← Chapters

အခန်း ၁၀၁၅

Vol. 68 Ch. 1015

အခန်း ၁၀၁၅

Vol. 68 Ch. 1015

အခန်း ( ၁၀၁၅ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၃၃ )

ဘလက်ဝေ့ က သမုဒ္ဒရာရဲ့ အဆုံးမရှိတဲ့

အမှောင်ထုထဲကို ပိုမိုနက်ရှိုင်းအောင် ဆင်းသွားလေလေ.. ဆန်နီ အနေနဲ့ ပိုပြီး စိတ်မသက်မသာ ဖြစ်လာလေလေပါပဲ..။ပြီးတော့ သူက ရေနက်ပိုင်းထဲကို မဆင်းခင်ကတည်းက စိတ်ထဲ မသက်မသာ ဖြစ်နေခဲ့တာပါ..။ သူတို့ရဲ့ အပေါ်ရော အောက်မှာပါ အရာအားလုံးက ဘာမှမရှိသလို ဖြစ်နေပြီး.. အဆုံးမရှိတဲ့ အမှောင်ထုတွေကသာ ဖိနိပ်ထားခဲ့တယ်..။

ဆန်နီ အနေနဲ့ မေ့ပျောက်ကုန်းမြေ ရဲ့ ကျိန်စာသင့် ပင်လယ်ထဲကလို အမှောင်ထုထဲမှာ မဟုတ်ပဲ..ရေထဲမှာ မြင်နိုင်စွမ်း ရှိနေတာတောင် တုန်လှုပ်နေပါသေးတယ်..။ သမုဒ္ဒရာ ရေနက်ပိုင်း ဆိုတာက လူသားတွေ နေထိုင်ဖို့ နေရာမျိုး မဟုတ်ပါဘူး..။ ဒီနေရာက လူသားတွေနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတာပါ..။ ကိုယ့်သဘောနဲ့ကိုယ် ဒီနေရာကို လာတယ်ဆိုတာကလည်း ရူးသွပ်မှုသက်သက်ပါပဲ..။

‘ငါ ညအိမ်တော် အဖွဲ့ဝင်တွေကို အထင်ကြီးမိတာ မှားပြီထင်တယ်.. ။သူတို့အားလုံးက အရူးတွေပဲ..’

သူက အနည်းငယ် ရွေ့လိုက်ပြီး.. ဧရာမ လူသတ်ဝေလငါးကြီးရဲ့ ရေယက်တွေကို တင်းတင်းကျပ်ကျပ် ကိုင်ထားတဲ့ နေဗီ ကို လှမ်းကြည့်လိုက်တယ်..။ ရေစီးကြောင်းတွေက သူတို့ကို ရိုက်ခတ်နေပြီး ရေဖိအားတွေကလည်း မခံမရပ်နိုင်အောင် တိုးလာနေခဲ့ပါတယ်..။ ညအိမ်တော် ရဲ့ မျိုးဆက် ဖြစ်တဲ့ နေဗီ ကတော့ ဒီလောက်အထိ တည်ငြိမ်နေတာမျိုး မဟုတ်ပေမဲ့.. သူ့ရဲ့ စိုးရိမ်စိတ်က ရေနက်ပိုင်း ကြောင့် မဟုတ်ပဲ.. ပျက်ပြားခြင်း အဆင့်ရှိတဲ့ တယ်ရာ ကို တိုက်ခိုက်ရတော့မှာကြောင့် ဖြစ်နေခဲ့တာပါ..။

ထူးဆန်းတာက ဆန်နီ ရဲ့ ခံစားချက်တွေက ပြောင်းပြန် ဖြစ်နေခဲ့တယ်..။ LO49 ရဲ့ တယ်ရာ က ကြောက်စရာ ကောင်းတဲ့ ရန်သူ ဖြစ်ပေမဲ့ သူက ဒီလို ရန်သူတွေ အများကြီးကို ရင်ဆိုင်ဖူးပြီးသားပါ..။ သမုဒ္ဒရာ ကတော့ ထူးဆန်းပြီး ရင်းနှီးမှု မရှိသလို.. အခြေခံအားဖြင့်ကို ရန်လိုနေတဲ့ နေရာတစ်ခု ဖြစ်နေခဲ့ပါတယ်..။ ဒါက အဓိပ္ပာယ် အရှိဆုံး အတိုင်းအတာနဲ့ ချောက်နက်ကြီး တစ်ခုပါပဲ..။

ဆန်နီ က မျက်နှာကို ရှုံ့မဲ့နေရင်း ဘလက်ဝေ့ ရဲ့ ရေယက်နားကို ပိုကပ်သွားကာ စောင့်ဆိုင်းနေလိုက်တယ်..။

သူတော်စင် တစ်ယောက်က ပုန်းကွယ်နေတဲ့ တယ်ရာ ကို ဘယ်လိုနည်းလမ်းနဲ့ ရှာဖွေနေလဲဆိုတာ သူ မသိပါဘူး..။ သူ့ရဲ့ လှုပ်ရှားမှုတွေမှာ ပုံစံ တစ်ခုခု ရှိနေပေမဲ့.. ဘာလဲဆိုတာကိုတော့ ဆန်နီ သေချာ မပြောနိုင်ခဲ့ပေ..။ တစ်ခါတလေကျရင် ဒီ ဧရာမ သားရဲကြီးက လမ်းကြောင်းကို အလွယ်တကူ ရွေးချယ်နေသလို ခံစားရပေမဲ့.. တူညီနေခဲ့တာ တစ်ခုကတော့ သူတို့က အမှောင်ထုထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဆင်းသွားနေခဲ့တာပါ..။

နေဗီ က သူ့ကို ထပ်ပြီး စကားမပြောတော့ပေမဲ့ ပြောဖို့လည်း အကြောင်းပြချက် မရှိတော့ပါဘူး..။ ဆန်နီ က သူ့ရဲ့ အတွေးတွေကို ထုတ်ဖော်ဖို့ [ထူးကဲသော ကျောက်တုံး] ကို ဆင့်ခေါ်ဖို့ စဉ်းစားလိုက်မိပေမဲ့.. နောက်ဆုံးတော့ အဲဒီ အကြံကို စွန့်လွှတ်လိုက်တယ်..။ သူပြောစရာ အသုံးဝင်တဲ့ စကား ဘာမှ မရှိသလို.. အသံတွေ အများကြီး ထွက်လာရင်လည်း မလိုအပ်ဘဲနဲ့ အန္တရာယ်တွေကို ဆွဲဆောင်သလို ဖြစ်သွားမှာပါ..။

တယ်ရာ ရဲ့ ဘေးမှာ ဘယ်လို ကြောက်မက်ဖွယ်ရာ သတ္တဝါ တွေ ပုန်းကွယ်နေမလဲဆိုတာ ဘယ်သူသိမှာလဲ..။

တစ်နေရာအရောက်မှာတော့ သူ့ရဲ့ အဆုတ်ထဲကနေ ချောင်းဆိုးချင်တဲ့ စိတ်က ပေါ်လာတာကြောင့် သူ အတော်လေး ထိတ်လန့်သွားခဲ့တယ်..။ ဆန်နီ အနေနဲ့ အိပ်မက်ဆိုး ထွက်ပေါက် တစ်ခုနဲ့ အနည်းငယ် ထိတွေ့မိခဲ့တဲ့ အကျိုးဆက်ကြောင့် ရေနစ်ပြီး သေဆုံးသွားရမှာကို လုံးဝ

မလိုချင်ပါဘူး..။ သူက အံကိုကြိတ်ထားပြီး ချောင်းဆိုးချင်တဲ့ စိတ်ကို ဖိနိပ်ဖို့ အာရုံစိုက်ထားလိုက်ပါတယ်။ဒါက.. သမုဒ္ဒရာ ကို ကြောက်တဲ့စိတ်တောင် မေ့သွားစေခဲ့တယ်..။

ဒါ့ကြောင့်ပဲ တယ်ရာ ထွက်ပေါ်လာတဲ့ အချိန်မှာ သူ လွတ်သွားလုနီးပါးတောင် ဖြစ်သွားခဲ့ရပါတယ်..။

…အလင်းရောင် မရှိတဲ့ ချောက်နက်ကြီး ရဲ့ နက်ရှိုင်းတဲ့ နေရာတစ်ခုမှာတော့.. ထူးဆန်းစွာလှပနေတဲ့ သတ္တဝါ တစ်ကောင်က ကျယ်ပြန့်တိတ်ဆိတ်တဲ့ အမှောင်ထုထဲမှာ မျောနေခဲ့တာပါ..။

ဧရာမ လူသတ်ဝေလငါးကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ တုန်ခါမှု အနည်းငယ် ဖြစ်ပေါ်လာပြီး.. ကျယ်လောင်တဲ့ နှလုံးခုန်သံတွေ ပြောင်းလဲသွားတာကို ကြားလိုက်ရတဲ့ အခါမှာတော့ ဆန်နီ က အဝေးကို ကြည့်လိုက်တယ်..။ သူ ကြက်သီး ထသွားခဲ့ပါပြီ..။

အဝေးက ကြည့်ရင်တော့ ဒီ တယ်ရာ က ထူးဆန်းတဲ့.. တစ္ဆေလိုမျိုး ပန်းတစ်ပွင့်နဲ့ ဆင်တူနေခဲ့တယ်..။ ကြာပန်းဖြူ တစ်ပွင့်နဲ့များ ဆင်တူနေမလား..။ သူ့ရဲ့ အရောင်ဖျော့ဖျော့ ပွင့်ဖတ်တွေက အမှောင်ထုထဲမှာ ဖြည်းဖြည်းချင်း လှုပ်ခတ်နေပြီး.. တချို့ ပွင့်ဖတ်တွေက သမုဒ္ဒရာချောက်နက်ကြီးထဲကို မီတာ ရာနဲ့ချီပြီး ဆန့်ထွက်နေကာ.. တချို့ကတော့ အလယ်မှာ ပုန်းကွယ်နေတဲ့ မရေရာတဲ့ ပုံစံလေးကို ဝန်းရံနေခဲ့တာပါ..။

ဒီ မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပသလို ကြောက်စရာလည်း ကောင်းလွန်းနေခဲ့တယ်..။ အဖြူရောင် ပွင့်ဖတ်ကြီးတွေက ပန်းပွင့် ပွင့်ဖတ်တွေနဲ့ တူသလို..သတ္တဝါ တစ်ကောင်ရဲ့ ရှည်လျားတဲ့ လက်တံတွေနဲ့လည်း တူနေခဲ့ပါတယ်။ဒီအရာက.. စကားလုံးတွေနဲ့ ဖော်ပြလို့ မရအောင်ထူးဆန်းလွန်းနေခဲ့တာပါ..။

သူတို့ အနားကို ရောက်သွားတဲ့ အခါမှာတော့ ဆန်နီ က အဲဒါတွေဟာ ပွင့်ဖတ်တွေလည်း မဟုတ်.. လက်တံတွေလည်း မဟုတ်မှန်း တွေ့ရှိသွားခဲ့တယ်..။ အဲ့ဒီအစား သူက အဖြူရောင် အဝတ်စတွေ ရှည်လျားစွာ လွင့်နေတာကို ကြည့်နေရသလိုမျိုး ခံစားလိုက်ရပါတယ်..။ဒါက မှန်ရဲ့လား.. ဘယ်လိုလုပ်ပြီး အဓိပ္ပာယ်ရှိနေတာလဲ ဆိုတာကိုလည်း သူ မသိပါဘူး..။

ပြီးတော့ အဲဒါက ဆန်နီ လက်ရှိ အချိန်မှာ စိုးရိမ်နေတဲ့ အရာလည်း မဟုတ်သေးပါဘူး..။

တစ္ဆေလိုမျိုး အဖြူရောင် ပန်းပွင့်ကြီးရဲ့ ပတ်လည်မှာ တခြား ပုံစံတွေ ရာနဲ့ချီ ရှိနေခဲ့တယ်..။ ရေနစ်သေဆုံးထားတဲ့ ရုပ်အလောင်းတွေက မကောင်းဆိုးဝါး အတားအဆီး တစ်ခုလိုမျိုး သူ့ကို ဝန်းရံထားပြီး.. လူသားတွေ.. အိပ်မက်ဆိုး သားရဲတွေ..နဲ့ သူ နာမည်တောင် မပေးနိုင်တဲ့ အရာတွေ ဖြစ်နေခဲ့တာပါ..။ သူတို့တွေက အမှောင်ထုထဲကို အသက်မဲ့စွာ ငေးကြည့်ရင်း တယ်ရာ ရဲ့ ပတ်ပတ်လည်မှာ တိတ်ဆိတ်စွာ မျောနေခဲ့တယ်..။ တချို့တွေကတော့ အဝတ်ပွင့်ဖတ်တွေနဲ့ သူတို့ကို အသုဘချသလိုမျိုး ရစ်ပတ်ထားခဲ့တာပါ..။

ဒီလို ထူးဆန်းတဲ့ မြင်ကွင်းက သူ့ကို ကြက်သီး ထစေခဲ့တယ်..။ ဒီ အရာအားလုံးရဲ့ ထူးခြားတဲ့ အလှတရားက သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကို ပိုပြီးတော့ ကြောက်စရာ ကောင်းလာစေခဲ့ပါတယ်..။ ဝဲလွင့်နေတဲ့ အဖြူရောင် အဝတ်စ အစုအဝေးကနေ အစွမ်းထက်တဲ့ တည်ရှိမှု တစ်ခု ထွက်ပေါ်နေခဲ့တယ်။.. အဲ့ဒါက စိတ်ဆင်းရဲစရာ ကောင်းလောက်အောင် ကြောက်စရာ ကောင်းပြီး ရန်လိုမှုတွေနဲ့ ပြည့်နှက်နေခဲ့တာပါ..။

ဆန်နီ က ဒီ တည်ရှိမှုကြီး သူ့ကို လွှမ်းမိုးထားတာကြောင့် တယ်ရာ ကို မကြည့်ဘဲ နေလို့မရသလို.. ကြည့်နေရတာကလည်း မခံမရပ်နိုင်အောင် ဖြစ်နေခဲ့တယ်..။ သူက အမှန်တကယ် စိတ်ဝင်စားသွားပြီး တောင့်တင်းသွားကာ လှုပ်ရှားလို့ မရတော့ပါဘူး..။

…ဒီ ခံစားချက်ကို တခြား တည်ရှိမှု တစ်ခုက ဖျက်ဆီးပစ်လိုက်တယ်..။ ရုတ်တရက် သူတို့ရဲ့ ပတ်လည်က အမှောင်ထုတွေက သွေးနီရောင် ပြောင်းသွားသလို ဖြစ်လာပြီး.. သူ့ရဲ့ အတွင်းထဲကနေ ပြင်းထန်တဲ့ ဒေါသ တစ်ခု ထွက်ပေါ်လာတာကို ခံစားလိုက်ရပါတယ်..။ ဆန်နီ က

ဒီ ဒေါသ ဟာ သူ့ရဲ့ ဒေါသ မဟုတ်ပဲ တခြား တစ်ယောက်ရဲ့ ဒေါသ ဖြစ်မှန်း သိလိုက်တယ်..။

ဘလက်ဝေ့ ပါပဲ....။

ညအိမ်တော် ရဲ့ သူတော်စင် ဟာ အလွန် ဒေါသ ထွက်နေခဲ့ပြီး.. သူတို့ ခံစားရတဲ့ ကြောက်စိတ်မှန်သမျှက အဲ့ဒီ ဧရာမ သားရဲကြီးရဲ့ လူသတ်ချင်စိတ် ပြင်းထန်တဲ့ ဒေါသ ကြောင့် ပျောက်ကွယ်သွားခဲ့ပါပြီ..။

အဝတ်ပွင့်ဖတ်တွေက အနည်းငယ် တုန်ယင်သွားသလို ဖြစ်သွားခဲ့တယ်..။

နောက်တစ်ခနမှာတော့ ရေနစ်သေဆုံးထားတဲ့ သတ္တဝါ ရာနဲ့ချီက အသက်ဝင်လာပြီး သူတို့ရဲ့ အသက်မဲ့နေတဲ့ မျက်လုံးတွေက သူတို့ဆီကို စိုက်ကြည့်လာခဲ့ပါတယ်..။ ဆန်နီ က တိတ်ဆိတ်စွာ ကျိန်ဆဲလိုက်ပြီး သူ့ရဲ့ လွတ်နေတဲ့ လက်တစ်ဖက်နဲ့ [နှစ်သိမ့်ခြင်းပြစ်ဒဏ်] ကို ဆွဲထုတ်လိုက်ပါတယ်..။

‘ကဲ.. စကြရအောင်…’

သူက ဘလက်ဝေ့ ရဲ့ ခန္ဓာကိုယ် လှုပ်ရှားတာကို ခံစားလိုက်ရပြီး.. ရေထဲမှာ ကြောက်ရွံ့မှု မရှိတဲ့ စစ်ပွဲ ကြွေးကြော်သံ တစ်ခုလိုမျိုး ကျယ်လောင်တဲ့ ဟိန်းသံ တစ်ခု ထွက်ပေါ်လာခဲ့တယ်..။ ဒီ အရှိန်အဟုန် က ရုပ်ပိုင်းဆိုင်ရာ အတိုင်းအတာနဲ့ အနီးစပ်ဆုံး ဖြစ်ပြီး.. အမှောင်ထု ချောက်နက်ကြီးထဲမှာ ဖျက်ဆီးနိုင်စွမ်း ရှိတဲ့ တုန်ခါမှု တစ်ခုလိုမျိုး ရွေ့လျားသွားခဲ့တာပါ..။

ဧရာမ လူသတ်ဝေလငါးကြီးက ရှေ့ကို အပြင်းနှင်သွားခဲ့ပြီး သူ့နဲ့အတူ သမုဒ္ဒရာ ကလည်း အသက်ဝင်လာခဲ့ပါတယ်..။ အားပြင်းတဲ့ ရေစီးကြောင်းတွေက အရောင်ဖျော့ဖျော့ ပန်းပွင့်ကို ရိုက်ခတ်သွားပြီး သူ့ရဲ့ ထိတ်လန့်စရာ ကာကွယ်သူတွေကို လွင့်ထွက်သွားစေခဲ့ပါတယ်..။ ရေတွေရဲ့ သွေးနီရောင်က ပိုမို ထင်ရှားလာပြီး ဘလက်ဝေ့ ကတော့ ပိုပြီး အရှိန်ရလာသလို ပိုပြီးလည်း အစွမ်းထက်လာခဲ့တယ်..။

တစ်ချိန်တည်းမှာပဲ ပွင့်ဖတ်တွေက လှုပ်ရှားမှုတွေနဲ့အတူ ပေါက်ကွဲထွက်လာပြီး.. ရှည်လျားတဲ့ လက်တံတွေလိုမျိုး ဖြန့်ထွက်လာကာ ရေနစ်သေဆုံးသူတွေကို ဖမ်းဆွဲပြီး ရှေ့ကို ပစ်လွှတ်လိုက်ပါတယ်..။

ဆန်နီ ရဲ့ ဘေးမှာတော့ နေဗီ က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်တဲ့ အခါမှာ အရိုး လှံ တစ်ချောင်း ပေါ်လာခဲ့တယ်..။ ညအိမ်တော် အဖွဲ့ဝင် က သူ့ရဲ့ မျက်လုံးတွေထဲမှာ အပြာရောင် အလင်းတန်းတွေ ကခုန်နေရင်း ပြုံးလိုက်ပါတယ်..။

“အချိန်ကျပြီ..”

ဒီ စကားနဲ့အတူပဲ သူက ရေယက်ပေါ်ကနေ တွန်းကန်ထွက်သွားပြီး မယုံနိုင်စရာ အရှိန်နဲ့ ရှေ့ကို ပစ်ဝင်သွားခဲ့တယ်..။

နောက်ထပ်တစ်ခနမှာတော့ ဘလက်ဝေ့ ဟာ မျက်လုံးမပါတဲ့ လူသားကျေးကျွန်တွေရဲ့ အတားအဆီးထဲကို ဝင်တိုက်လိုက်ပါတော့တယ်..။

အပိုင်း ( ၁၀၁၅ ) ပြီး၏။

All Chapters