← Chapters

အခန်း ၁၅၇

Vol. 11 Ch. 157

အခန်း ၁၅၇

Vol. 11 Ch. 157

အခန်း ၁၅၇ - လီအန်းရန်

လင်းစစ်ကျား အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ကျောက်ဟောင်၏ ပခုံးပေါ်မှ မိုချီအား ကမန်းကတန်း လှမ်းယူလိုက်လေသည်။

"မိုချီ ဘာဖြစ်လာတာလဲ"

မိုချီရဲ့ စွမ်းအားကို လင်းစစ်ကျား သိပေသည်။ မည်သို့ပင် ဖြစ်စေ မိုချီ လေ့ကျင့်နေစဉ်တွင် သူမ ဘေး၌ ရှိနေခဲ့သည် မဟုတ်ပါလား။

"ကိစ္စမရှိပါဘူး စားဖို့က ပိုအရေးကြီးတယ် အရင် စားကြတာပေါ့"

လင်းစစ်ကျား ခဏတာ ကြောင်သွားခဲ့သည်တိုင် အစပိုင်းလောက် စိတ်မလှုပ်ရှားတော့ပေ။ ယခုအချိန်တွင် သူမသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့ကာ မိုချီအတွက် တွေးပူနေမိခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပျက်ကပ်ဖြစ်ပွား ပြီးနောက်ပိုင်း သူတို့ အတူတူနေလာတာ ကြာမြင့်ပြီ ဖြစ်သည်။ လင်းစစ်ကျားသည် မိုချီအား မိသားစုဝင်တစ်ယောက်ကဲ့သို့ သဘောမထားလျှင်ပင် ညီမလေးတစ်ယောက်ကဲ့သို့ သဘောထားလာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

"ဟင်းတွေ ချထားတယ် ရှင်နဲ့ အစ်ကိုကျောက် အရင်စားကြ ကျွန်မ မိုချီကို သွားကြည့်လိုက်ဦးမယ်"

"သူမ ဒဏ်ရာရလာတာလား ဘာလို့ သတိလစ်နေတာလဲ ရှင်တို့ တစ်ခုခုဖြစ်ခဲ့သေးလား"

ရဲ့ရှင်းချန်သည် လင်းစစ်ကျားအား အားနာမနေတော့ချေ။ သူသည် အမှန်တကယ် ပင်ပန်းပြီး ဖြစ်ကာ စိတ်ပူပန်နေရသည့် အပြင် အမှန်တကယ်လည်း ဗိုက်ဆာနေခဲ့ပြီ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ သူသည် မနက်အစောကြီး ပြန်လာချင်ခဲ့သည့် အတွက် ဆိုင်ကယ်မောင်း၍ မပြန်လာခင်တွင် မနက်စာအား နှစ်လုတ်သုံးလုတ်မျှသာ အလျှင်အမြန် စားခဲ့သည့် အတွက် ဖြစ်သည်။ သူ့အား မပြောနှင့်။ ကျောက်ဟောက်ပင်လျှင် ဗိုက်ဆာနေပြီ ဖြစ်သည်။

"တစ်ခုခုတော့ ဖြစ်ခဲ့တယ် ဒါပေမဲ့ သူ သတိလစ်သွားတာ အဓိက အကြောင်းအရင်းက တစ်ယောက်ယောက်က သူ့ကို ဆေးခတ်လိုက်လို့ပဲ"

ရဲ့ရှင်းချန်သည် ကျောက်ဟောင်အား ထိုင်ခုံစီသို့ ခေါ်ဆောင် သွားလိုက်လေသည်။ ခူးထားပြီးသား ထမင်းအား ယူကာ ပါးစပ်ထဲ သအလျှင်အမြန် ထည့်လိုက်တော့သည်။

"ဘယ်လိုဆေးမျိုးလဲတော့ မသိဘူး အချိန်တော်တော် ကြာနေပြီ လာ အရင်စား တစ်ညလုံး အချိန်ကုန်သွားပြီပဲ နည်းနည်းတော့ စောင့်လို့ ရပါတယ်"

ရဲ့ရှင်းချန်သည် အတော်လေး ပေါ့ပေါ့ပါးပါး ဖြစ်နေခဲ့သည်။ မည်သို့ပင် ဖြစ်စေ မိုကွမ်ရှန်းတို့၏ လေသံများအရဆိုလျှင် လက်ဖက်ရည်နှင့် မုန့်များတွင် အဆိပ်ပါမနေသင့်ချေ။ သူတို့သည် အရူးများ မဟုတ်ကြချေ။ ကိုယ့်အစားအစာအား ကိုယ် အဆိပ်ခတ်လိမ့်မည် မဟုတ်ချေ။ သူတို့သည် ကိုယ့်အသက်အား ကိုယ် တန်ဖိုးထားကြသည် မဟုတ်ပါလား။ ကိုယ့်အစားအစာကို အဆိပ်ခတ်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေသည်နှင့် တူညီပေသည်။ မိုကွမ်ရှန်းတို့သည် တုံးအမိုက်မဲလျှင်ပင် ထိုမျှလောက် မမိုက်မဲလောက်ချေ။ ဒါကြောင့် အနည်းဆုံးတွင် ဤဆေးသည် သေစေနိုင်လောက်သည့် အရာ မဟုတ်နိုင်ချေ။

မိုချီ မည်သည့်အတွက် ဤမျှ ကြာကြာ သတိလစ်နေရသည် ဆိုသည်နှင့် ပတ်သက်၍ ရဲ့ရှင်းချန် ခန့်မှန်းရသလောက်မူ ထိုဆေးသည် မေ့ဆေးကဲ့သို့ ဖြစ်ဖို့များပေသည်။ ထိုသို့ ဆိုလျှင် အဘယ်ကြောင့် ဤမျှကြာကြာ သတိလစ်နေရသနည်း ဆိုသည်မှာမူ မိုချီသည် အလွန် လောဘကြီးကာ အများကြီး စားပစ်လိုက်၍ နေလိမ့်မည် ဖြစ်သည်။ လင်းစစ်ကျား ခဏတာ တုံ့ဆိုင်းသွားသည့်တိုင် မိုချီအား ဆိုဖာပေါ်ချကာ စစ်ဆေးကြည့် လိုက်လေသည်။

ရဲ့ရှင်းချန် ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်သည်။ မိုချီ စားလိုက်သည့် အစားအစာတွေများထဲတွင် GHB ဟု ခေါ်သည့် ပြောစကား နားထောင်စေသည့်် နာမည်ကြီး ဆေးတစ်မျိုး ခတ်ထားခြင်း ဖြစ်သည်။ ထိုဆေးအား အစိုးရမှ ဝယ်ယူသုံးစွဲခွင့် တင်သွင်းခွင့် ပိတ်ပင်ထားသည့်တိုင် မှောင်ခိုဈေးကွက်တွင်မူ ဝယ်ယူ၍ ရနေသေးသည်။

လင်းစစ်ကျား မျက်မှောင်ကြုတ် လိုက်မိသည်။ ထိုကဲ့သို့ ဆေးမျိုးအး ယခင်တွင် မမြင်ဖူးခဲ့ခြင်းတော့ မဟုတ်ချေ။ ထိုဆေးများသည် လူ့ခန္ဓာကိုယ်အား အလွန်အမင်း ထိခိုက်စေနိုင်ပေသည်။ ဗဟိုအာရုံကြောစနစ်အား ထိခိုက်စေတတ်သည်။ သို့သော် ထို့အတွက် ဖြေဆေး မရှိချေ။ မိုချီ နိုးလာမည့်အချိန်ကိုသာ စောင့်ရမည် ဖြစ်သည်။

"သူ ဘာတွေစားခဲ့တာလဲ"

လင်းစစ်ကျား အလွန်မပျော်မရွှင် ဖြစ်သွားခဲ့ရတော့သည်။ မိုချီသည် ကြီးထွားဆဲ အရွယ်တွင် ထိုကဲ့သို့ အရာများအား မည်သို့ စားနိုင်ရလေသနည်း။ ရဲ့ရှင်းချန် စား၍ ပြီးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ လင်းစစ်ကျား အတွက် အစားအစာ မချန်ထားခဲ့ချေ။ သူနှင့် ကျောက်ဟောင် စား၍ ထမင်းဝိုင်းမှ ဟင်းများအား အကုန်လုံး ရှင်းလင်းသွားပြီ ဖြစ်၍ နေရာလွတ်ထဲမှနေ လင်းစစ်ကျား အကြိုက်ဆုံး ဟင်းပွဲအချို့အား ထုတ်ပေးလိုက်လေသည်။

"ဘေးကင်းရေးခံတပ်က လူတွေက ကိုတို့ကို ကြိုဆိုတဲ့ လက်ဆောင် အနေနဲ့တိုက်တာလေ အစ်ကိုကျောက်နဲ့ ကိုကတော့ သိပ်မသောက်ခဲ့ဘူး ဒါပေမဲ့ ကို မိုချီကို သတိပေးဖို့ နောက်ကျသွားတော့ သူက အများကြီး စားပစ်လိုက်တာ"

ထမင်းဝိုင်းသည် တိတ်ဆိတ် ခြောက်ကပ်နေခဲ့သည်။ နေ့လယ်စာစားပြီးသည်နှင့် ကျောက်ဟောင်သည် အောက်ထပ်သို့ ဆင်းသွားတော့သည်။ လင်းစစ်ကျားမှာမူ ထမင်း စားရင်းဖြင့် မျက်လုံးများ နီရဲလာခဲ့တော့သည်။

"ဒီအရာက ခန္ဓာကိုယ်ကို အရမ်း ထိခိုက်စေတာ မိုချီက ဒီအရွယ်လေးပဲ ရှိသေးတာ သူ့အာရုံကြောတွေကို ထိခိုက်သွားမှာ စိုးရိမ်တယ်"

အပေါ်ထပ်၌ ရဲ့ရှင်းချန်သည် လင်းစစ်ကျားအား ချော့မော့နေချိန် အောက်ထပ်မှာမူ လီအန်းရန်သည် ကျောက်ဟောင်အား ညည်းညူ အော်ဟစ်ပြနေတော့သည်။

"ရှင် ကျွန်မစာကိုတောင် ပြန်မပို့ဘူး ရှင် ပျောက်သွားပြီလို့တောင် ထင်နေတာ"

လီအန်းရန်သည် ကျောက်ဟောင်၏ ရင်ဘတ်အား ထုလိုက်လေသည်။

သူမသည် ကျောက်ဟောင် အတွက် ထိုမျှလောက် စိတ်မပူပါချေ။ ကျောက်ဟောင်ထက်စာလျှင် ရဲ့ရှင်းချန် မည်သို့ ဖြစ်နေမည်ကိုသာ သူမမှ ပို၍ စိတ်ပူနေခြင်း ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကျောက်ဟောင်နှင့် ရဲ့ရှင်းချန် ထွက်သွားတာ အတော်ကြာနေခဲ့ပြီ ဖြစ်သည်။

လီအန်းရန်၏ စိတ်ထဲတွင် ကျောက်ဟောင် တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်သွားပါစေ ဟုပင် တိတ်တဆိတ် မျှော်လင့်နေမိခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ရဲ့ရှင်းချန် တစ်ယောက်တည်း ပြန်လာပြီး သူမအား တောင်းပန်ကာ လျော်ကြေးတချို့ ပေးလာမည် ဖြစ်သည်။ ရဲ့ရှင်းချန်သာ သူမအား သိမ်းပိုက်ကာ တစ်သက်လုံး ထောက်ပံ့ပေးသွားလျှင်မူ အကောင်းဆုံး ဖြစ်သည်။

နောက်ဆုံးတွင် သူမ မမျှော်လင့်ထားဘဲ ကျောက်ဟောင်သည် ရဲ့ရှင်းချန် နှင့်အတူ အထိအခိုက်မရှိ ပြန်ရောက်လာခဲ့လေသည်။ သူ ဒဏ်ရာနည်းနည်းလေးမှ မရထားသည့် အပြင် လက်ဗလာနှင့် ပြန်လာခြင်းလည်း ဖြစ်သည်။

"ရှင် ရှင် ဘာလို့ လက်ဗလာနဲ့ ပြန်လာတာလဲ"

ထိုသည်မှာ ကျောက်ဟောင်အား မြင်ပြီးနောက် လီအန်းရန် ပြောလိုက်သည့် ပထမဆုံးစကားပင် ဖြစ်ချေတော့သည်။

ထိုစကားအား ပြောလိုက်သည်နှင့် ကျောက်ဟောင် တစ်ယောက် ကြောင်သွားရုံသာမက လီအန်းရန် ကိုယ်တိုင်လည်း ကြောင်အမ်းသွားခဲ့ရတော့သည်။ သူမ စိတ်ထဲရှိသည်အား ယခုလို ထုတ်ပြောမိလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

"ရှင် ဒဏ်ရာရလာတာလား အို ရှင် ညကလဲ ပြန်မလာဖူးလေ စာလည်း ပြန်မပို့ဘူး အချိန်ကြာနေတော့ ကျွန်မက စိတ်ပူနေတာ"

လီအန်းရန်သည် ကျောက်ဟောင်၏ လက်အား ကိုင်ကာ ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်လိုက်လေသည်။ သူမ စိတ်ထဲတွင်မူ ‘ဒီအသုံးမကျတဲ့ကောင် ရဲ့ရှင်းချန်နောက်ကို အချိန်အတော်ကြာ လိုက်သွားပြီးတော့ ဘာကောင်းတာမှတောင် ပါမလာဘူး’ ဟု တွေးနေမိခြင်း ဖြစ်သည်။

ကျောက်ဟောင်၏ မျက်လုံးများ မှုန်မှိုင်းကျသွားတော့သည်။ သူသည် လီအန်းရန်၏ လက်ထဲမှနေ သူ၏ လက်အား ရုန်းထွက်လိုက်ပြီးနောက် ဆိုဖာဆီ လျှောက်သွားလိုက်သည်။

"ငါ ဒဏ်ရာမရပါဘူး မင်း စားပြီးပြီလား"

ကျောက်ဟောင် ထွက်သွားသည်မှာ တစ်ရက်ကျော်နေပြီ ဖြစ်ကာ လီအန်းရန်၏ အစားအစာများအား လင်းစစ်ကျားမှ လာပို့ပေးထားခြင်း ဖြစ်သည်။ ခေါက်ဆွဲခြောက် ပေါင်မုန့် ဘီစကွတ် စသည်များမှလွဲလျှင် အထူးတလည် မရှိချေ။ ကျောက်ဟောင်တို့ ပြန်ရောက်လာပြီဆိုသည်အား ကြားချိန်တွင် လီအန်းရန်သည် လင်းစစ်ကျားမှ ပေးထားသည့် ခေါက်ဆွဲခြောက်အား ကမန်းကတန်း ပြုတ်စားလိုက်ခြင်း ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ခေါက်ဆွဲခြောက် တစ်ထုပ်နှင့် ဝက်အူချောင်း တစ်ချောင်းသာ ရှိခြင်း ဖြစ်သည်။ သူမနှင့် ကျောက်ဟောင် မျှစားရန် ဆိုသည်မှာ ထိုမျှလောက်ဖြင့် မလောက်ငပေ။

ကျောက်ဟောင်၏ မေးခွန်းအား ကြားချိန်တွင် လီအန်းရန် မျက်လုံးလှန်ပြလိုက်လေသည်။

"ကျွန်မ မစားရသေးပါဘူး ရှင့်ကို စိတ်ပူနေတာနဲ့ စားတောင် မစားနိုင်ဘူး ခံစားချက်မရှိတဲ့ လူကြီး ကျွန်မ စားပြီးပြီလားဆိုတာ ရှင့်ဟာရှင် စဉ်းစားကြည့်လေ"

အစပိုင်းတွင် လီအန်းရန် ယခုလို ပြောလိုက်ချိန်တွင် ကျောက်ဟောင် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရတော့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရဲ့ရှင်းချန်ထံ၌ နေ့လယ်စာ အဝ စားလာခဲ့ခြင်း ကြောင့် ဖြစ်သည်။ အစားအစာများသည်လည်း တော်တော်လေး ကောင်းလှပေသည်။

သို့သော် ကျောက်ဟောင် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည့် ခံစားချက်သည် မကြာခင်မှာပင် မီးဖိုချောင် ဘက်သို့ လမ်းလျှောက်သွားလိုက်ရာ၌ ပျောက်ကွယ်သွားရတော့သည်။ အဘယ်ကြောင့် ဆိုသော် မီးဖိုချောင်အတွင်း၌ ခေါက်ဆွဲခြောက်အနံ့ ပြင်းပြင်းအား ရလိုက်သောကြောင့် ဖြစ်သည်။ နှစ်ပေါင်းများစွာ ခေါက်ဆွဲခြောက် စားလာခဲ့သည့် ကျောက်ဟောင်သည် ဤသည်မှာ မုန်ညင်းချဉ်အရသာ ခေါက်ဆွဲခြောက် ဆိုသည်ကိုပင် ခွဲခြားသိနိုင်သေးသည်။ ထို့အပြင် ခေါက်ဆွဲခြောက်အား ပြုတ်ထားသည်မှာ မကြာသေးကြောင်း သေချာပေသည်။ ကျောက်ဟောင် လှည့်လိုက်ကာ လီအန်းရန်အား တစ်ချက် ကြည့်လိုက်မိသည်။ သူ၏ စိတ်ထဲမှ အပြစ်ရှိသကဲ့သို့ ခံစားရမှုများသည် ချက်ချင်းဆိုသလို နေလာနှင်းပျောက် ပျောက်ကွယ်သွားတော့သည်။

"မင်း မစားရသေးဘူးလား ဒါဆို မင်း အရင်စားလေ ငါ ရေချိုးပြီး ခဏလောက် အိပ်လိုက်ဦးမယ် နည်းနည်း ပင်ပန်းနေတယ်"

ကျောက်ဟောင် သည် မနေ့ညတွင် တစ်ရေးမှ မအိပ်ရသေးဟု ပြော၍ ရပေသည်။ သူသည် အခန်းပြတင်းပေါက်နားတွင် အမြဲ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

သူတို့သည် ယမန်နေ့က နေရာစိမ်းတစ်ခုတွင် ညအိပ်ရခြင်း ဖြစ်သည်။ ရဲ့ရှင်းချန် မပြောလျှင်ပင် ရဲ့ရှင်းချန်၏ ဘေးကင်းလုံခြုံမှု သေချာစေရန် အတွက် ကင်းစောင့်ပေးနရန် သူ့တွင် တာဝန်ရှိသည်ဟု ကျောက်ဟောင် ခံစားရလို့ပင် ဖြစ်သည်။ ကျောက်ဟောင် တစ်ညလုံး မအိပ်ရသလောက် ဖြစ်နေခဲ့သည့် အတွက် မနက်ပိုင်းတွင် အစား စားချင်စိတ် သိပ်မရှိခဲ့ချေ။ ပြန်မလာခင် ရဲ့ရှင်းချန်နှင့်အတူ နည်းနည်းပါးပါးလောင်သာ စားခဲ့ခြင်း ဖြစ်သည်။ ရေခပ်မြန်မြန် ချိုးပြီးနောက် ကျောက်ဟောင်သည် လီအန်းရန်အား လှည့်၍ပင် မကြည့်နိုင်တော့ပေ။ သူ အခန်းထဲ တန်းဝင်သွားခဲ့ကာ ကုတင်ပေါ် လှဲချလိုက်တော့သည်။

အကြောင်းပြချက် မရှိဘဲ ရဲ့ရှင်းချန် သူ့အား ယခင်တွင် ပြောခဲ့ဖူးသော စကားများအား ကျောက်ဟောင် ရုတ်တရက် သတိရသွားခဲ့လေသည်။

All Chapters