← Chapters

အခန်း ၇၅၉

Vol. 66 Ch. 759

အခန်း ၇၅၉

Vol. 66 Ch. 759

အခန်း ၇၅၉

အားအာ့နှင့် ယဲ့လုဖုန်းတို့နှစ်ဦးလည်း အလှည့်ကျ ကြိုးစားကြည့်ကြသည်။ သို့သော် နောက်ဆုံးတွင်တော့ ကျရှုံးခဲ့ရလေသည်။ ကမာစစ်သူကြီးသည် မည်သို့မျှ ချဉ်းကပ်မရနိုင်ချေ။

အားလုံးသည်လည်း အလွန်စိုးရိမ်ကြောင့်ကြနေကြပြီဖြစ်၏။

ထိုုစဉ် အားစန်းမှ ပြောသည်။

“ချန်ကျိုစစ် ငါ့ကို ပုလဲနှစ်လုံးထပ်ပေး။ ငါထပ်စမ်းကြည့်မယ်”

ချန်ကျဲ့ ကျန်ရှိသည့် နောက်ဆုံးသော ပုလဲလေးလုံးကို ငုံ့ကြည့်လိုက်သည်။

တစ်လုံးသည် အလွန်ကြီးမားသောကြောင့် ကမာစစ်သူကြီး၏ မျက်လုံးတွင်းပေါက်နှင့် မကိုက်ညီပေ။

သို့ဖြစ်ရာ နောက်ဆုံးကျန်ရှိသည့် ပုလဲနှစ်လုံးကို စိတ်လိုက်မာန်ပါနိုင်သည့် အားစန်းလက်ထဲ ထည့်ပေး၍ မဖြစ်ချေ။

ချန်ကျဲ့မှ အော်ပြောသည်။

“လူကြီးမင်းအားစန်း မဖြစ်ဘူး။ ပုလဲက နှစ်လုံးပဲကျန်တော့တာ။ ဒီတစ်ခေါက် မအောင်မြင်ရင် ကျွန်တော်တို့အားလုံး အဆုံးသတ်ပြီပဲ”

ထိုအခါ အားလုံးမှာ အရိုးထိတိုင် အေးစိမ့်သွားရလေသည်။ သူတို့အားလုံး ထိတ်လန့်နေကြ၏။

အခု မည်သို့လုပ်ကြမည်နည်း။ ထိုစဉ် ကျောက်ယာ၏ အသံကို ကြားလိုက်ရသည်။

“ချန်ကျိုစစ် ရှင်လာခဲ့၊ ကျွန်မ ရှင့်ကိုကူညီပေးမယ်”

ထိုသို့ပြောလျက် ကျောက်ယာသည် သူမ၏ခုခံမှုကိုယ်နေဟန်ထားကို ရုတ်သိမ်းလိုက်ပြီး ကျောက်စိမ်းပုလင်းထဲမှ ထိုက်ဆွေ့ဆေးလုံးနှစ်လုံးကို ထုတ်သောက်လိုက်သည်။

ထို့နောက် မတ်တပ်ထရပ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် ရွှေရောင်ဗုဒ္ဓသည် ပို၍ တောက်ပလာခဲ့သည်။ ကမာစစ်သူကြီးသည် ကျောက်ယာကို ဓားဖြင့် ထပ်မံတိုက်ခိုက်သည်။ ထိုအခါ ကျောက်ယာသည် ရွှေရောင်ဗုဒ္ဓ၏ ဧရာမလက်ကြီးတစ်ဖက်ကိုဆန့်ထုတ်၍ ကမာစစ်သူကြီး၏ဓားရှည်ကို ဖမ်းချုပ်လိုက်သည်။

ထိုအခါ ကမာစစ်သူကြီးသည် ကျောက်ယာကို ဘယ်လက်ဖြင့် လက်သီးထိုးတိုက်ခိုက်သည်။

ရွှေရောင်ဗုဒ္ဓသည် ကမာစစ်သူကြီး၏လှုပ်ရှားမှုကို ရုတ်ချည်း ထိန်းချုပ်လိုက်သဖြင့် ကမာစစ်သူကြီးသည် ဒေါသတကြိး ကြိမ်းမောင်းလေသည်။

“သေကြစမ်း မင်းတို့အားလုံးသေသင့်တယ်။ လူယုတ်မာကျူးကျော်သူတွေ”

ထိုအချိန်၌ ကျောက်ယာမှ အော်ပြောသည်။

“ကျိုစစ် မြန်မြန်လုပ်”

ထိုအခြေအနေကိုမြင်လျှင် ချန်ကျဲ့သည် သူ့လက်ထဲရှိ အသုံးပြုနိုင်သည့် ပုလဲသုံးလုံးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ချန်ကျဲ့သည် ပုလဲနှစ်လုံးကို လက်နှစ်ဖက်တွင် တစ်လုံးစီ ကိုင်ကာ ကျန်တစ်လုံးကို ပါးစပ်ထဲ ထည့်ထားလိုက်သည်။

ထို့နောက် လျှပ်စီးခြေလှမ်းသိုင်းဖြင့် ကမာစစ်သူကြီးဆီသို့ ချက်ချင်း ဦးတည်လိုက်သည်။

ကမာစစ်သူကြီးသည် အန္တရာယ်ကို ခံစားမိသည်ထင်၏။ အသည်းအသန် ရုန်းကန်လာလေသည်။ ကျောက်ယာသည် သူမ၏အင်အားအလုံးစုံကို အသုံးပြု၍ ကမာစစ်သူကြီးကို အတင်းအကျပ် ဖမ်းချုပ်ထားပြီး လွှတ်မပေးချေ။

ကမာစစ်သူကြီးမှ အပြင်းအထန် ရုန်းကန်သော်ငြား အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

ထိုအချိန်၌ ချန်ကျဲ့သည် ညာလက်တွင် ကိုင်လာသည့်ပုလဲကို ကမာစစ်သူကြီး၏ ဘယ်ဘက်မျက်လုံးထဲ ထည့်လိုက်သည်။

ပုလဲလုံးဝင်သွားပြီးနောက် အက်ကွဲသံကဲ့သို့ အသံတစ်မျိုး ထွက်ပေါ်လာခဲ့ကာ ကမာစစ်သူကြီး၏ခြေထောက်များသည် ကျောက်သားအဖြစ် စတင်ပြောင်းလဲစပြုလာခဲ့သည်။

ထိုမြင်ကွင်းတွင် အားလုံး တက်ကြွသွားကြသည်။

“ကောင်းတယ်၊ အလုပ်ဖြစ်တယ် အလုပ်ဖြစ်တယ်”

“အမြန် ညာဘက်မျက်လုံးထဲ ပုလဲထည့်လိုက်တော့”

ထိုအခါ ချန်ကျဲ့လည်း ဘယ်ဘက်လက်ထဲမှ ပုလဲကို စစ်သူကြီး၏ညာဘက်မျက်လုံးထဲထည့်ရန် လက်မြှောက်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်၌ လျင်မြန်တည်ငြိမ်သည့် လက်တစ်ဖက်သည့် ချန်ကျဲ့၏လက်ကို ဖမ်းချုပ်လိုက်လေသည်။

၎င်းလက်၏ ဖမ်းချုပ်မှုကြောင့် ချန်ကျဲ့သည် ကျန်ပုလဲတစ်လုံးကို ကမာစစ်သူကြီး၏မျက်လုံးထဲ မထည့်သွင်းနိုင်လိုက်ပေ။

ချန်ကျဲ့ ရုတ်ချည်း ထိတ်ပျာသွားရပြီး နဖူးမှ ချွေးအေးများ စီးကျလာသည်။

ထိုအခိုက်အတန့်၌ ကမာစစ်သူကြီး၏မျက်နှာထက်တွင် လူသားဆန်သည့်အပြုံးတစ်ခုဖြစ်ပေါ်နေခဲ့ကာ သူ၏ဘယ်လက်သည် ကျောက်ယာ၏ဖမ်းချုပ်မှုမှ ဖြည်းဖြည်းချင်း လွတ်မြောက်လာနေသည်။

ကျောက်ယာသည် မျက်နှာများ နီရဲလာခဲ့လျက် အော်ပြောသည်။

“ချန်ကျိုစစ် ငါထိန်းမထားနိုင်တော့ဘူး”

ထိုအခါ အားလုံး၏နှလုံးများမှာ လည်မျိုအထိ ဆို့တက်သွားရတော့သည်။ ကြောက်ရွံ့ချောက်ချားမှုသည် နေရာအနှံ့ လွှမ်းခြုံသွား၏။ ကျောက်ယာ ထိန်းမထားနိုင်တော့ဘဲ ကမာစစ်သူကြီး၏ဘယ်လက် လွတ်မြောက်သွားပါက သူ၏ဘယ်ဘက်မျက်လုံးထဲမှ ပုလဲကို ထိုးဖောက်ထုတ်ပစ်နိုင်လေသည်။ သို့ဖြစ်ပါက သူတို့၏အားစိုက်ထုတ်မှုများ အချည်းနှီးဖြစ်သွားရလိမ့်မည်။

အဆုံးသတ်လေပြီ။ လုံးဝ အဆုံးသတ်သွားလေပြီ။

သူတို့အားလုံး ဤနေရာတွင် အသက်ဆုံးရှုံးရတော့မည်ဟု တွေးနေကြစဉ် ချန်ကျဲ့သည်တော့ ရုတ်တရက်ကြီး ပြုံးရယ်နေလေ၏။

ချန်ကျိုစစ်က ဒီလိုအချိန်မှာတောင် ပြုံးနေနိုင်သေးတယ်။

သူတို့အံ့ဩမိပါ၏။

နောက်တဒင်္ဂ၌ ချန်ကျဲ့သည် ပါးစပ်ထဲထည့်ဖွက်လာသည့် ပုလဲကို အရှိန်ပြင်းစွာ ထွေးထုတ်ပစ်လိုက်သည်။ အားလုံး ကြောင်အသွားကြသည်။

ပုလဲသည် အရှိန်ပြင်းစွာ လည်ပတ်လျက် ကမာစစ်သူကြီး၏ ကျန်မျက်လုံးပေါက်ထဲသို့ တန်းတန်းမတ်မတ် လှပစွာ ဝင်သွားတော့သည်။

ဘာကြီးလဲ။ ရယ်ဖို့ကောင်းတာ…

အားလုံးသည် အံ့ချီးဖွယ်လက်ဖျားခါလောက်သည့်မြင်ကွင်းတွင် စိတ်ထဲမှ ဝေဖန်မိကြလေသည်။ မျက်လုံးအစုံသည်တော့ မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေကြ၏။

ဒါ ဒါက အောင်မြင်သွားတယ်ပေါ့လေ။

ပုလဲလုံးသည် ကမာစစ်သူကြီး၏မျက်လုံးပေါက်ထဲသို့ အသံကျယ်ကြီးနှင့်အတူ ဝင်သွားခဲ့သည်။

ကမာစစ်သူကြီးသည် လှုပ်ရှားမှုများ ရပ်တန့်သွား၏။ သို့သော် မျက်လုံးပေါက်ထဲဝင်သွားသည့် ပုလဲလုံးသည် အပြင်သို့ ထွက်ကျတော့မည့်အလား အံဝင်ခွင်ကျ ဝင်မသွားဘဲ ဆက်တိုက် လည်နေလေသည်။

သို့ဖြင့် ချန်ကျဲ့သည် ဖမ်းချုပ်ခံမထားရသည့် ညာလက်ဖြင့် ပုလဲကို အရှိန်ပြင်းစွာ ဖိတွန်းပေးလိုက်သည်။

ဂျောက်

ပုလဲသည် မျက်လုံးပေါက်ထဲ သေချာဝင်သွားခဲ့သည်။ ကမာစစ်သူကြီး၏ လှုပ်ရှားမှုများသည်လည်း အလုံးစုံ ရပ်တန့်သွား၏။

ထိုအခါ ချန်ကျဲ့သည် ဖမ်းချုပ်ခံထားရသည့် ဘယ်လက်ကို ရုန်းထွက်လိုက်သည်။ ထို့နောက် ကမာစစ်သူကြီး၏ခါးထက်ရှိ လက်ကိုင်ပုဝါလေးကို ချန်ကျဲ့ သတိထားမိလိုက်သည်။

ချန်ကျဲ့သည် အခွင့်အရေးကို အမိအရယူ၍ ထိုလက်ကိုင်ပုဝါကို ဆွဲယူလိုက်သည်။

ထို့နောက် ကျောက်ယာကို ဆွဲခေါ်ကာ နောက်သို့ဆုတ်ခွာသည်။

ကျောက်ယာ၏ချီစွမ်းအင်များသည် အလွန်ပြင်းထန်သည့်အခြေအနေဖြင့် ကုန်ခမ်းနေခဲ့သည်။ ကျောက်ယာသည် သူမ၏လက်ကိုဆွဲ၍ နောက်ဆုတ်နေသည့် ချန်ကျဲ့ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

မိန်းကလေးတစ်ယောက်ရဲ့လက်ကို ဒိလို ကိုင်ချင်တိုင်းကိုင်လို့ရတာပဲလား။

ကျောက်ယာသည် တစ်ခုခုပြောလိုက်ချင်သော်ငြား ချန်ကျဲ့၏ တည်ကြည်လေးနက်နေသည့်မျက်နှာအမူအရာကို မြင်သည်တွင် ပြောမည့်စကားများကို ပြန်မျိုချလိုက်သည်။

ကျောက်ယာ စိတ်ထဲမှတွေးလိုက်သည်။

ချန်ကျိုစစ်က ဘာမှဂရုစိုက်ပုံမရဘူး။ ပြီးတော့ ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့နှစ်တုန်းက လက်တစ်ခုတည်းမဟုတ်ဘဲ တခြားနေရာတွေလည်း ယောကျ်ားတစ်ယောက်နဲ့ ထိခဲ့ဖူးတာပဲဟာ…

သူတို့သည် ကမာစစ်သူကြီးနှင့် ခပ်ဝေးဝေးသို့ နောက်ဆုတ်ခဲ့သည်။

ထိုအချိန်၌ ကမာစစ်သူကြီး၏ ခန္ဓာကိုယ်အောက်ပိုင်းသည် ကျောက်အဖြစ် ပြန်လည်ပြောင်းလဲနေပြီး လေထုထဲတွင် အက်ကွဲသံများ ပြည့်နှက်နေသည်။ နောက်ဆုံးတွင်တော့ ခန္ဓာကိုယ်တစ်ခုလုံး ကျောက်ရုပ်တုကြီးအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့သည်။

ကမာစစ်သူကြီး ကျောက်ရုပ်တုအဖြစ် ပြောင်းလဲသွားသောအခါ ဒုက္ခပေးလွန်းသည့် ကမာစစ်သားများလည်း ကျောက်ရုပ်တုများအဖြစ် ပြန်လည်ပြောင်းလဲသွားကြသည်။ အရာအားလုံး မူလအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။ သို့သော် ထိုအခိုက်အတန့်၌ မနီးမဝေးမှ ကျောက်တံခါးပွင့်သွားသည့်အသံသည် လိုဏ်ဂူအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ လိုဏ်ဂူအနက်ပိုင်းတစ်နေရာတွင် ဝင်ပေါက်တစ်ခုထွက်ပေါ်လာခြင်းဖြစ်၏။

သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ကျောက်ယာသည် ချန်ကျဲ့ဆွဲကိုင်ထားသည့် သူမ၏လက်ကို ရုန်းထွက်လိုက်ပြီး ပြောသည်။

“ကျွန်မတို့ ဒီနေရာမှာ ကြာကြာမနေသင့်ဘူး။ အမြန်သွားရအောင်”

ထိုအခါ အားလုံးလည်း တစ်ညီတစ်ညွတ်တည်း သဘောတူကြကာ ၎င်းဝင်ပေါက်ဆီသို့ ဦးတည်သွားလိုက်ကြသည်။

ချန်ကျဲ့သည် ခြေလှမ်းအနည်းငယ်မျှ တမင်နှေးသွားလိုက်သည်။ ထို့နောက် ကမာစစ်သူကြီး၏ခါးမှ ရခဲ့သည့် လက်ကိုင်ပုဝါကို ဖြန့်ကြည့်လိုက်သည်။

ထို့နောက် ချန်ကျဲ့ သေချာအာရုံစိုက်ကြည့်ရှု၏။

လက်ကိုင်ပုဝါထက်တွင် ချန်ချွမ်းကျင့်စဉ်ဟု ပြတ်ပြတ်သားသား ရေးသားထားသည်။

ချန်ချွမ်းကျင့်စဉ်.. ဒါက ငါရှာနေတဲ့ ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ရဲ့ “နွေဦးအက္ခရာကျင့်စဉ်”မဟုတ်လား။

ချန်ကျဲ့ တွေးလိုက်သည်။ ထို့နောက် လက်ကိုင်ပုဝါထက်ရှိ ကျင့်စဉ်သည် အပြည့်အစုံမပါဝင်ကြောင်း ချန်ကျဲ့ သိလိုက်ရသည်။ လက်ကိုင်ပုဝါ၌ ချန်ကျဲ့တွင် မရှိသေးသည့် ကျင့်စဉ်တစ်စိတ်တစ်ပိုင်း ပါဝင်သည်။

“ရေပိုင်းခြားဓားသိုင်း”

ချန်ကျဲ့သည် ထိုသိုင်းကျင့်စဉ်ကို မြင်လိုက်ရသည်တွင် စိတ်လှုပ်ရှားမှုကြောင့် ထအော်မိမတတ် ဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ချန်ချွမ်းကျင့်စဉ်နှင့်စပ်လျဉ်းသည့် သိုင်းကျမ်းခြောက်ခုစလုံးကို သူရှာတွေ့သွားခဲ့လေပြီ။

ဒီတစ်ခါတော့ ငါ တကယ်ကြီး ကောင်းကင်ကိုဆန်တက်တော့မယ်။

All Chapters