← Chapters

အခန်း ၁၀၂၀

Vol. 68 Ch. 1020

အခန်း ၁၀၂၀

Vol. 68 Ch. 1020

အခန်း ( ၁၀၂၀ ) ဖယ်လ်ကွန် စကော့တ် ရဲ့ ကျရှုံးခန်း ( ၃၈ )

ဆန်နီ ဟာ ဒီလို သေစေနိုင်တဲ့ တိုးမြှင့်မှုကို ပထမဆုံးအကြိမ် အသုံးပြုပြီးကတည်းက နောက်ထပ်သုံးဖို့ လုံးဝ မတွေးဝံ့ခဲ့ပါဘူး..။အရင်တုန်းက သူ အောက်ဘက်ကောင်းကင်ထဲကို ပြုတ်ကျနေတဲ့ အချိန်မှာ ..လုံးဝ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေကြောင့်သာ ဒီအရာကို အသက်သွင်းခဲ့တာ ဖြစ်ပါတယ်..။

သူ့ရဲ့ လောင်းကြေးက အောင်မြင်ခဲ့ပေမဲ့ ဒါက သူ့ရဲ့ အသက်ကို ရလုနီးပါး ဖြစ်ခဲ့ရတာပါ။

[ငါ့ရဲ့ မျက်လုံး ဘယ်မှာလဲ] စွမ်းရည်က မျက်နှာဖုံးဝတ်ဆင်ထားသူကို ကံတရားရဲ့ ပန်းချီကား ကို ကြည့်ရှုခွင့် ပေးတာပါ..။ ရစ်ပတ်ကွေ့ကောက်ပြီး အဆုံးမရှိအောင် လှပနေတဲ့ ကြိုးမျှင်တွေဟာ တည်ရှိမှုအားလုံးကို ဖမ်းစားထားခဲ့တယ်..။ ဒါက အရပ်မျက်နှာအားလုံးကို အဆုံးမရှိ ဆန့်တန်းနေသလို အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်ဆီကိုလည်း ဆန့်တန်းနေခဲ့ပါသေးတယ်..။ ဒီပန်းချီကားထဲမှာတော့ လူတိုင်းနဲ့ အရာရာတိုင်းကို စိတ်ကူးလို့မရနိုင်တဲ့ ပင့်ကူအိမ်ကြီးတစ်ခုလို ချိတ်ဆက်ပေးထားခဲ့တယ်..။

ဝီဗာ ကတော့ ဒီ ကြီးမားတဲ့ ကံတရား ပန်းချီကားချပ်ကြီးကို ကြည့်ရှုနိုင်စွမ်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်…။ သို့ပေမဲ့ ဆန်နီ လို သာမန်သေမျိုးတွေကတော့ မတတ်နိုင်ပါဘူး..။

ကံကြမ္မာကို စက္ကန့်ပိုင်းလောက် ကြည့်လိုက်ရုံနဲ့တင် သူ့ရဲ့ စိတ်တွေ ပြိုလဲလုနီးပါး ဖြစ်စေခဲ့တာပါ..။ ဒီစက္ကန့်ပိုင်းအပြီးမှာသာ သူ့ရဲ့ အသက်ဓာတ်သာ ကုန်ဆုံးမသွားခဲ့ရင် သူက အဆိုးရွားဆုံး ပုံစံနဲ့ ခေါင်းပေါက်ကွဲပြီး သေဆုံးသွားမှာ သေချာပါတယ်..။ ကံကောင်းစွာပဲ သူက စိတ်ကူးလို့မရနိုင်တဲ့ နာကျင်မှုနဲ့ ဝေဒနာသက်သက်ကိုပဲ ခံစားခဲ့ရပြီး.. အဲဒီမှတ်ဉာဏ်က အခုထိ သူ့ကို တုန်လှုပ်နေစေတုန်းပါပဲ..။

တကယ်လို့…တယ်ရာ ကလည်း ဒီလိုမျိုး စမ်းသပ်ကြည့်ချင်တယ်ဆိုရင် သူက အထူး ကြိုဆိုရမှာ​ပါ..။

ဆန်နီ ရဲ့ နောက်ဆုံး အသက်ဓာတ်က ပျောက်ကွယ်သွားပြီး.. နာကျင်စရာကောင်းတဲ့ နောက်ဆက်တွဲဒဏ်ကို ခံစားနေရစဉ်မှာပဲ..

ကံတရား ပန်းချီကားကြီးရဲ့ စိတ်ကူးလို့မရနိုင်တဲ့ မြင်ကွင်းက ကမ္ဘာကြီးရဲ့ အပေါ်မှာ ပေါ်ထွက်လာခဲ့ပါတယ်..။ ဒါက သူ့ရဲ့ မှတ်ဉာဏ်ထဲကအတိုင်းပဲ အံ့ဩစရာကောင်းပြီး အသက်ရှူမှားလောက်အောင် လွှမ်းမိုးနိုင်စွမ်း ရှိနေခဲ့တာပါ…။ သို့ပေမဲ့ ထူးဆန်းစွာပဲ ဆန်နီ ဟာ ဒီတစ်ကြိမ်မှာတော့ လှပတဲ့ ကြိုးမျှင်တွေကို ကွဲပြားစွာ မြင်နေခဲ့တယ်..။

သူ့အတွက်တော့ ဒီအရာတွေက ချိန်းကြိုးတွေကလွဲလို့ ဘာမှမဟုတ်သလို ထင်နေရပါတယ်..။

သူက ပန်းချီကား ကြီးကို စိုက်ကြည့်ဖို့ အချိန်အကြာကြီး မယူခဲ့ဘဲ.. တစ်ချက်လောက်ပဲ လှမ်းကြည့်လိုက်တာပါ..။ ရှေ့ဆက်ဖြစ်လာမယ့် အရာအတွက် ပြင်ဆင်ထားပြီးသား ဖြစ်တာကြောင့် ဆန်နီ ဟာ သေးငယ်ပေမဲ့ အတော်လေး ကောက်ကျစ်တဲ့ လှည့်ကွက်တစ်ခုကို အသုံးပြုလိုက်တယ်..။

သူ့ရဲ့ အသိစိတ်က လက်တွေ့ကမ္ဘာနဲ့ တယ်ရာ ဖန်တီးထားတဲ့ အဖြူရောင် ပိုးသားကမ္ဘာကြားထဲမှာ ကွဲထွက်နေဆဲပါပဲ..။ ဒီ ပိုးသားကမ္ဘာကပဲ သားကောင်ကို မိန်းမောသွားအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်..။ ဒါကြောင့် ဆန်နီ ဟာ လက်တွေ့ကမ္ဘာမှာ မျက်စိမှိတ်ထားလိုက်ပြီး.. အဖြူရောင် ပိုးသားအိပ်မက်ထဲကိုပဲ အာရုံအပြည့် စိုက်လိုက်တာပါ..။

ဒါကြောင့်လည်း သူ့ရဲ့ ခန္ဓာကိုယ်ကို လုယူလုနီးပါး ဖြစ်နေပြီး..သူ့မျက်လုံးတွေကတစ်ဆင့် ကမ္ဘာကြီးကို ကြည့်နေတဲ့ တယ်ရာ တစ်ကောင်တည်းကသာ အဲဒီ ရက်စက်လှတဲ့ မြင်ကွင်းကို တစ်ယောက်တည်း ကြည့်ရှုမိသွားခဲ့ရပါတယ်..။

ဆန်နီ ဟာ သူ့ကို ရစ်ပတ်ထားတဲ့ အဖြူရောင်

ပိုးသားတွေ တုန်ခါသွားတာကို ခံစားလိုက်ရတယ်..။ ဖြူဖျော့တဲ့ ပန်းပွင့်ကြီးက တွန့်လိမ်နေသလိုမျိုးပါပဲ..။

ကံတရားကြိုးမျှင် တွေကို ခနတာ ကြည့်လိုက်ရုံနဲ့တင် သူ့ဦးခေါင်းထဲမှာ အက်ကွဲမတတ် နာကျင်သွားခဲ့ပေမဲ့.. သူ့ရဲ့ အားနည်းလှတဲ့ အပြုံးကတော့ နောက်ဆုံးမှာ စစ်မှန်တဲ့ အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

‘ ကောင်းကောင်း ကြည့်နေလိုက်..ခွေးသားလေး’

စက္ကန့်ပိုင်းအကြာမှာတော့ သူ့ရဲ့ အသက်ဓာတ်တွေ အားလုံး ခန်းခြောက်သွားခဲ့ပြီး.. သေစေနိုင်တဲ့ တိုးမြှင့်မှုကလည်း ပိတ်သွားခဲ့တယ်..။ ကံတရား ပန်းချီကားက ပျောက်ကွယ်သွားခဲ့ပြီး.. ဆန်နီ ဟာလည်း သူရဲ့ စိတ်ကို ဝါးမြိုနေတဲ့ ဖြစ်တည်မှုကနေ ရုတ်တရက် လွတ်မြောက်သွားခဲ့ပါတယ်..။ အမှန်တကယ်တော့ အဲဒီအရာက ရှိနေဆဲ ဖြစ်ပေမဲ့.. အခုအချိန်မှာတော့ နာကျင်စွာနဲ့ တွန့်လိမ်နေခဲ့တာပါ..။

သူ့ရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ထားတဲ့ အဖြူရောင်ပိုးသား ချည်နှောင်မှုတွေကလည်း အနည်းငယ် လျော့ရဲသွားခဲ့ပါတယ်..။

ဆန်နီဟာ တစ်ခနလေးတောင် အချိန်ဖြုန်းမနေပဲ..လျော့ရဲနေမှုကို အသုံးပြုပြီး သူ့လက်ကို ရှေ့ကို ပစ်လွှတ်လိုက်တယ်..။ [နှစ်သိမ့်ခြင်းပြစ်ဒဏ်] ရဲ့ ဓားဖျားက ပိုးသားထောင်ချောက်ရဲ့ တံတိုင်းကို ဖောက်ထွက်သွားခဲ့ပါတယ်..။ ယင်းနောက်မှာတော့ အပေါ်ကို ပင့်တင်လိုက်ပြီး ဒေါင်လိုက် အက်ကွဲကြောင်းတစ်ခု ဖြတ်တောက်လိုက်တယ်..။

စက္ကန့်ပိုင်းအကြာမှာတော့ သူက အဖြူရောင်ပွင့်ချပ်ကို လှီးဖြတ်ပြီး မှောင်မိုက်တဲ့ ရေထုထဲကို တိုးထွက်နိုင်ခဲ့ပါပြီ..။ မှောင်မိုက်တဲ့ သမုဒ္ဒရာရဲ့ ပွေ့ဖက်မှုထဲကို နောက်တစ်ကြိမ် ပြန်ရောက်သွားတာကိုပဲ အတိုင်းထက်အလွန် ဝမ်းသာနေခဲ့ရတာပါ..။

ဆန်နီ ဟာ သူ့မှာ အချိန်အများကြီး မရှိမှန်း သိနေတာကြောင့်.. ပတ်ဝန်းကျင်ကို အမြန် အကဲခတ်လိုက်တယ်..။

ကံတရားရဲ့ ပန်းချီကား ကို မြင်တွေ့လိုက်ရတာက နိုးထသူ တစ်ယောက် ဖြစ်တဲ့ သူ့ကို မသေဆုံးစေခဲ့ပါဘူး..။ ဒါကြောင့် ဒီအရာက ပျက်ပြားခြင်းအဆင့် တယ်ရာ ကို သေစေလိမ့်မယ်လို့ သူ မထင်မိပေ..။ တကယ်လို့ အဲ့ဒီ ကြောက်မက်ဖွယ် ပိုးသား ပန်းပွင့်ကြီးက သတ္တဝါတစ်ကောင် ဖြစ်တယ် ဆိုရင်ပေါ့..။ ဘာပဲဖြစ်ဖြစ် ဒီသတ္တဝါက အကြာကြီးတော့ ငြိမ်သက်နေမှာ မဟုတ်ပါဘူး..။

လက်ရှိမှာတော့ ဖြူဖျော့တဲ့ ပန်းပွင့်ကြီးက အကြောဆွဲနေပုံရပြီး.. သူ့ရဲ့ ပွင့်ချပ်တွေကလည်း တွန့်လိမ်နေခဲ့တယ်..။ သူတို့ရဲ့ ထူးဆန်းတဲ့ ကကွက်တွေရဲ့ ဟန်ချက်က ပျက်စီးသွားခဲ့ပါပြီ..။ အဲ့ဒီအစား ဘယ်လို ကျိုးကြောင်းဆီလျော်မှုမှမရှိတဲ့ ကစဉ့်ကလျားနဲ့ တုန်ရီနေတဲ့ လှုပ်ရှားမှုတွေက နေရာယူလာခဲ့တာပါ..။

ကျွန်ပြုခံထားရသူတွေကလည်း နာကျင်ပြီး လမ်းပျောက်နေတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ကြတယ်..။

ဒီ စက်ဆုပ်ဖွယ် သတ္တဝါကြီးကို ဝါးမြိုနေတဲ့ ဝေဒနာကို ကြည့်ပြီး.. ဆန်နီ ဟာ ကံကြမ္မာဆိုတာ နတ်ဘုရားတွေသာ ကြည့်ရှုဖို့ ရည်ရွယ်ထားတဲ့ အရာ ဖြစ်လိမ့်မယ်လို့ ပိုပြီး ယုံကြည်သွားခဲ့ပါတယ်..။ ဒါမှမဟုတ် ဘယ်သူမှ မကြည့်သင့်တဲ့ အရာလည်း ဖြစ်နိုင်တာပါပဲ..။ ကြီးမားပြီး ကြောက်မက်ဖွယ် စွမ်းအားတွေ ရှိတဲ့ ပျက်ပြားခြင်းအဆင့် သားရဲကြီးတောင်မှ ဒီလို ပျက်စီးသွားခဲ့ရရင်.. သာမန် လူသားတွေ အနေနဲ့

ဒီမြင်ကွင်းကို တောင့်ခံနိုင်ဖို့ ဘယ်လိုလုပ်​ ဖြစ်နိုင်မှာလဲ..။

​ဆန်နီ ဟာ မိမိကိုယ်ပိုင် နာကျင်မှုကို မေ့ဖျောက်ရင်း.. နေဗီ နဲ့ ဘလက်ဝေ့ တို့ကို ခနလောက် လှမ်းကြည့်လိုက်တယ်..။ သူတို့က အသက်ရှင်နေတဲ့ အရိပ်အယောင် ပြသနေပေမဲ့.. မိမိကိုယ်ကို လွတ်မြောက်အောင် မကြိုးစားနိုင်သေးပါဘူး..။ တယ်ရာ က သူတို့ လွတ်မြောက်မလာခင်မှာပဲ သတိပြန်ဝင်လာဖို့ အခွင့်အလမ်း ပိုများနေခဲ့တယ်..။

သူကိုယ်တိုင်ပဲ ဒီတိုက်ပွဲကို အဆုံးသတ်ရတော့မှာပါ..။

ဆန်နီဟာ [နှစ်သိမ့်ခြင်းပြစ်ဒဏ်] ရဲ့ ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း.. ရှေ့ကို တိုးဝင်သွားလိုက်တယ်..။ သူက အသက်ဓာတ်အားလုံး ခန်းခြောက်သွားမှုကြောင့် ကျန်ရစ်ခဲ့တဲ့ အားနည်းမှုကို ကြိုးစား တိုက်ဖျက်လိုက်တာပါ..။ သူ့ရဲ့ ခန္ဓာကိုယ်ကို ရေထုထဲမှာ တတ်နိုင်သမျှ အမြန်ဆုံး တွန်းပို့လိုက်တယ်..။

[လျင်မြန်သော ဖမ်းဆီးသူ] ကတော့ အသုံးမဝင်တဲ့ ပိုက်ကွန်စတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး.. သူ့ရဲ့ တိုးမြှင့်မှုက တိတ်ဆိတ်နေခဲ့ပါတယ်..။ ကံကောင်းစွာနဲ့ပဲ [အသက်ဓာတ် ပုလဲ] ရဲ့ တိုးမြှင့်မှုက အလိုအလျောက် ဖြစ်နေတာကြောင့်.. သူကတော့ အသက်ရှူနိုင်ဆဲပါပဲ..။

သူ အဖြူရောင် ပန်းပွင့်ဆီကို ရောက်တဲ့အချိန်မှာတော့.. သူ့ရဲ့ ကြွက်သားတွေနဲ့ အဆုတ်တွေက ပူလောင်နေခဲ့ပါပြီ..။ ဒါက စက္ကန့်ပိုင်းလောက်ပဲ ကြာမြင့်ခဲ့ပေမဲ့.. လွင့်ပျံနေတဲ့ ပွင့်ချပ်တွေရဲ့ အကြောဆွဲမှုက တဖြည်းဖြည်း အားနည်းလာနေခဲ့ပြီ ဖြစ်ပါတယ်..။

အေးစက်တဲ့ ထိတ်လန့်မှုက သူ့ရဲ့ နှလုံးသားကို ရစ်ပတ်လာတာ ခံစားလိုက်ရတာကြောင့်.. ဆန်နီ ဟာ အံကိုကြိတ်ပြီး အဖြူရောင်ပိုးသားထုထဲကို တိုးဝင်လိုက်တယ်..။

သူ့ရဲ့ ရည်မှန်းချက်ကတော့ ပွင့်ချပ်တွေရဲ့ ဗဟိုမှာ ပုန်းကွယ်နေတဲ့ သေးငယ်တဲ့ ပုံသဏ္ဍာန်ကို ရှာဖို့ပဲ ဖြစ်ပါတယ်..။

အဖြူရောင် အဝတ်စတွေကြားထဲကနေ ကူးခတ်နေစဉ်မှာပဲ.. ဆန်နီ ဟာ အချိန်မရွေး ပြန်လည် ဖမ်းဆီးခံရနိုင်တယ်ဆိုတဲ့ ခံစားချက်ကို ဖျောက်ဖျက်လို့ မရခဲ့ပါဘူး..။ သူ့ရဲ့ စိတ်က ဝါးမြိုခံရပြီး.. သူ့ရဲ့ စိတ်ဆန္ဒက တစ်ပါးသူရဲ့ ယုတ်ညံ့တဲ့ အရာတစ်ခုနဲ့ အစားထိုးခံရတော့မလိုပါပဲ..။

ဒါပေမဲ့လည်း သူက ရှေ့ကိုပဲ ဆက်လက် တိုးဝင်သွားခဲ့တယ်..။

ကြောက်ရွံ့မှုတွေ ပြည့်နှက်နေတဲ့ အဆုံးမဲ့ အချိန်ကာလတစ်ခုအပြီးမှာတော့.. သူက နောက်ဆုံးမှာ ဖြူဖျော့တဲ့ ပန်းပွင့်ကြီးရဲ့ နှလုံးသားဆီကို ရောက်ရှိသွားခဲ့ပါပြီ..။

သူ မြင်တွေ့လိုက်ရတဲ့ အရာကြောင့်…

ဆန်နီ ခနလောက် ဆွံ့အသွားခဲ့တယ်..။

သူ့ရဲ့ ရှေ့မှာတော့ အဖြူရောင်ပိုးသားတွေနဲ့ ရစ်ပတ်ထားတဲ့ ပုံသဏ္ဍာန်တစ်ခု ရှိနေခဲ့တယ်..။ သူက ခြောက်သွေ့ပြီး အရပ်ပုလှတဲ့ လူသား ခန္ဓာကိုယ်ကို ဝေဝါးစွာ မြင်တွေ့နိုင်ခဲ့တယ်..။ ဒါက အမျိုးသမီးတစ်ယောက်ရဲ့ ပုံစံဖြစ်ပြီး သေးငယ်ကာ နုနယ်လှပါတယ်..။ အဝတ်စတွေနဲ့ တင်းကျပ်စွာ ပတ်ထားတဲ့ ကြားထဲကပဲ.. မျက်နှာရဲ့ ပုံရိပ်ကို ခွဲခြားသိနိုင်တာပါ..။ သူ့ရဲ့မျက်လုံးတွေ ရှိရမယ့် နေရာမှာတော့ နေရာလွတ် ဖြစ်နေတဲ့ တွင်းနက်ကြီး နှစ်ခု ရှိနေခဲ့ပြီး.. ပိုမိုကြီးမားတဲ့ နှုတ်ခမ်းနေရာကတော့ တိတ်ဆိတ်တဲ့ အဆုံးမရှိ အော်ဟစ်သံတစ်ခုနဲ့ ပွင့်နေသလိုပါပဲ..။

အေးစက်လှတဲ့ နားလည်မှုတစ်ခုက သူ့ရဲ့ စိတ်ထဲမှာ ရုတ်တရက် ပေါ်ပေါက်လာခဲ့ပါတယ်..။ ရစ်ပတ်ထားတဲ့ ခန္ဓာကိုယ်ကနေ ဆန့်ထွက်နေတဲ့ အဖြူရောင် အဝတ်စတွေကို ကြည့်ရင်း.. သူ ပန်းပွင့်လို့ ထင်မှတ်ခဲ့တဲ့ အရာဟာ ပန်းပွင့်တစ်ပွင့် မဟုတ်မှန်း သဘောပေါက်သွားခဲ့ပါတယ်..။ အမှန်တကယ်တော့ ဒါက အဖြူရောင်ပိုးသားနဲ့ ပြုလုပ်ထားတဲ့ ကြီးမားလှတဲ့ အသုဘ ဝတ်ရုံကြီးတစ်ခုသာ ဖြစ်ပြီး.. သူ့ရဲ့ လက်အင်္ကျီတွေနဲ့ အဝတ်စတွေက အေးစက်မှောင်မိုက်တဲ့ ရေထုထဲမှာ လွင့်မျောနေခဲ့တာပါ..။

ဆန်နီ ဟာ စက္ကန့်ပိုင်းလောက်ပဲ တုံ့ဆိုင်းနေခဲ့ပြီးမှ.. ခြောက်သွေ့နေတဲ့ ခန္ဓာကိုယ်ကို လှမ်းဆွဲလိုက်တယ်..။သူက မျက်နှာချင်းဆိုင် အနေအထားမှာပဲ.. သူ့ရဲ့ ဓားကို နှလုံးသားတည့်တည့်ဆီကို ထိုးစိုက်လိုက်ပါတယ်..။

ထူးဆန်းပြီး ဝမ်းနည်းစရာကောင်းတဲ့ ခံစားချက်တစ်ခုက သူ့ကို ခနတာ လွှမ်းမိုးသွားခဲ့တယ်..။

ယင်းနောက်မှာတော့ ဆန်နီ ရဲ့ ပတ်လည်မှာ ရှိတဲ့ အဖြူရောင် အဝတ်စတွေက ပြင်းထန်တဲ့ လှုပ်ရှားမှုတွေနဲ့အတူ ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး.. မကြာခင်မှာပဲ ငြိမ်သက်သွားခဲ့ကြပါတယ်..။

တိတ်ဆိတ်မှုတွေကြားထဲကနေပဲ..အခိုက်အတန့် က သူ့ရဲ့ နားထဲကို တီးတိုးပြောလာခဲ့ပါတယ်။

[သင်က ပျက်ပြားခြင်းအဆင့် တယ်ရာ တစ်ကောင်ကို သတ်ဖြတ်ခဲ့သည်…]

အပိုင်း ( ၁၀၂၀ ) ပြီး၏။

All Chapters