← Chapters

အခန်း ၇၆၀

Vol. 66 Ch. 760

အခန်း ၇၆၀

Vol. 66 Ch. 760

အခန်း ၇၆၀

ချန်ချွမ်းကျင့်စဉ်သည် ချန်ကျဲ့၏ သိုင်းပညာတိုးတက်မှုအတွက် အဓိကသော့ချက်ဖြစ်သည်။

သံမဏိလက်ဝါးသိုင်းဖြစ်စေ၊ နဂါးနိုင်လက်ဝါးသိုင်းဖြစ်စေ အားလုံးသည် သိုင်းကွက်အသုံးပြုနိုင်ရန်အတွက် ခိုင်မာသည့်အခြေခံအုတ်မြစ်လိုအပ်သည့် တိုက်ခိုက်မှုပညာရပ်များဖြစ်သည်။

ချန်ကျဲ့ ရှေ့ဆက်၍တိုးတက်နိုင်အောင် တစ်လျှောက်လုံး ကူညီပေးနေခဲ့သည်မှာ ချန်ချွမ်းကျင့်စဉ်ဖြစ်ပေသည်။

ချန်ချွမ်းကျင့်စဉ်သည် ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်မှ နွေဦးအက္ခရာကျင့်စဉ်၏ ကျင့်စဉ်၆ခုကို ရည်ညွှန်းသည်။

၎င်းတို့မှာ လီချွမ်း၊ ယွီရွှေ၊ ကျင်းကျယ်၊ ချွမ်းဖန်း၊ ချင်းမင်၊ ကူယွီတို့ဖြစ်သည်။

၎င်းတို့သည် သိုင်းကျင့်စဉ်တစ်ခုစီကို ရည်ညွှန်း၏။

လီချွမ်းသည် ယန်ချွမ်ကျင့်စဉ်ဖြစ်သည်။

ယွီ‌ရွှေသည် ရေထိန်းချုပ်လက်ဝါးသိုင်းဖြစ်သည်။

ကျင်းကျယ်သည် လျှပ်စီးခြေလှမ်းသိုင်းဖြစ်သည်။

ချင်းမင်သည် အတိဒုက္ခဆယ့်သုံးပါးလှံဖြစ်သည်။

ကူယွီသည် ပန်းမိုးကဲ့သို့ ငွေကြဲဖြန့်ခြင်းသိုင်းဖြစ်သည်။

ဒီနေ့ရရှိခဲ့သည့် ရေပိုင်းခြားဓားသိုင်းသည် ချွမ်းဖန်းနှင့် ကိုက်ညီသည်။

ဤသိုင်းကျင့်စဉ်၆မျိုးတွင် အတွင်းအားကျင့်စဉ်၊ လက်ဝါးသိုင်း၊ ကိုယ်ဖော့သိုင်း၊ လက်နက်အသုံးပြုသိုင်း၊ လျှို့ဝှက်လက်နက် စသဖြင့် အမျိုးအစားများစွာ ပါဝင်သည်။

ထိုသိုင်းကျင့်စဉ်၆မျိုးကို ပေါင်းစည်းလိုက်ပါက တစ်ချိန်က ချန်ချွမ်းတောင်ကြား၏ အင်အားအကြီးမားဆုံးသိုင်းပညာဖြစ်ခဲ့သည့် ချန်ချွမ်းကျင့်စဉ်ဖြစ်လာသည်။

ချန်ကျဲ့ အလွန်ပျော်ရွှင်နေခဲ့သည်။

နောက်ဆုံးတော့ နောက်ဆုံးတော့ ငါ ချန်ချွမ်းကျင့်စဉ်ကို ပြည့်စုံအောင် စုနိုင်ခဲ့ပြီ။

ချန်ကျဲ့သည် စိတ်ထဲတွင် သိုင်းကျင့်စဉ်၆မျိုးကို တစ်သားတည်းဖြစ်အောင် ပေါင်းစည်းနေခဲ့သည်။ အချိန်ခဏကြာမြင့်ပြီးနောက်တွင် ရုတ်တရက် အလင်းပွင့်သွားခဲ့၏။

လက်စသတ်တော့ ဒီလိုကိုး..

ချန်ကျဲ့၏မျက်လုံးများ ရုတ်တရက် တောက်ပသွားခဲ့ကာ ချန်ကျဲ့သည် ချန်ချွမ်းကျင့်စဉ်၏ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းအတိုင်း ခန္ဓာကိုယ်အတွင်း စွမ်းအင်စီးဆင်းစေလိုက်သည်။

ထို့နောက်တွင်မူ အရင်က ပိတ်ဆို့နေခဲ့သည့် စွမ်းအင်သွေးကြောများသည် ရုတ်ချည်း ပွင့်သွားကြောင်း ချန်ကျဲ့ သတိထားမိလိုက်သည်။ စွမ်းအင်စီးဆင်းမှု တစ်ပတ်ပြည့်သွားချိန်၌ ချန်ကျဲ့၏မျက်လုံးများတွင် ဖော်ပြ၍မရနိုင်သည့် အလင်းတစ်ခု တောက်ပလာခဲ့သည်။

အကြောင်းမှာ သူ ခုနက အသုံးပြုခဲ့သည့် ချီစွမ်းအင်များ သုံးပုံတစ်ပုံ ပြန်ကောင်းလာခြင်းကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ဤသို့ သုံးကြိမ် စွမ်းအင်လည်ပတ်စေပြီးလျှင် သူ၏ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် တန့်ထျန်းသည် အပြည့်အဝ ပြန်လည်အားပြည့်သွားမည် ဖြစ်သည်။

ထို့ပြင် ချန်ချွမ်းကျင့်စဉ်၏ စွမ်းအင်လှည့်ပတ်မှုအပြီးတွင် တိုက်ပွဲအတွင်း ရရှိခဲ့သည့်ဒဏ်ရာများလည်း လျင်မြန်စွာ ပျောက်ကင်းလာနေကြောင်း ချန်ကျဲ့ သတိထားမိသည်။

အကျိုးသက်ရောက်မှုသည် ဝတ္ထုဇာတ်လမ်းများတွင် ဖော်ပြသကဲ့သို့ ချက်ချင်းကြီး ကုသပျောက်ကင်းသွားခြင်းမျိုး မဟုတ်သော်ငြား ဒဏ်ရာသက်သာပျောက်ကင်းမှုနှုန်းသည် သာမန်အရှိန်ထက် နှစ်ဆခန့် ပိုမိုလျင်မြန်လာခဲ့သည်။

ဆိုလိုသည်မှာ ပုံမှန်အားဖြင့် သုံးရက်အတွင်း ပျောက်ကင်းမည့်ဒဏ်ရာသည် တစ်ရက်ခွဲအတွင်း‌ ပျောက်ကင်းနိုင်လိမ့်မည်။

ထို့ပြင် ချန်ကျဲ့၏ချီစွမ်းအင်သည် အစိမ်းရောင်တောက်ပ၏။ သူ၏ချီစွမ်းအင်သည် ပင်ကိုစွမ်းအင်ဓာတ်တစ်ခု တိုးတက်ဖြစ်တည်လာခဲ့လေသည်။

ချန်ကျဲ့ အံ့ဩသွားခဲ့သည်။ အကြောင်းမှာ သူ၏ချီစွမ်းအင်၏ သစ်သားဓာတ်သည် ထူးခြားသောကြောင့် ဖြစ်သည်။ သိုင်းလောက၌ ထောက်ပံ့မှုကို အထူးပြုသည့် ဂိုဏ်းအချို့တွင်သာလျှင် ဤသို့ဆင်တူသည့် စွမ်းအင်ဓာတ်မျိုး တွေ့ရှိရလေသည်။

တစ်ချိန်က ချန်ချွမ်းတောင်ကြားကဲ့သို့ ဖြစ်ပါ၏။

သစ်သားဓာတ်၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် အားမကောင်းလှသော်ငြား ၎င်း၏ထောက်ပံ့နိုင်စွမ်းသည် အလွန်အားကောင်းသည်။

ချန်ကျဲ့ ချန်ချွမ်းကျင့်စဉ်ကို အလျင်အမြန် စမ်းကြည့်လိုက်ပြီးနောက် သူ၏စွမ်းအင်အပေါ် အမြန်ပင် နားလည်သွားခဲ့သည်။

၎င်း၏အကျိုးအာနိသင်များကို ဇယားရေးဆွဲလိုက်ပါက ဤသို့ဖြစ်လိမ့်မည်။

(ချန်ချွမ်းကျင့်စဉ်)

ချီစွမ်းအင်ပြန်လည်အားဖြည့်ခြင်း +၁၀၀%

ဒဏ်ရာကုသခြင်း +၁၀၀%

ခန္ဓာကိုယ်အင်အားပြည်လည်ဖြည့်တင်းမှု +၁၀၀%

ဤကျင့်စဉ်ကြောင့် ချန်ကျဲ့၏အင်အားသည် မူလထက် နှစ်ဆတိုးတက်သွားပြီဟု သတ်မှတ်နိုင်သည်။

ထို့ပြင် ချန်ချွမ်းကျင့်စဉ်တွင် ဆက်လျဉ်းသည့် အထူးသိုင်းကွက်ကြီးတစ်ခုလည်း ရှိသေးသည်။ နွေဦးနတ်ဘုရား၏အမျက်ဒေါသ ဟူ၏။

ထိုသိုင်းကွက်ကို အသုံးပြုချိန်တွင် ကျောက်ယာ၏ ဗုဒ္ဓပုံရိပ်ကဲ့သို့ ခန္ဓာကိုယ်ပတ်လည်တွင် ချီစွမ်းအင်ပုံရိပ်တစ်ခုကို ဖွဲ့စည်းဖြစ်တည်စေနိုင်သည်။ သို့သော် ကျောက်ယာသည် မှော်အကူပစ္စည်းအပေါ် မှီခိုရခြင်းဖြစ်ပြီး ၎င်းပုံရိပ်သည် အရိမေတ္တယျဗုဒ္ဓပုံရိပ်ဖြစ်သည်။

သို့သော် ချန်ကျဲ့၏ပုံရိပ်သည် နွေဦးနတ်ဘုရားပုံရိပ်ဖြစ်သည်။

နွေဦးနတ်ဘုရားဟူသည် မည်သူနည်း။

၎င်းကို တောင်နှင့်ပင်လယ်ဂန္တဝင်ကျမ်းအ‌ရ ချန်ကျဲ့ သိထားသည်။

နွေဦးနတ်ဘုရားသည် အရာခပ်သိမ်း၏ ပြန်လည်ရှင်သန်ခြင်းကို ကိုယ်စားပြုသည့် ကုံးမန်ဖြစ်သည်။

နွေနတ်ဘုရားသည် မီးကဲ့သို့ ပြင်းထန်သည့် ပူပြင်းမှုကို ကိုယ်စားပြုသည့် ကျုရုန်ဖြစ်သည်။

ဆောင်းဦးနတ်ဘုရားသည် ရိတ်သိမ်းခြင်းနှင့် ညှိုးနွမ်းလွင့်ပါးခြင်းကို ကိုယ်စားပြုသည့် ရုရှိုးဖြစ်သည်။

ဆောင်းနတ်ဘုရားသည် အေးစက်ခြင်းနှင့် အထီးကျန်မှုကို ကိုယ်စားပြုသည့် ရွှမ်မင်ဖြစ်သည်။

ဤသည်မှာ ချန်ကျဲ့သိထားသည့် ရာသီလေးပါး၏နတ်ဘုရားများဖြစ်သည်။ သို့ဖြင့် ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်သည် အဘယ်ကြောင့် အင်အားအကြီးမားဆုံးသိုင်းပညာအဖြစ် သတ်မှတ်ခံရသည်အား ချန်ကျဲ့ နားလည်သွားခဲ့သည်။

ဤကျင့်စဉ်များသည် တိုက်ခိုက်မှုတွင် ကူညီရန်အတွက် နတ်ဘုရားပုံရိပ်များကို ဆင့်ခေါ်နိုင်သည်။

ရာသီတစ်ပါးကျင့်စဉ်တစ်ခုလျှင် နတ်ဘုရားပုံရိပ်တစ်ခုနှင့် ကိုက်ညီပြီး တစ်ခုထက်တစ်ခု ပို၍ အင်အားကြီးမားကြသည်။ နတ်ဘုရားလေးပါး စုစည်းသွားပါက ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပြောင်းလဲကာ တစ်မိုးအောက်တွင် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ကြီး ဖြစ်လာလိမ့်မည်။

ဤကျင့်စဉ်၏ အံ့ဖွယ်အပိုင်းမှာ နွေဦးနတ်ဘုရားသည် ဆောင်းနတ်ဘုရားထက် အားနည်းခြင်း မဟုတ်ပေ။

နတ်ဘုရားပုံရိပ်တစ်ခုတွင် ၎င်း၏ကိုယ်ပိုင် အင်အားအကြီးမားဆုံးအခြေအနေရှိသည်။ သို့သော် အင်အားကြီးမားအောင် ပြုလုပ်ရန်အတွက် အခြားနတ်ဘုရားသုံးပါး၏အင်အားကို စုပ်ယူခြင်းဖြင့် ပြီးပြည့်စုံသည့် ခန္ဓာတစ်ခုဖြစ်တည်စေလိမ့်မည်။

ဆိုလိုသည်မှာ ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ကို ကျင့်ကြံသူသည် တိုက်ခိုက်ချိန်တွင် အင်အားအကြီးမားဆုံးဖြစ်လာစေရန် ပြောင်းလဲမှုအဆင့်၄ဆင့်ကို ဖြတ်ကျော်ရမည်။

ကျင့်ကြံသူသည် အဆင့်၄ နောက်ဆုံးနတ်ဘုရား ဆောင်းနတ်ဘုရားရွှမ်မင်၏ပုံရိပ်ကို အသုံးပြုလိုသည်ဟု ဆိုကြပါစို့။

သို့ဖြစ်ပါက ဦးစွာ ကုံးမန်၏ပုံရိပ်သို့ ပြောင်းလဲရမည်။ ထို့နောက် ကျုရုန်၏ပုံရိပ်သို့ ပြောင်းလဲပြီး ကုံးမန်ကို စုပ်ယူရမည်။ ထို့နောက် ရုရှိုး၏ပုံရိပ်သို့‌ ပြောင်းလဲပြီး ကျုရုန်ကို စုပ်ယူရမည်။ နောက်ဆုံးတွင် ရွှမ်မင်၏ပုံရိပ်သို့ ပြောင်းလဲပြီး ရုရှိုးကို စုပ်ယူရမည်။

သို့ဖြင့် ရွှမ်မင်၏ အင်အားအကြီးမားဆုံးသော အခြေအနေသို့ရောက်ရှိကာ လောကပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မည်။

ဤနေရာသို့ရောက်မှသာ ချန်ကျဲ့နားလည်နိုင်ခဲ့သည်။ ဤကျင့်စဉ်၏ အင်အားအကြီးမားဆုံးအ‌ဆင့်သည် ပြောင်းလဲခြင်းဖြစ်လေသည်။ ပြောင်းလဲနိုင်သ၍ တိုက်ခိုက်ချေမှုန်းစွမ်းရည်ကို အားကောင်းစေနိုင်ကာ ကျင့်ကြံသူ၏အင်အားကို အကြိမ်ရေများစွာ တိုးတက်စေနိုင်သည်။

သို့သော် ဤကျင့်စဉ်တွင်လည်း ၎င်း၏စံသတ်မှတ်ချက်များ ရှိသည်။ နွေဦးနတ်ဘုရား၏အမျက်ဒေါသကဲ့သို့ အင်အားကြီးသိုင်းကွက်မျိုးကို အသုံးပြုလိုပါက ကျင့်ကြံသူသည် အနည်းဆုံး သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့် ရှိရလိမ့်မည်။

သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ရှိမှသာ ကျင့်ကြံသူသည် ချီစွမ်းအင်ကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်အသုံးပြုနိုင်မည်ဖြစ်သဖြင့် ကောင်းကင်နှင့်မြေကြီးကို ပဲ့တင်ပြန်စေကာ နတ်ဘုရားပုံရိပ်ကို ဖွဲ့စည်းနိုင်လိမ့်မည်။

သို့သော် ကျောက်ယာအသုံးပြုသည့် အရိမေတ္တယျဗုဒ္ဓပုံရိပ်ကို အသုံးပြုရန်အတွက်မူ ဝံပုလွေအငွေ့အသက်အဆင့် သို့မဟုတ် သက်တံအဆင့်ရှိရန် လိုအပ်သည်။

နဂါးအဆင့်သို့ ရောက်လျှင်မူ သိုင်းကွက်သည် ပုံမှန်အင်အားအတိုင်း ထွက်ပေါ်လိမ့်မည်။

ဆိုလိုသည်မှာ နဂါးအဆင့်၌ ခန္ဓာကိုယ်မှ ထွက်သော ချီစွမ်းအင်သည် တိမ်နဂါးတမျှ ထူထဲသည်။ ထိုမျှသော ချီစွမ်းအင်ပမာဏဖြင့်သာလျှင် ပုံရိပ်ကို အပြည့်အဝ ဖွဲ့စည်းနိုင်လိမ့်မည်။

ဤသည်မှာ ချန်ချွမ်းကျင့်စဉ်ကို တတ်မြောက်ရန်အတွက် မြောက်များစွာသော ကျင့်စဉ်များကို အတူတကွ ပေါင်းစည်းရန် လိုအပ်ရသည့် အကြောင်းအရင်းဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ချန်ချွမ်းကျင့်စဉ်အဖြစ် တိုက်ရိုက် ကျင့်ကြံခြင်းငှာ မဖြစ်နိုင်ပေ။

စွမ်းအင်ပြောင်းလဲခြင်းအဆင့်အောက်၌ ချန်ချွမ်းကျင့်စဉ်ကို ကြည်ရှုခြင်းသည် လျှို့ဝှက်ဆန်းကြယ်သည့်စာလုံးများကို ဖတ်ရှုနေရခြင်းကဲ့သို့ ဖြစ်ပေလိမ့်မည်။

All Chapters