← Chapters

အခန်း ၃၀၈

Vol. 27 Ch. 308

အခန်း ၃၀၈

Vol. 27 Ch. 308

အခန်း (၃၀၈) ကောင်မလေး... ငါ မင်းကို စောင့်နေတာ ကြာပြီ...

နောက်ရက်များ၌ လင်းပေါင်အာသည် အကြွင်းအကျန်များ လိုက်လံရှာဖွေသည့် ခရီးစဉ်တစ်ခုကို စတင်လိုက်၏။

သူမသည် ရေခဲပြင်ပေါ်တွင် ဓားအင်မော်တယ်၏ အမွေအနှစ်ကို ရှာဖွေနေစဉ်အတွင်း ကျိုးပဲ့နေသော ဓားအပိုင်းအစများကို စုဆောင်း၍ ၎င်းတို့ထဲမှ စွမ်းအားများကို စုပ်ယူကာ ပိုမို အစွမ်းထက်လာစေရန် ပြုလုပ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုကျိုးပဲ့နေသော ဓားအပိုင်းအစများ အားလုံးက အပျက်အစီးဓားခန္ဓာ၏ ကြွင်းကျန်ရစ်သော စွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်းကြောင့် ဖြစ်၏။

အပျက်အစီးဓားခန္ဓာကို ပိုင်ဆိုင်ထားသော လင်းပေါင်အာသာလျှင် ၎င်းတို့ကို စုပ်ယူနိုင်စွမ်း ရှိသည်။

အခြားသော ကျင့်ကြံသူများသာဆိုပါက ထိုသို့ပြုလုပ်နိုင်ရန် လုံးဝ နည်းလမ်းမရှိပေ။

မထင်မှတ်ဘဲ လင်းပေါင်အာသည် ဓားအင်မော်တယ်၏ အမွေအနှစ်ကို မရရှိသေးသော်လည်း ဤနေရာတွင် အခွင့်အရေးတစ်ရပ်ကို ဦးစွာ ရရှိခဲ့ခြင်း ဖြစ်၏။

သူမ မသိလိုက်ခင်မှာပင် ထိုဓားကျိုး အပိုင်းအစများ၏ စွမ်းအားကို စုပ်ယူပြီးနောက် လင်းပေါင်အာ၏ ကျင့်ကြံခြင်းအဆင့်သည် ချီသန့်စင်ခြင်း ကိုးခုမြောက်ကောင်းကင်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ် တစ်ပြင်လုံးတွင် အဆုံးအစမဲ့သော အပျက်အစီး ဓားအလင်းတန်းများက ကြမ်းတမ်း ကြောက်မက်ဖွယ်ကောင်းစွာ ထွက်ပေါ်လာသည်။

လင်းပေါင်အာသည် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ဖြတ်ကျော်၍ အင်မော်တယ်လျှို့ဝှက်နယ်ပယ်သို့ ဝင်ရောက်တော့မည် ဖြစ်သည်။

လင်းပေါင်အာ ကိုယ်တိုင်ပင်လျှင် ဤမျှ လျင်မြန်စွာ အဆင့်တက်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် အံ့အားသင့်သွားရ၏။

သူမသည် ပေါ့ပေါ့ဆဆ မနေရဲဘဲ ယခုအချိန်၌ သူမ၏ ခန္ဓာကိုယ်အတွင်းမှ အပြောင်းအလဲကို ခံစားလိုက်ရကာ အဆင့်ဖြတ်ကျော်ရန်အတွက် ကမန်းကတန်း တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။

ကျောက်တုံးကိုယ်တော် ရဟန္တာကိုးပါးကမူ လင်းပေါင်အာ၏ ဘေးပတ်လည်တွင် အစောင့်အရှောက်အဖြစ် ရှိနေဆဲ ဖြစ်၏။

ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ် အငွေ့အသက်များက သူမ၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်တည်လာသည်။

ဤအခိုက်အတန့်၌ လင်းပေါင်အာအနေဖြင့် ထိုကျိုးပဲ့နေသော ဓားအပိုင်းအစများကို လိုက်လံရှာဖွေနေရန် မလိုအပ်တော့ချေ။

ရေခဲပြင်ပေါ်ရှိ ဓားကျိုး အပိုင်းအစများသည် ဆင့်ခေါ်ခံလိုက်ရသည့်အလား လင်းပေါင်အာထံသို့ တစ်ခုပြီးတစ်ခု ပျံသန်းလာကြ၏။

၎င်းတို့က အလွန်သန့်စင်ပြီး ကြီးမားလှသော အပျက်အစီး စွမ်းအားများအဖြစ် ပြောင်းလဲကာ လင်းပေါင်အာ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြသည်။

ထိုအရာများက လင်းပေါင်အာ ပိုမို အစွမ်းထက်လာစေရန် ကူညီပေးနေကြခြင်း ဖြစ်၏။

ဤအခိုက်အတန့်တွင် လင်းပေါင်အာ၏ အပျက်အစီးဓားခန္ဓာသည် အမှန်တကယ် နိုးထလာသည့်အလားဖြစ်နေပြီး သူမကို အပျက်အစီးဓားခန္ဓာ၏ စွမ်းအားကို အစစ်အမှန် ပိုင်နိုင်စွာ အသုံးပြုနိုင်စေရန် ခွင့်ပြုပေးလိုက်သည်။

ထိုနေ့၌ ရေခဲပြင်ထက်တွင် မြင်ကွင်းက အလွန် ခမ်းနား ကြီးကျယ်နေပြီး ကြမ်းတမ်း ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များ ဖြစ်တည်လာကာ ထိုဓားများက လင်းပေါင်အာဆီသို့ ချိန်ရွယ်နေကြ၏။

၎င်းတို့က သူမကို ဤနေရာတွင်ပင် သတ်ဖြတ်ပစ်တော့မည့်အလား ရှိနေသည်။

ဤသည်က အင်မော်တယ်ဓားကပ်ဘေးပင် ဖြစ်၏။

ဤသည်မှာ လင်းပေါင်အာ ယနေ့ အင်မော်တယ်တစ်ပါး ဖြစ်လာစေရန် ကြုံတွေ့ရမည့် အရာဖြစ်သည်။

ထို့ပြင် လင်းပေါင်အာ ရရှိခဲ့သော တာအိုစည်းချက် အင်မော်တယ်သွေးကြောသည် ဓားတာအို လမ်းစဉ်နှင့် သက်ဆိုင်နေကြောင်းကိုလည်း ဆိုလိုနေ၏။

မည်သို့ပင်ဆိုစေ သူမ၌ အထွတ်အထိပ် ခန္ဓာကိုယ် ဖွဲ့စည်းပုံဖြစ်သော အပျက်အစီးဓားခန္ဓာ ရှိနေသည် မဟုတ်ပါလော။

ရွှစ်…

ကောင်းကင်ယံတစ်ခွင်လုံး ဓားမိုးများ ရွာသွန်းလာပြီး ဤကျယ်ပြောလှသော ရေခဲပြင်ကြီးကို ဓားပင်လယ်အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

လင်းပေါင်အာ၏ လက်ရှိစွမ်းအားများအရ ဤအင်မော်တယ်ကပ်ဘေးကို ရင်ဆိုင်ရန်မှာ မခက်ခဲလှချေ။

ထို့ပြင် သူမကို ကျောက်တုံးကိုယ်တော် ရဟန္တာ ကိုးပါးကလည်း စောင့်ရှောက်ပေးထားသေး၏။

ဤအင်မော်တယ်ကပ်ဘေးက သူမ၏ ဆံပင်တစ်မျှင်ကိုပင် ထိခိုက်စေနိုင်မည် မဟုတ်ပေ။

အံ့သြစရာမရှိစွာပင် သူမသည် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး လူသားအင်မော်တယ် လျှို့ဝှက်နယ်ပယ်သို့ ဝင်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။

သူမ၏ အဆင့်မှာ အင်မော်တယ်စစ်သည်တော် ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။

သူမ၏ ခန္ဓာကိုယ်အတွင်းမှ အရင်က တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော စွမ်းအားများကို ခံစားလိုက်ရသဖြင့် လင်းပေါင်အာ၏ မျက်လုံးများထဲတွင် ကြယ်ပွင့်ငယ်များ လင်းလက်သွားသည်။

"ဒါက အင်မော်တယ်တွေရဲ့ စွမ်းအားပဲ... အရင်ကထက် အဆဘယ်လောက်တောင် ပိုအစွမ်းထက်လာလဲ မသိဘူး... အင်မော်တယ်အဆင့်ကို ဒီလောက်လွယ်လွယ်ကူကူနဲ့ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ဆရာသာသိရင် အရမ်းပျော်သွားမှာပဲ..."

လင်းပေါင်အာသည် ယခု အခိုက်အတန့်ရှိ သူမ၏ ခံစားချက်များကို ဆရာဖြစ်သူနှင့် ဝေမျှချင်နေပြီး ဆရာ့ထံမှ အထိအတွေ့နှင့် အပြုံးဖြင့် ချီးကျူးခံရမှုတို့ကို လိုလားနေမိ၏။

လင်းပေါင်အာတစ်ယောက် စိတ်လှုပ်ရှား ဝမ်းသာနေစဉ်မှာပင်။

ရုတ်တရက်...

ဘုန်း...

ဧရာမအသံကြီးတစ်သံ ထွက်ပေါ်လာ၏။

အဝေးတစ်နေရာမှ ပေတစ်သောင်းခန့်မြင့်သော ရေခဲမြစ်ကြီးမှာ အက်ကွဲသွားပြီး ကြီးမားလှသော အက်ကြောင်းကြီးတစ်ခု ထွက်ပေါ်လာကာ ဓားပုံသဏ္ဌာန် ရှေးဟောင်းသင်္ချိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

လောကကြီး တစ်ခုလုံးကို လှုပ်ခတ်သွားစေနိုင်သော အဆုံးအစမဲ့သည့် အပျက်အစီး ဓားရည်ရွယ်ချက်များလည်း ရှိနေသေး၏။

"ဒါက ဓားအင်မော်တယ်ရဲ့ အမွေအနှစ်ပဲ..."

လင်းပေါင်အာ၏ မျက်လုံးများ တောက်ပသွားသည်။

အလွန်အံ့အားသင့်စရာ ကောင်းလှ၏။

အင်မော်တယ်အဆင့်သို့ ဖြတ်ကျော်ပြီးသည်နှင့် တစ်ပြိုင်နက် ဓားအင်မော်တယ်၏ အမွေအနှစ်ကို တွေ့လိုက်ရမည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

သူမက မည်သို့မျှ တုံ့ဆိုင်းမနေဘဲ ကျောက်တုံးကိုယ်တော် ရဟန္တာကိုးပါးကို ခေါ်ဆောင်၍ ဓားပုံသဏ္ဌာန် ရှေးဟောင်းသင်္ချိုင်းဆီသို့ သွားလိုက်သည်။

သို့သော်လည်း သူမ ထိုဓားပုံသဏ္ဌာန် သင်္ချိုင်းဆီသို့ ချဉ်းကပ်သွားချိန်မှာပင်။

ရွှစ်... ရွှစ်…

ရုတ်တရက် ရှေးဟောင်းသင်္ချိုင်းထဲမှ ပြိုင်ဘက်ကင်း ဓားအလင်းတန်းကိုးခု ပစ်လွှတ်လာ၏။

ကျောက်တုံးကိုယ်တော် ရဟန္တာကိုးပါးမှာ မည်သည့် ခုခံမှုမျှ ပြုလုပ်ရန် အချိန်မရလိုက်ဘဲ နေရာအနှံ့သို့ လွင့်စင်သွားကြပြီး ထိုပြိုင်ဘက်ကင်း ဓားအလင်းတန်းများကြောင့် တိုက်ရိုက်ပင် သုတ်သင် ဖျက်ဆီးခြင်း ခံလိုက်ရသည်။

လင်းပေါင်အာမှာ တုန်လှုပ်သွား၏။

ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲက သူမကို အံ့အားသင့်သွားစေသည်။

ဤကျောက်တုံးကိုယ်တော် ရဟန္တာများသည် အလွန်အစွမ်းထက်ကြပြီး ကောင်းကင်အင်မော်တယ် လျှို့ဝှက်နယ်ပယ် အဆင့်ရှိ စွမ်းအားများကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလော။

သို့တိုင်အောင် ထိုပြိုင်ဘက်ကင်း ဓားအလင်းတန်းများအောက်တွင် ဤမျှ လွယ်ကူစွာ သေဆုံးသွားခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ လင်းပေါင်အာမှာ ထိုအရာကို စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။

လင်းပေါင်အာ၏ နှလုံးသားထဲတွင် သတိပေး အချက်ပြမှုတစ်ခု ဖြစ်ပေါ်လာ၏။

ဓားပုံသဏ္ဌာန် ရှေးဟောင်းသင်္ချိုင်းကို ကြည့်လိုက်သောအခါ ဤနေရာသည် အလွန်ကြမ်းတမ်း အန္တရာယ်များလှကြောင်း သူမ ခံစားလိုက်ရသည်။

ကြာကြာနေ၍ မဖြစ်တော့ပေ။

လင်းပေါင်အာသည် အခြားကို စဉ်းစားမနေတော့ဘဲ နောက်ဆုတ်ရန် ပြင်လိုက်သည်။

ဝုန်း...

ရုတ်တရက် ဓားပုံသဏ္ဌာန် ရှေးဟောင်းသင်္ချိုင်းထဲမှ ဟိန်းဟောက်သံ တစ်သံ ထွက်ပေါ်လာ၏။။

ထို့နောက် ဓားပုံသဏ္ဌာန် ရှေးဟောင်းသင်္ချိုင်းထဲမှ ကြီးမားလှသော အရာတစ်ခု ထွက်ပေါ်လာသည်။

၎င်းက ပေတစ်ရာခန့် မြင့်မားပြီး တောင်ကြီး တစ်တောင်အလား ခမ်းနားထည်ဝါလှသည်။

ဤသည်က မျောက်ဝံကြီးတစ်ကောင် ဖြစ်၏။ သူ၏ ခန္ဓာကိုယ် တစ်ပြင်လုံးကို နှင်းကဲ့သို့ ဖြူဖွေးနေသော အမွေးအမှင်များဖြင့် ဖုံးလွှမ်းထားပြီး အမွေးတစ်ခုစီမှာ မီတာအနည်းငယ်ခန့် ရှည်လျားကာ သံမဏိအပ်လှံများကဲ့သို့ သိပ်သည်းစွာဖြင့် ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ဖုံးအုပ်နေသည်။

မျောက်ဝံကြီး၏ မျက်လုံးများက နီရဲနေပြီး လင်းပေါင်အာကို ကြည့်ကာ အစွယ်များ အပြည့်ရှိနေသော ပါးစပ်ကြီးကို ဟ၍ ခပ်တိုးတိုး ဟိန်းဟောက်လိုက်၏။

သူက သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ထိုဧရာမ လက်ဖဝါးကြီးက လောကကြီးကို ဖုံးအုပ်သွားပြီး အရာအားလုံးက အလင်းရောင် ကင်းမဲ့သွားတော့သည်။

ဤမျောက်ဝံကြီးသည် လွန်စွာ အစွမ်းထက်လှ၏။

လင်းပေါင်အာက အင်မော်တယ်အဆင့်ကို ဖြတ်ကျော်ထားပြီး အပျက်အစီးဓားခန္ဓာကို ပိုင်ဆိုင်ထားသော်ငြားလည်း ဤမျောက်ဝံကြီးနှင့် ရင်ဆိုင်ရချိန်တွင် လုံးဝ ခုခံနိုင်စွမ်း မရှိချေ။

သူမက သူမ၏ ငွေရောင်သွားများကို တင်းတင်းကြိတ်ကာ ထွက်ပြေးရန် လှည့်လိုက်သည်။

သို့သော် ကြောက်မက်ဖွယ်ကောင်းပြီး ကြက်သီးထစေ၏။

လင်းပေါင်အာသည် ထိုမျောက်ဝံကြီး၏ လက်ဖဝါးထဲမှ လုံးဝ မလွတ်မြောက်နိုင်ခဲ့ပေ။

သူမသည် လက်ဖဝါးထဲသို့ တိုက်ရိုက်ပင် ဖမ်းဆုပ်ခံလိုက်ရပြီးနောက် လက်ဖဝါးကြီးက ပိတ်သွား၏။

လင်းပေါင်အာမှာ ရုတ်တရက် အမှောင်အတိ ကျသွားတော့သည်။

ဘာကိုမှ မမြင်ရသကဲ့သို့ ဘာသံကိုမျှလည်း မကြားရချေ။

လင်းပေါင်အာက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ မျက်နှာက ဖြူရော်နေကာ လုံးဝ ကျေနပ်လက်ခံနိုင်ခြင်း မရှိပေ။

အပျက်အစီး နတ်ဘုရားဓားကို ဆုပ်ကိုင်၍ ချမ်ချန်ကန်း သူမကို သင်ကြားပေးထားသည့် တုကူးဓားသိုင်းကိုးကွက်ကို အသုံးပြုကာ အဆက်မပြတ် တိုက်ခိုက်လိုက်သည်။

သို့သော်လည်း အချည်းနှီးသာ ဖြစ်၏။

၎င်းက မျောက်ဝံကြီး၏ အမွေးအမှင်များကိုပင် မဖောက်ထွင်းနိုင်ချေ။

မျောက်ဝံကြီး၏ ခုခံနိုင်စွမ်းက တကယ့်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။

ဓားအင်မော်တယ်၏ အမွေအနှစ်ထဲတွင် ဤမျှ ကြောက်စရာကောင်းသော အရာမျိုး ရှိနေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

အမှောင်ထုထဲတွင် လင်းပေါင်အာက အရှုံးမပေးဘဲ အဆက်မပြတ် တိုက်ခိုက်နေ၏။

တစ်ကြိမ်ပြီး တစ်ကြိမ်၊ အကြိမ်ပေါင်း ထောင်နှင့်ချီ၍ တိုက်ခိုက်နေခဲ့သည်။

အချိန်မည်မျှကြာသွားမှန်းပင် မသိတော့ချေ။

အမှောင်ထုများ ကင်းစင်သွားသောအခါ အလင်းရောင်များ ပြန်လည် ထွက်ပေါ်လာသည်။

သူမမှာ မျက်နှာများ ဖြူရော်၍ မောဟိုက်နေပြီး သူမ လက်ထဲရှိ အပျက်အစီး နတ်ဘုရားဓားမှာလည်း မှေးမှိန်နေကာ အချိန်မရွေး ကျိုးပဲ့သွားတော့မည့်အလား ရှိနေ၏။

ဆက်လက် တိုက်ခိုက်နေရခြင်းက သူမ၏ စွမ်းအားများကို တကယ်ကို အလွန်အမင်း ကုန်ခမ်းသွားစေခဲ့သည်။

ယခုအခါ သူမသည် မျောက်ဝံကြီး၏ လက်ဖဝါးဗဟိုချက်ထဲတွင် ရှိနေ၏။

ဤမျောက်ဝံကြီးသည် တကယ့်ကို အစွမ်းထက်လွန်းလှပြီး လင်းပေါင်အာအနေဖြင့် လုံးဝ မခုခံနိုင်ပေ။

သူမက တိုက်ခိုက်မှုပေါင်း ထောင်နှင့်ချီ၍ ပြုလုပ်ခဲ့သော်လည်း သူ၏ လက်ဖဝါးပေါ်တွင် ဓားရာ တစ်ချက်မျှပင် မချန်ရစ်နိုင်ခဲ့ချေ။

ဤအရာက လင်းပေါင်အာ၏ နှလုံးသားထဲတွင် စွမ်းအားကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရစေသည်။

သို့သော် ထိုအခိုက်၌ မျောက်ဝံကြီး၏ ပုံပန်းသဏ္ဌာန်ကို မြင်လိုက်ရသောအခါ သူမမှာ အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။

ဤအချိန်တွင် မျောက်ဝံကြီး၌ အသက်ဝင်မှု အနည်းငယ်မျှပင် မကျန်ရှိတော့ပေ။

သူသည် ရေခဲပန်းပုရုပ်ကြီးတစ်ခုကဲ့သို့ မြေပြင်ပေါ်တွင် ရိုသေကိုင်းရှိုင်းစွာ ဒူးထောက်နေပြီး သူ၏ ကြီးမား မြင့်မားသော ခန္ဓာကိုယ်နှင့် ဧရာမလက်ဖဝါးကြီး နှစ်ဖက်က ကောင်းကင်ယံသို့ မျက်နှာမူ၍ အထက်သို့ မြှောက်ထား၏။

လင်းပေါင်အာက ဧရာမ လက်ဖဝါးကြီး၏ ဗဟိုချက်တွင် မတ်တတ်ရပ်၍ ရှေ့သို့ လှမ်းကြည့်လိုက်သည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် တွဲလောင်းကျနေသော ပေတစ်သောင်းခန့်ရှည်သည့် ဧရာမ ဓားကြီးတစ်လက်ကို မြင်လိုက်ရ၏။

ဤသည်က လူများကို ကျယ်ပြောလှသော ခံစားချက်မျိုး ပေးစွမ်းနေသည့် ကစဉ့်ကလျား အပျက်အစီး လောကကြီးပင် ဖြစ်သည်။

ဧရာမဓားကြီး၏ ထိပ်ဖျားတွင် နန်းတော်ကြီးတစ်ခု ရှိနေသည်။

ဤအပျက်အစီး လောကကြီးကို ဖြတ်သန်း၍ နန်းတော်ကြီးကို ဖြတ်သန်း စီးဆင်းနေသော မြစ်ရှည်ကြီး တစ်စင်းလည်း ရှိနေပြီး ခေတ်ကာလများကို ဖြတ်ကျော်ကာ အဆုံးအစမဲ့သော အချိန်ကာလများကို ဖြတ်သန်းလာခဲ့သည့်အလား ရှိနေ၏။

"ဒါ ဘယ်နေရာလဲ..."

လင်းပေါင်အာက သိချင်စိတ်ဖြင့် မျက်တောင်များ ပုတ်ခတ်လိုက်သည်။

ဤအချိန်တွင် နန်းတော်ထဲမှ နက်နဲသိမ်မွေ့သော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာပြီး အေးစက်ကာ မောက်မာလှပြီး တောင်တန်းများနှင့် စီးဆင်းနေသော ရေများကဲ့သို့၊ တောင်တန်းများကြားမှ ကြည်လင်နေသော စမ်းရေပေါက်တစ်ခုနှင့် ပို၍ တူနေ၏။

"ဘဝပေါင်း ထောင်နှင့်ချီ ဖြတ်သန်းပြီးတဲ့နောက် ဒီလောကကြီးထဲမှာ အပျက်အစီးဓားခန္ဓာ ကျန်ရှိနေသေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ကောင်မလေး... ဒီအင်မော်တယ်က မင်းကို စောင့်နေတာ ကြာပြီ..."

All Chapters