← Chapters

အခန်း ၁၄၈

Vol. 11 Ch. 148

အခန်း ၁၄၈

Vol. 11 Ch. 148

အခန်း ၁၄၈

မိုကွမ်းရှန်း လက်အား ဝှေ့ယမ်းလိုက် ပြီးနောက် အတွေးစများအား ဖြတ်တောက် လိုက်တော့သည်။

"သူတို့ကို တစ်ယောက်ချင်းစီ ကြမ်းပြင်ပေါ် ချထားလိုက်"

မိုကွမ်းရှန်း လက်ပွတ်ရင်းဖြင့် မိုချီ့ဆီ လျှောက်သွားလိုက်သည်။ အိမ်ထဲ စဝင်လာကတည်းမှ မိုချီ့အား သူ မျက်စိကျနေခြင်း ဖြစ်သည်။ ရာသီဥတု အေး၍ အဝတ်အစားများ ထူထူထဲထဲ ဝတ်ထားသည့်တိုင် အဝတ်များ ကြားမှနေ၍ မိုချီ့၏ ဖွံ့ဖြိုးလှသည့် ခန္ဓာကိုယ်အား သူ မြင်နေရလေသည်။

ဤကဲ့သို့ သေးသေးသွယ်သွယ် ကောင်မလေးမျိုးသည် သူ အကြိုက်ဆုံး ပင် ဖြစ်သည်။ ဤအရွယ် ကောင်မလေးများသည် အစားမက်မည်အား သိ၍ သူ တမင် သရေစာများ ထုတ်ကျွေးခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူ ထင်ထားသည့် အတိုင်းပင် ဖြစ်ကာ အကွက်ဝင်သွားခဲ့ပြီ ဖြစ်သည်။

မိုကွမ်းရှန်းက ထောပတ် ကွတ်ကီးများ ထဲတွင် မေ့ဆေးမှုန့်များ အများအပြား ထည့်ထားခဲ့ခြင်း ဖြစ်သည်။ လဖက်ရည်ထဲတွင်လည်း ပါပေသည်။ အစောပိုင်း သူသောက်ခဲ့သည့် ခွက်သည် သူတို့ခွက်များနှင့် ပုံစံမတူ၍သာ သူ ခွဲခြားသိနိုင်ခဲ့ခြင်း ဖြစ်သည်။

မူလတွင် ရဲ့ရှင်းချန်နှင့် ကျောက်ဟောင်တို့အား တိုက်ရိုက်သတ်ပစ်ရန် စဉ်းစားထားသည့်တိုင် သေချာ တွေးကြည့် ပြီးနောက်မှာမူ နည်းလမ်းဟောင်းကိုသာ ပြန်သုံးဖို့ရန် အတွက် ဆုံးဖြတ်လိုက်တော့သည်။ ထိုနည်းလမ်းဟောင်းနှင့်သာ ချင်ကုန်းမင် အပါအဝင် ဤနေရာမှ အစေခံ အများစုအား သတိလစ်အောင် သူ လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပြောရလျှင် သူတို့အား သတ်ပြီး စားပစ်ရန် မိုကွမ်းရှန်း မည်သည့်အချိန်တွင်မှ မရည်ရွယ်ခဲ့ချေ။ ထို့တိုင် ဤမျှ ကြီးမားလှသည့် ဘေးကင်းရေး အိမ်တော်တွင် စားစရာများ အများအပြား မရှိ ဟု မည်သူက ထင်ထားလိမ့်မည်နည်း။ ထိုနေရာတွင် အစေခံ အယောက် နှစ်ရာ သုံးရာခန့် ရှိနေခြင်း ဖြစ်သည်။ ယခုမူ ဤမျှ ကြီးမားလှသည့် အိမ်တွင် ရှိသည့် အစားအသောက်များသည် သူတို့ လူတစ်စု နှစ်ရက် သုံးရက်လောက်သာ စားနိုင်ရန် လောက်ငတော့သည်။

ထိုအရာများ အားလုံးသည် ချင်ကုန်းမင်၏ အပြစ်များသာ ဖြစ်သည်။ သူ၏ သခင်လေးသည် လတ်ဆတ်သည့် အစားအစာများသာ စားတတ်သည် ဟု ဆိုကာ ဈေးသွားဝယ်တိုင်း အနည်းငယ်သာ ဝယ်လာလေ့ ရှိသည့် အတွက် ဖြစ်သည်။

ဆီးနှင်းများ ကျလာချိန်တွင် တောင်ပေါ် အတက်အဆင်း လမ်းများ အကုန်ပိတ်ကုန်တော့သည်။ မိုကွမ်းရှန်း ထွက်သွားချင်သည့်တိုင် ချင်ကုန်းမင်မှ ပေးမထွက်ခဲ့ချေ။ သခင်လေး ဖြစ်သူမှ ရုတ်တရက် ရောက်လာခဲ့လျှင် ပြုစုမည့်သူ မရှိဘဲ နေလိမ့်မည် ဟု ဆိုကာ တားထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မိုကွမ်းရှန်းသည် တောင်အောက်ဆင်းရန် အကောင်းဆုံး အခွင့်အရေးအား လက်လွတ်ခဲ့ရကာ ဤနေရာတွင် ရက်အတော်ကြာ သောင်တင်ကာ ပိတ်မိနေခဲ့တော့သည်။

"ဦးလေးမို ဒီနှစ်ယောက်ကို ဘယ်လို လုပ်ကြမလဲ မီးဖိုချောင်ထဲ ဆွဲသွားပြီး အခုပဲ သတ်ပစ်လိုက်ရမလား"

မိုကွမ်းရှန်း ဆောင့်ကြောင့် ထိုင်လိုက်ပြီးနောက် မိုချီ့ခေါင်းမှ အုပ်ဆောင်းအား ဆွဲချွတ်လိုက်လေသည်။ ထို့နောက် မိုချီ၏ ဖြူဖွေးနုဖတ်နေသည့် မျက်နှာလေးအား လှမ်းကိုင်လိုက်တော့သည်။

"အိုက်ယား ဒီလို ပစ္စည်းကောင်းလေး မတွေ့ရတာ ကြာပြီ သူ နွေးနေမလား မသိဘူး"

မိုရှောင်ရှန်း သေသွားပြီးချိန်မှ စတင်၍ မိုကွမ်းရှန်းသည် သူ့ကိုယ်သူ လွှတ်ထားလိုက်တော့သည်။ လစာရတိုင်း ပြည့်တန်ဆာတန်းအား သွားကာ ဤကဲ့သို့ ပုံစံရှိသည့် ကောင်မလေးများသာ အမြဲငှားတတ်သည်။ မိုချီသည် သူ့အကြိုက်နှင့် ကွက်တိပင် ဖြစ်နေတော့သည်။

"သူတို့ကို အရင်လွှတ်ထားလိုက်ဦး မင်းတို့သွားပြီး ကြိုးနဲ့တုပ်ထားလိုက် မစားရသေးတဲ့ အစားအသောက်တွေ အများကြီး ကျန်သေးတယ် မဟုတ်လား အဲဒါတွေ အရင် ရှင်းကြတာပေါ့ အရှင်လတ်လတ် နှစ်ယောက် ရောက်လာတာ လွယ်တာမှတ်လို့ ဟိုအဟောင်းတွေကို စားလို့ ငြီးငွေ့သွားရင် သူတို့ကို အတုံးလေးတွေတုံးပြီး ဟော့ပေါ့ထဲ ထည့်ပြုတ်စားကြတာပေါ့"

မိုကွမ်းရှန်းသည် ရဲ့ရှင်းချန်အား ရက်စက်ယုတ်မာသည့် အကြည့်နှင့် စိုက်ကြည့်ရင်း ခါးကိုပင် ပွတ်သပ်လိုက်သေးသည်။

"ဒါလေးလည်း မဆိုးပါဘူး သိပ်အသက်ကြီးပုံ မပေါ်ဘူး ငါ့သား မိုရှောင်ရှန်းသာ အသက်ရှင်နေမယ် ဆိုရင် ဒီအရွယ်လောက် ရှိနေရောပေါ့ အချိန်တန်ရင် သူ့ကို ဟော့ပေါ့ လုပ်စားမယ် အသားက သေချာပေါက် နူးညံ့နေမှာပဲ ကျွတ် ကျွတ် သူ့ခန္ဓာကိုယ် ကြည့်ရတာ လေ့ကျင့်ခန်း တော်တော် လုပ်ထားပုံရတယ်"

ထို့နောက် မိုကွမ်းရှန်း မှ ထပ်မံ၍ လက်လှမ်းလိုက်ကာ ကျောက်ဟောင် ခန္ဓာကိုယ်အား ဆွဲညှစ်ကြည့်လိုက်လေသည်။ ကျောက်ဟောင်သည် စစ်သားဟောင်း တစ်ဦး ဖြစ်သည်။ တပ်မှ ထွက်လာသည်မှာ ကြာပြီဆိုသည့်တိုင် အမြဲလိုလို ကာယ အလုပ်များသာ လုပ်နေရခြင်း ဖြစ်သည့်အတွက် နေ့တိုင်း လေ့ကျင့်ခန်း လုပ်ထားသကဲ့သို့ ဖြစ်နေတော့သည်။ သူ့တစ်ကိုယ်လုံးသည် ကြွက်သားများနှင့် ကျစ်လစ်နေတော့သည်။

"ဒီကောင်က မာတယ် အချိန်တန်ရင် အတုံးလေးတွေ တုံးပြီး နှပ်စားမယ် အရင်က ဟင်းခတ်အမွှေးအကြိုင်တွေ ကျန်သေးတယ် မဟုတ်လား နူးအိပြီး မွှေးနေအောင် နှပ်လိုက် ဆန်ပြုတ်လေးနဲ့ တွဲစားရရင် သိပ်ကောင်းမှာပဲ"

သူတို့ ပြောနေသည်များအား ရဲ့ရှင်းချန် အတွင် အထူးတလည် အမှုမထားခဲ့ချေ။ သူသည် အတိတ်မှ ပြန်ရောက်လာခဲ့သူ မဟုတ်ပါလား။ ဤမျှ ဆိုးရွားသည်ထက် ပိုဆိုးသည်များအား မြင်ခဲ့ဖူးပြီး ဖြစ်သည်။

ထို့တိုင် ကျောက်ဟောင်မှာမူ မတူညီချေ။ ဘေးမှနေ၍ နားထောင်နေစဉ် အတွင်း ကြက်သီးများပင် ထလာခဲ့လေသည်။ ဤကမ္ဘာပျက်ကပ်ကြီးတွင် အသက်ရှင်လာသည်မှာ ကြာပြီဆိုသည့် အတိုင်း လူသားစားချင်း ပြန်စားသည့် အကြောင်းများအား ကြားဖူးလေသည်။

သူတို့ရပ်ကွက်တွင်လည်း တချို့လူများသည် ထိုကဲ့သို့ အသားမျိုး စားကောင်းစားကြလိမ့်မည် ဆိုသည်အား သူ သိပေသည်။ ထို့တိုင် လူတစ်ယောက်မှ ဤအကြောင်းအား ယခုလို ဗြောင်ကျကျ ပြောဆိုနေသည်အား ကြားရသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်ချေတော့သည်။ ထို့အပြင် သူ့အား မည်သို့ စားသောက်မည် ဆိုသည်အား ပြောဆိုနေခြင်း ဖြစ်သည်။

ကျောက်ဟောင် ခေါင်းနပန်းကြီးသွားခဲ့ရတော့သည်။ ထခုန်ပြီးနောက် ထိုလူများအား ထိုးကြိတ်ပစ်ချင်စိတ်အား အနိုင်နိုင် ထိန်းထားရလေသည်။ သို့တိုင် ရဲ့ရှင်းချန်ဘက်မှ မည်သည့် လှုပ်ရှားမှုမှ မရှိသေးသည့် အတွက် သူ လှုပ်ရှားလိုက်လျှင် ရဲ့ရှင်းချန်၏ အစီအစဉ်များ ပျက်သွားမှာကိုလည်း စိုးရိမ်နေရသေးသည်။ ရဲ့ရှင်းချန်နှင့် ကျောက်ဟောင်တို့အား ဘေးသို့ တွန်းဖယ်လိုက်ပြီးနောက် မိုကွမ်းရှန်းသည် မိုချီ့ မျက်နှာလေးအား စတင်၍ ပွတ်သပ်ပါတော့သည်။

"ဟီးဟီး ဦးလေးမို ဒီလောက် ချစ်စရာကောင်းတဲ့ ကောင်မလေးကို မတွေ့ရတာ ကြာပြီနော်"

"ဟုတ်ပါ့ ဟုတ်ပါ့ တစ်ယောက်ရောက်လာဖို့က မလွယ်ဘူး ဦးလေးမို ဘယ်လို ကစားမလဲ စဉ်းစားပြီးပြီလား"

"အေးပါကွာ စောစောကတည်းက သိခဲ့ရင် အကုန်မသတ်ဘဲ အပျော်အပါး အတွက် မိန်းမ နည်းနည်းလောက် ချန်ထားခဲ့ပါတယ်"

"ဘယ်သူက သိမှာလဲ အဲဒီအချိန်က ဗိုက်ဆာလို့ သေတော့မယ့် ဟာကို ခင်ဗျား တစ်ယောက်တည်းကပဲ ဒီလို ကိစ္စတွေကို တွေးနိုင်တာလေ"

"ဝမှ လှတာလေကွာ အစတုန်းက ဗိုက်ဆာနေတာတောင် ခင်ဗျားမှာ ဒီလိုလုပ်ဖို့ စိတ်ကူးရှိသေးတယ်ပေါ့ ထားလိုက်ပါတော့ အခု ကံဆိုးတဲ့ကောင်တွေ ကိုယ့်ဆီ ရောက်လာတာကိုပဲ ဝမ်းသာလိုက်စမ်းပါ မဟုတ်ရင် ဘယ်လောက်ကြာကြာ အောင့်ထားရဦးမလဲ မသိဘူး"

"ဟူး နောက်လည်း ကံဆိုးတဲ့သူတွေ ထပ်ရောက်လာရင် ကောင်းမှာပဲ အပြင်မှာ ဘာတွေဖြစ်နေလဲတောင် မသိဘူး ဒီက ဆက်သွယ်ရေး တာဝါတိုင် ပျက်နေတာ ကြာလှပြီ ဆက်သွယ်ရေး ကုမ္ပဏီကလည်း လာမပြင်ဘူး ဖုန်းဆက် တိုင်ချင်တာတောင် ဖုန်းမကိုင်ကြဘူး"

"အပြင်မှာလည်း သိပ်ကွာမယ် မထင်ပါဘူးကွာ အနည်းဆုံး ဒီမှာ အပူပေးစနစ် ရှိသေးတယ်လေ အင်တာနက် မပြတ်ခင်တုန်းက ငါ့ဆွေမျိုး တစ်ယောက် ပြောတာ သူတို့ဆီမှာ အပူပေးစနစ် ဖွင့်လို့မရတော့ဘူးတဲ့"

"ဒါတော့ ဟုတ်တယ် ကံကောင်းလို့ ဒီမှာ အပူပေးစနစ် ရှိနေတာ ပြီးခဲ့တဲ့ရက်ပိုင်းက နှင်းတွေ သွားလှည်းတာ အအေးပတ်ပြီး သေမလိုပဲ အပြင်မှာ ဘယ်လောက်အေးလဲ မင်းတို့ မသိပါဘူး"

သူတို့သည် တပြိုင်နက် စကားဝိုင်းဖွဲ့ ပြောဆိုနေကြသည်အား မြင်ချိန်တွင် ရဲ့ရှင်းချန် မျက်မှောင်ကြုတ်လိုက်ကာ အနည်းငယ် စိတ်မရှည် ဖြစ်လာခဲ့တော့သည်။ နေရာလွတ်ထဲမှ သေနတ်တစ်လက်အား ရဲ့ရှင်းချန်သည် စိတ်အာရုံဖြင့် ကျည်သွင်းလိုက် ပြီးနောက် သူ့လက်ထဲတွင် လေထဲမှနေ၍ ပေါ်လာခဲ့တော့သည်။

ရဲ့ရှင်းချန်အား သူတို့သည် ကြမ်းပြင်ပေါ် ဆွဲခေါ်သွားကြလေသည်။ မိုကွမ်းရှန်းမှ ဆေးခတ်ထားခြင်းကြောင့် ရဲ့ရှင်းချန်တို့ အနည်းဆုံး တစ်ရက် နှစ်ရက်လောက် သတိမရနိုင်လောက်ဟု ခန့်မှန်းထားကြခြင်း ဖြစ်သည်။ ထို့အတွက် တပည့်များအား ရဲ့ရှင်းချန်နှင့် ကျောက်ဟောင်တို့အား ဘေးဖယ်ထားခိုင်းကာ မိုချီ့အား စတင် ကြံစည် အကွက်ဆင်ရန် ပြင်နေတော့သည်။

"ဟီးဟီး ဦးလေးမို အရင် စလိုက်ပါဦး"

မိုကွမ်းရှန်း ရယ်ကျဲကျဲ လုပ်လိုက်လေသည်။ မည်သည့် နေရာမှ စရမည်နည်း ဟု တွေးရင်း လက်အား ပွတ်သပ်နေခဲ့လေသည်။ ရုတ်တရက် သူ၏ နောက်ကျောဘက်ဆီက သေနတ်သံ တစ်ချက် ထွက်ပေါ်လာခဲ့တော့သည်။

"အာ့"

မိုချီ့အား ဝိုင်းထားသည့် လူများထဲမှ တစ်ယောက် လဲကျသွားခဲ့ကာ အသံတောင် မထွက်နိုင်တော့ချေ။ ထို အော်သံသည် မိုကွမ်းရှန်း၏ တပည့်တစ်ယောက်ထံမှ ထွက်လာခြင်း ဖြစ်သည်။

မိုကွမ်းရှန်းမှ ရဲ့ရှင်းချန်နှင့် ကျောက်ဟောင်တို့အား ဘေးဖယ်ခိုင်းထားချိန်တွင် တစ်ကိုယ်လုံးအား သေချာ ရှာဖွေခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် မိုကွမ်းရှန်း အချိန်မီ တုံ့ပြန်ရန် မတတ်နိုင်ခဲ့ချေ။ ရဲ့ရှင်းချန်ထံတွင် သေနတ် မည်ကဲ့သို့ ရှိနေရသေးသနည်း။

"ချီးတဲ့မှပဲ ခွေးကောင် ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခိုက်တယ်ပေါ့လေ"

မိုကွမ်းရှန်း ကြမ်းကြမ်း တမ်းတမ်း တံတွေး ထွေးချလိုက်ပြီးနောက် ရဲ့ရှင်းချန်ထံသို့ ခြေတစ်လှမ်း တိုးလာခဲ့တော့သည်။

All Chapters