အခန်း ၁၀၁၆
Vol. 68 Ch. 1016
အခန်း ( ၁၀၁၆ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၃၄ )
ဧရာမ လူသတ်ဝေလငါးကြီးက သူ့ရဲ့ မေးရိုးတွေကို ပြန်ပိတ်လိုက်ပြီး.. အိပ်မက်ဆိုး သားရဲ အနည်းငယ်ကို တစ်ပြိုင်နက်တည်း ကိုက်ခဲလိုက်တယ်..။ သွေးညှီနံ့တွေနဲ့ အသားစတွေက သွေးနီရောင် ရေလှိုင်းတစ်ခုလိုမျိုး သူ့ရဲ့ ပါးစပ်ထဲကနေ လွင့်စင်ထွက်လာခဲ့ပါတယ်..။
သွေးနီရောင် ရေစီးကြောင်းတွေက သူ့ရဲ့ ခန္ဓာကိုယ် ပတ်ပတ်လည်မှာ ဝေ့ဝဲနေပြီး.. ပိုမိုများပြားတဲ့ သားရဲတွေကို ဆုတ်ဖြဲပစ်နေခဲ့တယ်..။ဒီလို ကြီးမားတဲ့ သားရဲကြီးက ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်နဲ့ ဝင်တိုက်လိုက်တဲ့ အခါမှာတော့ ကျွန်ပြုခံထားရသူ တစ်ဒါဇင်လောက် ချက်ချင်း ပျက်စီးသွားခဲ့ရတာပါ။
သံချပ်ကာလို မာကျောတဲ့ ရေယက်တွေက ရွေ့လျားသွားပြီး.. ခန္ဓာကိုယ်တွေကို ဧရာမ ဓားမြှောင်တွေလိုမျိုး ပိုင်းဖြတ်ပစ်လိုက်ပါတယ်..။
စက္ကန့် အနည်းငယ်ကြာမှာတော့.. ဘလက်ဝေ့ ဟာ အသားစတွေရဲ့ အတားအဆီးကို ကျော်ဖြတ်ပြီး သူ့ရဲ့ နောက်ဘက်မှာ ပျက်စီးခြင်းတွေကိုသာ ချန်ထားခဲ့တယ်..။ သူက အဖြူရောင် အဝတ်စ ပန်းပွင့်ကြီး လိုဖြစ်နေတဲ့ တယ်ရာ
ဆီကို ဦးတည်ပြီး ရှေ့ကို ဆက်သွားနေခဲ့ပါတယ်..။
နေဗီ နဲ့ ဆန်နီ တို့ကတော့ နောက်မှာ ကျန်ရစ်ခဲ့ကြတယ်..။ သူတို့ရဲ့ တာဝန်ကတော့ ကျွန်ပြုခံထားရသူတွေကို ရှင်းလင်းဖို့နဲ့.. သူတော်စင် ကို နောက်ကနေ ဝင်မတိုက်မိအောင် တားဆီးဖို့ ဖြစ်နေခဲ့တာပါ..။
‘ငါ.. ဒါကို ဘယ်လို တိုက်ရမှာလဲ..’
ရေအောက်မှာ တိုက်ခိုက်ရတာက ကုန်းပေါ်မှာ တိုက်ခိုက်ရတာနဲ့ လုံးဝ မတူပါဘူး..။ ဒီလို နက်ရှိုင်းတဲ့ နေရာမှာတော့ ဆန်နီ အနေနဲ့ သူ့ရဲ့
ခန္တာကိုယ်အတွင်းရော အပြင်မှာပါ အတိုင်းအဆမရှိတဲ့ အလေးချိန်တစ်ခုက အဆက်မပြတ် ဖိနှိပ်ထားသလိုမျိုး ခံစားနေခဲ့ရတယ်..။ သူ့ရဲ့ တက်ရောက်သူ ခန္ဓာကိုယ်နဲ့ တိုးမြှင့်ထားတဲ့ ခွန်အားတွေက ဒါကို တောင့်ခံဖို့ လုံလောက်ပေမဲ့.. လိုက်လျောညီထွေ ဖြစ်အောင် ပြင်ဆင်ရမယ့် ဖိအားကိုတော့ ခံစားနေရဆဲပါပဲ..။
ဒါက.. ကောင်းကင်ဖိအား ရဲ့ သက်ရောက်မှုအောက်မှာ တိုက်ခိုက်နေရတာနဲ့ အတော်လေး ဆင်တူနေခဲ့တယ်..။
ပိုပြီး အရေးကြီးတာကတော့.. ဒီနေရာမှာ သူ့ကို ထောက်ကန်ပေးထားမယ့်အရာ ဘာမှမရှိပါဘူး..။ ပုံမှန်အားဖြင့် တိုက်ခိုက်သူတစ်ယောက်ရဲ့ ခွန်အားက မြေပြင်ပေါ်မှာ ခြေကုပ်ယူထားနိုင်ခြင်းကနေ လာတာ ဖြစ်ပြီး.. ဆန်နီ ရဲ့ ခြေထောက်အောက်မှာ မြေပြင်မရှိတာကြောင့် သူ့ရဲ့ တိုက်ခိုက်မှုတွေက အားနည်းသွားနိုင်ပါတယ်..။ ပြီးတော့ သူ့ရဲ့ တိုက်ခိုက်မှုတွေက ရန်သူ့ဆီ သက်ရောက်သွားတဲ့ အားအတိုင်း သူ့ကိုလည်း ပြန်လည် တွန်းကန်သွားမှာ ဖြစ်တာကြောင့် တိုက်ပွဲ အနေအထားနဲ့ နေရာယူမှုက
အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေပါလိမ့်မယ်..။
ဒါ့ကြောင့် ထိရောက်စွာ တိုက်ခိုက်နိုင်မယ့် နည်းလမ်း နှစ်ခုကို သူ မြင်လိုက်ရတယ်..။ ပထမတစ်ခုကတော့ ရန်သူကို ဖမ်းဆွဲပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကိုပဲ ခြေကုပ်အဖြစ် အသုံးချကာ.. တိုက်ပွဲကို အနီးကပ်ဆုံး အကွာအဝေးအထိ ယူဆောင်လာဖို့ပါ..။ ဒါပေမဲ့ သူ့ရဲ့ ဓားအလျားကြောင့် ဒီလို အခြေအနေမျိုးမှာ သူက အခြေအနေ မလှ ဖြစ်သွားနိုင်ပါတယ်..။နောက်ထပ် နည်းလမ်းတစ်ခုကတော့ အရှိန် နဲ့ လှုပ်ရှားမှုတွေကို အသုံးချပြီး.. သူ့ရဲ့ တိုက်ခိုက်မှု တစ်ခုချင်းစီကို ပြင်းထန်တဲ့ အရှိန်အဟုန်အဖြစ် ပြောင်းလဲပစ်ဖို့ပါပဲ..။
ဆန်နီ က ဒီနေ့မှာ ဒီ နည်းလမ်း နှစ်ခုလုံးကို အသုံးချရလိမ့်မယ်လို့ စိုးရိမ်စွာ ခံစားလိုက်မိတယ်..။
သူ့ရဲ့ ရှေ့မှာတော့.. နေဗီ က ကျွန်ပြုခံထားရသူ တစ်ယောက်နဲ့ ရင်ဆိုင်နေခဲ့ပါပြီ။.. သူ့ရဲ့ အရိုးလှံက ရှေ့ကို ပစ်ဝင်သွားကာ သတ္တဝါ ရဲ့ ခေါင်းကို ဖောက်ထွက်သွားခဲ့ပါတယ်..။ ညအိမ်တော် အဖွဲ့ဝင် က လှံကို အဆုံးအထိ တွန်းပို့လိုက်ပြီးမှ လှံတံကို လွှတ်လိုက်တယ်။.. ခနအကြာမှာတော့ ခေါင်းနားကနေ ပြန်လည် ဖမ်းဆွဲပြီး လှံကို ဆွဲထုတ်လိုက်ပါတယ်..။
ယင်းနောက်မှာတော့ ဆန်နီ က ညအိမ်တော် အဖွဲ့ဝင် ကို ဆက်ပြီး ကြည့်နေဖို့ အချိန်မရှိတော့ပဲ.. သူ့ရဲ့ ရန်သူဆီကိုသာ အာရုံစိုက်လိုက်ရပါတော့တယ်..။
သူနဲ့ ရင်းနှီးနေသလို ရှိတဲ့ ရုပ်သေးရုပ်နဲ့ တူတဲ့ သားရဲ တစ်ကောင်က သူ့ဆီကို ပြေးဝင်လာခဲ့တာပါ။.. သူ့ရဲ့ လွတ်နေတဲ့ မျက်လုံးတွေထဲမှာတော့ အမှောင်ထုတွေ ပြည့်နှက်နေခဲ့ပါတယ်..။ ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ အရိုး ဓားကြီးက ဆန်နီ ကို နှစ်ခြမ်းခွဲပစ်တော့မယ့်အလား ပိုင်းဖြတ်လာခဲ့တယ်..။ သူ့ရဲ့ အရေပြားက ဒီ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမယ်လို့ သူ သေချာနေပေမဲ့.. စွန့်စားရမှာကိုတော့ မလိုလားပါဘူး..။ [နှစ်သိမ့်ခြင်းပြစ်ဒဏ်] က ဒီ တိုက်ခိုက်မှုကို တားဆီးဖို့ လှုပ်ရှားသွားခဲ့တယ်။ဓားက.. ပုံမှန်ထက်
နှေးကွေးနေပေမဲ့.. ပြင်းထန်တဲ့ အရှိန်နဲ့ ရှိနေဆဲပါပဲ..။
ကျောက်စိမ်းဓားက အရိုးဓားကို အလွယ်တကူ ဖြတ်တောက်ပစ်လိုက်ပြီး.. ရုပ်သေးရုပ်ရဲ့ ပခုံးကနေ ပေါင်အထိ ဆက်လက် ပိုင်းဖြတ်သွားခဲ့ပါတယ်..။
အိပ်မက်ဆိုး အခိုက်အတန့် ရဲ့ တီးတိုးသံက သူ့ရဲ့ နားထဲကို ရောက်လာခဲ့တယ်။.ထုထည်ကြီးမားတဲ့ ရေထုကြောင့် သူ့ရဲ့ အသံက ပြောင်းလဲသွားခြင်း မရှိခဲ့ပါဘူး..။
[သင်သည် ကျရှုံးမူအဆင့် နတ်ဆိုး တစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်…]
[သင့်ရဲ့ အရိပ်က…]
ဆန်နီ အနေနဲ့ ဒါကို နားထောင်ဖို့ အချိန်မရှိတာကြောင့် သူ့ရဲ့ ရွံရှာမှုကို ဖိနှိပ်လိုက်ပြီး.. ဘေးဘက်ကို တွန်းကန်ထွက်ခွာဖို့အတွက် အဲ့ဒီ သားရဲ ရဲ့ သွေးထွက်နေတဲ့ ရုပ်အလောင်းကို အသုံးချလိုက်ပါတယ်..။ ခနအကြာမှာတော့.. သူ ရှိနေခဲ့တဲ့ နေရာကို အခွံ မာကျောတဲ့ ခန္ဓာကိုယ်တစ်ခုက ဖြတ်သန်း ဝင်တိုက်သွားခဲ့တယ်..။
တခြား သားရဲ ငါးကောင်ကလည်း မတူညီတဲ့ လမ်းကြောင်း ငါးခုကနေ သူ့ဆီကို ပိတ်ဆို့ ဝင်ရောက်လာနေခဲ့ပါပြီ..။
ဆန်နီ က အသက်ကို ပြင်းပြင်း ရှူလိုက်တယ်..။
‘ဒါက.. ဒါက အဆိုးကြီးတော့ မဟုတ်သေးပါဘူး..’
အခြေအနေက ပြင်းထန်နေပေမဲ့ သူ မျှော်လင့်ထားသလောက် မျှော်လင့်ချက် မဲ့မနေခဲ့ပါဘူး..။ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်တဲ့ တယ်ရာ ကတော့ လက်ရှိမှာ ဘလက်ဝေ့ နဲ့သာ အလုပ်ရှုပ်နေခဲ့တာပါ..။ တစ်ချိန်တည်းမှာပဲ ကျွန်ပြုခံထားရသူတွေက အရေအတွက် များပြားပြီး သူတို့ ရှိသင့်တာထက် ပိုမို အစွမ်းထက်နေခဲ့ကြတယ်..။ ဒါပေမဲ့ သူတို့အတွက် အားနည်းချက် ဖြစ်စေမယ့် အချက်တစ်ခု ရှိနေခဲ့ပါတယ်..။
ကျွန်ပြုခံထားရသူ အများစုက သူ့လိုပဲ သမုဒ္ဒရာရဲ့ မှောင်မိုက်တဲ့ ချောက်နက်ထဲမှာ နေသားကျနေသူတွေ မဟုတ်ကြပါဘူး..။
သူတို့ရဲ့ လှုပ်ရှားမှုတွေက ရည်ရွယ်ချက် ရှိနေပေမဲ့ အနည်းငယ်တော့ အဆင်မပြေ ဖြစ်နေခဲ့တယ်..။ သူတို့ရဲ့ ပထမဆုံး တိုက်ခိုက်မှုက ကြောက်စရာ ကောင်းပေမဲ့.. အဲ့ဒါက တယ်ရာ ရဲ့ အဖြူရောင် အဝတ်စ ရှည်ကြီးတွေက သူတို့ကို နောက်ကနေ တွန်းပို့လိုက်တာကြောင့် ဖြစ်ပြီး.. ဧရာမ သားရဲကြီးရဲ့ လက်တံတွေလိုမျိုး ပြုမူနေခဲ့တာပါ..။ အခုတော့ သူတို့ရဲ့ အရှိန်အဟုန်က ကုန်ဆုံးသွားခဲ့ပြီ ဖြစ်တာကြောင့် ကျွန်ပြုခံထားရသူတွေက နေဗီ ထက် ပိုပြီး နှေးကွေးကာ လှုပ်ရှားရ ခက်ခဲနေခဲ့ပါတယ်..။
ပြီးတော့ [လျင်မြန်သော ဖမ်းဆီးသူ] ကြောင့် ဆန်နီ ကလည်း ပိုပြီး လျင်မြန်နေခဲ့တယ်..။ နိုးထသူ တစ်ယောက်ဆိုရင်တော့ ခနချင်းအတွင်းမှာတင် အပိုင်းပိုင်း ဆုတ်ဖြဲခံရမှာ ဖြစ်ပေမဲ့.. မာစတာ နှစ်ယောက်ကတော့ အချို့သော အားသာချက်တွေကို ပိုင်ဆိုင်ထားခဲ့ကြပါသေးတယ်..။
ဒါတင်မကသေးပဲ ဆန်နီ ဟာ သူ့ရဲ့ စွမ်းရည်က ရေအောက်မှာ သူ ထင်ထားသလောက် အသုံးမဝင်တာမျိုး မဟုတ်မှန်း သဘောပေါက်သွားခဲ့တယ်...။ ဒီ နေရာမှာ အရိပ်တွေ အများကြီး ရှိနေခဲ့ပြီး.. အရိပ်တွေ တည်ရှိဖို့အတွက် မျက်နှာပြင်တစ်ခု လိုအပ်ကာ.. ကျွန်ပြုခံထားရသူ တစ်ကောင်ချင်းစီရဲ့ ခန္ဓာကိုယ်က မျက်နှာပြင်တစ်ခုပါပဲ..။
ကျွန်ပြုခံထားရသူ တစ်ယောက်ချင်းစီမှာ အရိပ်တစ်ခုစီ ရှိနေခဲ့တာကြောင့်.. ဆန်နီ က သူတို့ကို မမြင်ရရင်တောင် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ခံစားသိရှိနိုင်ပါတယ်..။ ဒါက သားရဲကြီးတွေက လုံလောက်အောင် ကြီးမားနေသရွေ့ ဆန်နီ ကို [အရိပ်ခြေလှမ်း] ကို အသုံးချနိုင်ခွင့် ပေးထားခဲ့ပါတယ်..။
ကျွန်ပြုခံထားရသူ ငါးကောင်က သူ့ဆီကို ပြေးဝင်လာစဉ်မှာပဲ.. ဆန်နီ က ကြီးမားတဲ့ အိပ်မက်ဆိုး သားရဲ တစ်ကောင်ရဲ့ လက်သည်းတွေကို ရှောင်တိမ်းလိုက်ကာ..သူ့ရဲ့ အရိပ်ထဲကို တိုးဝင်သွားခဲ့တယ်။ ခနအကြာမှာတော့ သူ့ကို လွဲချော်သွားခဲ့တဲ့ အခွံ မာကျောတဲ့ သားရဲကြီးရဲ့ အပေါ်မှာ ပေါ်လာခဲ့ပါတယ်..။
[နှစ်သိမ့်ခြင်းပြစ်ဒဏ်] က မာကျောတဲ့ အခွံကို ထိုးဖောက်သွားခဲ့ပြီး.. သားရဲကြီးကို ချက်ချင်း သေဆုံးသွားစေခဲ့တယ်..။
[သင်သည် ကျရှုံးမူအဆင့် သားရဲ တစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်…]
[သင့်ရဲ့ အရိပ်က…]
ဆန်နီ က ပြုံးမိမလိုတောင် ဖြစ်သွားခဲ့တယ်..။
‘အရိပ် အပိုင်းအစတွေ အများကြီးပဲ..’
သူက တုန်ရီနေတဲ့ ရုပ်အလောင်းပေါ်ကနေ တွန်းကန်ထွက်ခွာလိုက်ပြီး.. သွေးအိုင်ကြီးကို သီသီလေး ရှောင်ရှားလိုက်ကာ.. အချိန်ကိုက် မော့ကြည့်လိုက်တဲ့ အခါမှာတော့ နေဗီ က တခြား ကျွန်ပြုခံရသူ တစ်ကောင်နဲ့ တိုက်ခိုက်နေတာကို မြင်လိုက်ရတယ်..။
ဒီတစ်ကြိမ်မှာလည်း အရိုးလှံက အရင်ဆုံး ထိမှန်သွားခဲ့ပြီး.. မျက်လုံးမပါတဲ့ သတ္တဝါ ရဲ့ ခေါင်းကို ဖြတ်တောက်ပစ်လိုက်ပါတယ်..။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့.. ညအိမ်တော် အဖွဲ့ဝင် က ဝင်ရောက်လာတဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့ စက္ကန့်ပိုင်းလောက် နောက်ကျသွားခဲ့ရတယ်..။
ကျွန်ပြုခံထားရသူက ခေါင်းပြတ်သွားခဲ့ပေမဲ့.. သတ္တဝါ ရဲ့ အမြီးကတော့ အရှိန်အဟုန်ကြောင့် ရှေ့ကို ပျံသန်း ဝင်ရောက်လာဆဲပါပဲ..။ အမြီးရဲ့ အဆုံးမှာ ရှိတဲ့ ရှည်လျားတဲ့ ဆူးချွန်ကြီးက နေဗီ ရဲ့ ရင်ဘတ် တည့်တည့်ကို ထိမှန်သွားခဲ့ပြီး.. ကမာခွံ သံချပ်ကာကို အလွယ်တကူ ဖောက်ထွက်ကာ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို နက်ရှိုင်းစွာ ထိုးဝင်သွားခဲ့ပါတယ်..။ ယင်းနောက်မှာတော့ အဲ့ဒါက သူ့ရဲ့ နောက်ကျောကနေ ပြန်လည် ထွက်ပေါ်လာခဲ့တယ်..။
ဆန်နီ ရဲ့ မျက်လုံးတွေ ကျယ်သွားခဲ့ပါပြီ..။
ဒါပေမဲ့ နောက်ထပ် ထူးဆန်းတဲ့အရာတစ်ခု ဖြစ်ပျက်လာခဲ့တယ်..။ ညအိမ်တော် ရဲ့ မျိုးဆက်က ဒီ ကြောက်စရာကောင်းတဲ့ ဒဏ်ရာကို ဂရုမစိုက်သလို ရှိနေခဲ့တာပါ.. ။အမှန်တကယ်တော့ အဲ့ဒီနေရာမှာ ဘာဒဏ်ရာမှမရှိပါဘူး..။ အဲ့ဒီအစား နေဗီ ရဲ့ ခန္ဓာကိုယ်က အရည်အဖြစ် ပြောင်းလဲသွားသလိုမျိုး ဖြစ်နေခဲ့တယ်။.. ဆူးချွန်က အဲ့ဒီ အရည်တွေကို ဖောက်ထွက်သွားကာ မာစတာ ရဲ့ ဘေးဘက်ကနေ ထွက်သွားခဲ့ပါတယ်..။
တစ်စက္ကန့်အကြာမှာတော့ နေဗီ က ခန္ဓာကိုယ်ကို ပြန်လည် တောင့်တင်းစေခဲ့ပြီး.. နောက်ထပ် ကျွန်ပြုခံရသူတစ်ကောင်ကို တိုက်ခိုက်နေခဲ့ပါပြီ..။
သူ့ရဲ့ လှုပ်ရှားမှုတွေက လျင်မြန်ပြီး..ကောင်းချီးပေးခံထားရတဲ့အလား စဥ်ဆက်မပြတ် စီးဆင်းနေခဲ့တယ်..။
ဆန်နီ က သူ့ရဲ့ အကြည့်ကို လွှဲလိုက်ပြီး..မျက်လုံးမပါတဲ့ ကျွန်ပြုခံထားရသူရဲ့ တိုက်ခိုက်မှုကို ခုခံဖို့ [နှစ်သိမ့်ခြင်းပြစ်ဒဏ်] ကိုလွှဲလိုက်ပါတယ်..။
‘…သေသပ်လွန်းတယ်..’
သူတို့ရဲ့ နောက်မှာတော့.. ဘလက်ဝေ့ ဟာ နောက်ဆုံးမှာ လှပပြီး ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ အဖြူရောင် ပန်းပွင့်ကြီးဆီကို ရောက်ရှိသွားခဲ့ပါပြီ..။
အပိုင်း ( ၁၀၁၆ ) ပြီး၏။