အခန်း ၁၀၀၉
Vol. 68 Ch. 1009
အခန်း ( ၁၀၀၉ ) ဖယ်လ်ကွန် စကော့တ် ရဲ့
ကျရှုံးခန်း ( ၂၈ )
ဆန်နီ စောင့်ကြည့်နေစဉ်မှာပဲ.. တိုင်းရန့် က နောက်ထပ် သားရဲအချို့ကို ဆွဲဖြဲပစ်လိုက်ပြီး.. သူ့ရဲ့ ဧရာမ ပါးစပ်ကြီး သုံးခုနဲ့ အသားတွေကို ဝါးမြိုပစ်လိုက်ပါတယ်..။ ဒီသတ္တဝါက.. ဆန်နီအမှောင်မြို့တော်မှာ နေတုန်းက မြေအောက်ဂူသင်္ချိုင်းတွေထဲမှာ ရင်ဆိုင်ခဲ့ရတဲ့ သေဆုံးခြင်းအရှင်သခင် နဲ့ အဆင့်အတန်းချင်း အတူတူပါပဲ..။
အဲ့တုန်းကတော့.. သူက အိပ်စက်သူ တစ်ယောက်ပဲ.. ရှိပါသေးတယ်..။ အခုတော့ သူကိုယ်တိုင်က တက်ရောက်သူ တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်ပြီး.. ပုံမှန်ထက်လည်း ပိုမို သန်မာနေခဲ့ပါပြီ..။ သူ့ရဲ့ သစ္စာရှိ အရိပ်တွေက မအားကြသေးပေမဲ့.. သူ့ဘေးမှာ ဒေးလ် တစ်ယောက်လုံး ရှိနေပါသေးတယ်..။
ဒီတိုက်ပွဲက အရမ်း ခက်ခဲစရာ အကြောင်းမရှိပါဘူး..။
သို့ပေမဲ့ သူတို့မှာ ကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေခဲ့တယ်..။
တိုင်းရန့် က အိပ်မက်ဆိုး သားရဲတွေကို သတ်ဖြတ်ပြီး ဝါးမြိုလေလေ.. ပိုပြီး အားအင်ပြည့်ဖြိုးလာလေလေ ဖြစ်နေတဲ့ပုံပါပဲ..။သူ့ရဲ့ အတောင်ပံတွေပေါ်က ကြောက်မက်ဖွယ် ဒဏ်ရာတွေဟာ အခုလေးတင် ပြန်လည် အနာကျက်နေခဲ့ပြီ ဖြစ်တာကြောင့်.. မကြာခင်မှာပဲ ဒီသတ္တဝါကြီးက ပြန်လည် ပျံသန်းနိုင်တော့မှာပါ။
ဆန်နီ အနေနဲ့ ဒါကို အဖြစ်မခံနိုင်ပါဘူး..။
သူက တည်ကြည်တဲ့ မျက်နှာအမူအရာနဲ့ ဒေးလ် ကို လှမ်းကြည့်ပြီး ပြောလိုက်တယ်..။
“အခု လုပ်မှရမယ်..။မဟုတ်ရင် အခွင့်အရေး
ရှိတော့မှာ မဟုတ်ဘူး..”
သူတို့အပေါ်မှာတော့.. ဝါးမြိုခြင်း တိမ်တိုက် ရဲ့ မှောင်မိုက်နေတဲ့ အစုအဝေးထဲကနေ သားရဲအုပ်ကြီးတစ်ခုက ထွက်လာခဲ့ပြီး.. သူတို့ရဲ့ အုပ်ချုပ်သူကို ကာကွယ်ဖို့ အောက်ကို အရှိန် နဲ့ ဆင်းသက်လာခဲ့ကြပါတယ်..။
ဒေးလ် က ခေါင်းညိတ်လိုက်ပြီး တိတ်တဆိတ် ရှေ့ကို ခုန်တက်လိုက်ကာ.. တိုင်းရန့် ကို ပိတ်လှောင်ဖို့ အနားကို တိုးကပ်သွားခဲ့တယ်..။ယင်းနောက်မှာတော့ တောက်ပနေတဲ့ စွမ်းအင် အတားအဆီးတစ်ခုထဲမှာ သတ္တဝါနဲ့အတူ သူတို့နှစ်ယောက်စလုံး ပိတ်မိသွားခဲ့ပါတယ်..။ ဆန်နီ လည်း နောက်ကနေ လိုက်ပါသွားခဲ့ပြီး.. သူတို့ရဲ့ လမ်းကြောင်းကို ပိတ်ဆို့ဖို့ ကြိုးစားတဲ့ သားရဲအချို့ကို ဖြတ်တောက် ပစ်လိုက်ပါတယ်..။
သို့ပေမယ့် သတ္တဝါကြီးက နီးကပ်လာတဲ့ ခြိမ်းခြောက်မှုကို ခံစားမိသွားပုံပါပဲ..။ ဒါမှမဟုတ် အခြား အိပ်မက်ဆိုး သားရဲတွေရဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေကို စိတ်ပျက်သွားတာလည်း ဖြစ်နိုင်ပါတယ်..။သူက ရုတ်တရက် ခုန်တက်လိုက်ပြီး.. လေထဲကို မြင့်မားစွာ ပျံတက်သွားခဲ့ကာ ပျက်စီးနေတဲ့ အတောင်ပံတွေက ပြင်းထန်တဲ့ လေမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်..။
တိုင်းရန့် က လေထဲမှာ အကြာကြီး မနေနိုင်သေးပါဘူး..။ အနည်းဆုံးတော့ အခုလောလောဆယ်အထိပေါ့..။ ဒါပေမဲ့ ဒါက သူ့ကို လိုက်ဖမ်းနေတဲ့ သူတွေနဲ့ အကွာအဝေးတစ်ခု ဖြစ်ပေါ်အောင်တော့ လုပ်ဆောင်နိုင်ခဲ့ပါတယ်..။ အဲ့နောက်မှာတော့ အံ့ဩစရာ ကောင်းတဲ့ အရှိန်နှုန်းနဲ့ လှုပ်ရှားရင်း.. ဆိပ်ကမ်းခံတပ် ရှိရာဘက်ကို ဦးတည်ပြီးတော့.. ထွက်ပြေးသွားခဲ့တာပါ..။
ဆန်နီ ရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့တယ်..။
‘.. ချီးပဲ..’
သူက ဆုံးဖြတ်ချက်ချဖို့ စက္ကန့်ပိုင်းလောက် အချိန်ယူပြီးမှ အော်ဟစ်လိုက်တယ်..။
“ကျုပ် အဲ့သတ္တဝါကို အရှိန်လျှော့ထားလိုက်မယ်..။ ခင်ဗျား မြန်မြန် လိုက်လာပြီး အတားအဆီးကို ပြင်ဆင်လိုက်..”
ဒီစကားနဲ့အတူ.. သူက ဒေးလ် ကို နောက်မှာ ချန်ထားခဲ့ပြီး လျင်မြန်တဲ့ အရိပ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါတယ်..။ ကျောက်ဆောင်ကမ်းခြေကို ဖြတ်ပြီး ကြောက်မက်ဖွယ် အရှိန်နှုန်းနဲ့ ပျံသန်းရင်း.. ဆန်နီ က တိုင်းရန့် နောက်ကို လိုက်လံ နေခဲ့တာပါ..။ သတ္တဝါကြီးက အရှိန်ပြင်းတဲ့ ရထားတစ်စင်းလို ရှေ့ကို တိုးဝင်သွားခဲ့ပြီး.. သူ့ရဲ့ ခြေထောက် ခြောက်ချောင်းက ရေတွက်လို့မရတဲ့ ကျောက်တုံးတွေကို အပိုင်းပိုင်းနဲ့ ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်..။သူ့ရဲ့ တောင်ပံတွေကတော့ ပိုပြီးတော့ အနာကျက်လာခဲ့ပါပြီ..။
ဆိပ်ကမ်းခံတပ်ရဲ့ တံတိုင်းတွေပေါ်ကနေ လှမ်းမြင်ရတဲ့ အကွာအဝေးကို ရောက်တဲ့အခါမှာတော့.. ဆန်နီ က သတ္တဝါကြီးကို အမှီလိုက်နိုင်ခဲ့တယ်။သူက သတ္တဝါရဲ့ ရှေ့တည့်တည့်မှာပဲ အရိပ်ထဲကနေ ခုန်ထွက်လိုက်ပါတယ်..။ [နှစ်သိမ့်ခြင်း ပြစ်ဒဏ်] က လျှပ်ခနဲ ပေါ်ထွက်လာခဲ့ပြီး သတ္တဝါရဲ့ ခြေထောက်တစ်ဖက်ကို ဖြတ်တောက်လိုက်တာကြောင့်..သူက မြေပြင်ပေါ်ကို ပြင်းထန်စွာ လဲကျသွားခဲ့တယ်..။ သူက ဧရာမ ခန္ဓာကိုယ်ကြီးကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့ပေမဲ့.. နောက်တစ်စက္ကန့်မှာတင် တိုင်းရန့် ရဲ့ အဆိပ်ဆူးက လေထဲကို အရှိန်နဲ့ တိုးဝင်လာခဲ့ပြီး.. သူ့ရဲ့ နှလုံးသားဆီကို ဦးတည်လာနေခဲ့ပါပြီ..။
‘အာ..’
ဆန်နီ က ကျောက်စိမ်းဓားရဲ့ မျက်နှာပြင် နဲ့ ကြောက်မက်ဖွယ် ခ ဆူးချွန်ကို ခုခံလိုက်ပြီး.. တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ လေးလံအောင် ပြုလုပ်လိုက်တယ်..။ ပြင်းထန်တဲ့ ရိုက်ခတ်မှုက သူ့ကို နောက်ပြန် လွင့်စဉ်သွားစေခဲ့ပြီး.. သူ့ရဲ့ ခြေထောက်တွေက ကျောက်တုံးတွေပေါ်မှာ မျဥ်းနှစ်ကြောင်း ဖြစ်ပေါ်သွားစေခဲ့တာပါ..။ သတ္တဝါကြီးက မတ်တပ်ရပ်ဖို့ အသည်းအသန် ရုန်းကန်နေခဲ့ပေမဲ့.. မြေပြင်ကနေ မည်းနက်နေတဲ့ လက်ကြီး တစ်ဒါဇင်ခန့် ထွက်ပေါ်လာခဲ့ပြီး သူ့ကို ဖမ်းဆွဲကာ အောက်ကို ဖိနှိပ်ထားလိုက်ကြတယ်..။
တိုင်းရန့် ရဲ့ ရှည်လျားတဲ့ လည်ပင်းသုံးခုက မြွေတွေလို ကွေ့ကောက်နေခဲ့ကြတာပါ.။ ပါးစပ်နှစ်ခုက အရိပ်လက်တွေကို ကိုက်ခဲပြီး ဆွဲဖြဲပစ်လိုက်တဲ့ အချိန်မှာပဲ.. တတိယမြောက် ပါးစပ်က ဆန်နီ ဆီကို ပျံသန်းလာခဲ့တာပါ..။ ထက်မြက်တဲ့ သွားတွေနဲ့ ပြည့်နှက်နေတဲ့ စက်ဆုပ်ရွံရှာဖွယ် မြင်ကွင်းကြီးကို စိုက်ကြည့်ရင်း.. သူက တုန်လှုပ်သွားခဲ့ပြီး ဒီအရာက သူ့ကို တစ်ကိုယ်လုံး မျိုချပစ်နိုင်မှန်း သိလိုက်ရပါတယ်..။
ဆန်နီ က သူ့ရဲ့ ခန္ဓာကိုယ်အလေးချိန်ကို ပြောင်းလဲလိုက်ပြီး ဘေးကို အလျင်အမြန် ရှောင်တိမ်းလိုက်ကာ.. ပါးစပ်ကြီးကို သီသီလေး ရှောင်လိုက်ပြီးမှ [နှစ်သိမ့်ခြင်း ပြစ်ဒဏ်] နဲ့ လွှဲယမ်းလိုက်တယ်..။ သားရဲရဲ့ လည်ပင်းပေါ်မှာ သွေးထွက်နေတဲ့ ဒဏ်ရာတစ်ခု ပေါ်ထွက်လာတဲ့ အချိန်မှာပဲ.. နားကွဲလုမတတ် အော်ဟစ်သံကြီးက သူ့ဆီကို တူတစ်ချောင်းလိုမျိုး ပြင်းထန်စွာ ရိုက်ခတ်လာခဲ့တာပါ..။
သူ သရုပ်ဖော်ထားတဲ့ အရိပ်တွေက အားလုံးနီးပါး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး.. တိုင်းရန့် ကလည်း လုံးဝ လှုပ်ရှားလို့မရတဲ့ အခြေအနေမျိုးကို မရောက်သေးပါဘူး..။ ဆန်နီ အနေနဲ့ အရိပ်လက်နက်တွေ ဖန်တီးဖို့ ဝိဥာဉ်အဆီအနှစ်တွေကို ပိုပြီး အသုံးပြုနိုင်ပါတယ်..။ သတ္တဝါ နဲ့ သူ့ကိုယ်သူ ဧရာမ အမိုးခုံးတစ်ခုထဲမှာ ပိတ်လှောင်ထားလိုက်ဖို့လည်း ဖြစ်နိုင်ပေမဲ့.. သူ တကယ် လုပ်ဆောင်ဖို့ လိုအပ်တာကတော့ စတ္တဝါရဲ့ အတောင်ပံတွေကို ဖျက်ဆီးပစ်ဖို့ပါပဲ။
ဝမ်းနည်းစရာ ကောင်းကတော့.. သတ္တဝါကြီးက တောင်ပံတွေကို ကာကွယ်ဖို့ ပြင်းပြင်းထန်ထန် သန္နိဋ္ဌာန်ချထားပုံရပါတယ်..။ ဆန်နီ က သားရဲရဲ့ အတောင်ပံတွေနားကို ချဉ်းကပ်ဖို့ ကြိုးစားလိုက်တိုင်း.. သူရဲ့ အဆိပ်ဆူး.. ပါးစပ်သုံးခု.. ပြီးတော့ ကျန်ရှိနေတဲ့ ခြေထောက်ငါးဖက်စလုံးက သူ့ဆီကို ဦးတည်လာခဲ့ကြတာပါ..။ သူက ဟာရီကိန်းလို တိုက်ခိုက်မူတွေကို ရှောင်တိမ်းရင်း..ကခုန်ကာ ပြန်လည်တိုက်ခိုက်နေခဲ့တယ်။ ကျောက်တုံးအပိုင်းအစတွေနဲ့ စိုစွတ်နေတဲ့ သဲတွေက လေထဲမှာ တိမ်တိုက်တစ်ခုလို ပျံတက်နေခဲ့ပါတယ်..။
‘ချီးပဲ ဒီကောင်..'
တိုင်းရန့် ရဲ့ လှုပ်ရှားမှုတွေက ပိုပြီး ရူးသွပ်ကာ ရှုပ်ထွေးလာခဲ့ပါပြီ..။ သူရဲ့ စိတ်ဝိဥာဉ်က ကျိန်စာသင့်ဓားရဲ့ [နိမိတ်မကောင်းသော တီးတိုးသံ] ကြောင့် တိုက်ခိုက်ခြင်း ခံနေရတာ ဖြစ်ပြီး.. ဒီအကျိုးသက်ရောက်မှုက ဆက်လက် တည်ရှိနေဦးမှာ ဖြစ်တာကြောင့် သတ္တဝါကြီးကို လုံးဝ ရူးသွပ်သွားစေတော့မှာ ဖြစ်ပါတယ်..။
..ရယ်စရာ ကောင်းတာက.. ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ အခြေအနေက သူတို့အပေါ်က ကောင်းကင်ယံမှာလည်း ထပ်တူ ဖြစ်ပျက်နေပုံရတာပါပဲ..။ အဲ့နေရာမှာတော့ ဝါးမြိုခြင်း တိမ်တိုက် ရဲ့ အစိတ်အပိုင်း အတော်များများက သဘာဝမဟုတ်တဲ့ စည်းလုံးမှုကို ဆုံးရှုံးနေခဲ့ပုံရပါတယ်..။
သို့ပေမဲ့ တိုင်းရန့် နှစ်ကောင်စလုံး သေဆုံးသွားမှသာ.. မြို့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့မှာ ဖြစ်တာပါ..။
ဧရာမ သတ္တဝါကြီးကလည်း သူ့ရဲ့ စိတ်ထဲမှာ တစ်စုံတစ်ခု ထူးဆန်းနေတာကို သတိပြုမိသွားပုံရပါတယ်..။သူက ရုန်းထွက်ဖို့ ကြိုးစားရင်း မြေပြင်ပေါ်ကို နိမ့်ဆင်းလိုက်တယ်..။ဒါက နောက်တစ်ကြိမ် ထပ်ပြီး ခုန်တက်ဖို့ ပြင်ဆင်နေသလိုမျိုးပါပဲ..။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ တောင်ပံတွေက ပျံသန်းနိုင်ဖို့ အထိ လုံလောက်အောင် အနာကျက်သွားခဲ့ပြီ ဖြစ်နိုင်ပါတယ်..။
‘မဖြစ်ဘူး.
သတ္တဝါ မလွတ်မြောက်နိုင်ခင်မှာပဲ.. တောက်ပတဲ့ စွမ်းအင် အမိုးခုံးတစ်ခုက သူတို့ပတ်ပတ်လည်မှာ ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်..။တိုင်းရန့် က ခုန်တက်လိုက်ပေမဲ့ အမိုးခုံးရဲ့ အမိုးနဲ့ ပြင်းထန်စွာ ဆောင့်မိသွားခဲ့ပြီး.. အောက်ကို ပြန်လည် ပြုတ်ကျလာခဲ့ပါတယ်..။
ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားတဲ့ ဒေးလ် ရဲ့ ပုံရိပ်က ခန္ဓာကိုယ်ပေါ်ကို ပြင်းထန်စွာ ကျရောက်သွားခဲ့ပြီး.. လေးလံတဲ့ လက်နက်၇ိုအောက်ကို ကျရောက်သွားကာ သတ္တဝါရဲ့ နောက်ထပ် ခြေထောက်တစ်ဖက်ကို ခြေမှုန်းပစ်လိုက်ပါတယ်..။
သူတို့ သုံးယောက်စလုံးကတော့ အခုပဲ အတားအဆီးထဲမှာ ပိတ်မိသွားခဲ့ကြပါပြီ....။ တိုင်းရန့် ကတော့ ဘယ်လိုမှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ပါဘူး..။
သို့သော်လည်း စွမ်းအင် အမိုးခုံးက ထင်သလောက် မကြီးမားလှပါဘူး..။ ဒီအဆောင်က တောင်ပံ ပါတဲ့ ဧရာမ သတ္တဝါကြီးရဲ့ ခန္ဓာကိုယ်နဲ့ ပတ်လည်က ကျောက်ဆောင်ကမ်းခြေ အနည်းငယ်ကိုသာ လွှမ်းခြုံထားနိုင်တာကြောင့်.. ဆန်နီ နဲ့ ဒေးလ် တို့အတွက် လှုပ်ရှားဖို့ နေရာမရှိသလောက် ဖြစ်နေခဲ့ရတယ်..။
ဒါက အရမ်း ဒေါသထွက်ပြီး ဆာလောင်နေတဲ့ ကျားတစ်ကောင်နဲ့အတူ သေးငယ်တဲ့ လှောင်အိမ်တစ်ခုထဲမှာ ပိတ်မိနေသလိုမျိုးပါပဲ..။
တကယ်လို့ ကျားက အဆောက်အဦးအသေးစားတစ်ခုလောက် ကြီးမားနေပြီး.. ခေါင်းသုံးလုံး ရှိကာ ကင်းမြီးကောက်ရဲ့ အမြီးကို ပိုင်ဆိုင်ထားတယ်ဆိုရင်ပေါ့...။
ပြီးတော့ ကျောက်စိမ်းဓားရဲ့ တီးတိုးသံကြောင့် လုံးဝ ရူးသွပ်နေတဲ့ အခြေအနေမျိုးကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်..။
‘ချီးပဲ.."
တိုင်းရန့် က နောက်တစ်ကြိမ် ထပ်ပြီး အော်ဟစ်လိုက်တယ်..။သူ့ရဲ့ စူးရှတဲ့ အသံကြီးက ရူးသွပ်မှုတွေနဲ့ ဒေါသတရားတွေ ပြည့်နှက်နေခဲ့တာပါ..။
ယင်းနောက်မှာတော့..သတ္တဝါက မြေပြင်ကနေ ထရပ်လိုက်ပြီး.. ငရဲလို တိုက်ပွဲတစ်ခုကို စတင်ဆင်နွဲလိုက်ပါတော့တယ်။
အပိုင်း ( ၁၀၀၉ ) ပြီး၏။