← Chapters

အခန်း ၁၀၁၃

Vol. 68 Ch. 1013

အခန်း ၁၀၁၃

Vol. 68 Ch. 1013

အခန်း ( ၁၀၁၃ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၃၁ )

နေဗီ နဲ့ ဆန်နီ တို့ ဆိပ်ကမ်း ခံတပ်ရဲ့ တံတိုင်းကို ဖြတ်ကျော်ပြီး သွားနေကြတဲ့ အချိန်မှာတော့ သူတို့နောက်က တိုက်ပွဲသံတွေက ပိုပြီး ကျယ်လောင်လာခဲ့ပါတယ်..။ အော်ဟစ်သံတွေက

ညဘက် ကောင်းကင်ယံထဲ ပျံ့လွင့်သွားခဲ့ပြီး သူတို့ခြေထောက်အောက်က တံတိုင်းတွေကလည်း တုန်ခါနေခဲ့တယ်..။သူတို့က ဒါတွေအားလုံးကို လျစ်လျူရှုပြီး ရှေ့ကိုပဲ အပြင်းနှင်နေခဲ့ကြပါတယ်..။

သူတို့ ပြေးနေရင်းနဲ့ နေဗီ က လှမ်းအော်လိုက်တယ်..။

“မင်းက ရေထဲမှာရော တိုက်ခိုက်ဖူးရဲ့လား…”

ဆန်နီ က သူ့ကို လေးနက်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး.. မေ့ပျောက်ကုန်းမြေ က မှောင်မိုက်တဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းခဲ့ရတဲ့ ထိတ်လန့်စရာ ခရီးစဉ်ကို ပြန်သတိရမိသွားခဲ့ပါတယ်..။အဆုံးအထိ မရှင်သန်ပဲ ..သေဆုံးသွားခဲ့တဲ့ နတ်မိစ္ဆာတွေရဲ့ အရိုးတွေနဲ့ နစ်ဖီ တည်ဆောက်ထားတဲ့ လှေလေးတစ်စင်းပါ..။

“တစ်ခါပဲ…”

ညအိမ်တော် အဖွဲ့ဝင် က စိုးရိမ်တကြီးနဲ့ ရယ်မောလိုက်တယ်..။

“ဘယ်လို ဖြစ်သွားလဲ…”

ဆန်နီ အံကြိတ်လိုက်တယ်..။

“ကျုပ် အခုထိ အသက်ရှင်နေသေးတာပဲ မဟုတ်လား…”

ဘာပဲ ဖြစ်ဖြစ် ရွေးချယ်စရာ အများကြီး မရှိပါဘူး..။ နေဗီ က ခံတပ်ထဲမှာ ရှိနေတဲ့ ညအိမ်တော် ရဲ့ တစ်ဦးတည်းသော တက်ရောက်သူ ဖြစ်ပုံရပြီး ကျန်တဲ့သူတွေကတော့ ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်နေတဲ့ စစ်သင်္ဘောတွေကို ကာကွယ်ပေးနေကြတာပါ..။ ဘလက်ဝေ့ အနေနဲ့ ရနိုင်သမျှ အကူအညီ အားလုံးကို လိုအပ်နေမှာ ဖြစ်တာမို့ ဆန်နီ ကလည်း အဲဒီ ထိတ်လန့်စရာ တယ်ရာ ကို အမဲလိုက်တဲ့နေရာမှာ ပူးပေါင်းရပါလိမ့်မယ်..။

ဒါ့အပြင် သူကိုယ်တိုင်လည်း သွားချင်နေခဲ့တာပါ..။ ဒီ စက်ဆုပ်ဖွယ် သတ္တဝါက သေသင့်နေပြီဖြစ်ပြီး အထူးသဖြင့် သူ့လက်ထဲမှာ သေသင့်ပါတယ်..။

‘ဒါပေမဲ့ လွယ်မှာတော့ မဟုတ်ဘူး…’

ဆန်နီ ဆီမှာ ရေအောက်မှာ အသုံးဝင်မယ့် မှတ်သားမူ အနည်းငယ် ရှိပေမဲ့ သမုဒ္ဒရာ ရေနက်ပိုင်းမှာ တိုက်ခိုက်ရတဲ့ အတွေ့အကြုံတော့ မရှိသေးပါဘူး..။ ပိုဆိုးတာက [အရိပ်ခြေလှမ်း] နဲ့ [အရိပ်သရုပ်ဖော်ခြင်း] က ရေထဲမှာ ဘာမှ သုံးစားလို့ ရမှာ မဟုတ်ပေ.။ အရိပ်တစ်ခု တည်ရှိဖို့က ခိုင်မာတဲ့ မျက်နှာပြင်တစ်ခု လိုအပ်တာ ဖြစ်ပြီး သူ သွားမယ့်နေရာမှာတော့ အဲဒါမျိုး ရှာဖို့ ခက်ခဲလွန်းပါတယ်..။

တကယ်တော့ ဆန်နီ ဟာ သူ့ရဲ့ စွမ်းရည်တွေက ရေအောက်မှာ ဘယ်လို အလုပ်လုပ်မလဲဆိုတာ သေချာ မသိပါဘူး..။ ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်ရတာက LO49 က

တယ်ရာ အကြောင်းနဲ့ သူ ဘာတွေ လုပ်နိုင်လဲဆိုတာကို အများကြီး မသိရတာပဲ ဖြစ်ပါတယ်..။

ဒီသားရဲက စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေနဲ့ လှည့်စားမှုတွေကိုပဲ အားကိုးနေတာကြောင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အား အားနည်းတာ ဖြစ်နိုင်ပေမဲ့ ပျက်ပြားခြင်းအဆင့် သတ္တဝါ တစ်ကောင်အတွက်တော့ ဒါက ခန့်မှန်းချက်တစ်ခုသာ ဖြစ်ပါလိမ့်မယ်..။

တကယ်တော့ သူက ဒီ တယ်ရာ က ပျက်ပြားခြင်းအဆင့် ဟုတ်မဟုတ်တောင် သေချာ မသိပါဘူး..။

‘ငါ ဒီမှာ ဘာလုပ်နေတာလဲ..’

[နှစ်သိမ့်ခြင်း ပြစ်ဒဏ်] က ရယ်မောလိုက်တာကြောင့် ဆန်နီ မျက်နှာ ပျက်သွားခဲ့တယ်..။

ဒါက အရေးမကြီးပေ..။ သူက ရင်နာစရာကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ခေတ္တ ဖယ်ထားရင်တောင် မြို့ကို ကာကွယ်ဖို့အတွက် ဒီ သတ္တဝါကို ဖျက်ဆီးပစ်ရမှာပါပဲ..။

“ဒါပေမဲ့ ဒီမြို့ကို ကာကွယ်ဖို့အတွက်နဲ့ မင်းက ဘာလို့ မင်းအသက်ကို စွန့်စားနေရတာလဲ..။ အလင်းမှ ပျောက်ဆုံးသူ.. ဒါက မင်းရဲ့ ပုံစံမဟုတ်ပါဘူး…”

ဆန်နီ ဘယ်လို ပြန်ဖြေရမလဲ မသိပေမဲ့ ဓားရဲ့ အသံကြောင့် လက်ရှိ လုပ်ဆောင်ရမယ့် အလုပ်ကနေ အာရုံမပျံ့လွင့်စေဖို့ တောင့်ခံလိုက်တယ်..။ သူတို့က ဆိပ်ကမ်း တံတားပေါ်ကို ရောက်နေပြီ ဖြစ်ပြီး အဆုံးဆီကို လျင်မြန်စွာ ရွေ့လျားသွားခဲ့ကြတယ်..။ အနည်းငယ် ဝေးကွာတဲ့ နေရာမှာတော့ ကြီးမားလှတဲ့ စစ်သင်္ဘောကြီး နှစ်စင်းက အနက်ရောင် လှိုင်းလုံးတွေပေါ်မှာ ရှိနေခဲ့ပါတယ်..။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပေမဲ့ ထူးခြားတဲ့ သူတော်စင် ရဲ့ ပုံရိပ်ကို ဘယ်မှာမှ မတွေ့ရပါဘူး..။

“ဘလက်ဝေ့ ဘယ်မှာလဲ.. သူ သင်္ဘောတစ်စင်းပေါ်မှာ ရှိနေတာလား..”

နေဗီ က သူ့ရဲ့ အပြာရောင် ဝတ်ရုံကို ချွတ်ရင်း စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပါတယ်..။ သူ့ဝတ်ရုံအောက်မှာတော့ အနက်ရောင် ရေငုပ်ဝတ်စုံ ရှိနေပြီး..အကာအကွယ် မှတ်သားမူ တစ်ခုက အလင်းစက်တွေကနေ ဖြစ်တည်​ကာ သူ့ကိုယ်ပေါ်မှာ ဖွဲ့စည်းနေခဲ့ပါပြီ..။

“မင်းက ဘာကို ပြောချင်တာလဲ.. ဒါပေါ့ သူက ရေထဲမှာ ရှိနေတာပေါ့.. သင်္ဘောတွေရဲ့ အောက်မှာ..”

ဆန်နီ မျက်တောင်ခတ်လိုက်မိတယ်..။

“အိုး… ဒါပေါ့…”

သူ ခနလောက် တွန့်ဆုတ်နေပြီးမှ [ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်] ကို ဖျောက်လိုက်တယ်..။ အတွင်းခံ ဘောင်းဘီကလွဲလို့ ဘာမှ မရှိတော့တာကြောင့် ဆန်နီ က အေးစက်တဲ့ လေထုထဲမှာ တုန်ရီသွားခဲ့ရပါတယ်..။ သူ့ရဲ့ ဖြူဖျော့တဲ့ အရေပြားက သူ့ခန္ဓာကိုယ်ကို ပတ်ထားတဲ့ အရိပ်ကြောင့် အနက်ရောင် ဖြစ်နေပြီး သူ့ရဲ့ သန်မာတဲ့ ကြွက်သားတွေကလည်း ပြောင်လက်နေတဲ့ ကျောက်မီးသွေးတုံးတွေလို ဖြစ်နေခဲ့တာပါ..။ သူ သက်ပြင်းချလိုက်ပြီးမှ မှတ်သားမူ သုံးခုကို ဆင့်ခေါ်လိုက်တယ်..။

ပထမဆုံးအနေနဲ့ လှပပြီး ကြီးမားတဲ့ အဖြူရောင် ပုလဲတစ်လုံးက သူ့လက်ထဲမှာ ပေါ်လာခဲ့ပါတယ်..။ ဆန်နီ ခနလောက် ငြိမ်နေပြီးမှ ပါးစပ် မပိတ်ခင် ပုလဲကို သူ့လျှာပေါ်မှာ တင်လိုက်တယ်..။ ဒီ [အသက်ဓာတ် ပုလဲ ] က သူ့ကို ရေအောက်မှာ အသက်ရှူနိုင်စေပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်စေမှာ ဖြစ်ပါတယ်..။

ယင်းနောက် သတ္တုကွင်းထဲမှာ ထည့်ထားတဲ့ အေးစက်တဲ့ အပြာရောင် သလင်းကျောက် အပိုင်းအစလေး တစ်ခု ပေါ်လာခဲ့ပြီး အနက်ရောင် ကြိုးလေးနဲ့ သူ့လည်ပင်းမှာ ဆွဲထားလိုက်တယ်..။ ဒါကတော့ [ရေခဲ မှတ်သားမူ ] ပဲ ဖြစ်ပါတယ်..။ အဆောင်လက်ဖွဲ့ နှစ်ခုကို တစ်ပြိုင်နက် သုံးတာက ဝိဥာဥ် အဆီအနှစ်ကို ပိုပြီး မြန်မြန် ကုန်ဆုံးစေမှာ ဖြစ်ပေမဲ့ ဆန်နီ အနေနဲ့ ဆောင်းရာသီ သမုဒ္ဒရာရဲ့ သေစေနိုင်တဲ့ အအေးဒဏ်ကနေ သူ့ကိုယ်သူ ကာကွယ်ရမှာ ဖြစ်ပါတယ်..။ [မာဗယ် ကြေးခွံ ] ရဲ့ စွမ်းရည်အရ တစ်ကြိမ်မှာ တစ်ခုပဲ တိုးမြှင့်လို့ ရတာကြောင့် သူက အပြာရောင် သလင်းကျောက်ကိုပဲ ရွေးချယ်လိုက်တာပါ။

နောက်ဆုံးအနေနဲ့ ပိုက်ကွန်နဲ့ လုပ်ထားတဲ့ သိုင်းကြိုးတစ်ခုက သူ့ရဲ့ ရင်ဘတ်မှာ ပတ်လျက်သား ပေါ်လာခဲ့တယ်..။ ဒါကတော့ [လျင်မြန်သော ဖမ်းဆီးသူ ] ပဲ ဖြစ်ပါတယ်..။

ဒါတွေနဲ့တင် ဆန်နီ က ရေထဲကို ခုန်ချဖို့ အသင့်ဖြစ်နေပါပြီ..။ အနည်းဆုံးတော့ ရုပ်ပိုင်းဆိုင်ရာအရပေါ့..။သူ့ရဲ့ တစ်ခုတည်းသော ပြဿနာကတော့ ကူးခတ်ဖို့ လက်နှစ်ဖက်စလုံး လိုအပ်တာ ဖြစ်ပေမဲ့.. [နှစ်သိမ့်ခြင်း ပြစ်ဒဏ်] ကို [လျှင်မြန်သော ဖမ်းဆီးသူ ] မှာ ချည်နှောင်လိုက်တာကြောင့် ဒီ ပြဿနာက အလွယ်တကူ ပြေလည်သွားခဲ့ပါတယ်..။ ဒီကြိုးသိုင်းက အဲ့နေရာမှာ တော်တော်လေး အသုံးဝင်နေခဲ့တာပါ..။

ကျောက်စိမ်းဓားမြှောင်ကို သူ့ကျောမှာ လုံခြုံစွာ ချိတ်ဆွဲထားပြီးနောက်မှာတော့ ဆန်နီ က ဆိပ်ကမ်း တံတားရဲ့ အစွန်းဆုံးကို လျှောက်သွားပြီး နေဗီ ကို လှမ်းကြည့်လိုက်တယ်..။ ညအိမ်တော် အဖွဲ့ဝင် ကတော့ အနက်ရောင် ရေမှော်ပင်တွေ...ကမာခွံတွေနဲ့ လုပ်ထားပုံရတဲ့ ပေါ့ပါးတဲ့ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီးသား ဖြစ်နေခဲ့ပါပြီ..။

နေဗီ ရဲ့ မျက်နှာပေါ်မှာ ဖျော့တော့တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။

“အသင့်ပဲလား…”

ဆန်နီ က သူတို့အောက်က လှုပ်ခတ်နေတဲ့ အနက်ရောင် လှိုင်းလုံးတွေကို စိုက်ကြည့်ပြီး ခေါင်းခါပြလိုက်တယ်..။ ပြီးတော့မှ သူ ခုန်ချလိုက်ပါတော့တယ်..။

နောက်တစ်စက္ကန့်မှာပဲ သမုဒ္ဒရာက သူ့ကို အေးစက်တဲ့ ပွေ့ဖက်ခြင်းနဲ့ ဖမ်းဆွဲလိုက်ပါတယ်..။ ဆန်နီ ခနလောက် ထိတ်လန့်သွားပြီး မကောင်းတဲ့ အတိတ်က အမှတ်တရတွေက စိတ်ထဲမှာ ချက်ချင်း ပေါ်လာခဲ့ပေမဲ့..ရေတွေ ဝန်းရံထားတဲ့ ကြားကပဲ ပုံမှန်အတိုင်း အသက်ရှူနိုင်မှန်း သိလိုက်ရတာကြောင့် နည်းနည်းတော့ စိတ်သက်သာရာ ရသွားခဲ့တယ်..။

[အသက်ဓာတ် ပုလဲ] က ထူးဆန်းတဲ့ အာနိသင် ရှိနေခဲ့တာပါ..။ ဆန်နီ က ကုန်းပေါ်မှာ ရပ်နေသလိုမျိုး နှာခေါင်းကနေ အသက်ရှူနိုင်ပြီး..ဆားငန်ရေတွေ နှာခေါင်းထဲ မဝင်အောင် တားဆီးပေးထားတဲ့ မမြင်နိုင်တဲ့ အတားအဆီးတစ်ခု ရှိနေသလိုမျိုး ခံစားနေရပါတယ်..။ ဒါ့အပြင် အဆောင်ရဲ့ စွမ်းရည်က သူ့ကို ရေငုပ်မျက်မှန် တပ်ထားသလိုမျိုး မှောင်မိုက်နေတဲ့ သမုဒ္ဒရာ ရေပြင်ကျယ်ကြီးထဲမှာ ရှင်းရှင်းလင်းလင်း မြင်နိုင်နေစေတာပါ..။

သူက ချမ်းနေပေမဲ့ အရမ်းကြီးတော့ မဟုတ်ပါဘူး..။ အရိပ်တွေကြောင့် တိုးမြင့်နေတဲ့ [မာဗယ် ကြေးခွံ] ရဲ့ မြင့်မားတဲ့ ခုခံနိုင်စွမ်းက သူ့ကို အေးခဲပြီး မသေဆုံးအောင် ကာကွယ်ပေးဖို့ လုံလောက်နေပုံ ရပါတယ်..။ [ရေခဲမှတ်သားမူ] ကိုပါ ထပ်ပေါင်းထည့်လိုက်တာက တကယ်ကိုပိုလျှံနေခဲ့တာပါ..။ ဆန်နီ က ဝိဥာဥ် အဆီအနှစ်ကို ချွေတာဖို့အတွက် အပြာရောင် သလင်းကျောက်ကို ပြန်ဖျောက်လိုက်တယ်..။

‘မဆိုးဘူး.. မဆိုးဘူး..’

ခနအကြာမှာတော့ နေဗီ က သူ့ဘေးနားကို ခုန်ဆင်းလာပြီး ရေအောက်ထဲမှာ ကျွမ်းကျင်စွာနဲ့ ရှေ့ကို ကူးခတ်သွားခဲ့ပါတယ်..။ ဆန်နီ က အကယ်ဒမီမှာ တောတွင်းရှင်သန်ရေး သင်ခန်းစာတွေ တုန်းက ရေကူးနည်းကို သင်ယူခဲ့ဖူးပြီး မေ့ပျောက်ကုန်းမြေ မှာလည်း အနည်းငယ် လေ့ကျင့်ဖူးပြီးသားပါ.။ ဒါပေမဲ့

ညအိမ်တော် ရဲ့ မျိုးဆက်ကို တစ်ချက် ကြည့်လိုက်ရုံနဲ့တင် သူ ရှက်ရွံ့သလို ဖြစ်သွားခဲ့ရတယ်..။

ညအိမ်တော် အဖွဲ့ဝင် က ရေထဲမှာ အလွန် လျင်မြန် လွယ်ကူစွာ ရွေ့လျားနေတာ ဖြစ်ပြီး လှပတဲ့ ရေနေသတ္တဝါ တစ်ကောင်လိုမျိုး ဖြစ်နေခဲ့တာပါ..။ သူက ကုန်းပေါ်မှာထက် ရေထဲမှာ ပိုပြီး သက်တောင့်သက်သာ ရှိနေသလိုမျိုးတောင် ထင်ရပါတယ်..။

အမှန်တကယ်လည်း ဖြစ်နိုင်တာပါပဲ..။

ဆန်နီ စိတ်ထဲကနေ သက်ပြင်းချရင်း နောက်ကနေ လိုက်သွားခဲ့တယ်..။ သူ့ရဲ့ လှုပ်ရှားမှုတွေက နေဗီ လိုမျိုး သဘာဝမကျလှပေမဲ့ တက်ရောက်မူ အဆင့် နတ်ဆိုး တစ်ကောင်ရဲ့ ကြောက်မက်ဖွယ် ခွန်အားနဲ့ [လျှင်မြန်သော ဖမ်းဆီးသူ] ရဲ့ အကူအညီကြောင့် သူ အမှီလိုက်နိုင်စွမ်း ရှိနေခဲ့ပါတယ်..။

သူတို့က မှောင်မိုက်တဲ့ ရေနက်ပိုင်းထဲကို ပိုပြီး တိုးဝင်သွားခဲ့ကြပြီး မကြာခင်မှာပဲ သင်္ဘောတွေဆီကို ရောက်ရှိသွားခဲ့ကြတယ်..။ ဆန်နီ က သင်္ဘောတွေကို မမြင်ရခင် စက္ကန့်အနည်းငယ် အလိုကတည်းက သူတို့အောက်မှာ တိတ်ဆိတ်စွာ မျောပါနေတဲ့ ကြီးမားလှတဲ့ အရိပ်တစ်ခု ရှိနေတာကို ခံစားလိုက်ရပါတယ်..။ အဲ့နေရာက.. အမှောင်ထုထဲမှာတော့ ကြီးမားလှတဲ့ လူသတ်ဝေလငါးကြီး တစ်ကောင်က စောင့်ဆိုင်းနေပြီး..သူ့ရဲ့ အပြာရောင် မျက်လုံးကြီးတွေနဲ့ သူတို့ကို စိုက်ကြည့်နေခဲ့တာပါ..။

အပိုင်း ( ၁၀၁၃ ) ပြီး၏။

All Chapters