွင် ချမ်ချန်ကန်းက လူ့လောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့် တူနေပြီး လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်ထား၏။

သူက လေချဉ်တစ်ချက် တက်လိုက်သည်။ မိုးကြိုးကပ်ဘေးကို တစ်လုတ်တည်းဖြင့် မျိုချလိုက်ခြင်းက သူ့ကို ဗိုက်ဝသွားသကဲ့သို့ ခံစားလိုက်ရစေ၏။

"သာမန်မိုးကြိုးကပ်ဘေးလေးက ဒီလောက်ပါပဲ..."

ပြိုင်ဘက်ကင်းနယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားသည့် အသံက အေးဆေးတည်ငြိမ်ကာ ဂရုမစိုက်သည့် အသံသာ ဖြစ်နေဆဲပင်။

၎င်းကို ကြားသောအခါ တောင်ပေါင်းတစ်သိန်းတောင်တန်းမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မျက်လုံးများထဲတွင် မြတ်နိုးမှု၊ လေးစားမှု၊ ကိုးကွယ်ကြည်ညိုမှုတို့ ပြည့်နှက်သွားကြ၏။

ဤသည်က စီနီယာပင်တည်း။

ဖေးရှန့်တောင်တွင် ကျင့်ကြံနေသော ပြိုင်ဘက်ကင်း စီနီယာကြီး။ သူက ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းသူလည်း ဖြစ်သည်။

ပြိုင်ဘက်ကင်းနယ်မြေအတွင်း၌ မရေမတွက်နိုင်သော အမျိုးသမီး ကျင့်ကြံသူများက ချမ်ချန်ကန်းကို စွဲမက်ဖွယ်ရာ အကြည့်များဖြင့် ကြည့်နေကြ၏။

သူတို့က စိတ်လှုပ်ရှားနေကြပြီး ချမ်ချန်ကန်း၏ ပြိုင်ဘက်ကင်းသော ပုံရိပ်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။ အထူးသဖြင့် ချမ်ချန်ကန်းက ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကပ်ဘေးကြီးကို အနိုင်ကျင့်ကာ မျိုချပစ်လိုက်သည်ကို မြင်ပြီးနောက်တွင် ဖြစ်၏။

သူတို့မှာ ပေါင်နှစ်လုံးကို စေ့ထားလိုက်မိကြသည်။ မျက်လုံးများက အရည်လဲ့နေကြ၏။

*စီနီယာ... ရှင်က တကယ့်ကို အစွမ်းထက်လွန်းတယ်... အံ့သြစရာကောင်းလွန်းတယ်... မိုက်လိုက်တာ... စီနီယာရယ် ရှင့်အတွက် ရင်သွေးလေးတွေတောင် မွေးပေးချင်လာပြီ…*

ဖေးရှန့်တောင်ပေါ်တွင်။

အမြီးလေးက သူမ၏ ဆရာဖြစ်သူကို ကြယ်ပွင့်လေးများ တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေ၏။

*ဝါး... ဝါး... ဆရာက တကယ့်ကို အစွမ်းထက်တာပဲ... သမီးက ဆရာ့ကို အရမ်း အားကျတာပဲ... သမီးက ဆရာ့ကို အရမ်းချစ်တာပဲ…*

*ဆရာ... အမြန်ပြန်လာခဲ့ပါ... အမြီးလေးက ဆရာ့ရဲ့ ပေါင်ကို တင်းတင်းကျပ်ကျပ် ဖက်ထားပါရစေဦး…*

ပိုင်ယွဲ့ကလည်း ချမ်ချန်ကန်းကို စိုက်ကြည့်နေပြီး သူမ၏ လှပသော မျက်လုံးများထဲတွင် တောက်ပသော အရောင်အဝါများ စီးဆင်းနေကာ သူမ ဘာတွေ တွေးနေမှန်း မသိနိုင်ချေ။

“စီနီယာက အရမ်းကို အစွမ်းထက်လွန်းတယ်... ဒီလောကမှာ... အင်မော်တယ်နယ်မြေထတစ်‌ေသာင်းမှာတောင် စီနီယာ့ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မယ့်သူ ရှိပါ့မလားဆိုတာ စိတ်ကူးကြည့်ဖို့တောင် ခက်ခဲလှတယ်..."

အင်မော်တယ်အင်ပါယာ ယီဟိုင်က မနေနိုင်ဘဲ ပြောလိုက်၏။ သူ၏ စကားများထဲတွင် ဖုံးကွယ်ထား၍မရသော တုန်လှုပ်မှုနှင့် ကြောက်ရွံ့လေးစားမှုတို့ ပါဝင်နေသည်။

ဘေးဘက်တွင်မူ။

မိုဝန်ထျန်းက သူ့လက်သီးများကို တင်းတင်းဆုပ်ထားပြီး မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု၊ ကြည်နူးမှုနှင့် ကိုးကွယ်ကြည်ညိုမှုတို့ ပြည့်နှက်နေ၏။

"စီနီယာယီဟိုင်... ဆရာက ဒီလောကမှာ အသန်မာဆုံးသူ ဖြစ်ရမယ်... ကျွန်တော်က ဆရာရဲ့ ခြေလှမ်းတွေနောက်ကို အနီးကပ် လိုက်နာပြီး ဆရာ့ရဲ့ နာမည်ကို ဘယ်တော့မှ အသရေမဖျက်ဘူး..."

ချမ်ချန်ကန်း၏ စွမ်းအားကို မြင်တွေ့ပြီးနောက် မိုဝန်ထျန်း၏ စိတ်ထဲတွင် ရည်မှန်းချက်တစ်ခုကို သတ်မှတ်ထားပြီး ဖြစ်၏။

ထိုရည်မှန်းချက်မှာ ချမ်ချန်ကန်းကို ရည်မှန်းချက်အဖြစ်ထားကာ ပိုမို အစွမ်းထက်လာစေရန် ဖြစ်သည်။

ယခုအခါ။

တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးအားလုံးက တောင်ပေါင်းတစ်သိန်းတောင်တန်းဆီသို့ လမ်းကြောင်းလွှဲ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ကျူးရှိူ့တိုက်ကြီးက ထိုအက်ကွဲကြောင်းကို ဖြတ်ကျော်နေပြီဖြစ်ပြီး အထက်ဘုံသို့ တက်လှမ်းကာ ကျူးရှိူ့အင်မော်တယ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားတော့မည် ဖြစ်သည်။

အောက်ဘုံက တက်လှမ်းနေပြီဖြစ်ရာ မည်သူမျှ တားဆီး၍မရနိုင်တော့ချေ။

ကျူးရှိူ့တိုက်ကြီးက အင်မော်တယ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားပြီး ချမ်ချန်ကန်း ထိုနေရာတွင် ရှိနေသရွေ့ ၎င်းက သေချာပေါက် အောင်မြင်မည်သာ ဖြစ်၏။

စကားကို နှစ်ပိုင်းခွဲရလျှင်... ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးများ၏ အတွေးအာရုံ စွမ်းအားများဖြင့် ရက်ပေါင်းများစွာ ဖုန်တက်နေခဲ့သော ချိုမြိန်ချစ်စရာကောင်းသည့် ကလေးမလေးက စင်မြင့်ပေါ်သို့ တက်လာသင့်ပြီ ဖြစ်၏။

အမှောင်ထု၏ နတ်ဘုရား ဂူနာရာက မှောင်မည်းစွာဖြင့် ပေါ်ထွက်လာပြီ။

ရှမီအင်မော်တယ်နယ်မြေက ကျယ်ပြောလှပြီး အဆုံးအစမဲ့သော မြေအောက်နန်းတော်ကြီးဖြစ်ကာ နေရာအနှံ့အပြားတွင် ရှေးကျသော အင်မော်တယ် အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။

၎င်းက နှစ်ပေါင်း မည်မျှ ကြာအောင် တည်ရှိနေခဲ့သည်ကို မည်သူမျှ မသိနိုင်ချေ။ မည်သူကများ ဤမျှ ခမ်းနားထည်ဝါသော မြေအောက်နန်းတော်ကြီးကို တည်ဆောက်ခဲ့ပါသနည်း။

ဤနေရာက တစ်ဘက်ရှိ လုံးဝ အသစ်စက်စက် ကမ္ဘာတစ်ခုနှင့်တူနေ၏။

လင်းပေါင်အာမှာ ကျောက်တုံးကိုယ်တော် ရဟန္တာကိုးပါး၏ အစောင့်အရှောက်အောက်တွင် ရှိနေသည်။ ဝူမင် ပေးအပ်ခဲ့သော ဓားအင်မော်တယ် အမွေအနှစ်ဟု မှတ်သားထားသည့် လမ်းပြမြေပုံကို သူမ ကိုင်ဆောင်ထား၏။

မြေအောက်နန်းတော်က ကျယ်ပြောလှပြီး လင်းပေါင်အာကို ပြင်းထန်သော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသော်လည်း လမ်းကြောင်းအတိုင်း လိုက်လာရာ လမ်းတစ်လျှောက်တွင် မည်သည့် အန္တရာယ်မျှ မကြုံတွေ့ခဲ့ရချေ။

မည်သည့် အန္တရာယ်မျှ မကြုံတွေ့ခဲ့ရချေ။

သေချာသည်က သူမမှာ ကျောက်တုံးကိုယ်တော် ရဟန္တာကိုးပါး၏ စောင့်ရှောက်မှု ရှိနေသည်ဆိုရုံဖြင့် ပေါ့ဆနေမည် မဟုတ်ပေ။

သူမက အမြဲတမ်း သတိဝီရိယ ရှိနေပုံရပြီး သူမ၏ ခန္ဓာကိုယ်ထဲတွင် အပျက်အစီး စွမ်းအားများ စီးဆင်းနေကာ လက်ထဲတွင်လည်း အပျက်အစီး စွမ်းအားဖြင့် ပြောင်းလဲထားသော အပျက်အစီး နတ်ဘုရားဓားကို ကိုင်ဆောင်ထား၏။

သူမက မြေပုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်သိမ်းဆည်းလိုက်သည်။ သူမ၏ လှပသော သလင်းကျောက်နက်ရောင် မျက်လုံးလေးများက ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားပြီး သူမက သီချင်းတစ်ပုဒ်လို ချိုမြိန်လှပသော အသံလေးဖြင့် ရေရွတ်လိုက်၏။

"မြေပုံရဲ့ လမ်းကြောင်းအရဆိုရင်... ဟိုနေရာက ဓားအင်မော်တယ် အမွေအနှစ် ရှိတဲ့နေရာ ဖြစ်ရမယ်..."

"ငါ ဓားအင်မော်တယ် အမွေအနှစ်ကို သေချာပေါက် ရယူနိုင်မှဖြစ်မယ်... ဒါမှ ငါ့စွမ်းအားတွေ ပိုပြီး အစွမ်းထက်လာပြီး ဆရာ့ရဲ့ ခြေလှမ်းတွေနောက်ကို မီနိုင်မှာ..."

"ဆရာနဲ့ ခွဲလာခဲ့တာ အတော်ကြာပြီ... ငါ ဆရာ့ကို အရမ်းလွမ်းတာပဲ... ဆရာကရော ပေါင်အာကို လွမ်းနေမလား မသိဘူး..."

ထို့နောက် လင်းပေါင်အာ၏ မျက်လုံးများက အလွန်တရာ ပြတ်သားသွား၏။

ဆရာဖြစ်သူ၏ အနားသို့ စောစောပြန်သွားနိုင်ရန်အတွက် သူမက ဓားအင်မော်တယ် အမွေအနှစ်ကို အမြန်ဆုံး ရယူလိုနေသည်။

သူမက မနေနိုင်ဘဲ ခြေလှမ်းများကို အရှိန်တင်လိုက်၏။

နောက်ဆုံးတွင် အချိန်အတန်ကြာပြီးနောက် လင်းပေါင်အာနှင့် ကျောက်တုံးကိုယ်တော် ရဟန္တာကိုးပါးတို့က ဖြူလွှလွှ ရေခဲနှင်းကမ္ဘာတစ်ခုပေါ်သို့ ခြေချလိုက်ကြသည်။

ဤရေခဲနှင့် နှင်းပြင်ကြီးက ဤမြေအောက်နန်းတော်ထဲတွင် အမှန်တကယ် ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

ဟင်းလင်းပြင်က အဆုံးအစမဲ့ပြီး ကောင်းကင်နှင့် မြေကြီးက ကျယ်ပြောလှ၏။

တစ်ချက်ကြည့်လိုက်သည်နှင့် နေရာအနှံ့အပြားတွင် ရေခဲမြစ်များ၊ အဆုံးအစမဲ့သော နှင်းဖြူများနှင့် ချွန်ထက်သော ဓားတစ်လက်ကဲ့သို့ အေးစက်သော လေပြင်းများကို တွေ့ရသည်။

ဤနေရာက အရမ်းကို အေးခဲလွန်းလှသည်။ ထွက်ပေါ်လာသော လေငွေ့များပင်လျှင် ရေခဲစအဖြစ်သို့ ပြောင်းလဲသွား၏။

ဤနေရာရှိ အန္တရာယ်ကို သတိပြုမိပုံရသော ကျောက်တုံးကိုယ်တော် ရဟန္တာ ကိုးပါးက လင်းပေါင်အာ၏ ဘေးပတ်လည်တွင် ခြံရံကာကွယ်ပေးထားကြသည်။ သူတို့က လက်အုပ်ချီထားကြပြီး သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေကာ ဗုဒ္ဓဘာသာ သမ္မာကျမ်းစာများကို ရွတ်ဆိုနေကြ၏။

ရွှေရောင်အလင်းတန်း အကာအကွယ်တစ်ခု ဖြစ်ပေါ်လာပြီး လင်းပေါင်အာကို ၎င်းအတွင်း၌ ကာကွယ်ပေးထားသည်။

"ဒါက ဓားအင်မော်တယ် အမွေအနှစ် ရှိတဲ့နေရာပဲ..."

လင်းပေါင်အာက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အနည်းငယ် စိုးရိမ်နေ၏။ ထို့နောက် သူမက ဤကျယ်ပြောလှသော ရေခဲပြင်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားသည်။

ရေခဲပြင်ကို ဖြတ်သန်းလမ်းလျှောက်သွား၏။

မကြာမီမှာပင် လင်းပေါင်အာက ဤနေရာ၏ ထူးခြားမှုကို ရှာဖွေတွေ့ရှိသွားပြီး ရင်းနှီးကျွမ်းဝင်မှုတစ်ခုကို ခံစားလိုက်ရသည်။

ဤရင်းနှီးကျွမ်းဝင်မှုက သူမကိုယ်တိုင်ထံမှ လာခြင်း မဟုတ်ပေ။ ယင်းအစား လင်းပေါင်အာ ပိုင်ဆိုင်ထားသော အပျက်အစီးဓားခန္ဓာထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

ဟုတ်ပေသည်။ ဤကမ္ဘာထဲတွင်။ သူမက အပျက်အစီးဓားခန္ဓာ၏ အငွေ့အသက်ကို ခံစားလိုက်ရ၏။

ဝူမင် ပြောခဲ့သကဲ့သို့ပင် ဤနေရာက ဓားအင်မော်တယ် အမွေအနှစ် ရှိရာနေရာဖြစ်သည်မှာ သေချာသွားပြီ ဖြစ်၏။

သို့သော်လည်း ကျယ်ပြောလှပြီး အဆုံးအစမဲ့သော ရေခဲပြင်ကြီးထဲတွင် ဓားအင်မော်တယ် အမွေအနှစ်က မည်သည့်နေရာ၌ ရှိနေသနည်း။

လင်းပေါင်အာလည်း နားမလည်သကဲ့သို့ မသိနိုင်ချေ။

မကြာမီမှာပင် ရေခဲနှင့် နှင်းများအောက်တွင် ခဲယဉ်းမာကျောနေသော ရေခဲတုံးများကို လင်းပေါင်အာ မြင်လိုက်ရသည်။

အထဲတွင် တစ်စုံတစ်ခုကို ချိပ်ပိတ်ထားပုံရ၏။

ကျောက်တုံးကိုယ်တော် ရဟန္တာကိုးပါးက နဂါးနှိမ်နင်းခြင်း လက်ဝါးရိုက်ချက် ဆယ့်ရှစ်ကွက်ကို လက်တစ်ဖက်တည်းဖြင့် ရိုက်ထုတ်လိုက်ပြီး နှင်းဖြူများကို ရှင်းလင်းဖယ်ရှားကာ ရေခဲနှင့် နှင်းများအောက်တွင် မြုပ်နှံနေသော ရေခဲတုံးများကို ပေါ်ထွက်လာစေသည်။

ရေခဲတုံးများက သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပနေပြီး သိမ်မွေ့လှပ၏။

အထဲတွင် တစ်စုံတစ်ရာ၏ ဖြတ်တောက်ခံထားရပုံရသော သွေးစွန်းနေသည့် အဖြူရောင် အကြေးခွံတစ်ခု အေးခဲနေသည်ကို တွေ့ရသည်။

ဤအဖြူရောင် အကြေးခွံမှာ အရွယ်အစား ပေအတော်ကြာအောင် ကြီးမားလှ၏။

လင်းပေါင်အာ အံ့အားသင့်သွားသည်ကို မြင်လိုက်ရသည်။

ဤအဖြူရောင် အကြေးခွံက အလွန် ကြီးမားလွန်းလှပြီး ၎င်းက မည်သည့် ရှေးဟောင်းသတ္တဝါ ဖြစ်မည်ကိုပင် မသိနိုင်ချေ။ ဤအဖြူရောင်အကြေးခွံ၏ ပိုင်ရှင်မှာ မည်မျှကြီးမားလိမ့်မည်ကို ခန့်မှန်းရပင် ခက်ခဲလှကြောင်း လင်းပေါင်အာ တွေးမိလိုက်၏။

ပို၍ နက်ရှိုင်းစွာ ဝင်ရောက်သွားသောအခါ လင်းပေါင်အာက ပို၍ပို၍ မြင်တွေ့လာရသည်။ အဖြူရောင် အကြေးခွံများအပြင် ပြတ်တောက်နေသော အသားစများ၊ သွေးစများ၊ လက်ချောင်းများ၊ အရိုးများ စသည်ဖြင့်…

ဤနေရာတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပုံရ၏။

ထို့အပြင် လင်းပေါင်အာက မရေမတွက်နိုင်သော ဓားကျိုးအပိုင်းအစများကိုလည်း မြင်တွေ့ခဲ့ရသည်။ ဓားကျိုးအပိုင်းအစတိုင်းက အပျက်အစီး စွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။ ၎င်းတို့က လင်းပေါင်အာ၏ လက်ထဲရှိ အပျက်အစီး နတ်ဘုရားဓားနှင့်ပင် ပိုတူနေသေးသည်။

ထို့နောက် လင်းပေါင်အာ၏ လက်က ဓားကျိုးအပိုင်းအစကို ထိတွေ့လိုက်သောအခါ

ရှေးကျသော သတင်းအချက်အလက်တစ်ခု ထွက်ပေါ်လာ၏။ မှန်ပေသည်။ ဤသည်က ဓားအင်မော်တယ် အမွေအနှစ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်ပင် ဖြစ်၏။

ဓားကျိုးအပိုင်းအစများ၏ ပိုင်ရှင်မှာ ရှေးခေတ်ကာလက အမျိုးသမီး ဓားအင်မော်တယ်တစ်ပါး ဖြစ်သည်။ သူမက အပျက်အစီးဓားခန္ဓာကို ပိုင်ဆိုင်ထားပြီး မိမိကိုယ်ကို အပျက်အစီး ဓားအင်မော်တယ်ဟု ခေါ်ဆိုခဲ့၏။ သူမက ဤနေရာတွင် ပျံလွန်တော်မူသွားပြီး အမွေအနှစ်ကို ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။

လင်းပေါင်အာက ဓားကျိုးအပိုင်းအစများကို စုပ်ယူလိုက်ပြီး အသန့်စင်ဆုံးနှင့် ခမ်းနားထည်ဝါမှု အရှိဆုံးသော အပျက်အစီး စွမ်းအားများအဖြစ် ပြောင်းလဲကာ သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားစေပြီး ပိုမို အစွမ်းထက်လာစေရန် ကူညီပေးလိုက်၏။

လင်းပေါင်အာ၏ မျက်လုံးများက တောက်ပနေပြီး ရေခဲပြင်တစ်ခွင်လုံးရှိ ဓားကျိုးအပိုင်းအစများကို ကြည့်ကာ သူမ၏ နူးညံ့ချစ်စရာကောင်းသော မျက်နှာလေးပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ အပြည့်အဝ ရှိနေသည်။

"ဒီအပိုင်းအစတွေထဲမှာ ဒီလောက် အံ့သြစရာကောင်းတဲ့ စွမ်းအင်တွေ ပါဝင်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး... အကယ်၍ ငါသာ အပြည့်အဝ စုပ်ယူနိုင်ခဲ့ရင်... သန့်စင်ခြင်းကို ဖြတ်ကျော်ပြီး အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်မလား..."

လင်းပေါင်အာ၏ မျက်လုံးလေးများက အပြုံးကြောင့် ကျဉ်းမြောင်းသွားပြီး လခြမ်းလေးကဲ့သို့ ကွေးညွှတ်သွားကာ တကယ်ကို ချစ်စရာကောင်းလှ၏။

"ဟီး... ဟီး... ဟီး... ငါသာ အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် ဆရာက အရမ်း ပျော်သွားမှာပဲ..."

All Chapters