← Chapters

အခန်း ၇၆၈

Vol. 66 Ch. 768

အခန်း ၇၆၈

Vol. 66 Ch. 768

အခန်း ၇၆၈

ထိုအခါ အားလုံး အံ့ဩထိတ်လန့်ကုန်ကြသည်။

လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က ချန်ချွမ်းဇီတဲ့လား။

အားသာ့မှ ပြောသည်။

“ခရိုင်မင်းသမီး ဒါဆို အခု ချန်ချွမ်းဇီဆိုတဲ့လူရဲ့အသက်က နှစ်တစ်ရာကျော်ရှိပြီပေါ့”

ကျောက်ယာမှ ပြန်ပြောသည်။

“သူပျောက်သွားတာ နှစ်တစ်ရာကျော်ပြီလို့ပြောတာ။ သူ တောင်ကြားသခင်အဖြစ်ရှိနေတုန်းကတည်းက အသက်၅၀ရှိနေပြီ။ ဆိုတော့ အခု သူ့အသက်က အနည်းဆုံး ၁၅၃နှစ်ရှိလိမ့်မယ်”

“၁၅၃နှစ်လား”

ထိုအခါ အားလုံး အံ့ဩသွားကြပြန်သည်။

ဒီလောကကြီးမှာ တကယ်ကြီး ဒီလောက်အသက်ရှည်တဲ့သူ ရှိနိုင်လို့လား။

မဖြစ်နိုင်ဟု ထင်ရသော်ငြား လုံးဝကြီး မဖြစ်နိုင်သည်လည်း မဟုတ်ပါချေ။ ဝူတန်ဂိုဏ်း၏ ဆရာကျန်းသည်လည်း အသက်၁၄၀ဖြစ်ပြီး သက်ရှိဗုဒ္ဓပီအားစီးပါးသည်လည်း အသက်၁၃၀နီးပါး ရှိလေသည်။ ချန်ချွမ်းဇီလည်း ထိုသို့လူမျိုးဖြစ်နိုင်ပေသည်။

အားလုံး အသက်အကြောင်း တွေးတောနေစဉ် ချန်ချွမ်းဇီ၏စကားများကြောင့် အာရုံပြောင်းသွားကြသည်။

“ဒါက မင်းတို့ရဲ့ နောက်ဆုံးစီရင်မှုပဲ။ လွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းက မျိုးရိုးနာမည်ဟန်နဲ့ မိန်းကလေးတစ်ယောက် ဒီနေရာကို ရောက်လာခဲ့ဖူးတယ်။ ငါ သူ့ကို ဇာမဏီဆေးလုံး ချီးမြှင့်လိုက်တယ်။ အခု မင်းတို့ရောက်လာကြပြီဆိုတော့ မင်းတို့ကို လက်ဗလာနဲ့ ပြန်မလွှတ်နိုင်ဘူးပေါ့”

“ဒီဆေးဖိုထဲမှာ အသစ်ဖော်စပ်ထားတဲ့ ထိုက်ဆွေ့ဆေးလုံး အလုံးတစ်ရာရှိတယ်”

စကားအဆုံး၌ ဆေးဖိုသည် ရုတ်တရက် ပွင့်သွားကာ ရေပြာရောင် ထိုက်ဆွေ့ဆေးလုံးတစ်ရာ ထွက်ပေါ်လာသည်။

ထိုက်ဆွေ့ဆေးလုံးများသည် အားဖြည့်ဆေးလုံးများဖြစ်သော်ငြား ၎င်းတွင် ကိုယ်ပိုင်ဂုဏ်သတ္တိများလည်း ရှိသည်။ ဥပမာ မြေထိုက်ဆွေ့ဆေးလုံးများသည် ခန္ဓာကိုယ်အင်အားနှင့် သက်လုံးအားကို အားဖြည့်ရန်အတွက် အကောင်းဆုံးဖြစ်သည်။

ရေထိုက်ဆွေ့ဆေးလုံးများသည် ချီစွမ်းအင်အားဖြည့်ရန်အတွက် ပိုသင့်တော်သည်။

ယခု ထိုက်ဆွေ့ဆေးလုံးများသည် အပြာရောင်တောက်ပကာ ချောမွတ်နေသည်မှာ ထိပ်တန်းအဆင့်အရည်အသွေးမြင့်ဆေးလုံးများဖြစ်ကြောင်း သိသာလှသည်။

၎င်းဆေးလုံးများသည် ခရိုင်မင်းသမီး၏ ဒုတိယတန်းစား ထိုက်ဆွေ့ဆေးလုံးများထက်ပင် အရည်အသွေးပိုမြင့်မားသဖြင့် တတိယတန်းစားနှင့် နီးစပ်သည်။

ဤထိုက်ဆွေ့ဆေးလုံးများသည် အလွန်တန်ဖိုးကြီးမားပေသည်။

မျက်စိရှေ့ရှိ ထိုက်ဆွေ့ဆေးလုံးတစ်ရာကို ကြည့်လျက် အားလုံး၏မျက်လုံးများတောက်ပလာကြသည်။ လူတိုင်းကို ဆွဲဆောင်နိုင်စွမ်းသည့် အကျိုးအမြတ်ကြီးပင်။

အထူးသဖြင့် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်များအတွက် ဖြစ်သည်။

သူတို့တွင်လည်း ထိုက်ဆွေ့ဆေးလုံးများ ပိုင်ဆိုင်ထားနိုင်သော်ငြား ဤမျှသော အရည်အသွေးသည် ရှားပါး၏။

သို့ဖြစ်ရာ အားလုံး၏အကြည့်များသည် ထိုက်ဆွေ့ဆေးလုံးများထံတွင်သာ မလွှဲတမ်းရှိနေကြသည်။ ထိုဆေးလုံးများသည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်၏ ကံကြမ္မာကို ပြောင်းလဲနိုင်ပြီး ဝံပုလွေအငွေ့အသက်အဆင့်သို့ တက်လှမ်းနိုင်အောင် ထောက်ပံ့ပေးနိုင်သည်။

ထို့ကြောင့် နေရာရှိလူအားလုံးသည် အားကျနေကြသည်။

ထို့ပြင် လူငါးဦး၏ဆက်ဆံရေးမှာ အတော်လေး စိတ်ဝင်စားဖို့ကောင်း၏။ သူတို့ကြားရှိ အငြိုးအတေးများမှာ မနည်းလှပေ။

ထိုသို့အတွေးဖြင့် လေထဲတွင် အန်စာတုံးတစ်တုံး ပေါ်ထွက်လာပြီး တာ့အိုဆရာကြီး၏ အသံလည်း ထွက်ပေါ်လာသည်။

“ဒီအန်စာတုံးက မင်းတို့ရဲ့သတ်မှတ်ချက်ကို ဆုံးဖြတ်ပေးလိမ့်မယ်”

ထို့နောက် အန်စာတုံးသည် အရှိန်လျင်မြန်စွာ လည်ပတ်သွားပြီး မြေဟူသည့် စာလုံးတွင် ရပ်တန့်သွားသည်။

အားလုံး မိစ္ဆာဘွားဘွားကြီးကို ကြည့်လိုက်ကြသည်။ မိစ္စာဘွားဘွားကြီးသည် ပြုံးနေ၏။

ဒါက ငါ အရင်ယူနိုင်တယ်လို့ ဆိုလိုတာမလား။

ထိုသို့အတွေးဖြင့် မိစ္ဆာဘွားဘွားကြီးသည် မဖုံးနိုင်လောက်အောင် ဝမ်းမြောက်ဝမ်းသာဖြစ်လျက် ပြုံးနေတော့သည်။

ထို့နောက် အန်စာတုံးသည် နောက်တစ်ကြိမ် ထပ်လည်သည်။ ယခုတစ်ကြိမ်တွင် သတ္တုဖြင့် ရပ်သွား၏။

ယွီမေ့ဇစ် ပြုံးလိုက်သည်။

ငါ ဒုတိယမြောက် ယူလို့ရတယ်။ အကုန်ငါ့အပိုင်ပဲ၊ ငါ့အပိုင်ပဲ။

ထို့နောက် အန်စာတုံး ထပ်မံလည်သည်။ ဤတစ်ကြိမ်တွင် သစ်သားဖြစ်သည်။

ချန်ကျဲ့၏မျက်လုံးများ အနည်းငယ် စူးရှသွား၏။

တတိယပေါ့၊ ကောင်းပြီလေ။

အန်စာတုံး နောက်တစ်ကြိမ် လည်သွားပြီး မီးတွင် ရပ်သွားသည်။

ပါးထန်း အနည်းငယ် မျက်မှောင်ကြုတ်နေ၏။

ငါက ဘယ်လိုလုပ်ပြီး လေးယောက်မြောက်ဖြစ်ရတာလဲ။

ထို့နောက် ငါးကြိမ်မြောက်ကိုမူ အန်စာတုံးလှိမ့်ရန် မလိုတော့ပေ။ ရေဓာတ် နန်ပါးထျန်းဖြစ်သည်။

နန်ပါးထျန်း၏မျက်နှာအမူအရာ မည်းမှောင်သွား၏။

ငါးယောက်မြောက်ဆိုမှတော့ ငါက ဘာယူနိုင်ဦးမှာလဲ။

ထိုသို့အတွေးဖြင့် နန်ပါးထျန်းသည် စိတ်ပျက်သွားခဲ့သည်။

သို့သော် ထိုအချိန်၌ တာ့အိုဆရာကြီး၏အသံ ထပ်မံ ထွက်ပေါ်လာသည်။

“အရမ်းကောင်းတယ်။ နံပါတ်စဉ်သတ်မှတ်ပြီးသွားပြီ။ ဒီတော့ စည်းမျဉ်းတွေကို ရှင်းပြပေးမယ်”

“စည်းမျဉ်းတွေလား”

ထိုအခါ အားလုံးတွေဝေသွားကြသည်။

ဒါက ဘယ်သူအရင်ယူရမယ်လို့ အစဉ်သတ်မှတ်ရုံပဲ မဟုတ်ဘူးလား။ တခြားဘာသတ်မှတ်ချက်တွေ လိုသေးလို့လဲ။

လှည့်ကွက်ရှိနေသေးတာလား။

သူတို့တွေးနေစဉ် တာ့အိုဆရာကြီးမှ ထပ်ပြောသည်။

“သတ်မှတ်ချက်စည်းမျဉ်းတွေကို ရှင်းပြပါရစေ။ ပထမဆုံးလူက ခွဲဝေမှုအစီအစဉ်ကို တင်သွင်းပါလိမ့်မယ်။ ကျန်သူတွေက လက်မြှောက်ပြီး မဲပေးနိုင်ပါတယ်။ လူများစု သဘောတူရင် ခွဲဝေမှုအောင်မြင်တယ်လို့ သတ်မှတ်ပါမယ်။ သဘောတူညီမှုမရခဲ့ရင်တော့ အဲဒီလူက အသတ်ခံရပါမယ်”

“အဲဒါကြောင့် လူငယ်လေးတို့ ကိုယ့်ကိုယ်ကိုယ်သေချာပြင်ဆင်ကြပါ။ ကစားပွဲစတင်ပါတော့မယ်…”

ထိုအခါ အားလုံး ထိတ်လန့်သွားကြသည်။

ဒီလိုကစားပွဲမျိုး ဖြစ်နေခဲ့တာပဲ။ ဒါဆို ပထမဆုံးလူက အကျိုးအရှိဆုံးဖြစ်ဖို့ မသေချာတော့ဘူးပဲ။

သူ့ရဲ့ခွဲဝေမှုအစီအစဉ်ကို လူများစုက သဘောမတူခဲ့ရင် အသတ်ခံရနိုင်တယ်။ ဒါက အသက်ဆုံးရှုံးနိုင်ခြေရှိတယ်။

ငါးဦးစလုံး မင်သက်နေမိကြ၏။ ထို့နောက်တွင် သူတို့သည် လျှို့ဝှက်ဆန်းကြယ်သည့်အားတစ်ခု၏ တိုင်များထက်သို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။

ထိုမြင်ကွင်းတွင် အပြင်ဘက်ရှိလူများလည်း မျက်လုံးပြူးကုန်ကြသည်။ အားစန်းသည် အားအာ့ကို မေးသည်။

“အားအာ့ အဲဒါဘာသဘောလဲ”

“အသက်ဆုံးရှုံးနိုင်တဲ့ကစားပွဲလို့ ဆိုလိုတာပဲ”

ထိုအခါ အားစန်းမှ အားအာ့ကို ပြောသည်။

“မင်းပြောတာက သိသာနေတာကြီးကို”

ကျောက်ယာသည်တော့ ဤသည်မှာ မရိုးရှင်းကြောင်း ခံစားမိနေသဖြင့် မျက်မှောင်ကြုတ်နေသည်။ ခွဲဝေမှုသတ်မှတ်သည့် ပွင့်လင်းမြင်သာသည့်ကိစ္စလေးဟု ထင်ရသော်ငြား တကယ်တမ်းတွင်မူ လူသားသဘာဝနှင့် ဥာဏ်ပညာကို စမ်းသပ်ခြင်းဖြစ်ပေသည်။

အားသာ့မှ ကျောက်ယာကိုကြည့်၍ ပြောသည်။

“ခရိုင်မင်းသမီး ဒီကစားပွဲက ဘာများပျော်စရာရှိလို့လဲ။ ပထမဆုံးလူက ကျိုးကြောင်းသင့်လျော်တဲ့အစီအစဉ်ကို တင်သွင်းနိုင်လို့ အားလုံး သဘောတူလိုက်ရင် ကစားပွဲပြီးသွားပြီလေ၊ ရိုးရှင်းပါတယ်”

ထိုအခါ ကျောက်ယာ အားသာ့ကို ကြည့်လိုက်သည်။

“ရိုးရှင်းတယ်လား”

အားသာ့မှ ပြန်ပြောသည်။

“အင်း မရိုးရှင်းဘူးလား”

ကျောက်ယာမှ မေးသည်။

“အဲဒါဆို ကျိုးကြောင်းသင့်လျော်တဲ့ခွဲဝေမှုအစီအစဉ်ဆိုတာ ဘာဖြစ်မလဲ”

“သေချာပေါက် အညီအမျှခွဲဝေတာပဲပေါ့”

အားသာ့မှ ပြောသည်။

ကျောက်ယာမှ ပြောသည်။

“အညီအမျှခွဲဝေမယ်ပေါ့။ တစ်အချက် မိစ္ဆာဘွားဘွားကြီးက အဲဒီလောက် တွေးထားမှာပဲ။ နှစ်အချက် ယွီမေ့ဇစ်က မိစ္ဆာဘွားဘွားကြီးနဲ့ ရန်ငြိုးရှိတယ်။ ပြီးတော့ ပါးထန်က သူ့ဘက်က အမြဲတမ်း အကျိုးအမြတ်များချင်တဲ့သူပဲ။ နန်ပါးထျန်းကလည်း ပါးထန်ရဲ့အမိန့်ကို နာခံတယ်။ အဲဒီတော့ ဒီလိုအခြေအနေမျိုးမှာ မိစ္ဆာဘွားဘွားကြီးဘက်က ဘယ်လိုခွဲဝေမှုအစီအစဉ်မျိုးတင်သွင်းမှ အညီအမျှခွဲဝေမှုအဖြစ် သတ်မှတ်နိုင်မှာလဲ”

All Chapters