← Chapters

အခန်း ၁၀၁၉

Vol. 68 Ch. 1019

အခန်း ၁၀၁၉

Vol. 68 Ch. 1019

အခန်း ( ၁၀၁၉ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၃၇ )

အနည်းငယ် ဝေးကွာတဲ့ နေရာမှာတော့.. ပါးလျတဲ့ ပန်းပွင့်ကြီးက ရုတ်တရက် လှုပ်ရှားလာခဲ့တယ်။.. သူ့ရဲ့ လှပတဲ့ ပွင့်ချပ်တွေက အဖြူရောင် ပိုးသားရေစီးကြောင်းလိုမျိုး အပြင်ဘက်ကို ထွက်ပေါ်လာခဲ့ပါတယ်..။ စီးဆင်းနေတဲ့အဝတ်စရဲ့ တစ္ဆေလို လက်တံတွေက ပြေးဝင်လာတဲ့ သူတော်စင်ဆီကို ဦးတည်ပြီး ပစ်လွှတ်လိုက်တာပါ..။ ဒါက ရှောင်တိမ်းဖို့အတွက် အရမ်းကို မြန်ဆန်ပြီး သိုဝှက်လွန်းနေခဲ့တယ်..။

ဆန်နီ ကြောက်လန့်တကြားနဲ့ စောင့်ကြည့်နေစဉ်မှာပဲ.. ဘလက်ဝေ့ ရဲ့ ခေါင်းက ပိုးသားတွေကြားထဲမှာ ဖုံးလွှမ်းသွားခဲ့တယ်။.. သူ့ရဲ့ တောက်ပနေတဲ့ မျက်လုံးတွေကလည်း မြင်ကွင်းထဲကနေ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပါတယ်..။ ကြောက်မက်ဖွယ် လူသတ်ဝေလငါးကြီးရဲ့ ခန္ဓာကိုယ်က တုန်ခါသွားခဲ့ပြီး.. အားနည်းစွာ လှုပ်ရှားသွားခဲ့တယ်..။ ယင်းနောက်မှာတော့ ထူးဆန်းစွာပဲ ငြိမ်သက်သွားခဲ့ပါတယ်..။

‘ဘုရားသခင်တို့…’

သူက ပိုပြီး ထိတ်လန့်စရာကောင်းတဲ့ အရာတစ်ခုကိုလည်း မြင်တွေ့လိုက်ရတယ်..။

ပိုမို ရှည်လျားတဲ့ ပွင့်ချပ် နှစ်လွှာကတော့ မှောင်မိုက်တဲ့ သမုဒ္ဒရာ ချောက်နက်ကို ဖြတ်သန်းပြီး.. ဆန်နီ နဲ့ နေဗီ တို့ဆီကို ချဉ်းကပ်ပျံသန်းလာနေခဲ့ပါပြီ..။ဒီလက်တံတွေ က မြန်ဆန်လွန်းနေခဲ့တယ်..။ အရမ်းကို မြန်ဆန်လွန်းလို့ ရှောင်ပြေးလို့လည်း မဖြစ်နိုင်တော့ပါဘူး..။

သူ့မှာ ရှောင်တိမ်းဖို့ ဒါမှမဟုတ် တုံ့ပြန်ဖို့တောင် အချိန်မရှိခဲ့ပေ..။အရိပ်ထဲမှာ ပုန်းကွယ်ဖို့အတွက်လည်း လုံလောက်တဲ့ အကွာအဝေးမှာ ကျွန်ပြုခံထားရသူ တစ်ကောင်မှလည်း ရှိမနေခဲ့ပါဘူး..။သူ ကူးခတ်ထွက်ပြေးဖို့ အတွက်လည်း အချိန်မလုံလောက်တော့ပေ..။ ဆန်နီ လုပ်နိုင်ခဲ့တာဆိုလို့ [နှစ်သိမ့်ခြင်းပြစ်ဒဏ်] နဲ့ ရှေ့ကို ခုတ်ပိုင်းလိုက်ရုံပဲ ရှိပါတယ်..။ ကျောက်စိမ်းဓားက အဖြူရောင်ပွင့်ချပ်နဲ့ ထိမိသွားခဲ့ပြီး.. အဝတ်စကို ဖြတ်တောက်ပစ်လိုက်တယ်..။အဝတ် အပိုင်းအစ အနည်းငယ်က လွင့်မျောသွားခဲ့ပေမဲ့.. ပွင့်ချပ်ကတော့ အရှိန် လုံးဝ လျော့မသွားခဲ့ပါဘူး..။

ဒါက လွင့်မျောနေတဲ့ ပိုးသားပြင်ကြီးတစ်ခုလို ဖြန့်ကျက်သွားပြီး.. ဆန်နီ ကို အရပ်မျက်နှာ အားလုံးကနေ ဝန်းရံလိုက်ပါတယ်..။ ယင်းနောက်မှာတော့ သူက အေးစက်တဲ့ အဖြူရောင်ပိုးချည်တွေကြားထဲမှာ ရစ်ပတ်ခံလိုက်ရပြီး.. အဲဒီအရာရဲ့ ချုပ်နှောင်မှုကို ခံလိုက်ရတယ်..။ ချောမွတ်တဲ့ ပိုးသားက သူ့ရဲ့ ခန္ဓာကိုယ် အရေပြားပေါ်ကို ပွတ်တိုက်သွားတဲ့ ခံစားချက်က ဆန်နီ ကို တုန်လှုပ်သွားစေခဲ့ပါတယ်..။

‘ချီးတဲ့..မှ..ပဲ…’

ယင်းနောက်မှာတော့ ကမ္ဘာကြီးက ငြိမ်သက်သွားခဲ့တယ်..။

သမုဒ္ဒရာရဲ့ မှောင်မိုက်တဲ့ ချောက်နက်ကြီးက ပျောက်ကွယ်သွားခဲ့ပြီး.. အဆုံးမရှိ လွင့်ပျံနေတဲ့အဖြူရောင် အဝတ်စတွေနဲ့သာ အစားထိုးသွားခဲ့ပါပြီ..။

သူ့ရဲ့ ပင်ပန်းနွမ်းနယ်မှုနဲ့ ကြောက်ရွံ့မှုတွေကလည်း ပျောက်ကွယ်သွားခဲ့တယ်..။

သူ့ရဲ့ မှတ်ဉာဏ်၊ အမျှော်အမြင်၊ သတိရှိမှု၊ ရည်ရွယ်ချက်နဲ့ ပြတ်သားမှုတွေ အားလုံးလည်းဆုံးရှုံးသွားခဲ့ပါတယ်..။

သူ့ရဲ့ စိတ်က ဗလာ ဖြစ်သွားခဲ့ပြီ..။

ဆန်နီ က သူ့မှာ အတွေးတွေ၊ အလိုဆန္ဒတွေနဲ့ မျှော်လင့်ချက်တွေ ရှိခဲ့ဖူးတာကို ဝေဝါးစွာ မှတ်မိနေခဲ့ပါတယ်..။ ဒါပေမဲ့ ဒီ စကားလုံးတွေက အခုအချိန်မှာ အဓိပ္ပါယ်မဲ့နေပုံရပြီး.. သူတို့ရဲ့ အဓိပ္ပါယ်ကိုလည်း နားမလည်နိုင်တော့ပါဘူး..။ အမှန်တကယ်တော့ သူ ကိုယ့်ကိုကို ဖော်ပြဖို့ အသုံးပြုခဲ့တဲ့ ဆန်နီ ဆိုတဲ့ စကားလုံးကလည်း အဓိပ္ပါယ် မရှိတော့ပါဘူး..။ ဒါက တကယ်ကို ထူးဆန်းတဲ့ အရာတစ်ခုပါ…။

လွင့်မျောနေတဲ့ ပိုးသားတွေ ဝန်းရံထားတဲ့ ကြားထဲမှာပဲ.. သူက လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရတယ်..။ သူ့ရဲ့ ပတ်လည်မှာ.. အရိပ်တွေ.. လှုပ်ရှားနေခဲ့ကြတာပါ..။ သူကိုယ်တိုင်လည်း လှုပ်ရှားနေခဲ့ပြီး.. အကြီးမားဆုံး အရိပ်တစ်ခုဆီကို ပိုပြီး ဆွဲခေါ်ခံနေရပါတယ်..။

အချိန်တွေ ကုန်ဆုံးသွားတိုင်း.. သူ့ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှု အသိစိတ်က ပိုမို ပျော်ဝင် ပျောက်ကွယ်လာနေခဲ့ပါပြီ..။ မကြာခင်မှာပဲ ဒါက လုံးဝ ပျောက်ကွယ်သွားတော့မှာပါ..။ ယင်းနောက်မှာတော့ အသစ်အဆန်းတစ်ခုခု၊ အဟောင်းတစ်ခုခု ၊ ပိုမို မှောင်မိုက်တဲ့ အရာတစ်ခုခု.. စောင့်ဆိုင်းနေတဲ့..အရာ တစ်ခုခုက အဲ့နေရာမှာ အစားထိုး ဝင်ရောက်လာတော့မှာပါ..။

သူက ဒီအခြေအနေအပေါ် မှာ ငြိမ်းချမ်းမှုကို ခံစားနေခဲ့ရတယ်..။

သူ ဘာမှမရှိမူကို ခံစားလိုက်ရတာပါ…။

ဒီလို ဘာမှမရှိတော့တဲ့ အခြေအနေက အတော်လေး သက်တောင့်သက်သာ ရှိလှပါတယ်..။

အပြစ်အနာအဆာကင်းတဲ့ အဖြူရောင် ဟင်းလင်းပြင် ပိုးသားကမ္ဘာကြီးရဲ့ ငြိမ်းချမ်းမှုကို ဖျက်ဆီးနေတဲ့ အရာတစ်ခုသာ ရှိနေခဲ့တယ်။

အဲတာကတော့…နိမိတ်မကောင်းတဲ့ လှောင်ပြောင်သံတစ်ခုပါပဲ..။ ဒီအသံက သူ့ရဲ့ နားထဲမှာ တီးတိုးပြောကာ ဝမ်းသာအားရ ဖြစ်နေခဲ့ပါတယ်..။

“ဒီမှာစတာပဲ.. သနားစရာကောင်းတဲ့ အရူးလေးတစ်ယောက်ရဲ့ သနားစရာကောင်းတဲ့ အဆုံးသတ် ဆိုတာ..”

ဆန်နီက မုန်းတီးစရာကောင်းတဲ့..သူ့ရဲ့ ကိုယ်ပိုင်အသံကြောင့်..ရုတ်တရက် မှတ်မိသွားခဲ့ပါတယ်..။

အလင်းမှပျောက်ဆုံးသူ..။

ဒါက သူ့ရဲ့ နာမည် ပါ..။

ဒီ မှတ်ဉာဏ်တစ်ခုက သော့တစ်ခုလိုမျိုး ကျန်ရှိနေတဲ့ အရာအားလုံးကို ဖွင့်လှစ်ပေးနိုင်လိုက်တယ်..။

‘ဘာတွေ… ဖြစ်… နေတာလဲ…’

သူက သူ့ရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ထားတဲ့ အဖြူရောင် အဝတ်စကို ရုန်းကန်နေပေမဲ့လည်း မျှော်လင့်ချက် မရှိပါဘူး..။ ထိတ်လန့်စရာကောင်းတဲ့ နားလည်သဘောပေါက်မှုက သူ့ရဲ့ စိတ်ထဲကို ဝင်ရောက်လာခဲ့ပြီး.. ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ၊ ဘာတွေ ဖြစ်ပျက်နေတာလဲဆိုတာကို သတိရစေခဲ့ပါတယ်..။

ဒါက ရှေ့ဆက်ပြီး ဘာတွေ ဆက်ဖြစ်လာတော့

မလဲ ဆိုတာကိုပါ သိစေခဲ့တာပါ..။

ဆန်နီ ရဲ့ အသိစိတ်က ထူးဆန်းစွာ ကွဲထွက်သွားခဲ့တယ် ။အသိစိတ် တစ်ဖက်က

တယ်ရာ ရဲ့ ပွင့်ချပ်ကြောင့် ရေထုထဲကို ဆွဲခေါ်ခံနေရတဲ့ လက်တွေ့အခြေအနေကို ခံစားမိနေခဲ့ပါတယ်..။ အခြား အသိစိတ်တစ်ဖက်ကတော့ လွင့်မျောနေတဲ့ ပိုးသားပြင်ကြီးထဲမှာ ပျောက်ဆုံးနေဆဲပါ..။

သူက အပိုင်းနှစ်ခုလုံးကို ကျူးကျော်ဝင်ရောက်လာတဲ့ နယ်ပယ်တစ်ခုကို ခံစားလိုက်ရပြီး..ဒီအရာက သူ့ရဲ့ မျက်လုံးတွေကတစ်ဆင့် ကြည့်ရှုကာ၊ သူ့ရဲ့ အတွေးတွေကို တွေးတောနေခဲ့တာပါ..။ ပြီးတော့ ပိုမို လိုချင်တက်မက်နေခဲ့တယ်..။ ဒီအရာရဲ့ လုပ်ဆောင်မှုက နှေးကွေးပြီး ခက်ခဲလှပေမဲ့ ရှောင်လွှဲလို့တော့ မရနိုင်ခဲ့ပါဘူး..။ ဆန်နီ က ကြောက်မက်ဖွယ်ရာ ကျူးကျော်သူကို ပြန်လည် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပြီး.. သူ့ရဲ့ စိတ်ခွန်အား အားလုံးကို ပြင်းထန်တဲ့ တိုက်ခိုက်မှုအဖြစ် အသုံးပြုလိုက်တယ်..။ ဒါပေမဲ့လည်း ဒီအရာရဲ့ ကြီးမားရှေးကျတဲ့ မကောင်းဆိုးဝါး အရှိန်အဝါ အောက်မှာ ဖန်ခွက်တစ်ခုလိုပဲ ကွဲကြေသွားခဲ့ရပါတယ်။

‘အာ… မကောင်းတော့ဘူး…’

သူ့ရဲ့ အတွေးတွေက နှေးကွေးလာခဲ့ပါပြီ။

စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ထဲမှာ တယ်ရာ ကို တိုက်ခိုက်ရတာက အချည်းနှီး ဖြစ်လိမ့်မယ်လို့ ခံစားမိတာကြောင့်.. ဆန်နီ ဟာ ရုပ်ပိုင်းဆိုင်ရာ ချည်နှောင်မှုတွေကနေ လွတ်မြောက်ဖို့ ပြန်လည် ကြိုးစားလိုက်တယ်..။ သို့ပေမယ့် သူ့ရဲ့ လက်မောင်းတွေက ခန္ဓာကိုယ်မှာ တင်းကျပ်စွာ ချည်နှောင်ခံထားရတာပါ..။ အဖြူရောင် အဝတ်စကလည်း အခြား အိပ်မက်ဆိုး သတ္တဝါတွေရဲ့ ကြေးခွံတွေလိုမျိုး [နှစ်သိမ့်ခြင်းပြစ်ဒဏ်] ရဲ့ ဓားသွားအောက်မှာ ကွဲထွက်ဖို့ ငြင်းဆန်နေခဲ့တယ်..။ သူ့ရဲ့ လက်ကောက်ဝတ် တစ်ခုတည်းကိုပဲ.. အနည်းငယ် လှုပ်ရှားနိုင်တဲ့ အခြေအနေမှာတော့ ဒီ အဝတ်စကို ဖြတ်တောက်ပစ်ဖို့က မဖြစ်နိုင်တော့ပါဘူး..။

' ချီးတဲ့မှပဲ..’

ဆန်နီ က အနည်းငယ် ကွာဝေးတဲ့ နေရာမှာ ရှိနေတဲ့ နေဗီ နဲ့ ဘလက်ဝေ့ တို့ရဲ့ အရိပ်တွေကိုလည်း ဝေဝါးစွာ ခံစားမိနေခဲ့ပါတယ်..။ တယ်ရာ ရဲ့ ပွင့်ချပ်တွေကို ရုန်းကန်ဖို့ ကြိုးစားနေတာက သူတစ်ယောက်တည်း ဖြစ်နေတဲ့ပုံပါပဲ..။ကျန်တဲ့ နှစ်ယောက်လုံးကတော့ မိန်းမောတွေဝေပြီ ရှိနေခဲ့ကြပါတယ်..။ ဒါဆိုရင် သူကရော ဘာလို့ ဒီလူတွေလို..ဖြစ်မနေရတာလဲ…။

[နှစ်သိမ့်ခြင်းပြစ်ဒဏ်] ရှိနေတာနဲ့ အစစ်အမှန်နာမည်တစ်ခုကို ပိုင်ဆိုင်ထားတာက ကူညီပေးနိုင်ခဲ့တာ မှန်ပေမဲ့.. ဒါက တစ်ခုတည်းသော အကြောင်းပြချက်တော့ မဖြစ်နိုင်ပါဘူး..။

ဘလက်ဝေ့ ဆိုတာကလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ သူတော်စင် ရဲ့ အစစ်အမှန် နာမည် တစ်ခု ဖြစ်နေခဲ့တာပါပဲ..။ ဒါပေမဲ့ကြောက်မက်ဖွယ်ရာ လူသတ်ဝေလငါးကြီးကတော့ မလှုပ်မယှက် ရှိနေခဲ့ပြီး.. အဖြူရောင် ပိုးသားရဲ့ ထိပ်လန့်ဖွယ် ရစ်ပတ်မှုထဲမှာ တိတ်ဆိတ်စွာ မျောပါနေခဲ့ပါတယ်..။

ဒါက ဘာကို ဆိုလိုတာလဲဆိုရင်.. ဒီလို သတိရှိနေနိုင်တာဟာ ဆန်နီ ရဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေအပေါ်မှာ ခုခံနိုင်စွမ်းကြောင့် မြင့်မားတာကြောင့် ဖြစ်နိုင်ပါတယ်..။ အခုအချိန်မှာ သူ့ဦးခေါင်းကို တယ်ရာ နဲ့ မျှဝေထားရပေမဲ့လည်း.. သူ့ရဲ့ စိတ်ထဲက တစ်စိတ်တစ်ပိုင်းကတော့ အဲဒီအရာကို ဆက်လက် တိုက်ခိုက်နေဆဲပါပဲ..။

သို့ပေမဲ့ ဆန်နီ အနေနဲ့ ဒီအခြေအနေကနေ

မလွတ်မြောက်နိုင်သလို..သူ့ရဲ့ ဖြစ်တည်မှုကို အစားထိုး ဝင်ရောက်ချင်နေတဲ့ သတ္တဝါကိုလည်း

မတားဆီးနိုင်တဲ့အချိန်မှာ ဘာများ တတ်နိုင်ဦးမှာလဲ။

သူက အဖြူရောင် ပိုးသားရဲ့ ပွင့်ချပ်ဆီကို ပိုမိုနီးကပ်အောင် ဆွဲခေါ်ခံရတာနဲ့အမျှ.. သူ့ကိုယ်သူ.. အစစ်အမှန် မဟုတ်တော့သလို ခံစားလိုက်ရပါတယ်..။တစ်ချိန်တည်းမှာပဲ သူ့ရဲ့ အတွေးတွေက သူ့ရဲ့ ကိုယ်ပိုင် မဟုတ်တော့သလို ခံစားနေခဲ့ရတယ်..။ သူ့ရဲ့ မျက်လုံးတွေက ပိုးသားကန့်လန့်ကာကို စိုက်ကြည့်နေခဲ့ပြီး.. သူ့အလိုလို လှုပ်ရှားနေခဲ့ကြတာပါ..။ ဒါက အခြားအရာတစ်ခုခုက သူ့မျက်လုံးတွေကနေတစ်ဆင့် ကြည့်ရှုနေသလိုမျိုးပါပဲ..။

နောက်ဆုံးမှာတော့ ဆန်နီ က စစ်မှန်တဲ့ ထိတ်လန့်မှုကို ခံစားလာခဲ့ပါပြီ..။

သူက အရင်ကလည်း ကြောက်ရွံ့ခဲ့ဖူးပေမဲ့ ဒီလိုမျိုးတော့ တစ်ခါမှ ဖြစ်မဖူးခဲ့ပါဘူး..။ အခြားအရာတစ်ခုခုက သူ့ရဲ့ ခန္ဓာကိုယ်ကို လာရောက် စိုးမိုးထားတာကို ခံစားနေရပြီး.. သူ့ရဲ့ စိတ်ဆန္ဒတွေက နှေးကွေးစွ ပျောက်ကွယ်သွားနေတာကို ခုခံဖို့ လုံးဝ အကူအညီမဲ့နေခဲ့ရတယ်.။ ဒါက သူ့ရဲ့ အနက်ရှိုင်းဆုံး ကြောက်ရွံ့မှုတွေ အားလုံးကို သိမြင်သွားခဲ့ရတာ ဖြစ်နိုင်ပါတယ်..။

ပြီးတော့ ဒါကို လုပ်ဆောင်နေတာက LO49 ရဲ့ တယ်ရာ ဖြစ်နေခဲ့တယ်။ဒါက.. သူ့ကို တစ်ကြိမ် ရှုံးနိမ့်စေခဲ့ဖူးတဲ့ မုန်းတီးစရာ သတ္တဝါ ဆိုရင်လည်း မမှားပါဘူး။

ဆန်နီဟာ မကျေနပ်မှုတွေ အပြည့်နဲ့..အံကိုကြိတ်လိုက်ပြီး.. [မှတ်သားမူ] နှစ်ခုကို ဆင့်ခေါ်လိုက်တယ်..။ အနည်းဆုံးတော့ သူ ဒီလောက်တော့ လုပ်ဆောင်နိုင်ပါသေးတယ်။

တစ်ခုကတော့ မီးတောင်ကျောက်နဲ့ ပြုလုပ်ထားတဲ့ မီးအိမ်အသေးလေး ပါ..။

အခြားတစ်ခုကတော့ ကြောက်မက်ဖွယ် သစ်စေးသုတ် သစ်သား မျက်နှာဖုံးတစ်ခု ဖြစ်နေခဲ့တယ်။ဒီမျက်နှာဖုံးမှာ ထက်ရှတဲ့ အစွယ်တွေနဲ့ ချွန်ထက် ကွေ့ကောက်တဲ့ ဦးချို သုံးခု ပါရှိနေခဲ့ပါတယ်...။

[ဝီဗာ မျက်နှာဖုံး] ..။ ဆန်နီ ဒီအရာကို အသုံးမပြုခဲ့တာ အတော် ကြာလှပါပြီ..။

ဒါကလည်း သူ့ကို တယ်ရာ လောက်နီးပါး ကြောက်ရွံ့စေခဲ့တာ ဖြစ်ပါတယ်..။

သူ ဘာလုပ်တော့မလဲ ဆိုတာကို မစဉ်းစားမိအောင် ကြိုးစားရင်း.. ဆန်နီ က [အရိပ်မီးအိမ်] ရဲ့ တစ်ခုတည်းသော တိုးမြှင့်မှုကို အသက်သွင်းလိုက်တယ်။ပြီးတာနဲ့.. သူ့ရဲ့ ပတ်ပတ်လည်မှာ ရှိတဲ့ အလင်းရောင် အားလုံးကို ဝါးမြိုဖို့ အမိန့်ပေးလိုက်ပါတယ်..။

မှောင်မိုက်တဲ့ သမုဒ္ဒရာ ချောက်နက်ထဲမှာ ဝါးမြိုစရာ အလင်းရောင် မရှိခဲ့ပေမဲ့ ဒါက သူ လိုချင်တဲ့ အရာ မဟုတ်ပါဘူး..။ သူ တကယ် လိုချင်ခဲ့တာကတော့ ဒီ နတ်ဘုရားအဆင့် [မှတ်သားမူ] က သူ့ရဲ့ အသက်ဓာတ်ကို တတ်နိုင်သမျှ

များများ ဝါးမြိုသွားဖို့ပဲ ဖြစ်ပါတယ်..။

အဖြူရောင် ပိုးသားလက်တံတွေက သူ့ကို

ဖြူဖျော့တဲ့ ပန်းပွင့်ကြီးဆီကို ခေါ်ဆောင်သွားတဲ့ အချိန်အတွင်းမှာပဲ.. [အရိပ်မီးအိမ်] က ဆန်နီ ပိုင်ဆိုင်ထားတဲ့ အသက်ဓာတ် အများစုကို လောင်ကျွမ်းပစ်လိုက်တယ်..။ အခုတော့ သူ့မှာအသက်ဓာတ် အနည်းငယ်သာ ကျန်ရှိပါတော့တယ်…။

ဆန်နီ ဟာ သူ့ရဲ့ စိတ် က လုံးဝ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီလို့ ခံစားလိုက်ရတယ်..။

ထိတ်လန့်စရာကောင်းတဲ့ တည်ရှိမှုရဲ့ လက်ထဲကနေ သူ့ရဲ့ မျက်နှာကို ကြိုးစား ထိန်းချုပ်ရင်း.. သူက အတင်းအကြပ် ပြုံးလိုက်ပါတယ်..။ သူက ဒီအပြုံးကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေချင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အားနည်းပြီး ကြောက်ရွံ့နေတဲ့ အပြုံးတစ်ခု အဖြစ်သာ ပေါ်ထွက်လာခဲ့တယ်။

‘နှမြောစရာပဲ…’

သူက ထိပ်လန့်ဖွယ် မှားယွင်းမူတွေနဲ့ ပြည့်နှက်နေတဲ့ အရိပ်ကြီး အနားကို ရောက်ရှိလာတာခံစားလိုက်ရပြီး.. စိတ်ထဲကနေ ရေရွတ်လိုက်တယ်..။

‘မင်းက ငါ့ရဲ့ မျက်လုံးတွေကတစ်ဆင့် ကြည့်ချင်တာလား.. ။ကောင်းပြီလေ..ဒါဆိုရင်လည်း… ကြည့်လိုက်စမ်း…’

ယင်းနောက်မှာတော့ ဆန်နီ က [ဝီဗာ မျက်နှာဖုံး] ကို အသုံးပြုပြီး သူ့ရဲ့ ဒုတိယမြောက် တိုးမြှင့်မှုကို အသက်သွင်းလိုက်ပါတယ်…။

[ငါ့ရဲ့ မျက်လုံး ဘယ်မှာလဲ]

အပိုင်း ( ၁၀၁၉ ) ပြီး၏။

All Chapters