← Chapters

အခန်း ၁၅၂

Vol. 11 Ch. 152

အခန်း ၁၅၂

Vol. 11 Ch. 152

အခန်း ၁၅၂ - မိတ်ဖက်သစ်

ရဲ့ရှင်းချန် အနည်းငယ် အံ့သြသွားမိသည်။ ချင်ကုန်းမင်အား မည်သူ သတ်သွားသည် ဆိုသည်အား ချင်ထျန်းမင် သိနေပုံရလေသည်။

"မင်းအဖေကို ဘယ်သူသတ်သွားလဲဆိုတာ မင်းသိတယ် ဟုတ်လား"

"သိတာပေါ့ အဖေ ဆုံးတဲ့အချိန် ကျွန်တော် အဲ့ဒီမှာရှိနေတာလေ အဖေက ကျွန်တော့်ကို ဗီဒိုထဲ ထိုးထည့်ပြီး ဝှက်ထားခဲ့တာ ဦးလေးမိုက လူဆိုးကြီး အရင်က အဖေက သူ့အပေါ် သိပ်ကောင်းခဲ့တာကို သူက အဖေ့ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တာ"

ထိုအကြောင်းအား တွေးမိချိန်တွင် ချင်ထျန်းမင် တစ်ယောက် အကြောင်းပြချက် မရှိဘဲ ထပ်မံ၍ ကြောက်လာပြန်လေသည်။

"မြန်မြန် ထွက်သွားကြ မြန်မြန်သွား ဦးလေးမိုက အဖေ့ကို သတ်ရုံတင်မကဘူး တခြားလူ အများကြီးကိုလည်း သတ်ထားတာ အန်တီချန်တို့လည်း သူ့လက်ချက်နဲ့ သေကုန်ပြီ မြန်မြန် ထွက်သွားကြပါ ဦးလေးမို သိသွားရင် ကျွန်တော်တို့အကုန် သေကုန်လိမ့်မယ်"

ချင်ထျန်းမင်မှ ရုတ်တရက် ရုန်းကန်လာခဲ့လေသည်။ သူတို့ ဤနေရာတွင် ရှိနေသည်မှာ အတော်လေး ကြာနေပြီ ဖြစ်သည့်တိုင် အသံအားလည်း တမင်နှိမ့်မထားခဲ့ချေ။ မိုကွမ်ရှန်းတို့ကိုများ ဆွဲခေါ်သလို ဖြစ်သွားခဲ့ရင် မည်သို့ လုပ်ကြမည်နည်း။

"မင်းပြောနေတာ မိုကွမ်ရှန်းတို့ကိုလား အို ကိစ္စမရှိပါဘူး သူတို့အကုန် သေကုန်ပြီလေ ငါတို့ကို လာမသတ်နိုင်တော့ပါဘူး"

ချင်ထျန်းမင် ချက်ချင်း တုံ့ပြန်နိုင်စွမ်း မရှိတော့ချေ။ သူသည် ထွက်သွားရန် အော်ပြောနေခဲ့ခြင်း ဖြစ်သည်။ မိနစ် အနည်းငယ်ကြာ မှသာလျှင် ရဲ့ရှင်းချန် ပြောလိုက်သည့် စကားအား သူ သဘောပေါက်သွားတော့သည်။

‘ဘာပြောလိုက်တာလဲ မိုကွမ်ရှန်း သေသွားပြီတဲ့လား’

ချင်ထျန်းမင် နေရာမှာတင် ရုတ်တရက် အေးခဲသွားခဲ့ကာ ခဏတာမျှ လှုပ်တောင် မလှုပ်နိုင်တော့ပေ။

‘သူ အချိန်အကြာကြီး ပုန်းရှောင်နေခဲ့ရတဲ့ မိစ္ဆာကောင်ကြီး သေသွားပြီတဲ့လား’

ချင်ထျန်းမင် ခေါင်းမော့ကာ ရဲ့ရှင်းချန်အား ကြောင်တောင်တောင်လေး ကြည့်လိုက်မိသည်။ နှုတ်ခမ်းများသည် တုန်ယင်စွာ လှုပ်ရှားသွားခဲ့လေသည်။

"တ တကယ်လား သူ တကယ်ပဲ သေသွားပြီလား"

"အင်း တကယ်သေသွားပြီ ငါ သူ့ကို သတ်လိုက်တာလေ"

ရဲ့ရှင်းချန်မှ သေနတ်အား ထုတ်ကာ ချင်ထျန်းမင်အား ချိန်လိုက်လေသည်။

"ဟားဟား ဟားဟား ဝမ်းသာစရာပဲ အဲ့ဒီမိစ္ဆာကောင်ကြီး သေသွားပြီ နောက်ဆုံးတော့ သူ သေသွားခဲ့ပြီ"

ချင်ထျန်းမင် ကြောင်အမ်းအမ်းဖြစ်နေဆဲပင် ဖြစ်သည်။ နှုတ်ခမ်း ထောင့်စွန်းများအား အတင်းဆွဲတင်ကာ ပြုံးလိုက်မိသည်။ ပြုံးနေရင်းမှ သူ ထပ်ငိုချလိုက်ပြန်သည်။ အနာဂတ်တွင် အဖေ့အတွက် မည်သို့ လက်စားချေရမည်နည်း ဟု သူ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင်မူ ထိုမိစ္ဆာကောင်ကြီးသည် ယခုလို သေသွားခဲ့ပြီ ဖြစ်သည်။

‘သိပ်ကောင်းတာပဲ မိုကွမ်ရှန်း သေသွားပြီမို့ အဖေ့အတွက် နောက်ဆုံးတော့ လက်စားချေနိုင်ခဲ့ပြီ’

ချင်ထျန်းမင် သေနတ်များအား သိလေသည်။ သို့သော် ရဲ့ရှင်းချန်မှ သူ့အား သေနတ်ဖြင့် ချိန်ထားသည်အား မြင်လိုက်ရချိန်တွင်မူ သူ နည်းနည်းလေးမှ မကြောက်မိပေ။ သူ ဗိုက်ဆာနေခဲ့ခြင်း ဖြစ်သည်။ ချမ်းအေးနေခဲ့ကာ ဤနေရာတွင် ဆွေမျိုးသားချင်း ဆိုသည်မှာလည်း မရှိတော့ချေ။ အဖေဖြစ်သူ ချင်ကုန်းမင်အား တွေးမိနေ၍သာ မဟုတ်လျှင် သူ သေသွားသည်မှာ ကြာလောက်ပြီ ဖြစ်သည်။

သူသည် ကလေး တစ်ယောက်သာ ရှိသေးသည်။ ဤအရွယ်တွင် ပျော်ပျော်ရွှင်ရွှင် နေရမည့်အစား ယခုလို ဝန်ထုပ်ဝန်ပိုးများအား ထမ်းပိုးမထားသင့်ပေ။ သေနတ်ဖြင့် ချိန်ထားသည်ကိုပင် မကြောက်သည့် သူမျိုးအား ရဲ့ရှင်းချန် မြင်ဖူးသည်မှာ ဤသည်မှာ ပထမဆုံးပင် ဖြစ်သည်။ အဓိကမှာမူ ထိုလူသည် ကလေး တစ်ယောက် ဖြစ်နေခြင်း ဖြစ်သည်။

ရဲ့ရှင်းချန် ခေါင်းထဲ ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့လေသည်။ ဤကလေး ချင်ထျန်းမင်သည် နောင်တစ်ချိန်မှာ သူ့အတွက် အသုံးဝင် လာနိုင်သည်ဟု ခံစားလိုက်ရသည်။

သို့သော် ထိုအချိန် မတိုင်ခင် သူ့အပေါ် အကြွင်းမဲ့ သစ္စာရှိမရှိနှင့် သူ့အတွက် အသုံးချခံဖို့ ဆန္ဒရှိမရှိအား ကျောက်ဟောင်မှ တစ်ဆင့် ထပ်မံ၍ စမ်းသပ်ခိုင်းရဦးမည် ဖြစ်သည်။

သူ သေရတော့မည် ဟု ချင်ထျန်းမင် ထင်နေခဲ့ခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်၏ သေနတ်ကျည်ဆန်အား လက်ခံဖို့ မျက်စိမှိတ်ထားရန်ပင် ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော် သူ မျက်စိမှိတ်ထားသည်မှာ အတော်ကြာနေပြီ ဖြစ်သော်လည်း ရဲ့ရှင်းချန်မှ ပစ်မလာခဲ့ချေ။

ရဲ့ရှင်းချန်သည် သူ့အား မပစ်သည့် အပြင် သူ၏ ကိုယ်လုံးလေး ပေါ့ပါးသွားသလိုပင် ခံစားလိုက်ရလေသည်။ သူ အံ့သြတကြီး မျက်လုံးဖွင့်ကြည့် လိုက်ချိန်တွင် သူ့အား ဖိချုပ်ထားသည့် လူမှာ သူအား လွှတ်ပေးလိုက်ပြီး ကျောက်စားပွဲဆီသို့ ပြန်သွားသည်အား တွေ့လိုက်ရသည်။

"မင်း ဗိုက်ဆာနေမှာပဲ လာ နည်းနည်းလောက် လာစားလှည့်"

ရဲ့ရှင်းချန် မျက်ခုံး ပင့်ပြလိုက်ကာ မတ်တပ်ရပ်ပြီးနောက် ဘေးဘက်သို့ လျှောက်သွားလိုက်သည်။ ချင်ထျန်းမင် လုံးဝ ကြောင်အသွားခဲ့ရသည်။ ကျောက်စားပွဲပေါ်မှ အစားအစာများအား ထပ်ခါတလဲလဲ ကြည့်နေပြီးနောက် ရဲ့ရှင်းချန်အား မော့ကြည့်လိုက်လေသည်။

ထိုစကားအား ဆယ်ကြိမ်လောက် ထပ်ခါတလဲလဲ ပြောပြီးနောက်တွင်မူ ချင်ထျန်းမင် ပြေးသွားပြီးနောက် ရဲ့ရှင်းချန် ထိုင်ခဲ့သည့် နေရာတွင် ဝင်ထိုင်လိုက်တော့သည်။ ထို့နောက် အစားအစာများအား လက်ဖြင့် နှိုက်ယူကာ ပါးစပ်ထဲ အတင်း ထိုးသိပ်ထည့်တော့သည်။

ကျောက်ဟောင်သည် စောစောကတည်းမှ စား၍ ပြီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ချင်ထျန်းမင် ဝင်ရှုပ်လိုက်ခြင်းကြောင့် နေရာတွင် ပြန်ထိုင်လိုက်သည့် အခါ စားချင်စိတ် သိပ်မရှိတော့ချေ။ သူသည် ပန်းကန်နှင့် တူအား ချထားလိုက်ပြီးနောက် ချင်ထျန်းမင် စားနေတာကိုသာ အာရုံစိုက် ကြည့်နေလိုက်မိသည်။

ရဲ့ရှင်းချန် စောစောပိုင်းမှ ထုတ်ပေးထားသည့် ဟင်းငါးပွဲထဲတွင် ငရုတ်ကောင်းဖြင့် ပြုလုပ်ထားသည့် ဘဲဥချဉ်စပ်အား ရဲ့ရှင်းချန်နှင့် ကျောက်ဟောင်တို့ စား၍ ကုန်သွားပြီ ဖြစ်ကာ အမဲသား ငရုတ်သီးကြော်ကိုလည်း ကျောက်ဟောင်မှ ထမင်းနဲ့ စားပစ်လိုက်ပြီ ဖြစ်သည်။

အကြော်ပန်းကန်ထဲတွင် အသားဖတ် သိပ်မကျန်တော့ဘဲ ကျန်ရှိနေသည်များသည် ငရုတ်သီးများသာ ကျန်တော့ခြင်း ဖြစ်သည်။ ဘဲသွေးစွပ်ပြုတ်မှာမူ တစ်ဝက်လောက် ကျန်ရှိသေးကာ မာဖိုတို့ဟူးမှာမူ အနည်းငယ် လောက်သာ ကျန်တော့သည်။

သို့သော် စောစောပိုင်းတွင် ရဲ့ရှင်းချန်မှ ထမင်းပေါင်းအိုး တစ်လုံးလုံး ထုတ်ထားခြင်း ဖြစ်သည်။ သူနှင့် ကျောက်ဟောင်တို့ စားထားသည်မှ လွဲလျှင် ထမင်းသည် အိုးတစ်ဝက်လောက် ကျန်နေသေးသည်။

ချင်ထျန်းမင် ဗိုက်ဆာနေသည်မှာ အတော်ကြာနေခဲ့ပြီ ဖြစ်သည်။ သူသည် စွပ်ပြုတ်ကိုပါ ပြောင်အောင် သောက်လိုက်သေးသည်။ အစပ်ကြောင့် လျှာထွက်လာသည် အထိ ဖြစ်နေသော်လည်း သူ စားနေခြင်းအား မရပ်တန့်နိုင်ခဲ့ချေ။ လက်လှမ်းကာ အစားအစာများအား ယူပြီးနောက် ပါးစပ်ထဲကိုသာ အဆက်မပြတ် အပြည့် ထည့်နေတော့သည်။

အိပ်မက်မက်နေသည် ဟုပင် သူ ခံစားနေရခြင်း ဖြစ်သည်။ ဤသည်မှာ အိပ်မက်ထဲမှ အိပ်မက်တစ်ခုများလား ဟူ၍ပင် တွေးမိခြင်း ဖြစ်သည်။ ထပ်ခိုးလေးပေါ်တွင် အိပ်ပျော်သွားပြီးနောက် နိုးထမလာသေးသည်များလား ဟု တွေးမိခြင်း ဖြစ်သည်။ ထိုသို့ မဟုတ်ခဲ့လျှင် သူ မည်ကဲ့သို့ ထမင်းစားရမည်နည်း။

သို့သော် အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ် အိပ်မက်သက်သက် ဆိုလျှင်ပင် ဤအိပ်မက်လေးအား ပိုကြာရှည်ပါစေ ဟု သူ ဆုတောင်းမိလေသည်။ သူ မနိုးထချင်တော့ချေ။

နိုးလာလျှင် သူ ဗိုက်ဆာည် ချမ်းအေးနေမည် ဖြစ်သည်။ အနည်းဆုံးတွင်မူ အိပ်မက်ထဲ၌ သူ ဗိုက်ဝအောင် စားနိုင်တာနေသည် မဟုတ်ပါလား။

စားပွဲပေါ်တွင် ကျန်ရှိနေသည့် ကျောက်ဟောင်နှင့် ရဲ့ရှင်းချန်တို့ စားကြွင်းစားကျန်များအား သူ မြန်မြန်ဆန်ဆန်ပင် ရှင်းပစ်လိုက်တော့သည်။ ပန်းကန်တွေကိုပင် သူ ဝါးစားပစ်ချင်နေမိခြင်း ဖြစ်သည်။ ထို့နောက်တွင်မူ သူ၏ ဗိုက်လေး လုံးတစ် တင်းမာနေပြီး အနည်းငယ်ပင် နာကျင်နေပြီ ဆိုသည်အား သူ သတိထားမိလိုက်သည်။ သို့သော် ဗိုက်နာသည်ထက်စာလျှင် ထိုရက်များတွင် ခံစားခဲ့ရသည့် ဆာလောင်မှုဒဏ်ကိုမူ သူ ပြန်မခံစားချင်တော့ပေ။

"ဝပြီလား"

ကိုယ်ဝန်ဆောင် ထားသကဲ့သို့ ဖောင်းကားနေသည့် ချင်ထျန်းမင်၏ ဗိုက်အား ရဲ့ရှင်းချန် တစ်ချက်ကြည့် လိုက်လေသည်။ သူ မဝသေးဟု ပြောလျှင်ပင် ရဲ့ရှင်းချန်သည် နောက်ထပ် အစားအစာ ထုတ်ပေးလိမ့်မည် မဟုတ်ချေ။

မည်သို့ပင် ဖြစ်စေ ချင်ထျန်းမင်အား သူ၏ လက်အောက်သို့ သိမ်းသွင်းရန် စဉ်းစားထားခြင်း ဖြစ်သည်။ အထူးစွမ်းအားရှင် တစ်ယောက်အား ရှာတွေ့ပြီး ပထမဆုံးနေ့မှာတင် သူ၏ လက်အောက်ငယ်သားအား ဗိုက်ပွင့်၍ အသေမခံနိုင်ချေ။

ချင်ထျန်းမင်သည် အစပိုင်းတွင် ခေါင်းခါပြပြီးမှ ခေါင်းညိတ်ပြလိုက်လေသည်။ တကယ်တမ်းတွင် သူ ဗိုက်ဆာနေဆဲ ဖြစ်သည်။ ရက်ပေါင်းများစွာ ဆာလောင်နေခဲ့ရသည့် အတွက် သူ့ခန္ဓာကိုယ်မှ မည်သည့် တုံ့ပြန်မှု မရှိသေးချေ။

သို့သော် ယခု စားနေသည်အား ရပ်လိုက်ချိန်တွင် သူ၏ ဗိုက်ကလေးသည် မခံမရပ်နိုင်အောင် တင်းကျပ်နေပြီ ဖြစ်ကြောင်း သိလိုက်ရလေသည်။ ထပ်မစားနိုင်တော့ချေ။ တစ်လုတ်လေးမျှပင် ထပ်မစားနိုင်တော့ပေ။ ဆက်စားနေလျှင် ဗိုက်ကွဲထွက်သွားနိုင်ပေသည်။

"ကောင်းပြီ မင်း ဝသွားပြီပဲ အခု ငါပြောတာ နားထောင်"

"မင်း အသက်ရှင်ချင်လား နေ့တိုင်း အစားအစာတွေ စားပြီး ငတ်မသေချင်ဘူး မလား"

"ငါ့နောက်လိုက်ဖို့ အခွင့်အရေးတစ်ခု ငါ ပေးနိုင်တယ် ဒါပေမဲ့ မင်းရဲ့ အကြွင်းမဲ့ သစ္စာစောင့်သိမှုကို ငါလိုချင်တယ် နောင်မှာ မင်း ငါ့ကို မင်းရဲ့ အကြွင်းမဲ့ သခင်အဖြစ် သဘောထားရမယ်"

"နားလည်လား မင်း ငါ့နောက် လိုက်ချင်တယ်ဆိုရင် ငါ့ကို အစ်ကိုရဲ့ လို့ ခေါ်လို့ရတယ်"

All Chapters