← Chapters

အခန်း ၁၀၁၀

Vol. 68 Ch. 1010

အခန်း ၁၀၁၀

Vol. 68 Ch. 1010

အခန်း ( ၁၀၁၀ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၂၉ )

စွမ်းအင် အကာအကွယ်ရဲ့ သေးငယ်တဲ့ လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ တိုင်းရန့် က သတ်ဖြတ်လိုတဲ့ မုန်တိုင်းတစ်ခုလို ပြောင်းလဲသွားခဲ့တယ်..။ အရွယ်အစား ကြီးမားတဲ့ သတ္တဝါတစ်ကောင်အတွက်တော့ သူက အံ့ဩစရာ ကောင်းတဲ့ အမြန်နှုန်းနဲ့ လှုပ်ရှားရင်း.. မုန်းတီးစရာ ကောင်းတဲ့ လူသားတွေကို အပိုင်းပိုင်း ဆုတ်ဖြဲဖို့ ကြိုးစားနေခဲ့တာပါ..။

လတ်တလောမှာတော့ ဆန်နီ နဲ့ ဒေးလ် တို့က

သားရဲ ရဲ့ ဖျက်ဆီးအားကောင်းတဲ့အဆက်မပြတ် တိုက်ခိုက်မှုတွေ ရှောင်တိမ်းနိုင်နေပေမဲ့.. ရူးသွပ်နေတဲ့ သားရဲကြီးရဲ့ ကြီးမားတဲ့ခန္ဓာကိုယ်အောက်မှာ ကြိတ်ခြေမခံရအောင် ရှောင်တိမ်းဖို့က ပိုပြီးတော့ ခက်ခဲနေခဲ့ပါတယ်..။ ပိတ်လှောင်ထားတဲ့ အကာအကွယ်က ရွှေ့လျားဖို့အတွက် အရမ်းကို ကျဉ်းမြောင်းလွန်းနေတာကြောင့် သူတို့က ဒီတိုင်း ရင်ဆိုင်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ပါဘူး..။

ဒါက ကောင်းမွန်တဲ့ ရွေးချယ်မှုတော့ မဟုတ်ခဲ့ပေ..။ တိုင်းရန့် ရဲ့ ကျောပေါ်မှာရှိတဲ့ ပါးစပ်သုံးခုနဲ့ အဆိပ်ဆူးက သူတို့ကို လွတ်လပ်စွာ တိုက်ခိုက်နေခဲ့တာပါ..။ ဒါတင်မကသေးပဲ သားရဲက မြေပြင်ပေါ်မှာ လှိမ့်လိုက်တာကြောင့် သူတို့နှစ်ယောက်ကို လွှင့်စင်သွားခဲ့ကြတယ်..။

ဆန်နီ ကတော့ အသားတုံးကြီးတွေအောက်မှာ အမြုပ်ခံရမလို ဖြစ်နေရာကနေ သီသီလေး ရှောင်တိမ်းနိုင်ခဲ့ပါတယ်..။ ဒေးလ် က အကာအကွယ် လှောင်အိမ်ကို ဖန်တီးပြီး စက္ကန့်ပိုင်းလောက်အကြာမှာပဲ.. လျှာပေါ်မှာ သွေးအရသာကို ခံစားလိုက်ရတယ်..။ တက်ရောက်သူ နှစ်ယောက်စလုံးက ဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့ကြပါပြီ။

ဒါပေါ့.. တိုင်းရန့် ကလည်း ဒဏ်ရာ မရတာတော့ မဟုတ်ပါဘူး..။

သူ့ရဲ့ ခြေထောက် သုံးချောင်းက ပြတ်တောက်သွားခဲ့ပြီး.. ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း နက်ရှိုင်းတဲ့ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တယ်။သူ့ရဲ့.. လည်ပင်း တစ်ခုကလည်း ပြတ်လုနီးပါး ဖြစ်နေခဲ့ပါသေးတယ်..။ ပိုကောင်းတာကတော့.. သတ္တဝါကြီးက [နှစ်သိမ့်ခြင်း ပြစ်ဒဏ်] ကြောင့် ဖြစ်ပေါ်လာတဲ့..ရူးသွပ်မှုတွေကို အပြည့်အဝ လက်ခံလိုက်ပုံ ရနေတာပါပဲ..။

တိုင်းရန့် တစ်ကောင်ရဲ့ ရူးသွပ်သွားတဲ့ ဒေါသက ကြောက်မက်ဖွယ် ကောင်းပေမဲ့.. သူသာ လူသားဆန်တဲ့ ဉာဏ်ရည်ကို ဆက်ပြီး ပိုင်ဆိုင်ထားမယ်ဆိုရင် ဒီသတ္တဝါကြီးနဲ့ တိုက်ခိုက်ရတာက ပိုပြီး အန္တရာယ် များနေဦးမှာပါ..။ အသိဉာဏ် ရှိတဲ့ ရန်သူက အသိဥာဏ်မဲ့တဲ့ ရန်သူထက် အဆပေါင်းများစွာ ပိုပြီး အန္တရာယ်များတာကြောင့်ပါပဲ..။

အခုတော့ သူတို့ လုပ်ရမှာက ဒီသတ္တဝါကို အဆုံးသတ်ပေးဖို့ပါ..။

“သူ့ခေါင်းကို ဖြတ်ပစ်လိုက်..”

“ငါ… ကြိုးစားနေတယ်…”

ဒေးလ် ရဲ့ ဒိုင်းကာ က တိုင်းရန့် ရဲ့ လည်ပင်းထဲကို စိုက်ဝင်နေခဲ့ပါပြီ..။.. ဆန်နီ အော်ပြောလိုက်တဲ့ အချိန်မှာပဲ.. သူက သစ်သားထဲကို သံချောင်းရိုက်သွင်းလိုက်သလိုမျိုး ဘေးဘောင်ကို လက်နက်နဲ့ ထုရိုက်လိုက်တယ်..။ ဒိုင်းကာ က ဓားတစ်လက်လိုမျိုး သားရဲရဲ့ အသားတွေကို ခွဲထွက်သွားတာကြောင့်.. အနက်ရောင် သွေးတွေက ကျောက်တုံးတွေပေါ်ကို စီးကျလာခဲ့ပါတယ်..။

သတ္တဝါရဲ့ အော်ဟစ်သံကြောင့် နားအူသွားခဲ့ပေမဲ့..ဒေးလ်ကို ကျန်ရှိနေတဲ့ ပါးစပ်နှစ်ခုထဲက တစ်ခုရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ဖို့အတွက် ဆန်နီဟာ.. အရိပ်နံရံတစ်ခုကို ဖန်တီးပေးလိုက်တယ်..။အရိပ်နံရံက ကြောက်မက်ဖွယ် တိုက်ခိုက်မှုအောက်မှာ ပျက်စီးသွားခဲ့ပေမဲ့.. အဲ့အချိန်မှာပဲ တက်ရောက်သူ က သူ့ရဲ့ ဒိုင်းကာ ကို နောက်ဆုံးတစ်ကြိမ် ထုရိုက်လိုက်တာကြောင့်.. တိုင်းရန့် ရဲ့ ခေါင်းတစ်ခုက လွင့်စင်သွားခဲ့ပါတယ်။

‘ချီးပဲ..’

ယင်းနောက်မှာတော့ ဆန်နီ က သူ့အတွက် သူ ပြန်ပြီး စိုးရိမ်လိုက်ရတယ်..။ ဒဏ်ရာရနေတဲ့ သတ္တဝါက ရွေ့လျားလာပြီး သူ့ရဲ့ ခန္ဓာကိုယ်ကြီးနဲ့ ဆန်နီကို အကာအကွယ် ဆီ ချောင်ပိတ်မိသွားအောင် လုပ်ဆောင်လာခဲ့တာပါ..။ [ဝီဗာအရိုး] နဲ့ [မာဗယ်ကြေးခွံ] က သူ့ကို သွေးအိုင်အဖြစ် မပြောင်းသွားအောင် ကာကွယ်ပေးလိုက်နိုင်ပေမဲ့.. သူက ပိတ်မိနေပြီး အသက်ရှူဖို့တောင် မလွယ်ကူတော့ပါဘူး..။ ပိုဆိုးတာကတော့.. ထွက်ပြေးဖို့ လမ်းမရှိတာပါပဲ..။

ကောင်းပြီလေ.. လူအများစုအတွက်ပေါ့..။ ဆန်နီ ကတော့ တောက်ပနေတဲ့ အကာအကွယ် လှောင်အိမ်ကြောင့် သတ္တဝါရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကျရောက်နေတဲ့ အရိပ်ထဲကို တိုးဝင် ပျောက်ကွယ်သွားလိုက်ပြီး.. သားရဲရဲ့ တစ်ဖက်ခြမ်းမှာ ပြန်ပေါ်လာကာ ဓားကို သတ္တဝါရဲ့ ဘေးဘက်ကို ထိုးစိုက်လိုက်ပါတယ်..။

ဒီလိုနဲ့ပဲ ကြောက်စရာ ကောင်းတဲ့ တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေခဲ့တယ်..။ ဆန်နီ နဲ့ ဒေးလ် တို့က အမှားတစ်ခု လုပ်မိတာနဲ့ ဒဏ်ရာအကြီးအကျယ် ရသွားနိုင်တာ ဒါမှမဟုတ် သေဆုံးသွားနိုင်တဲ့ အခြေအနေမှာ ရှိနေကြတာပါ။သို့ပေမယ့်.. သူတို့နှစ်ယောက်လုံးကတော့ ဒီ လို အမှားကို မလုပ်မိကြသေးပါဘူး..။ အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့ ရန်သူက ပိုပြီး ရူးသွပ်လာခဲ့ပေမဲ့.. မာစတာ နှစ်ယောက်ကတော့ သတ္တဝါကို သတ်ဖြတ်ဖို့ ကြိုးစားရာမှာ ပိုပြီးတော့ ထိရောက်လာခဲ့ပါတယ်..။ သူတို့က တိုက်ခိုက်မှု၊ ရှောင်တိမ်းမှုနဲ့ ခြေလှမ်းတိုင်းမှာ သားရဲ ကို ဘယ်လို ပိုပြီး နာကျင်အောင် လုပ်ရမလဲဆိုတာကို သင်ယူနေခဲ့ကြတာပါ..။

ဒေးလ် ရဲ့ ချပ်ဝတ်တန်ဆာတွေ အက်ကွဲကုန်ပေမဲ့.. ပြန်ရလိုက်တာကတော့ တိုင်းရန့် ရဲ့ အဆိပ်ဆူးချွန် ကို ရိုက်ချိုးလိုက်နိုင်တာပါပဲ..။ ဆန်နီ ကတော့ သူ့ရဲ့ ဘယ်ဘက်မျက်လုံးအပေါ်က နက်ရှိုင်းတဲ့ ဒဏ်ရာကနေ သွေးထွက်နေခဲ့ပေမဲ့.. တိုင်းရန့် ရဲ့ ပါးစပ်တစ်ခုကတော့ သွားတွေ တစ်ဝက်လောက် ပျောက်ဆုံးသွားခဲ့ပါပြီ..။

ဆန်နီဟာ..သတ္တဝါကြီးက သူ့ရဲ့ အလေးချိန် အကုန်လုံးကို အကာအကွယ် ဆီ ဝင်တိုက်လိုက်တဲ့ အခိုက်အတန့်လေးကို အသုံးချပြီး..အပြီးသတ် တိုက်ခိုက်ဖို့ နေရာယူလိုက်ပါတယ်..။ သူက ရှေ့ကို ခုန်တက်လိုက်ပြီး.. အရှိန်ရဖို့အတွက် ခန္ဓာကိုယ်ကို ပေါ့ပါးအောင် ပြုလုပ်လိုက်ကာ [နှစ်သိမ့်ခြင်း ပြစ်ဒဏ်] နဲ့ သတ္တဝါရဲ့ လည်ပင်း အောက်ခြေကို လှီးဖြတ်လိုက်ပါတယ်..။

ကျောက်စိမ်းဓားက တိုင်းရန့် ရဲ့ မာကျောတဲ့ အရေပြား၊ သံမဏိ ကြွက်သားတွေနဲ့ မကျိုးပဲ့နိုင်တဲ့ အရိုးတွေကို ဖြတ်တောက်သွားချိန်မှာ သဘောကျနေသလိုမျိုးပါပဲ..။ လည်ပင်းရဲ့ နောက်တစ်ဖက်ကနေ သွေးပန်းထွက်ကာ ပေါ်လာခဲ့ပြီး..သတ္တဝါရဲ့ ပါးစပ်သုံးခုထဲက ဒုတိယတစ်ခုက မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့ပါတယ်။

“နောက်တစ်ခု…”

ဒေးလ် က သူ့ဒိုင်းကာ ပေါ်ကို ​ပြင်းထန်တဲ့ ရိုက်ခတ်မှု တစ်ခု ခံလိုက်ရပြီး.. ညည်းညူသံနဲ့အတူ နောက်ကို လွင့်စင်သွားခဲ့တယ်..။ သူ့လက်တွေက အနည်းငယ် တုန်ယင်နေခဲ့ပါတယ်..။

“အကာအကွယ်က နောက်ထပ် အချိန်အကြာကြီး မခံတော့ဘူး..။ ငါတို့… မြန်မြန် လုပ်ရမယ်…”

ဆန်နီ ကတော့ သတိပေးဖို့ မလိုအပ်ခဲ့ပါဘူး..။ သူတို့ ပတ်လည်က အရိပ်တွေ ပြောင်းလဲနေတာကို သူ သတိထားမိပြီးသားပါ..။ တိုင်းရန့် က အတားအဆီးကို ဝင်တိုက်လိုက်တိုင်း တောက်ပနေတဲ့ စွမ်းအင်တွေက မှိန်ဖျော့လာနေခဲ့တယ်..။ အခုဆိုရင် ဒီအလင်းရောင် အများစုက ပျောက်ကွယ်သွားခဲ့ပါပြီ..။

ဒါပေမဲ့ သတ္တဝါကြီးကလည်း သူ့ရဲ့ လက်နက် အများစုကို ဆုံးရှုံးသွားခဲ့ရတယ်။

သူက သွေးတွေ အများကြီး ထွက်နေပြီး ဒဏ်ရာတွေနဲ့ ပြည့်နှက်နေကာ.. အရှိန်နှုန်းကလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့ပါတယ်..။ ဆန်နီ ကတော့ သတိမလျှော့ဖို့ သိထားပြီးသားပဲ..။ ဒီလို နောက်ဆုံးအချိန်တွေက အန္တရာယ် အများဆုံးပါပဲ..။ အောင်ပွဲ နီးကပ်လာတဲ့အခါ လူသား တိုက်ခိုက်သူတွေက ယုံကြည်မှု လွန်ကဲလာတတ်တာ​ ၊ ရန်သူတွေကလည်း တစ်ဖက်လူကို ဖျက်ဆီးပြီး အသက်ရှင်ဖို့ နောက်ဆုံးအကြိမ် အသည်းအသန် ကြိုးစားတတ်တာကြောင့်ပါပဲ...။

ဒါပေမဲ့… ဒါကို မြန်မြန် အဆုံးသတ်ရမှာပါ..။

‘အန္တရာယ် များတယ်…’

ဒီ အတွေးက သူ့စိတ်ထဲမှာ လျှပ်ခနဲ ဖြတ်ပြေးသွားပေမဲ့.. ဆန်နီ ကတော့ လှုပ်ရှားပြီးသား ဖြစ်နေပါပြီ..။သူက ရှေ့ကို တိုးလိုက်ပြီး.. သတ္တဝါရဲ့ အမြီးနဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းကာ… တိုင်းရန့် ကို အမြောက်ဆန်သလိုမျိုး ဝင်တိုက်လိုက်ပါတယ်..။

ဟန်ချက် ပျက်သွားတဲ့ သတ္တဝါကြီးက ယိုင်နဲ့သွားပြီး.. ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့အတူ ပြန်တိုက်ခိုက်လိုက်တယ်..။ ဆန်နီ က ခြေထောက်တွေကို ရှောင်တိမ်းနိုင်ခဲ့ပေမဲ့.. ပါးစပ်ကိုတော့ မရှောင်နိုင်ခဲ့ပါဘူး..။ သူက [နှစ်သိမ့်ခြင်း ပြစ်ဒဏ်] နဲ့ လှီးဖြတ်လိုက်ပြီး ကျောက်စိမ်းဓားရှေ့မှာ အသားတွေ ပြတ်ထွက်သွားတာကို ခံစားလိုက်ရတယ်..။

တစ်ချိန်တည်းမှာပဲ.. သတ္တဝါက ဒေးလ် အတွက်တော့ အကာအကွယ်မဲ့နေတဲ့ ပုံစံဖြစ်နေခဲ့ပါတယ်..။ သန်မာတဲ့ မာစတာ က ရှေ့ကို ခုန်တက်လိုက်ပြီး.. သူ့ရဲ့ လက်နက်ကတော့ အန္တရာယ်ရှိတဲ့ အနီရောင် အလင်းတန်းနဲ့ ရုတ်တရက် တောက်ပလာခဲ့တယ်..။ တိုင်းရန့် ရဲ့ နောက်ဆုံး ကျန်ရှိနေတဲ့ လည်ပင်း အောက်ခြေနဲ့ ထိမိတဲ့ အချိန်မှာပဲ.. လက်နက်ရဲ့ ခေါင်းပိုင်းက အလင်းတန်းတွေနဲ့ ပေါက်ကွဲထွက်သွားပြီး တစ်စုံတစ်ခုက တုန်ခါသွားခဲ့ပါတယ်..။

ဆန်နီ ဟာ သတ္တဝါရဲ့ လည်ပင်းက အနီရောင် အလင်းတန်းထဲမှာ အရည်ပျော်ကျသွားပြီး အပိုင်းပိုင်း ပြတ်ထွက်သွားတာကို မြင်လိုက်ရတယ်..။

ယင်းနောက်မှာတော့.. သူ ဘာကိုမှ မတွေးနိုင်တော့ပါဘူး..။

သေဆုံးခါနီးအချိန်မှာ.. တိုင်းရန့် က သူ့ရဲ့ ပခုံးကို ပါးစပ်နဲ့ ဖမ်းဆွဲပြီး ဆန်နီ ကို လေထဲကို ပစ်လွှတ်လိုက်နိုင်ခဲ့ပါတယ်..။ ပြင်းထန်တဲ့ နာကျင်မှုတွေကို ခံစားလိုက်ရပြီး.. သေခါနီး သတ္တဝါဆီကနေ နောက်ကို လွင့်စဉ်သွားတာကို သူ တွေ့လိုက်ရတယ်..။ သူ့ရဲ့ကျောက အားနည်းနေတဲ့ အတားအဆီးနဲ့ ထိမိသွားပြီး… ကွဲအက်သွားကာ [မာဗယ်ကြေးခွံ] က ထိခိုက်မှုကြောင့် မာကျောသွားခဲ့ပါတယ်..။

ဆန်နီ က တိုင်းရန့် ခန္ဓာကိုယ်ကြီးနဲ့

ဆယ်မီတာလောက် အကွာမှာ မြေပြင်ပေါ်ကို ကျဆင်းသွားခဲ့တယ်။သူ.. နောက်ထပ် အနည်းငယ် လူးလိမ့်သွားကာ ရေပြင်ရဲ့ အစွန်းမှာ ရပ်တန့်သွားခဲ့ပါတယ်..။ နာကျင်တဲ့ ညည်းညူသံက သူ့နှုတ်ခမ်းတွေဆီကနေ ထွက်ပေါ်လာခဲ့တယ်..။

‘ဒါက… နာတာပဲ…’

သူက ဖြည်းဖြည်းချင်း ထိုင်လိုက်ပြီး ပခုံးကို လှမ်းကြည့်လိုက်ပါတယ်..။ [ရုပ်သေးဆရာ ဝတ်ရုံတော်] ရဲ့ သားရေ အစွပ်က နေရာအတော်များများမှာ အပေါက်တွေ ဖြစ်နေပြီး.. သူ့အရေပြားပေါ်မှာလည်း နက်ရှိုင်းတဲ့ ခြစ်ရာတွေ ရှိနေခဲ့တယ်..။ တိုင်းရန့် ရဲ့ သွားတွေကတော့ နက်နက်ရှိုင်းရှိုင်း မစိုက်ဝင်သွားခဲ့ပါဘူး..။ ဒဏ်ရာတွေက အပေါ်ယံပဲ ရှိနေခဲ့ပါတယ်..။

သူက တုန်ရီစွာ အသက်ရှူသွင်းပြီး အပေါ်ကို မော့ကြည့်လိုက်တယ်..။ အပေါ်မှာတော့ ဝါးမြိုခြင်း တိမ်တိုက် က… ရည်ရွယ်ချက် မဲ့နေသလိုမျိုးပါပဲ..။ သားရဲအုပ်ကြီးတွေကို လမ်းပြပေးတဲ့ ရည်ရွယ်ချက်တွေ မရှိတော့တာကြောင့်.. သူတို့တွေက မြို့ရဲ့ ခုခံကာကွယ်မှုတွေ အောက်မှာ ဖြည်းဖြည်းချင်း ပျက်စီးသွားခဲ့ကြတယ်။

သူတော်စင် နဲ့ မာစတာ ဂျက် တို့ကလည်း သူတို့ရဲ့ တိုင်းရန့် ကို အဆုံးသတ်ပေးခဲ့လောက်ပါပြီ။

ဆန်နီ ဟာ ဒဏ်ရာတွေ ရနေပေမဲ့ အသက်ရှင်လျက် ရှိနေတဲ့ ဒေးလ် ကို လှမ်းကြည့်လိုက်တယ်..။

‘ကျုပ်တို့… နိုင်သွားပြီ..’

ဘယ်လိုပဲ ​ဖြစ်ဖြစ် သူက ဝမ်းသာမှုနဲ့ စိတ်သက်သာရာရမှုကို ခံစားနေရသင့်ပါတယ်။တိုက်ပွဲက မပြီးဆုံးသေးပေမဲ့.. အထူးတပ်ဖွဲ့ကတော့ သူတို့ရဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါပြီ..။ ဒီနေ့မှာတော့ ပထမ တပ်မတော်က အောင်ပွဲခံရတော့မှာပါ..။

သို့ပေမဲ့ ဆန်နီ က စိတ်သက်သာရာ ရတယ်လို့

မခံစားရပါဘူး..။

အဲဒီအစား သူက… အေးစက်သွားသလိုသာ ခံစားလိုက်ရတယ်..။ဒါက အရမ်းကို ကျော်ချမ်းဖွယ်ကောင်းနေခဲ့တာပါ..။

ပြီးတော့ ကြောက်ရွံ့သွားခဲ့တယ်..။

‘ဒီခံစားချက်က ဘာကြီးလဲ…’

ဆန်နီဟာ..စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတဲ့ ခံစားချက်ကို တိုက်ခိုက်ရင်း..အနက်ရောင် လှိုင်းလုံးတွေဆီကို လှည့်ကြည့်လိုက်တယ်..။.. သူ့လက်ကတော့ [နှစ်သိမ့်ခြင်း ပြစ်ဒဏ်] ရဲ့ လက်ကိုင်ဆီကို ဆန့်ထုတ်လိုက်ပါတယ်..။

သူ ဒီလို လုပ်လိုက်တဲ့ အချိန်မှာပဲ.. ရေပြင်က နှစ်ခြမ်း ကွဲသွားပြီး.. တစ်စုံတစ်ခုက… တစ်စုံတစ်ယောက်က… ရေအောက်ကနေ ပေါ်ထွက်လာခဲ့တယ်။

ဆန်နီ က တောင့်တင်းသွားပြီး မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်နေခဲ့တယ်..။ သူ့မျက်နှာကတော့ အတော်လေးကို ဖြူဖျော့သွားခဲ့တာပါ..။

အဲ့နေရာမှာတော့ ချပ်ဝတ်တန်ဆာတွေကနေ ရေတွေ စီးကျနေတဲ့ လူတစ်ယောက်က သမုဒ္ဒရာထဲကနေ လမ်းလျှောက် ထွက်လာခဲ့တယ်..။ဒီလူက အရပ်ရှည်ပြီး သန်မာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်..။ သူ့ဆံပင်တွေက အနက်ရောင် ဖြစ်ပြီး.. သူ့ရဲ့ သွေးမရှိတဲ့ မျက်နှာက ဖြူဖျော့နေကာ သူ့ရဲ့ မျက်လုံးတွေက စိတ်ခံစားမှု ကင်းမဲ့နေခဲ့တယ်..။

တစ်ခုခုက ကွဲပြားနေခဲ့တယ်..။ ကြီးမား ၊ ထူးဆန်းပြီး၊ ကြောက်မက်ဖွယ် ကောင်းတဲ့ တစ်စုံတစ်ခု..။

ဒီလူက ရေထဲကနေ ဖြည်းဖြည်းချင်း ပေါ်ထွက်လာပြီး ဆန်နီ ဆီကို ခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ လှမ်းလာခဲ့ပါတယ်။သူက ဟောလိုး တစ္ဆေ

လိုမျိုး ကြီးမားစွာ တည်ရှိနေခဲ့တယ်..။ သူ့ရဲ့ မှန်လို ကြည်လင်နေတဲ့ မျက်လုံးတွေက အောက်ကို ရောက်နေခဲ့ပါတယ်..။

ဆန်နီ ရဲ့ လက်တွေ တုန်ယင်သွားခဲ့ပါပြီ..။

သူက အံ့ဩတကြီးနဲ့ နောက်ကို ပြန်ဆုတ်ဖို့ ကြိုးစားရင်း တုန်ရီနေတဲ့ အသံနဲ့ တီးတိုးရေရွတ်လိုက်မိတယ်..။

“…ဗ..ဗန် လား..…”

အပိုင်း ( ၁၀၁၀ ) ပြီး၏။

All Chapters