← Chapters

အခန်း ၁၅၈

Vol. 11 Ch. 158

အခန်း ၁၅၈

Vol. 11 Ch. 158

အခန်း ၁၅၈ - လင်းဖေး (၁)

"ဘယ်လိုပဲဖြစ်ဖြစ် ဒါက အစ်ကို့ရဲ့ သွေးသား မဟုတ်တာ အစ်မအန်းရန်ကို မင်းရဲ့ သွေးသားကို မြန်မြန်မွေးခိုင်းဖို့ လုပ်ရမယ်"

ကျောက်ဟောင်၏ စိတ်ထဲတွင် ထိုစကားစုများသာ ချာချာလည် နေခဲ့တော့သည်။ ထို့နောက် သူသည် ကုတင်ပေါ်တွင် လှဲချလိုက်ပြီးနောက် တစ်ဖက်သို့ လှည့်လိုက်လေသည်။

ထိုစဉ် လီအန်းရန်သည် ကျောက်ဟောင်၏ စိတ်အခြေအနေ တစ်ခုခု မှားယွင်းနေကြောင်းအား နောက်ဆုံးတွင် သတိထားမိသွားလေသည်။ သူမသည် မတ်တပ်ရပ်ကာ အခန်းထဲသို့ လျှောက်သွားလိုက်တော့သည်။ အခန်းထဲ ဝင်ဝင်ချင်းပင် ကျောက်ဟောင်၏ ကိုယ်ပေါ်သို့ သူမကိုယ်လုံးဖြင့် ဖိကပ်လိုက်တော့သည်။

"ဘာလို့ အစ်ကိုကျောက်က ကျွန်မကို စကားမပြောချင်တော့တာလဲ ကျွန်မကို ငြီးငွေ့သွားပြီလား အပြင်ထွက်သွားတာ တစ်ရက်ပဲ ရှိသေးတယ် စိတ်ပြောင်းသွားပြီပေါ့လေ"

လီအန်းရန်၏ ရင်သားများသည် ကျောက်ဟောင်၏ ကျောပြင်နှင့် ပွတ်တိုက်မိနေခဲ့လေသည်။ ကျောက်ဟောင်၏ အတွေးများသည် ရုတ်တရက် ပို၍ ပြင်းပြလာတော့သည်။

အစပိုင်းတွင် သူမသည် သူ ပြန်ရောက်လာချိန် မသိစိတ်မှနေ ပြောလိုက်မိသည့် စကားကြောင့် သူ အနည်းငယ် နေရခက်နေသေးသည်။ သို့သော် ယခုအချိန်တွင်မူ မည်ကဲ့သို့ နေရခက်နေနိုင်တော့မည်နည်း။ ကျောက်ဟောင်သည် ယခု လီအန်းရန်နှင့် ထိုကိစ္စလုပ်ရန်သာ တွေးနေတော့သည်။

ရဲ့ရှင်းချန် ထမင်းစားပြီး သွားသောအခါ ပုံမှန်အတိုင်း အနားယူရန် ဆိုဖာပေါ်တွင် တစ်ပိုင်း လှဲလျောင်းနေလိုက်လေသည်။ သူ၏ဘေးတွင် ရှိသော လင်းစစ်ကျားမှာ ပုံမှန်ဆိုလျှင် သူ၏ဘေးတွင် မှီ၍နေတတ်သည်။ သို့သော် ယနေ့ကိစ္စသည် ရုတ်တရက်ဆန်လွန်းလှသည်။ သူမစိတ်ထဲတွင် မိုချီ့ကိုသာ တွေးနေမိလေသည်။ မိုချီ မနိုးလာသေးသဖြင့် သူမ အတော်လေး စိတ်ပူနေခဲ့ရသည်။

နေ့တစ်ဝက်ခန့် ကြာပြီးနောက် ညစာစားချိန် ရောက်မှသာ မိုချီ နောက်ဆုံးတွင် နိုးလာခဲ့တော့သည်။ သူမ နိုးလာချိန်တွင် သတိမဝင်လာခင် ရေခွက်အနည်းငယ်အား အငမ်းမရ သောက်ချလိုက်သည်။

ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ခဲ့ချေ။ လင်းစစ်ကျားသည် မိုချီအား စစ်ဆေးကြည့်လိုက်လေရာ သူမ စိုးရိမ်ထားသလောက် ဆေးသည် မိုချီ့အား ထိခိုက်မှု မရှိထားကြောင်း တွေ့လိုက်ရတော့သည်။ ရဲ့ရှင်းချန်သည် ဘေးကင်းရေးခံတပ်ဆီသို့ မည်သူ့အား ခေါ်သွားရမည် ထိုနေရာသို့ မည်ကဲ့သို့ သွားရမည်အား စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ သူသည် လီအန်းရန်အား ဖယ်ရှားချင်ပါမူ ခရီးသွားမည့် ထိုနာရီ အနည်းငယ်အတွင်း အကောင်အထည် ဖော်နိုင်ပေသည်။

မည်သို့ပင် ဖြစ်စေ သူ၏ ရပ်ကွက်မှ ထိုနေရာသို့ သွားရမည့် ခရီးစဉ်သည် အတော်လေး ဝေးလှသည်။ မတော်တဆမှု အသေးစားလေး ဖြစ်သွားလျှင်ပင် ကျောက်ဟောင်မှ သူ့အား သံသယဝင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် ရဲ့ရှင်းချန်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် ရည်ရွယ်မထားခဲ့ချေ။ အပြင်ဘက်တွင် အမည်မသိ သတ္တဝါများ အများအပြား ရှိနေသဖြင့် ထိုအရာများ၏ လက်အား ငှားရမ်းအသုံးပြုခြင်းသည် ပိုကောင်းလှပေသည်။ ကျောက်ဟောင်သည် သံယောဇဉ်နှင့် သစ္စာတရားအား တန်ဖိုးထားသူ ဖြစ်သည်။ ကျောက်ဟောင်၏ လက်တွဲဖော်အား စကားနားထောင်ပြီး အသိဉာဏ်ရှိကာ ထိန်းချုပ်ရလွယ်ကူသူ တစ်ယောက်နှင့် အစားထိုးချင်လျှင် အလွယ်ကူဆုံး နည်းလမ်းမှာ လီအန်းရန်အား သေခွင့်ပေးလိုက်ခြင်းပင် ဖြစ်သည်။

လတ်တလောတွင် ကူးစက်မှု၏ တိကျသည့် ပုံစံအား ရှာမတွေ့သေးသော်လည်း ထိုမျိုးဗီဇပြောင်းလဲသွား သူအချို့သည် အသက်ရှင်စဉ်မှ အကျင့်များအား ဆက်လက် ထိန်းသိမ်း ထားသေးကြောင်းအား ရဲ့ရှင်းချန် ယခင်ကတည်းမှ သတိထားမိခဲ့ခြင်း ဖြစ်သည်။ထို့အပြင် ရဲ့ရှင်းချန်သည် ပြီးခဲ့သည့်အကြိမ်တွင်လည်း တစ်ခုခုအား တွေ့ရှိခဲ့သေးသည်။

မျိုးဗီဇပြောင်းလဲသူများ အကြားတွင် မျိုးဗီဇပြောင်းလဲမှု အတိုင်းအတာသည် ကျန်ရှိနေသော ဉာဏ်ရည်ဉာဏ်သွေး အတိုင်းအတာနှင့် ကွာခြားပုံရလေသည်။ ဥပမာအားဖြင့် အုပ်စုခေါင်းဆောင်သည် မျိုးဗီဇပြောင်းလဲသော မျိုးစိတ်များထဲတွင် ဉာဏ်ရည်အမြင့်ဆုံးဟု ထင်ရလေသည်။

ဤအချက်အပြင် ၎င်းတို့သည် သွေးနံ့အား အလွန် အာရုံခံနိုင်စွမ်းရှိကြောင်း ကိုလည်း ရဲ့ရှင်းချန် တွေ့ရှိခဲ့သေးသည်။ ယခင်တွင် ရဲ့ရှင်းချန်သည် အဘယ်ကြောင့် ဤမျှကြီးမားသော မျိုးဗီဇပြောင်းလဲ သူအုပ်စုကြီးသည် တခြားရပ်ကွက်များအား မရွေးချယ်ဘဲ သူတို့၏ ရပ်ကွက်ဆီသို့ ပြေးလာကြသနည်းဟု အလွန် ဇဝေဇဝါ ဖြစ်ခဲ့ရသေးသည်။ သို့သော် မကြာမီမှာပင် ရဲ့ရှင်းချန်တွင် ခန့်မှန်းချက်တစ်ခု ရှိလာခဲ့သည်။

မျိုးဗီဇပြောင်းလဲ သွားသော ကျိန့်ဟွာချန့်သည် ကျင်းဟွာရပ်ကွက် အဝင်ဝတွင် တာဝန်ကျနေသော အိမ်ရှင်တစ်ဦးအား စားပစ်ခဲ့သောကြောင့် ဖြစ်သည်။ မြေပြင်ပေါ်ရှိ အကြွင်းအကျန်များအား ကျောက်ဟောင်၏ လူများမှ မြှုပ်နှံခဲ့သော်လည်း ၎င်းတို့သည် လူနေရပ်ကွက် အဝင်ဝရှိ နှင်းများအောက်တွင် ရှိနေဆဲ ဖြစ်သည်။

ရဲ့ရှင်းချန်၏ ခန့်မှန်းချက်အရ မျိုးဗီဇပြောင်းလဲသူ အုပ်စုသည် ကျင်းဟွာရပ်ကွက်သို့ အုပ်စုလိုက် ရောက်လာရခြင်းမှာ သွေးနံ့ သို့မဟုတ် ၎င်းတို့၏ အဖော်များကို အနံ့ခံမိသောကြောင့် ဖြစ်နိုင်ခြေများသည်။

ရဲ့ရှင်းချန်သည် ထို မျိုးဗီဇပြောင်းလဲသူများအား အရင်တွင် မတွေ့ဖူးခဲ့သည်တော့ မဟုတ်ချေ။ သို့သော် အပြင်ထွက်သည့် အခါ ရဲ့ရှင်းချန်သည် ပြဿနာများ ပို၍ မဖြစ်ချင်သောကြောင့် သူတို့အား ရှောင်လေ့ရှိပေသည်။ သူတို့အား သတ်ဖို့ပင်လျှင် စိတ်မဝင်စားချေ။ မည်သို့ပင် ဖြစ်စေ လူအများအပြား အမှားလုပ်မိ၍ ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။ နောက်ဆုံးတွင်မူ ထို ကဲ့သို့ အဖြစ်အပျက်များသည် သူတို့နဲ့ ထိုက်တန်သည့် အရာသာ ဖြစ်သည်။

ရဲ့ရှင်းချန်တွင် ကောက်ချက်ချစရာ မရှိသကဲ့သို့ မည်သည့် စမ်းသပ်မှုကိုမျှလည်း မလုပ်ခဲ့ပေ။ ဤအရာအားလုံးသည် ရဲ့ရှင်းချန်၏ ခန့်မှန်းချက်သာ ဖြစ်ပေသည်။

ထို့ကြောင့် ဤစမ်းသပ်မှု ပြုလုပ်ရန် လီအန်းရန်အား အသုံးပြုလျှင် ပိုကောင်းမည်ဟု ရဲ့ရှင်းချန် ရုတ်တရက် တွေးလိုက်မိသည်။ မည်သို့ပင်ဖြစ်စေ သူမအား ဖယ်ရှားရန် နည်းလမ်း ရှာနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ အကယ်၍ ဤစမ်းသပ်မှုသည် ထိုမျိုးဗီဇပြောင်းလဲသူများအား ဆွဲဆောင်နိုင်သည့် အရာတစ်ခုခုကို ရှာတွေ့နိုင်လျှင် ၎င်းသည် လီအန်းရန်၏ ကျေးဇူးပင် ဖြစ်ပေလိမ့်မည်။

ရဲ့ရှင်းချန် ခဏမျှ စဉ်းစားလိုက်လေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် လင်းစစ်ကျားတွင် မျိုးဗီဇပြောင်းလဲသော ဗိုင်းရပ်စ် ရှိနေသောကြောင့် သူပြန်ခေါ်လာသည့် လင်းဖေးသည် အသုံးဝင်နေဆဲပင် ဖြစ်သည်။

‘နေဦး လင်းဖေးလား’

ရဲ့ရှင်းချန်သည် ထိုသို့သော လူတစ်ယောက်အား ရုတ်တရက် သတိရသွားခဲ့တော့သည်။ သူ့အား လင်းစစ်ကျား သုတေသန ပြုလုပ်ရန် ခေါ်လာပြီးနောက် သူ၏အကြောင်းအား ထပ်မတွေးဖြစ်တော့ပေ။

လင်းဖေး အသက်ရှင်နေသလား သေသွားပြီလား ဆိုသည်ကိုလည်း သူ မသိပေ။ လင်းဖေးတွင် ထိုကူးစက်ခံရသူများနှင့် အနံ့တူ ရှိမရှိ ထိုလူများအား ဆွဲဆောင်နိုင်ခြင်း ရှိမရှိကိုမူ သူ မသိပေ။

"ကျားလေး အရင်က ငါခေါ်လာတဲ့ လင်းဖေးဆိုတဲ့ လူကို မှတ်မိသေးလား"

ရဲ့ရှင်းချန်၏ မေးခွန်းကြောင့် လင်းစစ်ကျားလည်း စက္ကန့်အနည်းငယ်ခန့် ကြောင်အမ်းသွားခဲ့ရသည်။

"အကိုက်ခံရတဲ့ တစ်ယောက်မလား သူ့နာမည်က လင်းဖေးလား အဲဒီနောက်ပိုင်း ရှင် သူ့အကြောင်း မပြောသလို သူ့ကိုလည်း ပြောင်းခိုင်းတာ မတွေ့လို့ သူ့ကို အခန်းသေးလေးထဲ ပြောင်းပေးလိုက်တယ်လေ"

"အင်း သူ ဒီမှာရှိတယ်"

လင်းစစ်ကျားသည် ရဲ့ရှင်းချန်အား ဆဋ္ဌမထပ်၏ အဆုံးရှိ သော့ခတ် ထားသော အခန်းတံခါးဝသို့ ဆွဲခေါ်သွားလေသည်။ ဤတံခါးသော့အား လင်းစစ်ကျား အိမ်ရှင်းလင်းစဉ်တွင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ လင်းဖေးအား လက်ထိတ်ခတ်ကာ သံကြိုးများဖြင့် ချည်နှောင်ထားပြီး သူ အပြင်သို့ ပြေးထွက်ရန် မဖြစ်နိုင်ချေ။ သို့သော် လုံခြုံရေးအရ လင်းစစ်ကျားသည် တံခါးအား သော့ခတ်ထားဆဲ ဖြစ်သည်။

ရဲ့ရှင်းချန်လည်း ခဏမျှ ကြောင်အမ်းသွားခဲ့ရသည်။ သူ၏ မျက်စိအောက်တွင် လူတစ်ယောက် ပုန်းအောင်းနေလိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။ ထို့အပြင် ဤလူသည် သူ့အကြောင်းကိုပင် မေ့လုနီးပါး ဖြစ်နေသည် အထိ ပုန်းကွယ်နေခဲ့ခြင်း ဖြစ်သည်။

သူမ တံခါးကို ဖွင့်လိုက်သောအခါ လင်းဖေးသည် ကုတင်ဘေးတွင်ထိုင်ကာ ပြတင်းပေါက် အပြင်ဘက်သို့ ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့လေသည်။

ဤအခန်းသည် ရဲ့ရှင်းချန် ပုံမှန်အားဖြင့် သေနတ်ပစ်လေ့ရှိသော အခန်းငယ် တစ်ခု မဟုတ်ပေ။ ၎င်းသည် ထိုအခန်းငယ် ဘေးရှိ အခြားသော အခန်းငယ်တစ်ခု ဖြစ်သည်။ ၎င်းတွင် ပြတင်းပေါက်တစ်ခုလည်း ရှိပြီး ပြတင်းပေါက် အပြင်ဘက်ရှိ ရှုခင်းမှာ ရပ်ကွက်ပင် ဖြစ်သည်။

ဆူညံသံအား ကြားလိုက်ရသဖြင့် လင်းဖေးသည် ချက်ချင်း သတိပြန်ဝင်လာခဲ့တော့သည်။ လင်းစစ်ကျား သူ့အား အစာလာပို့သည်ဟု ထင်ခဲ့သော်လည်း ဝင်လာသူမှာ ရဲ့ရှင်းချန် ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားမိချေ။ လင်းဖေး၏ မျက်လုံးများသည် ချက်ချင်းပင် မျက်ရည်များ ဝဲတက်လာခဲ့တော့သည်။

ရဲ့ရှင်းချန် သူ့ကို ပြန်ခေါ်လာခဲ့ကာ လင်းစစ်ကျားထံ လွှဲပြောင်းပေး ပြီးနောက် ရဲ့ရှင်းချန်အား သူ တစ်ခါမျှ ပြန်မတွေ့ခဲ့ရတော့ချေ။ သူ၏ စိတ်ထဲတွင်လည်း အလွန်ရှုပ်ထွေးနေလျှက် ရှိသည်။ သူသည် ရဲ့ရှင်းချန်အား ကျေးဇူးတင်နေသကဲ့သို့ သူ့ကိုယ်သူ မည်သည်များ ဖြစ်နေသည် ဆိုသည်ကိုလည်း သေချာ မသိသဖြင့် အလွန် စိတ်ရှုပ်ထွေးနေမိသည်။

သူ၏ခန္ဓာကိုယ်တွင် အပြောင်းအလဲ တစ်ခုရှိနေကြောင်း လင်းဖေး ရှင်းရှင်းလင်းလင်း ခံစားမိလေသည်။ တိတိကျကျ မပြောတတ်သော်လည်း သူ အထူးသဖြင့် ဗိုက်ဆာနေခဲ့ကာ အစိမ်းလိုက် အသားများကိုသာ စားချင်နေမိခြင်း ဖြစ်သည်။

သူ အနည်းငယ် ရှုပ်ထွေးလျှက် ကြောက်လန့်နေခဲ့တော့သည်။ အရင်တွင် သူ့အား ကိုက်ခဲ့သော မျက်လုံးနီနီနှင့် ထူးဆန်းသည့်လူများအား သူ မှတ်မိနေသေးသည်။

လင်းစစ်ကျားမှ သူ့ဒဏ်ရာအား ကုသပေးပြီးနောက် အစာများလည်း ယူလာပေးသည်။ အကြောင်းပြချက် တစ်ခုခုကြောင့် ပါကင် ပိတ်ထားသော အစားအစာများသည် ထိုမျှလောက် ဆွဲဆောင်မှု မရှိတော့ဟု သူ အမှန်ပင် ခံစားလိုက်ရလေသည်။

ထိုခံစားချက်သည် မည်သည့် အချိန်တွင် စတင်ခဲ့မှန်း သူ မပြောနိုင်သော်လည်း အချိန်အတော်ကြာ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။ အချိန်အတော် ကြာသွားသဖြင့် လင်းဖေးသည် သေချာ စဉ်းစားပြီးနောက် ဒေါက်တာလင်းအား သူ့ကို သုတေသန ဘာသာရပ်တစ်ခု အနေဖြင့် အသုံးပြုရန် ကိုယ်တိုင်ကိုယ်ကျ ဆန္ဒပြုခဲ့ခြင်း ဖြစ်သည်။

All Chapters