အခန်း ၁၅၁
Vol. 11 Ch. 151
အခန်း ၁၅၁ - ကိုယ်ပျောက်လူသား
ရဲ့ရှင်းချန်သည် ဗိုက် ရှစ်ပုံတစ်ပုံလောက် ပြည့်သည်နှင့် စားနေသည်အား ရပ်လိုက်လေသည်။ စားစရာများသည် စားကောင်းသော်လည်း သူသည် နေ့တိုင်း လင်းစစ်ကျား ချက်သည့် အိမ်ချက်ဟင်းများ သို့မဟုတ် နေရာလွတ်ထဲမှ ကောင်းပေ့ဆိုသည့် ဆိုင်ဟင်းများကိုသာ စားနေရခြင်း ဖြစ်သည်။ ဟင်းများ မည်မျှပင် စားကောင်း စားကောင်း သူ့သည် အထူးအဆန်း ဖြစ်မနေတော့ချေ။
သူ ဤမျှလောက် အများအပြား ထုတ်ပေးရသည်မှာ သူ့တွင် စားစရာ မရှား၍ ဖြစ်ပေသည်။ ထို့အပြင် သူ့အကြိုက် ဟင်းလျာများအား ထုတ်ရင်း ကျောက်ဟောင် ရှိနေခြင်းကြောင့်လည်း ပါဝင်ပေသည်။ အိမ်တွင်မူ လီအန်းရန်သည်လည်း ရှိနေသည့် အတွက် ရဲ့ရှင်းချန်မှ ကျောက်ဟောင်အား အထူးတလည် အခွင့်အရေး ပေးမထားခဲ့ချေ။
ယခု ရက်ပိုင်း အတွင်း၌ ကျောက်ဟောင်သည် ရဲ့ရှင်းချန်၏ အိမ်တွင် နေထိုင်ရင်း လီအန်းရန်နှင့် အတူတူ အစားအသောက်များအား စားခဲ့ရလေသည်။ ကျောက်ဟောင် မျက်လုံးထဲမှာမူ ထိုအရာများသည် အမှန်ပင် အရသာရှိလှပြီ ဖြစ်သည်။
ကမ္ဘာပျက်ကပ် မတိုင်ခင်တုန်းတွင် ကျောက်ဟောင်သည် ဇာတိရွာ၌ အိမ်တစ်လုံးဝယ်ရန် ငွေစုနေခဲ့ခြင်း ဖြစ်သည်။ ငွေစုချင်၍ အမြဲလိုလို ခေါက်ဆွဲခြောက်နှင့် ပေါင်မုန့်သာ စားလေ့ရှိပေသည်။ ရံဖန်ရံခါ အကောင်းစား စားချင်လျှင်ပင် ဆိုင်သွား၍ ဟင်းနှစ်ပွဲလောက် မှာယူကာ ဘီယာ တစ်ဗူးလောက် ဖွင့်သောက်ရုံလောက်သာ ရှိခဲ့ခြင်း ဖြစ်သည်။
ရဲ့ရှင်းချန်တွင် စားစရာများ အများအပြား ရှိပေသည်။ သူသည် ဘဝပေါင်း ရာချီပြီး စားလျှင်ပင် ကုန်မည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ဤသည်မှာ သူ မုန်းသည့် သူတစ်ယောက်အား ကျွေးမွေးရန် အတွက် ထိုပစ္စည်းများအား ဖြုန်းတီးပစ်ချင်လိမ့်မည် ဟု မဆိုလိုချေ။
ထို့ကြောင့်သာ ကျောက်ဟောင် အပြင်၌ ရှိနေခြင်းကြောင့်သာ ရဲ့ရှင်းချန်မှ သူ့အား ဆုချသည့် အနေဖြင့် ဟင်းလျာအချို့ ပိုထုတ် ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ကျောက်ဟောင်မှ အမောတကော စားနေရင်းဖြင့် နဖူးတွင် ချွေးစက်များ ထွက်လာခဲ့တော့သည်။
‘စပ်လိုက်တာ တကယ် စပ်တာပဲ အထူးသဖြင့် အဲဒီ အမဲသားစပ်ကြော်က စပ်ရုံတင်မကဘူး မွှေးလည်း မွှေးသေးတယ် ‘
ကျောက်ဟောင်၏ တစ်သက်တွင် ထိုမျှ အရသာရှိလှသည့် အမဲသားစပ်ကြော်မျိုး မစားဖူးခဲ့ပေ။ ကျောက်ဟောင် ရှုရှူးရှဲရှဲ ဖြစ်နေရင်း ထမင်း သုံးပန်းကန်လုံးလုံး စားပစ်လိုက်တော့သည်။
ရဲ့ရှင်းချန်မှာမူ ပန်းကန်နှင့် တူများအား ချထားလိုက်ပြီ ဖြစ်သည်။ သူသည် ဖုန်းအား ထုတ်ကာ သူတို့ ရပ်ကွက်၏ ဂရုချက် ထဲမှ သတင်းများအား စတင် စစ်ဆေးနေတော့သည်။ ဝမ်းနည်းစရာမှာ ဤနေရာတွင် လိုင်း သိပ်မကောင်းလှချေ။ သတင်းများအား Refresh လုပ်၍ မရသကဲ့သို့ မက်ဆေ့ခ်ျများလည်း ပို့၍ မရ ဖြစ်နေခဲ့သည်။
ရဲ့ရှင်းချန် သက်ပြင်းချရင်း ဖုန်းအား အိတ်ကပ်ထဲ ပြန်ထည့်လိုက်တော့သည်။
‘ဒီကို ပြောင်းလာ ပြီးရင်တော့ ကွန်ရက်လိုင်းတွေကို ပြန်ညှိပေးမယ့် ကျွမ်းကျင်ပညာရှင် တချို့ကို ရှာရမည် ထင်တယ် မဟုတ်ရင် ဒီမှာနေရတာက ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက် သွားသလို ဖြစ်နေမှာပေါ့’
ရဲ့ရှင်းချန် အချိန်အား ကြည့်ပြီး တွက်ချက်လိုက်လေသည်။ ယခု အချိန် ပြန်မည်ဆိုလျှင် အိမ်ရောက်သည့် အချိန်မှာ သန်းခေါင်ကျော်လောက် ဖြစ်သွားနိုင်ပေသည်။
ညဘက်တွင် အိမ်မပြန်ချင်ပေ။ ညဘက်ဆိုလျှင် အန္တရာယ်သည် ပိုများလှသည် မဟုတ်ပါလား။ မှောင်မိုက်နေသည့် အရိပ်များထဲတွင် သတ္တဝါဆန်းများ အများကြီး ပုန်းအောင်းနေကြပြီး ညရောက်သည်နှင့် အမဲလိုက်ရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သ်ည။
ဤနေရာသည် လိုင်းနှင့် အင်တာနက် မရသည်မှ လွဲလျှင် ကျန်သည့် အရာများ အကုန် အဆင်ပြေလေသည်။
ဤနေရာတွင်သာ တစ်ညတာ ကုန်ဆုံးလိုက်မည် ဆိုလျှင် ဤနေရာအား အကဲခတ်ရန် အချိန် ပိုရမည် ဖြစ်ကာ ဖျော်ဖြေရေး အစီအစဉ်များ ရှိမည်လားဆိုသည်ကိုပါ ကြည့်ဥရပေသည်။ အနည်းဆုံးတွင် အစောပိုင်း၌ အားကစားကွင်းများ အများကြီး သူ တွေ့ခဲ့ပြီးပြီ မဟုတ်ပါလား။
ရဲ့ရှင်းချန် လက်အား ဆန့်ထုတ်လိုက်သည့် အချိန်မှာပင် မတော်တဆ အရာတစ်ခုခုအား သွားတိုက်မိသကဲ့သို့ ခံစားလိုက်ရလေသည်။
"ဟင်"
လက်ကို ပြန်ရုပ်လိုက်ပြီးနောက် ရဲ့ရှင်းချန် ပတ်ပတ်လည်အား လှည့်ကြည့်လိုက်သော်လည်း မည်သည်မှ မရှိပေ။
‘ဒါပေမဲ့ ခုနက ထိမိတဲ့ အာရုံက စိတ်အာရုံ အမှားတော့ မဟုတ်တာ သေချာတယ် ‘
ထို့ကြောင့် ရဲ့ရှင်းချန်သည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သည့် နှုန်းဖြင့် ထိုဘက်သို့ လက်သီးတစ်ချက် ထပ်ထိုးလိုက်လေတော့သည်။ နောက်တစ်စက္ကန့် အတွင်း၌ ရဲ့ရှင်းချန်နှင့် ကျောက်ဟောင်တို့၏ နားထဲသို့ "အား" ခနဲ အော်သံတစ်ချက် ကြားလိုက်ရလေသည်။
ချင်ထျန်းမင်သည် အတော်လေး ငတ်ပြတ်နေခြင်း ဖြစ်သည်။ သူသည် ရဲ့ရှင်းချန်၏ ဘေးတွင် ရပ်နေခဲ့ကာ ရဲ့ရှင်းချန် ရှေ့မှ အသားကြော်အား လှမ်းယူရန် အတွက် လက်ဆန့်လိုက်ခြင်း ဖြစ်သည်။ သူ တအား ဆာလောင် နေခဲ့သည့် အတွက် ဖြစ်သည်။
သို့သော် ဟင်းအား မထိရသေးခင်မှာပင် ရဲ့ရှင်းချန်မှ သူ့လက်မောင်းအား မတော်တဆ လာထိလိမ့်မယ်ဟု သူ မထင်ထားခဲ့မိချေ။ သူ ထိတ်လန့်သွား ပြီးနောက် လက်အား အမြန်ရုပ်ကာ လှည့်ပြေးရန် ပြင်လိုက်လေသည်။
ဤလူများအား သူ မသိချေ။ သူတို့သည် မိုကွမ်းရှန်းတို့ လူစု မဟုတ်သည့်တိုင် ချင်ထျန်းမင် သူတို့အား မဆွရဲချေ။ မည်သို့ပင် ဖြစ်စေ သူတို့သည် သူ့အား သတ်မည် မသတ်မည်အား မည်သူ သိနိုင်သနည်း။
ထို့တိုင် ချင်ထျန်းမင်မှာ ယခု အင်မတန် အားနည်းနေခြင်း ဖြစ်သည့်အတွက် သူ ထွက်မပြေးနိုင်ခင်မှာပင် ရဲ့ရှင်းချန်၏ လက်သီးချက်ကြောင့် လဲကျသွားတော့သည်။
ရဲ့ရှင်းချန် မည်သည်အား ထိမှန်သွားသည် ဆိုသည်အား မသိသည့်တိုင် ကြမ်းပြင်ပေါ်မှ ဖုန်များအား သုတ်သင်ပြီးသား ဖြစ်နေသည့် နေရာတစ်ခုတွင် ရုတ်တရက် အရာတစ်ခု ပေါ်လာသည်အား သူ မြင်လိုက်ရလေသည်။
"အော် စိတ်ဝင်စားစရာပဲ"
ရဲ့ရှင်းချန် အပူအာရုံခံ မျက်မှန်အား ကောက်တပ် လိုက်ပြန်သည်။ ဖုန်များ သုတ်သင်ထားသည့် နေရာတွင် လူပုံသဏ္ဍာန် အပူအာရုံခံ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
ကျောက်ဟောင်မှာမူ ထိတ်လန့်သွားခဲ့ကာ သီးမလိုတောင် ဖြစ်သွားခဲ့ရလေသည်။ ငရုတ်သီးများ သီးသွားခြင်းကြောင့် မျက်ရည်များပါ ထွက်လာခဲ့ရကာ အော်ဟစ်လိုက်ရတော့သည်။
ရဲ့ရှင်းချန်က ကြမ်းပြင်ပေါ်မှ အပူအာရုံခံ ပုံရိပ်အား ကြည့်ပြီးနောက် အဲဒီလူ၏ လက်အား လှမ်းဆွဲလိုက်တော့သည်။ အရွယ်အစားအား ကြည့်ရလျှင် ကောင်လေးတစ်ယောက် ဖြစ်ပုံရကာ ကလေးတစ်ယောက် အရွယ်သာ ရှိဦးမည် ဖြစ်သည်။
"မိပြီ"
ရဲ့ရှင်းချန်သည် သူ့အား ကြမ်းပြင်ပေါ်မှနေ၍ ဆွဲထူလိုက်လေသည်။ ချင်ထျန်းမင်၏ ခြေထောက်များ တုန်ရင်နေခဲ့သည်။ ရဲ့ရှင်းချန်သည် သူ့အား ကြမ်းပြင်ပေါ်မှနေ ဆွဲထူလိုက်သည့် အတွင် သူ လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားခဲ့ရလေသည်။ ယနေ့ ဤနေရာမှာတင် သူ သေရတော့မည် ဆိုသည်အား သူ သိလိုက်ပြီ ဖြစ်သည်။
"ဟီး ဟီး ဟီး"
ထိုသည်အား တွေးမိသည်နှင့် ချင်ထျန်းမင် ရုတ်တရက် ရင်ထဲမှာ ဆို့နင့်လာခဲ့ရလေသည်။ ရက်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ရကာ မိုကွမ်းရှန်း၏ လိုက်လံရှာဖွေမှုမှနေ အနိုင်နိုင် လွတ်မြောက်ခဲ့ပါရက်နှင့် ယခုတွင်မူ သူ့၏ အစားမက်မှုကြောင့် အရင်တွင် ကြိုးစားခဲ့သမျှများ အကုန် အလဟဿ ဖြစ်ရတော့မည် ဖြစ်သည်။ သူ၏ အဖေ ချင်ကုန်းမင်သည်လည်း အလကား အသေခံသွားရပြီ ဟု သူ တွေးမိနေခြင်း ဖြစ်သည်။
တွေးလေလေ ချင်ထျန်းမင် ပို၍ ဝမ်းနည်းလေလေ ဖြစ်ရတော့သည်။ ဤသည်မှဦ အကုန်လုံး သူ့အပြစ်တွေချည်းသာ ဖြစ်သည်။ သူ၏ အဖေ ချင်ကုန်းမင်သည် သူ့အသက်အား အနိုင်နိုင် ကယ်ပေးခဲ့သည်အား ယခုမူ သူ့၏ လောဘကြောင့် အသက်ဆုံးရှုံးရတော့မည် မဟုတ်ပါလား။
"ကျွန်တော် ကျွန်တော် တောင်းပန်ပါတယ် ဟီး"
ချင်ထျန်းမင် ငိုယိုရင်း သူ့ရဲ့ မူလပုံစံအတိုင်း ပြန်ပေါ်လာခဲ့တော့သည်။ ကျောက်ဟောင်လည်း သီးနေသည်မှာ အရှိန်သေသွားခဲ့လေသည်။ သို့သော် ရဲ့ရှင်းချန် ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည့် အချိန်မှာမူ သူ၏ မေးရိုးများ ပြုတ်ကျမတတ် အံ့ဩသွားရတော့သည်။
"ဘာ ဘာ ဘာကြီးလဲ"
ရဲ့ရှင်းချန်၏ နေရာလွတ် အစွမ်းကိုပင် သူ အပြည့်အဝ လက်မခံနိုင်သေးခင်တွင် ယခု နောက်ထပ် အသစ်တစ်ခု ထပ်ပေါ်လာပြန်ပြီ ဖြစ်သည်။ ကျောက်ဟောင် ရုတ်တရက်ကြီး ဤကမ္ဘာကြီးသည် အလွန်တရာ ဆန်းကြယ်လွန်းသည်ဟု ခံစားလိုက်ရလေသည်။ တကယ်တမ်းတါင် သူကိုယ်တိုင်သည်လည်း ထူးခြားသည့် စွမ်းအင်ပိုင်ရှင် တစ်ယောက် ဖြစ်နေသည် ဆိုသည်ကိုမူ သူ မမှတ်မိတော့ချေ။
"အော် စွမ်းအင်ပိုင်ရှင်လား ကိုယ်ဖျောက်စွမ်းအားပေါ့"
ရဲ့ရှင်းချန် အထူးပင် စိတ်ဝင်စားသွားခဲ့ရလေသည်။ ဤကလေးဆီတွင် မည်သည့် လက်နက်မှ မရှိဘူးဆိုသည်အား သူ မြင်ပြီးသား ဖြစ်သည်။ ဓားတစ်လက်ပင် မရှိပါချေ။ ဤကလေးသည် သူ့အား ယှဉ်နိုင်လိမ့်မည်ဟုလည်း သူ မထင်ပေ။
သို့သော် ဤသည်မှာ ရဲ့ရှင်းချန်အား သတိထားမိစေခဲ့သည်။ အကယ်၍များ သူသာ လက်ဆန့်ထုတ်လိုက်ချိန်တွင် မတော်တဆ သွားမထိမိခဲ့လျှင် သူ၏ ဘေးတွင် လူတစ်ယောက် ရပ်နေသည်အား သူ သိနိုင်လိမ့်မည် မဟုတ်ချေ။
‘ဒီလိုမျိုး မဖြစ်သင့်ဘူး အခု ရပ်နေတာက ခုခံနိုင်စွမ်းမရှိတဲ့ ကောင်လေး တစ်ယောက်မို့လို့ပေါ့လေ တကယ်လို့များ မကောင်းတဲ့ စိတ်ထားရှိတဲ့ လူကြီးတစ်ယောက်သာ ဆိုရင်ကော ဘယ်လိုလုပ်မလဲ
အဲ့လိုသာဆိုလျှင် သူ တခြားလူများ လက်ထဲမှာ အကြောင်းရင်း မရှိဘဲ သေသွားနိုင်ခြေ သိပ်ကို များတယ် မဟုတ်လား’
"မင်း ဘယ်သူလဲ ဘာလို့ ဒီမှာ ရှိနေတာလဲ ကိုယ်ဖျောက်တာ အပြင် တခြား ဘာစွမ်းအင်တွေ ရှိသေးလဲ"
ကျောက်ဟောင်၏ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်နေသည့်တိုင် သူ ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။ ထမင်းပန်းကန်နှင့် တူအား ချက်ချင်း ချလိုက်ကာ ရဲ့ရှင်းချန်၏ လက်ထဲမှနေ၍ ချင်ထျန်းမင်အား လှမ်းယူလိုက်ပြီးနောက် လက်နှစ်ဖက်အား နောက်ပစ်လိုက်ကာ ကြမ်းပြင်ပေါ်သို့ ဖိချလိုက်သည်။
ရဲ့ရှင်းချန်သည် ကျောက်စားပွဲပေါ် တံတောင် ဆွဲတင်ရင်း ခြေထောက်ချိတ်လိုက်ကာ ကောင်လေးအား စူးစမ်းသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"ကျွန် ကျွန်တော်က ချင်ထျန်းမင်ပါ ကျွန်တော် ကျွန်တော် အဖေနဲ့အတူ ဒီကို ရောက်လာတာပါ ကျွန်တော်လည်း မသိဘူး ကျွန်တော်က ဒီအတိုင်း ဒီအတိုင်း ကိုယ်ဖျောက်တတ်တာပဲ သိတာ"
ချင်ထျန်းမင်သည် ကျောက်ဟောင်၏ ဖိနှိပ်ထားမှုကြောင့် မလှုပ်နိုင်တော့ချေ။ သို့သော် ထိုအချိန်တွင် ကြောက်ရွံ့မှုနဲ့ နောင်တရမှုတွေ အပြင် သူ့၏ ဦးနှောက်သည် ကောင်းကောင်း အလုပ်မလုပ်တော့ချေ။ ရဲ့ရှင်းချန်၏ အမေးအးာ သူ မသိစိတ်မှသာ ပြန်ဖြေလိုက်မိခြင်း ဖြစ်သည်။
"အော် မင်းအဖေနောက် လိုက်လာတာလား မင်းအဖေက ဘယ်သူလဲ ဘာလို့ သူ့နောက် လိုက်လာတာလဲ"
"ကျွန် ကျွန်တော့်အဖေက ဒီက အိမ်တော်ထိန်းပါ ကျွန်တော့်အဖေ နာမည်က ချင်ကုန်းမင်ပါ ကျွန်တော့် ကျောင်းပိတ်လို့ပါ ပုံမှန်ဆိုရင် ကျောင်းပိတ်ရက်ဆိုရင် ကျွန်တော် အဖေနဲ့အတူ ဒီကို လာနေကျပါ"
"ချင်ကုန်းမင် ဟုတ်လား မင်းအဖေ သေသွားပြီဆိုတာ မင်း သိလား"
ရဲ့ရှင်းချန် ဤ နာမည်အား ကြားလိုက်ရချိန်တွင် အနည်းငယ် အံ့ဩသွားမိသည်။ မိုကွမ်းရှန်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်စဉ်ကနှင့် သူ့တပည့်များအား အတိတ်ကြောင်း ပြန်ပြောနေချိန်မှ လွဲလျှင် ချင်ကုန်းမင်ဆိုသည့် နာမည်အား နောက်ထပ် ကြားရလိမ့်မည် ဟု ရဲ့ရှင်းချန် မထင်ထားခဲ့ပေ။
‘တိုက်ဆိုင်လိုက်တာ’
"ဒါပေါ့ သိတာပေါ့"
ရဲ့ရှင်းချန် ထိုအကြောင်းအား ပြောလိုက်သည်နှင့် ချင်ထျန်းမင် ငိုနေသည်မှာ ချက်ချင်း ရပ်သွားတော့သည်။ သူ့အသံသည် ရုတ်တရက် ဒေါသသံ ပြောင်းသွားခဲ့လေသည်။
"ကျွန်တော်သာ မရှိရင် အဖေ သေမှာ မဟုတ်ဘူး"
"သူတို့က မိစ္ဆာတွေ သူတို့ ကျွန်တော့်အဖေကို သတ်ပစ်ကြတာ"
"ကျွန်တော် ဆက်ပြီး အသက်ရှင်ရမယ် ကျွန်တော် အဖေအတွက် ကလဲ့စားချေချင်တယ်"