အခန်း ၁၀၀၈
Vol. 68 Ch. 1008
အခန်း ( ၁၀၀၈ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၂၇ )
လေဟာနယ် အက်ကွဲကြောင်း ထဲကို လှမ်းဝင်လိုက်ရတာက သာမန်ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တာနဲ့ ဘာမှ သိပ်ပြီး မထူးခြားလှပါဘူး..။ ပတ်ဝန်းကျင် ရှုခင်းတွေ.. လေတိုက်နှုန်းတွေ.. ပြီးတော့ ပစ်ခတ်နေတဲ့ လက်နက်တွေရဲ့ အသံတွေက ရုတ်တရက် ပြောင်းလဲသွားတာကြောင့်.. အနည်းငယ်တော့ မူးဝေသွားစေခဲ့တယ်..။ ဆန်နီ အတွက်တော့ ဒါက ပိုပြီး ထင်ရှားပါတယ်..။ ဘာကြောင့်လဲဆိုတော့ သူ့ပတ်လည်က အရိပ်တွေက လုံးဝ ကွဲပြားခြားနားနေတာကို ခံစားမိလိုက်လို့ ပါပဲ..။
သို့ပေမဲ့ ဇဝေဇဝါ ဖြစ်နေဖို့ အချိန်မရှိပါဘူး..။
သူ့က အာရုံစိုက်ဖို့ တွန်းအားပေးရင်း.. ဒေးလ် ရဲ့ နောက်ကနေ တံတိုင်းအစွန်းဆီ လိုက်သွားပြီး အောက်ကို ငုံ့ကြည့်လိုက်တယ်..။
အောက်ခြေမှာတော့.. တိုက်ခိုက်လာတဲ့ သားရဲတွေကြောင့် မြေပြင်တစ်ခုလုံး ပြည့်လျှံနေခဲ့ပြီး.. သူတို့အပေါ်မှာလည်း အုပ်စုလိုက် ပျံသန်းနေတဲ့ သားရဲတွေ ဝိုင်းအုံနေခဲ့ကြတာပါ..။
ဒီနောက်ကွယ်မှာတော့ ကမ်းခြေဆီကို ဆင်းသက်သွားတဲ့ မြင့်မားတဲ့ ကျောက်ဆောင်ချောက်ကမ်းပါးစွန်း တစ်ခု ရှိနေခဲ့တယ်..။ သမုဒ္ဒရာရဲ့ မှောင်မိုက်တဲ့ မြင်ကွင်းက မျက်စိတစ်ဆုံးအထိ ကျယ်ပြန့်နေခဲ့ပြီး.. မငြိမ်မသက် လှုပ်ရှားနေတဲ့ ရေပြင်ပေါ်မှာ လရောင်က ကပြနေခဲ့ပါတယ်..။
ချောက်ကမ်းပါးရဲ့ အထက်တစ်နေရာမှာ တောက်ပနေတဲ့ အလင်းလုံးကတော့ တဖြည်းဖြည်းနဲ့ မှေးမှိန်လာခဲ့ပါပြီ..။
ဒေးလ် က စကားပြောလာခဲ့တယ်..။ သူ့ရဲ့ အသံက သံမဏိ ခေါင်းစွပ်ကြောင့် အနည်းငယ်
အက်ရှနေခဲ့ပါတယ်..။
“ငါတို့ တိုက်ခိုက်ပြီး လမ်းဖောက်သွားရလိမ့်မယ်..”
ဆန်နီ ခေါင်းညိတ်လိုက်တယ်..။
“ကျုပ် လမ်းရှင်းပေးမယ်..ခင်ဗျား နောက်ကလိုက်ခဲ့..”
[နှစ်သိမ့်ခြင်း ပြစ်ဒဏ်] က သူ့ရဲ့ လက်ထဲမှာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သလို.. အရိပ်တွေကလည်း သူ့ရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး ကြံ့ခိုင်မှုနဲ့ ခွန်အားတွေကို ဖြည့်တင်းပေးနေခဲ့ပါတယ်..။ [မာဗယ် ကြေးခွံ] ကလည်း သူ့ကို ပိုမို သန်မာစေတဲ့ ဖြစ်တည်မူတစ်ခု ဖြစ်နေခဲ့တယ်..။
ဆန်နီ ခနလောက် တုံ့ဆိုင်းသွားခဲ့ပြီးမှ..
“ကျုပ်တို့ တိုင်းရန့် ဆီ ရောက်တဲ့အခါကျရင် ဘယ်လိုလုပ်မလဲ..။ အဲဒီကောင်ကို လွတ်မြောက်ခွင့် ပေးလို့တော့ မဖြစ်ဘူး..
မာစတာ ဂျက် ကလည်း မရှိဘူးဆိုတော့..”
သန်မာတဲ့ မာစတာ က ခေါင်းခါပြလိုက်တယ်..။
“ငါက အဲဒီသားရဲ နဲ့ ငါတို့ကို အတားအဆီးတစ်ခုထဲမှာ ပိတ်လှောင်ထားလိုက်မယ်..။ အဲ့နောက်မှာတော့ တိုင်းရန့် သေမလား.. ငါတို့ သေမလားပဲ..။ ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..”
ဆန်နီ ဟာ ဒေးလ် ရဲ့ အတားအဆီးတွေထဲက တစ်ခုကို မြင်ဖူးခဲ့ပါတယ်..။ အဲဒါက အတွင်းထဲက အရာတွေကို အပြင်ထွက်ခွင့်ပေးပြီး.. အပြင်ကလာတဲ့ အရာမှန်သမျှကို ပိတ်ဆို့ထားတဲ့ အရာတစ်ခုပါ။ ဒီနေ့မှာတော့ သူက ဒုတိယ အတားအဆီးကို မြင်တွေ့ရတော့မှာ ပါ။
ထပ်ပြောရရင်.. သူက ကျိန်စာသင့် ကျရှုံးမူ
အဆင့် တိုင်းရန့် တစ်ကောင်နဲ့အတူထဲမှာ ပိတ်မိနေဦးမှာပါ..။ တကယ်လို့ ရလဒ်ကို သေချာချင်တယ်ဆိုရင်တော့.. ဒီထက်ကောင်းတဲ့ နည်းလမ်း မရှိပါဘူး..။
“ကောင်းပြီ..။ကျုပ် အရင်သွားနှင့်မယ်..။ စက္ကန့်အနည်းငယ်ကြာရင် ဆင်းလာခဲ့..”
ဆန်နီက [အနက်ရောင် တောင်ပံ] ကို ဆင့်ခေါ်မယ့်အစား..အရိပ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး.. တံတိုင်းရဲ့ အစွန်းကနေ လျှောဆင်းကာ တံတိုင်းမျက်နှာပြင်အတိုင်း လျင်မြန်စွာ ဆင်းသွားခဲ့ပါတယ်..။ ခနအကြာမှာပဲ သူက မြေပြင်ပေါ်ကို ရောက်ရှိသွားခဲ့တယ်။သူက. အမှောင်ထုထဲကနေ ပေါ်ထွက်လာရင်း ကျောက်စိမ်းဓားမြှောင်ကို လေထဲမှာ ဝှေ့ယမ်းလိုက်တာပါ.။
ဒေးလ် က မှတ်သားမူ ကြိုးတစ်ချောင်းကို အသုံးပြုပြီး နောက်ကနေ ဆင်းသက်လာတဲ့ အချိန်မှာတော့.. သားရဲ ခြောက်ကောင်လောက်က မြေပြင်ပေါ်က သွေးအိုင်ထဲမှာ လဲနေခဲ့ပါပြီ..။
တံတိုင်းရဲ့ ဒီအပိုင်းမှာရှိတဲ့ ခုခံကာကွယ်သူတွေကလည်း သူတို့ရဲ့ တိုက်စစ်ကို ကူညီဖို့ အမိန့်ရရှိထားကြတာကြောင့်.. အထွတ်အထိပ်အဆင့် တွေအတွက် အိပ်မက်ဆိုး သားရဲတွေကြားထဲမှာ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာအောင် သူတို့ရဲ့ ပစ..။ တကယ်တော့ သူတို့က ဝါးမြိုခြင်း တိမ်တိုက် နဲ့ တံတိုင်းကို အသည်းအသန် တိုက်ခိုက်နေတဲ့ သားရဲတွေကြားထဲမှာ အင်အားနည်းပါးနေခဲ့တာကြောင့်.. ရလဒ်ကတော့ အနည်းငယ်သာ ရှိခဲ့ပါတယ်..။
အနည်းဆုံးတော့ ဆန်နီ အနေနဲ့ သူ့ရဲ့ ကျောပြင်ကို ကျည်ဆန် မှန်မှာကို စိုးရိမ်စရာ မလိုတော့တာပါပဲ..။
‘ချီးပဲ.. ကောင်းတယ်…’
ဆန်နီ နဲ့ ဒေးလ် တို့က ရှေ့ကို အပြင်းအထန် တိုးဝင်သွားခဲ့ကြပြီး.. သောင်းကျန်းနေတဲ့ အိပ်မက်ဆိုး သားရဲလှိုင်းကြီးကို ဖြတ်သန်းကာ တိုက်ခိုက်ခဲ့ကြတယ်..။ သန်မာထွားကျိုင်းတဲ့ မာစတာ က သူ့ရဲ့ ဒိုင်းကြီးနဲ့ လေးလံတဲ့ လက်နက်ကို အသုံးပြုပြီး သားရဲတွေကို ရိုက်နှက်ခြေမှုန်းကာ.. သူတို့ရဲ့ ခန္ဓာကိုယ်တွေကို လမ်းပေါ်ကနေ ဖယ်ရှားပစ်ခဲ့တာပါ..။ ဆန်နီ ကတော့ [နှစ်သိမ့်ခြင်း ပြစ်ဒဏ်] ရဲ့ ကျောက်စိမ်းဓားသွားနဲ့ အကျည်းတန်တဲ့ ခန္ဓာကိုယ်တွေကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်တောက် ပစ်လိုက်ပါတယ်..။
ဒါပေမဲ့လည်း သတ်ရမယ့် ရန်သူတွေက များလွန်းနေခဲ့တာပါ..။ ဒေးလ် ရဲ့ ချပ်ဝတ်တန်ဆာက တိုက်ခိုက်မှုတွေကို အလွယ်တကူ ခုခံနိုင်ပြီး.. ဆန်နီ ကလည်း သူ့ရဲ့ ခုခံမှုကို ကျော်ဖြတ်လာတဲ့ တိုက်ခိုက်မှုအများစုကို လျစ်လျူရှုထားနိုင်ပေမဲ့.. သားရဲအုပ်ကြီးရဲ့ လေးလံတဲ့ ဖိအားက သူတို့ကို နောက်ပြန်ဆုတ်သွားစေဖို့ ခြိမ်းခြောက်နေခဲ့ပါတယ်..။ ဒါတင်မကသေးဘဲ အပေါ်မှာ ပျံသန်းနေတဲ့ သားရဲတွေကလည်း အဆက်မပြတ် တိုက်ခိုက်နေခဲ့တာကြောင့်.. အသက်ရှင်ဖို့ ပိုပြီး ခက်ခဲလာခဲ့တာပါ..။
လတ်တလောမှာတော့ သူတို့က အသက်အန္တရာယ် ပေးနိုင်လောက်တဲ့ အထိ အားကောင်းတဲ့ သတ္တဝါမျိုးနဲ့ မတွေ့ရသေးပါဘူး..။ ဒါက မာစတာ နှစ်ယောက်စလုံး ဘယ်လောက်အထိ ခံနိုင်ရည်ရှိလဲဆိုတာ သက်သေပြနေတာ ဖြစ်ပေမဲ့.. ဒါက အချိန်ပြဿနာတစ်ခုသာ ဖြစ်တာပါ..။
ဆန်နီ အော်ဟစထလိုက်ပြီး အရိပ်တွေကို လှမ်းခေါ်လိုက်တယ်..။
ချက်ချင်းဆိုသလိုပဲ.. မြေပြင်ကနေ မည်းမှောင်တဲ့ လက်ကြီးတွေ ထွက်ပေါ်လာခဲ့ပြီး သားရဲတွေကို ဖမ်းဆွဲကာ ဘေးကို လွှင့်ပစ်တာ ဒါမှမဟုတ် ခန္ဓာကိုယ်တွေကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်လိုက်ကြတယ်.။ အနက်ရောင် ချိန်းကြိုးတွေက လေထဲမှာ ဝှေ့ယမ်းသွားခဲ့ပြီး.. ပျံသန်းနေတဲ့ သားရဲတွေကို ချေမှုန်းပစ်ခဲ့ကြပါတယ်..။
“မင်းမှာ မှတ်သားမူ တစ်ခုနှစ်ခု ရှိရင် အခုပဲ သုံးလိုက်တော့..”
ဒေးလ် က ခုန်အုပ်လာတဲ့ သားရဲတစ်ကောင်ကို သူ့ရဲ့ ဒိုင်းနဲ့ ရိုက်နှက်လိုက်ပြီး..သူ့ရဲ့ ခန္ဓာကိုယ်ကို သွေးအိုင်အဖြစ် ပြောင်းလဲပစ်ကာ သူ့ရဲ့ ခါးပတ်ကနေ တစ်စုံတစ်ခုကို ဆွဲဖြုတ်လိုက်ပါတယ်..။
နောက်တစ်စက္ကန့်မှာတော့.. စူးရှတဲ့ အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး.. ဒေါသထွက်နေတဲ့ နဂါးတစ်ကောင်ရဲ့ အော်သံလိုမျိုး အသံကြီးက ကမ္ဘာမြေကို တုန်ခါသွားစေခဲ့တယ်..။ ဆန်နီ မျက်လုံးနဲ့ မမြင်ရခင်မှာပဲ သွေးညှီနံ့တွေကို အရင်ဆုံး ရလိုက်တာပါ..။ သူတို့အရှေ့မှာတော့ လောင်ကျွမ်းနေတဲ့ အလောင်းတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းကြောင်းတစ်ခုက သားရဲအုပ်ကြီးကို ဖြတ်သန်းသွားခဲ့တယ်..။
ဒေးလ် က ဆန်နီ ကို ရှေ့ကို တွန်းပို့လိုက်ပြီး အိပ်မက်ဆိုး သားရဲတွေကြားထဲက ခနတာ ဖြစ်ပေါ်လာတဲ့ အက်ကွဲကြောင်းထဲကို တိုးဝင်သွားခဲ့ပါတယ်..။
“အဲ့ကောင်က စွမ်းအားတွေကို အကြာကြီး စုဆောင်းရတာ..။ ငါတို့ အဲဒါကို တိုင်းရန့် ကို တိုက်တဲ့နေရာမှာ သုံးလို့ရမှာ မဟုတ်ဘူး..”
ဆန်နီ ပြေးလွှားရင်းနဲ့ ဟောက်လိုက်တယ်..။
“ငါတို့ အဲဒီ ကျိန်စာသင့်စရာ ကောင်ကို အရင်ဆုံး ရှာဖို့ လိုအပ်တယ်..။ ဘာမှ ချန်မထားနဲ့..”
မိနစ်အနည်းငယ်လောက် ရူးသွပ်စွာ သတ်ဖြတ်ပြီးတဲ့နောက်မှာတော့.. သူတို့က ဒဏ်ရာအချို့ ရရှိခဲ့ပေမဲ့ အသက်ရှင်လျက်နဲ့ပဲ ချောက်ကမ်းပါး အစွန်းဆီ ရောက်ရှိသွားခဲ့ကာ ခုန်ချလိုက်ကြတယ်..။ ဆန်နီ က နောက်တစ်ကြိမ် အရိပ်အဖြစ် ပြောင်းလဲသွားခဲ့ပေမယ့်.. ဒေးလ် ကတော့ ချွန်ထက်တဲ့ ချိတ်တစ်ခု ပါရှိတဲ့ တိုးမြှင့်မူ ပါတဲ့ ကြိုးတစ်ချောင်းကို အသုံးပြုလိုက်တာပါ..။
ဒီချိတ်က လွန်ခဲ့တဲ့ တစ်စက္ကန့်လောက်ကပဲ အရမ်းကိုကြီးမားတဲ့ အိပ်မက်ဆိုး သားရဲတစ်ကောင်ရဲ့ အသားထဲကို ရက်ရက်စက်စက် စိုက်ဝင်သွားခဲ့တာပါ..။
..အောက်ဘက်က ကျောက်ဆောင်ကမ်းခြေမှာတော့ သားရဲ အရေအတွက်က အများကြီး နည်းပါးနေခဲ့တာပါ..။ သူတို့ထဲက အချို့က ပျံသန်းနေတဲ့ သားရဲတွေကြောင့် သတ်ဖြတ်ခြင်း ခံထားရပြီး.. အချို့ကတော့ အသက်ရှင်လျက်နဲ့ သတ်ဖြတ်လိုတဲ့ ဒေါသတွေ ပြည့်နှက်နေခဲ့ကြတယ်..။ အနည်းငယ် ဝေးကွာတဲ့ နေရာမှာတော့ ဆန်နီ က ဆိပ်ကမ်းခံတပ်ရဲ့ မြင့်မားတဲ့ တံတိုင်းတွေနဲ့ လှိုင်းလုံးတွေပေါ်က ဧရာမ သင်္ဘောကြီးတွေရဲ့ ပုံရိပ်တွေကို မြင်တွေ့လိုက်ရပါတယ်..။
သူက သားကောင်ကို ရှာဖွေဖို့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တဲ့ အချိန်မှာပဲ.. အမှောင်ထုထဲကနေ တစ်စုံတစ်ခုက ပျံသန်းလာခဲ့တာကြောင့် ဘေးကို အလျင်အမြန် ခုန်ရှောင်လိုက်ရပါတယ်..။ ဒါက အိပ်မက်ဆိုး သားရဲတစ်ကောင်ရဲ့ ခန္ဓာကိုယ် ဖြစ်ခဲ့ပုံရတဲ့.. သွေးတွေ ရွှဲနစ်နေတဲ့ ဧရာမ အသားတုံးကြီး တစ်တုံး ဖြစ်နေခဲ့တာပါ..။
ဒီအသားတုံး လာရာလမ်းကြောင်းကို လှည့်ကြည့်လိုက်တဲ့ အခါမှာတော့.. ဆန်နီ ဟာ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရပါတယ်..။
သူတို့အရှေ့က ရေပြင်ဆီ သွားတဲ့ လမ်း တစ်ဝက်လောက်မှာ.. ဧရာမ သတ္တဝါကြီးတစ်ကောင်က သားရဲအုပ်ကြီးရဲ့ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရတာပါ..။ သူ့မှာ အပိုင်းလိုက် ဖြစ်နေတဲ့ ခြေထောက် ခြောက်ချောင်း.. အဆိပ်ရည်တွေ ပါရှိတဲ့ အမြီးတစ်ချောင်း.. စုတ်ပြဲပျက်စီးနေတဲ့ သားရေတောင်ပံတွေ.. ပြီးတော့ ရှည်လျားတဲ့ လည်ပင်းတွေရဲ့ အဆုံးမှာ ဝှေ့ယမ်းနေတဲ့ က စက်ဝိုင်းပုံစံ ပါးစပ်ကြီး သုံးခု ရှိနေခဲ့တယ်..။
သူ စောင့်ကြည့်နေစဉ်မှာပဲ..ဒီ သတ္တဝါကြီးရဲ့ ပါးစပ်တစ်ခုက အောက်ကို အရှိန်နဲ့ ဆင်းသက်သွားခဲ့ပြီး အားကောင်းတဲ့ အိပ်မက်ဆိုး သားရဲတစ်ကောင်ရဲ့ ခန္ဓာကိုယ်ကို ကိုက်ခဲလိုက်ပါတယ်..။ ပြင်းထန်တဲ့ ရုန်းကန်မှုနဲ့အတူ သတ္တဝါက ပျက်စီးသွားခဲ့ပြီး.. အေးစက်တဲ့ ကျောက်တုံးတွေပေါ်မှာ သွေးတွေ.. ကလီစာတွေ စီးဆင်းသွားစေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ နောက်ထပ် ပါးစပ်နှစ်ခုကလည်း သားရဲအချို့ကို ကိုက်ဖြတ်ပစ်လိုက်ပြီး အတုံးလိုက် အတစ်လိုက် မျိုချပစ်လိုက်ကြတယ်..။ အမြီးက အဆိပ်ဆူး တွေကလည်း မူးဝေနောက်ကျိစရာ ကောင်းတဲ့ အရှိန်နှုန်းနဲ့ ရှေ့ကို ထိုးစိုက်သွားခဲ့ပါတယ်။ဒါက နောက်ထပ် သားရဲတစ်ကောင်ကို ထိုးဖောက်ကာ တုန်ခါနေတဲ့ ခန္ဓာကိုယ်ထဲကို အဆိပ်တွေ သွင်းလိုက်တာပါ..။
ဆန်နီ ဟာ ဒီ စက်ဆုပ်ရွံရှာဖွယ် မြင်ကွင်းကို
မကျေနပ်မှုတွေနဲ့ စိုက်ကြည့်နေခဲ့မိတယ်..။
‘..မင်း လိုချင်တဲ့အရာအတွက် သတိထားရလိမ့်မယ်..။အဲလိုထင်တာပဲ..’
သူတို့က ဝါးမြိုခြင်း တိမ်တိုက် ရဲ့ တိုင်းရန့် ကို ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ..။
အပိုင်း ( ၁၀၀၈ ) ပြီး၏။