အခန်း ၁၀၁၂
Vol. 68 Ch. 1012
အခန်း ( ၁၀၁၂ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၃၀ )
မြို့ရဲ့ တောင်ဘက်မှာတော့ ပထမ တပ်မတော် အင်အားစု အများစုက ဝါးမြိုခြင်း တိမ်တိုက် ကို တိုက်ခိုက်နေကြပါတယ်။ ဦးတည်ချက် မရှိတော့ပေမဲ့လည်း စားသောက်ချင်စိတ် ပြင်းပြနေတဲ့ ဒီ အုပ်စုက ဖယ်လ်ကွန် စကော့တ် အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေဆဲပါပဲ..။ ကောင်းကင်ယံကတော့ မီးတောက်တွေ၊ ပေါက်ကွဲသံတွေနဲ့ ပြည့်နှက်နေပြီး အရေအတွက် မရေမတွက်နိုင်တဲ့ သားရဲတွေကလည်း ခံတပ်ရဲ့ ခံစစ်တွေဆီကို ထိုးစစ်ဆင်ရင်း မီးအိုင်ထဲမှာ အရည်ပျော်ကျကုန်ကြပါတယ်..။
ပိုဝေးတဲ့ တောင်ဘက်ပိုင်း မှာတော့
ကောင်းကင် ဒီရေ က ဆည်းဆာချိန်သားရဲ၊ ပျက်ပြားခြင်းအဆင့် တိုက်တန် နဲ့ ထိတ်လန့်စရာ တိုက်ပွဲကို ပြန်ပြီး တိုက်ခိုက်နေခဲ့ပါတယ်..။
သို့ပေမဲ့လည်း အနက်ရောင် သမုဒ္ဒရာ ကမ်းစပ်မှာတော့ ခြိမ်းခြောက်မှု အသစ်တစ်ခု ပေါ်လာခဲ့တယ်..။ အဲဒါက ဝါးမြိုခြင်း တိမ်တိုက် ထက် မလျော့တဲ့ အန္တရာယ် တစ်ခုပါပဲ..။
အဆိုးဆုံးကတော့ မာစတာ နှစ်ယောက်နဲ့ စစ်သား အနည်းငယ်လောက်ပဲ ဒီအန္တရာယ်ကို သတိထားမိပုံ ပေါ်နေတာပါ..။
…ဒါမှမဟုတ် ဆန်နီ ကတော့ ဒီလိုပဲ ထင်ပါတယ်။
အလောင်းကောင်တွေက အစုလိုက် အပြုံလိုက် ရှေ့ကို တိုးလာတဲ့ အချိန်မှာပဲ ဆိပ်ကမ်း ခံတပ်က စတင် အသက်ဝင်လာခဲ့ပါတယ်..။ အမြောက်စင်တွေက ပြောင်းတွေကို လှည့်ပြီး တယ်ရာ ရဲ့ အရုပ်တွေကို ကျည်ဆန်တွေနဲ့ ထိုးစစ်ဆင် ပစ်ခတ်လိုက်ကြတယ်..။ တောက်ပတဲ့ အလင်းတန်းတွေက ကမ်းခြေကို လင်းထိန်သွားစေပြီး ရထားလမ်း အမြောက်တွေကလည်း ဟိန်းထွက်လာကာ ရန်သူအုပ်ကြီးကြားထဲကို လမ်းကြောင်းတွေ ဖောက်သွားခဲ့ပါတယ်..။ မြှားတွေနဲ့ မှော်စွမ်းအား လက်နက်တွေကလည်း မိုးရေတွေလို ကျရောက်လာခဲ့ကြတယ်။
လူသားကျေးကျွန်အုပ်ကြီးက ရုတ်တရက် တိုက်ခိုက်ခံရမူကြောင့် ချက်ချင်း မပျက်စီးသွားပေမဲ့ ခနလောက်တော့ နှေးကွေးသွားခဲ့ကြပါတယ်..။
‘နောက်ဆုံးတော့...ကံကောင်းသွားတယ်…’
ဆန်နီ က ရန်သူအုပ်ကြီး ထဲကို ခုန်ဝင်ဖို့ ပြင်လိုက်ပေမဲ့ ဒေးလ် က သူ့ကို ရုတ်တရက် လှမ်းဆွဲထားလိုက်တယ်..။
“သောက်ကျိုးနဲ ..ခင်ဗျား… ဘာလုပ်တာလဲ…”
မာစတာ က သူ့ကို တည်ငြိမ်စွာ ကြည့်ပြီး ခေါင်းခါပြလိုက်ပါတယ်..။
“ဒီမှာ အချိန်ဖြုန်းနေလို့ မရဘူး။ အဓိက ရန်သူက တယ်ရာ ပဲ.. သူ့ရဲ့ အရုပ်တွေ မဟုတ်ဘူး။မင်း သွားသင့်တယ်…ဘလက်ဝေ့ ဒါမှမဟုတ် ညအိမ်တော် က တစ်ယောက်ယောက်ကို ရှာလိုက်။ သူတို့က ဒီ သတ္တဝါကို ရှာပြီး မဖျက်ဆီးနိုင်ရင် နောက်ကျသွားလိမ့်မယ်..”
ဆန်နီ မျက်တောင် ခတ်လိုက်မိတယ်..။
“ခင်ဗျားကရော…”
ဒေးလ် က ရှေ့ကို တိုးလာတဲ့ ရန်သူတွေကို လှည့်ကြည့်ပြီး ပခုံးတွန့်လိုက်ပါတယ်..။
“ငါက ဒီမှာပဲ နေပြီးတော့ သူတို့ ခံတပ်ကို မကျော်နိုင်အောင် တားဆီးထားလိုက်မယ်..”
စကားတွေ အများကြီး မပြောခဲ့ပေမဲ့ သူတို့ နှစ်ယောက်စလုံး အဓိပ္ပါယ်ကို နားလည်သွားခဲ့ကြပါတယ်..။ ဒေးလ် က နေရာမှာပဲ ခုခံရတာ ကျွမ်းကျင်ပြီး ဆန်နီ ကတော့ လျင်မြန်တဲ့သူ ဖြစ်တာမို့ သူတို့ရဲ့ အခန်းကဏ္ဍတွေကို ဒီအတိုင်းပဲ ခွဲခြားသတ်မှတ်လိုက်ကြတာပါ..။ ဆွေးနွေးစရာလည်း မလိုတော့ပါဘူး..။
ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားတဲ့ မာစတာ က ဒိုင်းကာ နဲ့ အမြောက်ကို မြှောက်ကာ တစ်လှမ်းချင်း ရှေ့တိုးသွားခဲ့တယ်..။
“သွားတော့ ဆန်းလပ်စ်။ မနှောင့်နှေးစေနဲ့..”
ဆန်နီ ပါးစပ် ဟလိုက်ပေမဲ့ ဘာမှ မပြောဘဲ ပြန်ပိတ်လိုက်တယ်..။ ကျည်ဆန်မိုးတွေကြားထဲမှာ ဘာကိုမှ ဂရုမစိုက်ဘဲ လမ်းလျှောက်နေတဲ့ ဗန် ရဲ့ ပုံရိပ်ကို နောက်ဆုံး တစ်ချက် ကြည့်လိုက်ပြီးနောက်မှာတော့ သူက အံကြိတ်ကာ အရိပ်ထဲကို ခုန်ဝင်သွားခဲ့ပါတော့တယ်..။
သူ့နောက်မှာတော့ သားရဲတွေထဲက ပထမဆုံး တစ်ကောင်က လရောင်ကို ရောင်ပြန်ဟပ်နေတဲ့ မျက်လုံးတွေနဲ့ ဒေးလ် ဆီကို ခုန်ဝင်လာခဲ့ပါပြီ..။
‘ချီးပဲ… ချီးပဲ…’
အရိပ်ထဲမှာ လျင်မြန်စွာ ရွေ့လျားရင်း သူက ဆိပ်ကမ်း ခံတပ်ရဲ့ တံတိုင်းဆီကို ရောက်လာပြီး အရိပ်တွေထဲကနေ ပြန်ထွက်လာခဲ့တယ်..။ ဒီနေရာမှာတော့ စစ်သားတွေနဲ့ နိုးထသူတွေက ရန်သူတွေဆီကို ကျည်ဆန်တွေ၊ မြှားတွေ၊ မှော်ပညာတွေနဲ့ အသည်းအသန် ပစ်ခတ်နေကြတာပါ..။
တံတိုင်းရဲ့ တစ်ဖက်ခြမ်းမှာတော့ ဆန်နီ က သင်္ဘောတွေပေါ် တက်ဖို့ ထိတ်လန့်စွာ စောင့်နေတဲ့ ဒုက္ခသည် အုပ်စုကို မြင်လိုက်ရတယ်..။ သူတို့က တိုက်ပွဲ အလယ်မှာ ပိတ်မိနေခဲ့တာပါ..။သူက ဒီမြင်ကွင်းကို ဂရုမစိုက်ပဲ တံတိုင်းပေါ်ကနေ ခံတပ် ရဲ့ အဓိက နေရာဆီကို ပြေးသွားခဲ့လိုက်တယ်..။ သူ ရှာနေတာကို မတွေ့ရင်တော့ သင်္ဘောတွေ ရှိတဲ့ ဆိပ်ကမ်းဆီကို ဆက်သွားဖို့ စိတ်ကူးထားတာပါ..။ ဆန်နီ ပြေးရင်းနဲ့ ညအိမ်တော် က လူတွေ ရှိမလားလို့ လိုက်ကြည့်လိုက်ပါတယ်..။
သူ မျှော်လင့်ထားတာထက် ပိုမြန်မြန်ပဲ ကံကောင်းသွားခဲ့တယ်..။
ခံတပ် တံတိုင်းပေါ်မှာတော့ ကင်းစခန်းတွေ ရှိနေခဲ့ပြီး သူက အဲဒီထဲက တစ်ခုကို ဖြတ်သွားတဲ့ အချိန်မှာပဲ ရင်းနှီးနေတဲ့သူ တစ်ယောက်ကို မြင်လိုက်ရပါတယ်..။ အရပ်ရှည်ရှည်၊ ရုပ်ရည် ချောမောပြီး မင်ပြာရောင်လို ဖြစ်နေတဲ့ ဆံပင်တွေနဲ့…
“နေဗီ…”
ဆန်နီ က ညအိမ်တော် အဖွဲ့ဝင် ဆီကို ပြေးသွားလိုက်တယ်..။ သူက လက်နက်ကြီးကို ကြည့်နေရင်း အံ့အားသင့်စွာနဲ့ မော့ကြည့်လာခဲ့ပါတယ်..။
“ဆန်းလပ်စ်လား… မင်း ဒီကို…”
ဆန်နီ လက်ကာပြလိုက်ပြီး သူ့စကားကို ဖြတ်ပြောလိုက်တယ်..။
“ပြောရရင် ရှည်တယ်..။ ခင်ဗျား ကျိန်စာကနေ လွတ်ပြီလား..။ ဒီ သတ္တဝါတွေကို မြင်လား..”
သူ တစ်ခုခု သတိပြုမိသွားပြီး ပတ်ဝန်းကျင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပါတယ်။
“တကယ်တော့…စိတ်မရှိပါနဲ့။ ခင်ဗျားတို့ အားလုံးက သူတို့ကို ဘယ်လိုလုပ် မြင်နိုင်တာလဲ..”
နေဗီ က ခနလောက် စဉ်းစားလိုက်တယ်..။
“ငါတို့လို ညအိမ်တော် သားတွေက လမ်းညွှန်မှုတွေနဲ့ ထိုးထွင်းသိမြင်မှုတွေမှာ စွမ်းရည် ပိုမြင့်တယ်..။ သမုဒ္ဒရာ နဲ့ သူ့ရဲ့ နက်ရှိုင်းမှုတွေကလည်း အဲဒီလိုပဲလေ။ ဒါကြောင့် ငါတို့ အများစုက ဒီ ကျိန်စာကို မြင်နိုင်တာပေါ့..။ ကျန်တဲ့ စစ်သည်တွေကတော့ ဘာမှ မမြင်ရဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က ပစ်မှတ်ကို ညွှန်ပြပေးရင်တော့ သူတို့က မြင်စရာ မလိုဘူးလေ။ ဒီလိုပဲ ငါတို့ ပြတဲ့ နေရာကို ပစ်ခတ်နေကြတာပါ..”
ဆန်နီ က ရိုးရှင်းတဲ့ ဖြေရှင်းနည်းလေးကို သဘောကျသွားပြီး ခနလောက် ရပ်တန့်သွားပါတယ်..။ ပြီးတော့ သူ့မျက်နှာက ပြန်ပြီး နက်မှောင်သွားခဲ့တယ်..။
စခန်းအပြင်က တံတိုင်းပေါ်မှာတော့ စစ်သား တစ်ယောက်က ရုတ်တရက် ရိုင်ဖယ်ကို ချလိုက်ပြီး ခနလောက် ငြိမ်သက်ကာ တံတိုင်းပေါ်ကနေ ရေအေးထဲကို ခုန်ချသွားခဲ့ပါတယ်..။ဒါကို ဘယ်သူမှလည်း သူ့ကို သတိမပြုမိကြပါဘူး..။
“ဘလက်ဝေ့ ဘယ်မှာလဲ…”
နေဗီ က မြောက်ဘက် ဆိပ်ကမ်း ဆီကို လက်ညှိုးထိုးပြလိုက်တယ်..။
“သင်္ဘောတွေကို ကာကွယ်နေတယ်။ ဘာလို့လဲ..”
ဆန်နီ က အရေးတကြီးနဲ့ ပြန်ပြောလိုက်ပါတယ်..။
“ဒီ ကျိန်စာရဲ့ အရင်းအမြစ်ကို မဖျက်ဆီးရင်တော့ ဒီ တိုက်ပွဲကို နိုင်မှာ မဟုတ်ဘူး။ LO49 ရဲ့ တယ်ရာ ကို ကျုပ်တို့ ရှာပြီး သတ်မှ ဖြစ်မယ်..။ ဒီအတိုင်း ခုခံနေရင်တော့ ဒီကောင်က သူ့ရဲ့ အစွမ်းတွေကို မြို့တစ်မြို့လုံး ပျံ့နှံ့အောင် လုပ်ပြီး လူတွေကို အသေခံခိုင်းကာ သူ့တပ်ဖွဲ့ကို တိုးချဲ့နေမှာပဲ..။ ညအိမ်တော် နဲ့ ခင်ဗျားတို့ရဲ့ သူတော်စင် ကပဲ အကောင်းဆုံး အဖြေ ဖြစ်လိမ့်မယ်..”
ညအိမ်တော် အဖွဲ့ဝင် က သူ့ကို ခနလောက် စိုက်ကြည့်နေခဲ့တယ်..။ သူ့ရဲ့ ပင်ပန်းနေတဲ့ မျက်နှာက နည်းနည်းလေး ဖြူဖျော့သွားခဲ့ပါတယ်..။
“မင်းက ငါတို့ကို သင်္ဘောတွေကို စွန့်ခွာပြီး သမုဒ္ဒရာထဲကို ခုန်ဆင်းပြီး တယ်ရာ နဲ့ သွားတိုက်ခိုက် ခိုင်းချင်တာလား..”
ဆန်နီ က ခေါင်းညိတ်လိုက်တယ်..။
“ဟုတ်တယ်..။ ပြီးတော့ ကျုပ်လည်း ခင်ဗျားတို့နဲ့အတူ လိုက်ခဲ့မှာပါ..”
နေဗီ က ခနလောက် တွန့်ဆုတ်နေပြီးမှ သက်ပြင်းချလိုက်တယ်..။
“ကောင်းပြီလေ… လိုက်ခဲ့။ ငါ့ဦးလေး ဆီကို ခေါ်သွားပေးမယ်..”
ဆန်နီ အံ့သြသွားခဲ့တယ်..။
“ခနလေး… ဒါပဲလား။ ကျုပ်က.. ခင်ဗျားကို အများကြီး ပြောယူရမယ် ထင်နေတာ..”
ညအိမ်တော် အဖွဲ့ဝင် က သူ့ကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။
“မင်း ဒီ တိုက်ပွဲကို နိုင်မှာ မဟုတ်ဘူး လို့ ပြောလိုက်တဲ့ အချိန်ကတည်းက ငါက သဘောတူပြီးသားပါ။ အဲဒီ တယ်ရာ က ထိပ်တန်း ပစ်မှတ် တစ်ခုပဲလေ။ ဒါကြောင့်… လာခဲ့။ အဲဒီ ကောင်ကို အမဲလိုက်ကြတာပေါ့…”
အပိုင်း ( ၁၀၁၂ ) ပြီး၏။