← Chapters

အခန်း ၁၆၀

Vol. 11 Ch. 160

အခန်း ၁၆၀

Vol. 11 Ch. 160

အခန်း ၁၆၀ - စကားနားထောင်ခြင်း

လင်းဖေး တုံ့ပြန်မှု တစ်ခုမှ မလုပ်နိုင်သေးခင်မှာပင် ရဲ့ရှင်းချန်၏ နှင်းစီးဆိုင်ကယ်သည် ပို၍ ပို၍ ဝေးကွာသွားသည်အား သူ ရုတ်တရက် မြင်လိုက်ရတော့သည်။

သူသည် သစ်သားပြားအား လွှတ်ချလိုက်ပြီးနောက် ကြောင်အမ်းအမ်းဖြင့် မော့ကြည့်လိုက်တော့သည်။ ရုတ်တရက် မျိုးဗီဇပြောင်းလဲနေသူ အနည်းငယ် သူ၏ဆီသို့ ဦးတည်လာနေသည်အား သူ မြင်လိုက်ရလေသည်။

စက္ကန့်ဆယ်ကျော်ခန့် ကြောင်အမ်းသွား ပြီးနောက် လင်းဖေး ရုတ်တရက် ဟိန်းဟောက်သံ နှင့်အတူ မြေပြင်ပေါ်မှ ခုန်ထလိုက်တော့သည်။ ထို့နောက် သူသည် လူးလှိမ့်တွားသွားကာ ထွက်ပြေးတော့သည်။

သို့သော် အလွန် နောက်ကျနေပြီ ဖြစ်သည်။ ထိုမျိုးဗီဇပြောင်းလဲသူများ၏ အမြန်နှုန်းမှာ မနှေးကွေးချေ။ သူတို့သည် လင်းဖေးအား အလျင်အမြန် မှီသွားကြကုန်သည်။

လင်းဖေး၏ ခြေထောက်များသည် ကြောက်ရွံ့မှုကြောင့် အားပျော့သွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သူ လုံးဝ မြန်မြန် မပြေးနိုင်တော့ချေ။ ခဏအကြာတွင် လင်းဖေးသည် တစ်ခုခုနှင့် တိုက်မိပြီး နှင်းထဲသို့ အရှိန်ပြင်းပြင်းဖြင့် လဲကျသွားတော့သည်။

"ငါ သေတော့မယ် ငါ သေတော့မယ် ငါ သေတော့မယ်"

ကြောက်ရွံ့မှုသည် ဤအချိန်တွင် အထွတ်အထိပ်သို့ ရောက်သွားခဲ့တော့သည်။ လင်းဖေးသည် သူ၏ မျက်လုံးများအား တင်းကြပ်စွာ မှိတ်ထားလိုက်မိသည်။ သူ သေရတော့မည် ဖြစ်သည့် အတွက် ထိုဘီလူးများအား မကြည့်သည်မှာ ပိုကောင်းလှပေသည်။ သို့သော် တစ်မိနစ် နှစ်မိနစ် သုံးမိနစ် ဆယ်မိနစ် ကုန်လွန်သွားသော်လည်း မျှော်လင့်ထားသော နာကျင်မှုသည် ရောက်မလာခဲ့ချေ။

"ဘာလဲ ငါ သေသွားပြီလား ဒါမှမဟုတ် အရမ်းအေးနေလို့ နာကျင်မှုကို မခံစားရတာလား"

လင်းဖေးသည် မြေပြင်ပေါ်မှ သူ့ကိုယ်သူ ထောက်ထားရန် လက်အား ဆန့်ထုတ်လိုက်ပြီး လှည့်ကြည့်လိုက်တော့သည်။ သို့သော် သူ လှည့်ကြည့် လိုက်သောအခါ မျိုးဗီဇပြောင်းလဲသူ အနည်းငယ်သည် သူ့အား အလယ်တွင် ဝိုင်းရံထားပြီးဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

"ကျစ်"

လင်းဖေး အလွန် ထိတ်လန့်သွားသဖြင့် မျက်လုံးများအား အမြန် ပြန်မှိတ်ထားလိုက်လေသည်။ နောက်ထပ် ဆယ်မိနစ် ကုန်လွန်သွားပြန်သည်။

"ထူးဆန်းတယ် သူတို့က ငါ့ကို ဘာလို့ မစားကြတာလဲ"

မိနစ်နှစ်ဆယ် ကုန်လွန်သွားပြီ ဖြစ်သည်။ ရဲ့ရှင်းချန်သည် မိုချီအား ခေါ်ဆောင်ကာ အနည်းငယ် ပိုမြင့်သော အိမ်ခေါင်မိုးပေါ်တွင် ပုန်းအောင်းနေပြီးနောက် မှန်ပြောင်းအား ကိုင်ကာ လင်းဖေးအား အဝေးမှ လှမ်းကြည့်နေခဲ့သည်။

ရဲ့ရှင်းချန် သူ့အား အပြင်ခေါ်လာစဉ်တွင် ပြောခဲ့သော ဖြစ်နိုင်ခြေအား လင်းဖေး ရုတ်တရက် တွေးမိသွားခဲ့သည်။ ထိုမျိုးဗီဇပြောင်းလဲသူများသည် သူ့အား သူတို့၏ မျိုးနွယ်တူအဖြစ် ဆက်ဆံနေသည်များလား သူ မသိသေးချေ။

လင်းဖေး၏ အစကနဦး အထိတ်တလန့်ဖြစ်မှုသည် အနည်းငယ် ပျောက်ကွယ်သွားခဲ့လေသည်။ သူ နှင်းထဲတွင် ထိုင်လိုက်ပြီးနောက် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်လေသည်။ နောက်ဆုံးတွင် မျိုးဗီဇပြောင်းလဲသူများသည် သူ့ကို တိုက်ခိုက်ခြင်း မရှိကြောင်း သူ သတိပြုမိသွားတော့သည်။

ထိုအစား သူတို့က သူ့ကို ဝိုင်းရံထားပြီး ထူးဆန်းသော ကိုယ်နေဟန်ထားများဖြင့် သူတို့၏ ခန္ဓာကိုယ်များအား လိမ်ကောက်ကာ တိုးတိတ်သော ညည်းတွားသံများ ပြုလုပ်နေကြလေသည်။

လင်းဖေး အနည်းငယ် အံ့အားသင့်သွားသော်လည်း တစ်ချိန်တည်းမှာပင် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ရဲ့ရှင်းချန်ပြောသည်မှာ မှန်နေခြင်း ဖြစ်နိုင်သည်။ ထို မျိုးဗီဇ ပြောင်းလဲသူများသည် သူ့အား သူတို့၏ မျိုးနွယ်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပေမည်။ ထိုသို့ဆိုလျှင် သူတို့သည် သူ့စကားအား နားထောင်ဦးမည်လား။

"မင်းတို့တွေ နည်းနည်းလောက် လူစုခွဲပြီး ထိုင်လိုက်ကြ"

လင်းဖေးသည် သူ၏ ရှေ့ရှိ နေရာလွတ်အား လက်ညှိုးထိုး ပြလိုက်သော်လည်း နှစ်မိနစ် သုံးမိနစ်ကြာ ပြီးနောက် ဤမျိုးဗီဇ ပြောင်းလဲသူများသည် သူ၏ပတ်လည်တွင် ရူးကြောင်ကြောင် ပြုံးနေဆဲဖြစ်ကာ မလှုပ်ရှားကြချေ။

သူ၏ စကားများအား သူတို့ နားမလည်နိုင်ဟု လင်းဖေး တွေးလိုက်ချိန်မှာပင် မျိုးဗီဇပြောင်းလဲသူ အနည်းငယ်သည် ရုတ်တရက် စတင်၍ လှုပ်ရှားလာခဲ့တော့သည်။ သူတို့ လှုပ်ရှားလာရုံ သာမက လင်းဖေးပြောသကဲ့သို့ ဘေးတစ်ဖက်တွင် အမှန်တကယ်ပင် ထိုင်ချလိုက်ကြသည်။

"ဘာတွေဖြစ်နေတာလဲ ဒါ တကယ်ကြီးလား အစ်ကိုရဲ့ ပြောတာ အမှန်ပဲပေါ့ သူတို့ ငါ့စကားကို တကယ် နားထောင်တာလား"

လင်းဖေးသည်လည်း ကြောင်အမ်းသွား ပြီးနောက် ဤအရာအားလုံးကို အဝေးမှ ရပ်ကြည့်နေသော ရဲ့ရှင်းချန်အားလည်း အနည်းငယ် အံ့သြသွားစေခဲ့သည်။ ထိုမျိုးဗီဇပြောင်းလဲသူများသည် လင်းဖေး၏ စကားအား နားလည်နိုင်သည်လား သို့တည်းမဟုတ် လင်းဖေး၏ စကားအား နားထောင်မည်လား ဆိုသည်အား သူ မသိသော်ငြားလည်း အနည်းဆုံးမူ ရဲ့ရှင်းချန်သည် မှန်ပြောင်းမှ နေတစ်ဆင့် မြင်လိုက်ရသည်မှာ ထိုမျိုးဗီဇ ပြောင်းလဲသူများသည် လင်းဖေးအား အနာတရ မဖြစ်စေဘူးဆိုသည်ကိုသာ ဖြစ်သည်။

"ဟား ကံကောင်းလို့ အဲဒီတုန်းက လင်းဖေးကို ငါ လွှင့်မပစ်လိုက်မိတာ ငါ တကယ်ပဲ ကိုယ်တွေ့ခဲ့တဲ့ လူတစ်ယောက်ကို အလွယ်တကူ လွှင့်မပစ်သင့်ဘူး"

ရဲ့ရှင်းချန်သည် လင်းဖေးအား အပြင်သို့ ပစ်ထုတ်ကာ သူ့ဖာသာ ရပ်တည်စေရန် စီစဉ်ထားသော်လည်း ယခုအခါ လင်းဖေးသည် သူ၏အတွက် လတ်တလော အနည်းငယ် အသုံးဝင်နိုင်သေးကြောင်း ထင်ရှားနေခဲ့သည်။

ထိုမျိုးဗီဇပြောင်းလဲသော လူသားများ၏ တိုက်ခိုက်နိုင်စွမ်းအား မပြောဘဲထားလျှင်ပင် သူတို့အား သူတို့၏ ကိုယ်ပိုင်လူများအား စကားနားထောင်စွာဖြင့် မတိုက်ခိုက်စေရန် ပြုလုပ်နိုင်ခြင်းသည်မှာပင် အလွန်အသုံးဝင်နေပြီ ဖြစ်သည်။

လမ်းခရီးတွင် မျိုးဗီဇပြောင်းလဲသူ တစ်ဦး၏ အကူအညီအား သူ ရနိုင်လျှင် လီအန်းရန်အား ဖယ်ရှားရန် ရဲ့ရှင်းချန်အတွက် အလွန် အဆင်ပြေမည် ဖြစ်သည်။

"အိမ်ပြန်ကြစို့"

ရဲ့ရှင်းချန်၏ စိတ်အခြေအနေသည် အလွန်ကောင်းမွန်နေခဲ့သည်။ ဤသည်မှာ ကြီးမားသော ရှာဖွေတွေ့ရှိမှု တစ်ခု ဖြစ်သည်။ ဤမျိုးဗီဇ ပြောင်းလဲသူများသည် လင်းဖေး၏ စကားအား အမှန်တကယ် နားထောင်မည်လား သို့မဟုတ် တိုက်ဆိုင်မှု သက်သက်လား ဆိုသည်အား ကိုယ်တိုင် သွားကြည့်ရမည် ဖြစ်သည်။

လင်းဖေး၏ ကနဦး မယုံကြည်နိုင်မှုများသည် ဝမ်းသာအားရဖြစ်မှုများ အဖြစ် ပြောင်းလဲသွားတော့သည်။

အစပိုင်းတွင် သူသည် ဘီလူးတစ်ကောင် ဖြစ်သွားပြီ ဖြစ်၍ အားလုံးကို အဆုံးသတ်ရန် အတွက် သေလိုက်သည်မှာ ပိုကောင်းမည် ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။ ထိုမှသာလျှင် သူ၏ သူငယ်ချင်းများအား မထိခိုက်စေမည် ဖြစ်သည်။ သို့သော် ယခုကြည့်ရသည်မှာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်လျှင် ရဲ့ရှင်းချန်အတွက် အသုံးဝင်နိုင်မည် ဟု ထင်ရပေသည်။

သူကသည် ရဲ့ရှင်းချန်အတွက် အသုံးဝင်သည် ဆိုလျှင် ရဲ့ရှင်းချန်မှ သူ့အား လာကယ်ကောင်း ကယ်နိုင်ပါလိမ့်မည် ဖြစ်သည်။ လင်းဖေး၏ အမြင်တွင် ရဲ့ရှင်းချန်သည် ကယ်တင်ရှင်နှင့် ကွာခြားမှုမရှိပေ။ အနည်းဆုံးတွင် ရဲ့ရှင်းချန်သည် အရာအားလုံးအား တတ်စွမ်းနိုင် ရှိကာ အကြောက်အလန့် မရှိသော နတ်ဘုရားတစ်ပါးကဲ့သို့ လင်းဖေး ခံစားလိုက်ရတော့သည်။ ယခင်တွင် လူတိုင်းမှ ဤမျိုးဗီဇ ပြောင်းလဲသူများအား သေချာပေါက် အလွန် ကြောက်ရွံ့ခဲ့ကြသော်လည်း ရဲ့ရှင်းချန်သည် သူတို့အား လှုပ်ရှားမှု တစ်ခုတည်းဖြင့် သုတ်သင်ပစ်ခဲ့လေသည်။

"အိမ်ပြန်ကြစို့"

ရဲ့ရှင်းချန်သည် မိုချီအား သယ်ကာ လင်းဖေး၏ ဘေးသို့ ပြန်လာခဲ့လေသည်။ သူသည် လင်းဖေးအား အဝေးမှ လှမ်းအော်လိုက်လေသည်။ ဤအော်သံ နှင့်အတူ လင်းဖေး၏ ပတ်လည် နှင်းများထဲတွင် ထိုင်နေသော မျိုးဗီဇပြောင်းလဲသူ အနည်းငယ်သည် ရဲ့ရှင်းချန်၏ ဆွဲဆောင်မှုအား ခံလိုက်ရပြီး ခေါင်းများအား လှည့်လာကြကုန်သည်။

သူတို့၏ လှုပ်ရှားမှုများသည် အလွန်လျင်မြန်လှသည်။ သူတို့၏ ကိုယ်နေဟန်ထားများသည် ထူးဆန်းနေသော်လည်း ရဲ့ရှင်းချန်အား မြင်ပြီးနောက် သူတို့အားလုံးသည် ရဲ့ရှင်းချန်ဆီသို့ သွားကြကုန်သည်။

"ရပ် မင်းတို့ ဘာလုပ်နေတာလဲ ရပ် ပြန်လာခဲ့ မင်းတို့အားလုံး ပြန်လာခဲ့"

ဤရုတ်တရက် အပြောင်းအလဲကြောင့် လင်းဖေး အလွန် ထိတ်လန့်သွားရတော့သည်။ သူ အကြိမ်အနည်းငယ် အော်ဟစ်လိုက်လေသည်။ ထို မျိုးဗီဇ ပြောင်းလဲသူများသည် ရဲ့ရှင်းချန်အား အနာတရဖြစ်စေမည်အား သူ မကြောက်ချေ။ မည်သို့ပင် ဖြစ်စေ ရဲ့ရှင်းချန် မည်မျှ စွမ်းအားကြီးသည် ဆိုသည်ကို သူ အနီးကပ် မြင်ဖူးထားသည် မဟုတ်ပါလား။

သို့သော် ယခုအခါ သူလည်း ကူးစက်ခံထားရပြီး ဖြစ်ကာ မျိုးဗီဇ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သူသိသွားသောအခါ ယနေ့မတိုင်မီတွင် ဤမျိုးဗီဇ ပြောင်းလဲသူများအား အလွန်ကြောက်ရွံ့ကာ မုန်းတီးခဲ့သော်လည်း သူ၏ မျိုးနွယ်တူများ သူ၏ မျက်စိရှေ့တွင် သေဆုံးသွားမည်ကိုလည်း သူမကြည့်ရက်နိုင်ပေ။

ထို့အပြင် ဤမျိုးဗီဇပြောင်းလဲသူများသည် သူ့အား နားလည်နိုင်ပုံ ရလေသည်။ ဤမျိုးဗီဇပြောင်းလဲသူများသည် သူ၏ အမိန့်အား အမှန် တကယ်ပင် နားထောင်မည် နားမထောင်မည် ဆိုသည်အား သိရှီရန် ဤအခွင့်အရေးအား အသုံးချချင်ခြင်း ဖြစ်သည်။

ဤတစ်ကြိမ်တွင် မျိုးဗီဇပြောင်းလဲသူများသည် ပို၍မြန်ဆန်စွာ တုံ့ပြန်လာကြလေသည်။ စက္ကန့်အနည်းငယ် အတွင်းမှာပင် သူတို့သည် အမှန်တကယ်ပင် ရပ်တန့်သွားပြီး လင်းဖေး၏ ဘေးသို့ စကားနားထောင်စွာဖြင့် ပြန်လာခဲ့ကြကုန်သည်။

ဤသည်အား မြင်ချိန်တွင် လင်းဖေး အထူးပင် ကျေနပ်သွားခဲ့ရကာ အံ့သြသွားခဲ့ရတော့သည်။ သူသည် ရဲ့ရှင်းချန်ထံသို့ အစေခံ တစ်ယောက်ကဲ့သို့ ပြေးသွားကာ မြှောက်ပင့်လိုသော အရိပ်အယောင်ဖြင့် ပြောလိုက်သည်။

"အစ်ကိုရဲ့ အစ်ကိုက တကယ် တော်တာပဲ သူတို့ ကျွန်တော့်စကားကို နားထောင်မယ်ဆိုတာ အစ်ကို ဘယ်လိုလုပ် သိတာလဲ"

"အစကတော့ ကျွန်တော် တကယ်ပဲ သေမလောက် ကြောက်သွားတာ သူတို့ ဘယ်လောက် ကြောက်စရာ ကောင်းလဲဆိုတာ အစ်ကို မသိပါဘူး ကျွန်တော် ဒီမှာတင် သေရတော့မယ်လို့တောင် ထင်လိုက်မိတာ"

"အစ်ကိုရဲ့ အစ်ကိုက တကယ် ဉာဏ်ကောင်းတာပဲ အစ်ကိုသာ ကျွန်တော့်ကို ခေါ်မလာခဲ့ရင် ကျွန်တော့်မှာ ဒီလိုစွမ်းရည်ရှိမှန်းတောင် သိမှာမဟုတ်ဘူး"

"အစ်ကိုရဲ့ ခုနက အိမ်ပြန်မယ်လို့ ပြောလိုက်တာလား အစ်ကို ကျွန်တော့်ကို အိမ်ပြန်ခေါ်သွားမလို့လား"

ရဲ့ရှင်းချန် နှင့်အတူ သာမန်လူ တစ်ယောက် အဖြစ် ပြန်ပြောင်းသွား ပြီးနောက် ကောင်းကောင်းစား ကောင်းကောင်းသောက်နိုင်မည့် အခြေအနေအား လင်းဖေး စတင် စိတ်ကူးယဉ်နေပြီ ဖြစ်သည်။ မျိုးဗီဇပြောင်းလဲသူများသည် သူ့အား မကိုက်ဘူးဆိုလျှင် သူသည် မည်သည့် အတွက် နေ့တိုင်း အပြင်မထွက်ရဲဘဲ သတိကြီးစွာ နေရန် လိုအပ်တော့မည်နည်း။ သူ နေ့တိုင်း အပြင်ထွက်၍ ထောက်ပံ့ရေးပစ္စည်းများ ရှာဖွေရတော့မည် ဖြစ်သည်။

All Chapters