← Chapters

အခန်း ၁၀၄

Vol. 10 Ch. 104

အခန်း ၁၀၄

Vol. 10 Ch. 104

အပိုင်း (၁၀၄) အသက်ရှည်ခြင်း၏ အရသာ။

လွီဆုချင်းသည်လည်း ဤသို့ဖြစ်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ မိမိ၏ စိတ်ဓာတ်ကြံ့ခိုင်မှုဖြင့်ပင် သွားရည်ယိုစေလောက်သည့် ဤမွှေးရနံ့ကို ရင်ဆိုင်ရချိန်တွင် လွီဆုချင်း၏ မျက်မှောင်များ ကွေးညွတ်သွားခဲ့၏။ စိတ်ထဲတွင် သံသယတစ်ခုသာ ကျန်ရစ်တော့သည်။

"ဘာလဲ။ ဟို ဟုန်မိသားစုက ရွှံ့နွံကောင်လေးက တကယ်ပဲ ပညာရပ်နှစ်ခုကို တတ်မြောက်ထားတာလား။ မဟုတ်ဘူး... မဟုတ်ဘူး။ ဒါ လုံးဝမဖြစ်နိုင်ဘူး။"

"ဟားဟားဟားဟား... ဒီတစ်ခါတော့ မင်းတို့ ပြောစရာမရှိတော့ဘူး မဟုတ်လား။" ချန်ဖုန်းသည် စိတ်သဘောထား ဖြူစင်ပြီး အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူဖြစ်၏။

ထိုသို့မဟုတ်လျှင်လည်း ပထမဆုံးအကြိမ် တွေ့ဆုံချိန်မှာပင် ဟုန်ရှောင်ပေါင်နှင့် လက်ပါသည့်အထိ ဖြစ်ခဲ့မည်မဟုတ်ချေ။ ယခုမူ သူသည် အလွန်ဂုဏ်ယူနေပြီး ထပ်မံ၍ လှောင်ပြောင်ပြောဆိုရန် ပြင်လိုက်သော်ငြား ချန်ယန်က မသိမသာ ဆွဲထားလိုက်သည်။ မျက်လုံးဖြင့် အချက်ပြလိုက်မှသာ ချန်ဖုန်းက ပါးစပ်ပိတ်သွား၏။ သို့ပေမည့် မျက်နှာပေါ်တွင်မူ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေပြီး ကျိရှောင်လုကို တစ်ချက်တစ်ချက် ကြည့်ကာ ရန်စနေဆဲပင်။

ကျိရှောင်လုသည် အလွန်အမင်း အနေရခက်နေခဲ့၏။ ဖြူစင်သော လည်တိုင်အထိ နီရဲနေခဲ့သည်။ အသက်အရွယ် ငယ်ရွယ်လွန်းလှသည်မဟုတ်ပါလား။ ထို့အပြင် မွှေးရနံ့ကလည်း တကယ်ကို ပြင်းပြလွန်းလှရာ မကြာမီမှာပင် သူမ၏ အာရုံစိုက်မှုအားလုံး ပြောင်းလဲသွားသည်။ "ဒါ... အစ်မကြီး။ သိပ်မွှေးတာပဲ။ မွှေးလိုက်တဲ့ ရနံ့။ အစ်မကြီး ရလား။ ကောင်းကင်ဘုံ ... ဒါက တကယ်ကို ဘာမွှေးရနံ့ကြီးလဲ။ သိပ်စားချင်တာပဲ... သိပ်စားချင်တာပဲ။"

သားရဲယဉ်ပါးရေးစံအိမ်၏ အစ်မကြီးတစ်ယောက်အနေဖြင့် ဤဟင်းလျာသည် မည်သည့်အဆင့်အတန်း ရှိမည်ကို သူမက အသိဆုံးဖြစ်၏။ ထို့ကြောင့် စိတ်ထဲတွင် ပို၍ပင် အံ့အားသင့် သွားခဲ့သည်။ "ဒါက... ဆေးဘက်ဝင် အစားအစာ များလား။"

သူက တကယ်ပဲ ပညာရပ်နှစ်ခုစလုံးကို တတ်မြောက်ထားတာလား။

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။"

လွီဆုချင်းသည် ခေါင်းယမ်းလိုက်၏။ ခဏမျှ စဉ်းစားပြီးသည့်နောက် အကြောင်းရင်းကို ချက်ချင်း ရိပ်မိသွားသည်။ ဤမောင်လေးဟုန်၏ အနားတွင် ဟင်းချက်ဆရာကြီးတစ်ဦး ရှိနေခြင်းဖြစ်ဖို့များသည်။

ဤသည်ကို လူ့သဘာဝအရ ဖြစ်ရိုးဖြစ်စဉ်ဟု ဆိုနိုင်ပေ၏။ သာမန်မိသားစုများတွင် ပါရမီရှင်များ ပေါ်ထွက်လာနိုင်သည့် အခွင့်အရေးမှာ နာမည်ကြီး အထက်တန်းလွှာ မိသားစုများထက် အလွန်နည်းပါးသည် မဟုတ်ပါလား။ မောင်လေးဟုန်သည်လည်း အင်အားကြီး မိသားစုတစ်ခုခုမှ သခင်လေးတစ်ယောက် ဖြစ်လောက်ပေသည်။ ဤဟုန်ရှောင်ပေါင်ဆိုသူမှာ မောင်လေးဟုန်၏ အနားတွင် အမြဲလိုက်ပါရသည့် ကိုယ်ပိုင် ဟင်းချက်ဆရာကြီး ဖြစ်ပုံရ၏။ သို့သော်ငြား ယခုအခါ ဟင်းချက်ပညာရှင်များကို ရှာဖွေရန် အလွန်ခက်ခဲလှသည်။ မျိုးဆက်သစ်အတွက် ဆေးဘက်ဝင် အစားအစာ ချက်ပြုတ်ပေးနိုင်သည့်သူကို စီစဉ်ပေးနိုင်သော ဟုန်မိသားစုမှာလည်း အလွန်ကြောက်မက်ဖွယ် ကောင်းလောက်ပေမည်။

လွီဆုချင်းသည် ကိစ္စရပ်များ၏ အကြောင်းရင်းကို တည်ငြိမ်စွာ တွေးတောနားလည်သွားခဲ့၏။ စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။ "ဒီလိုကိုး"

"ကြည့်ရတာ အနားမှာ လိုက်ပါလာတဲ့ ဒီဟင်းချက်ဆရာကြီးက အဆင့်တက်စေတဲ့ ဆေးဘက်ဝင် အစားအစာ တွေကို ချက်ပြုတ်နိုင်ပုံရတယ်။" လွီဆုချင်းက တိုးညှင်းစွာ ပြောလိုက်၏။

ဤခဏမှာပင် သူမ၏ စိတ်ထဲ၌ အတွေးပေါင်းများစွာ ပေါ်ပေါက်လာခဲ့သည်။ သားရဲယဉ်ပါးရေး ကိစ္စသည် မရိုးရှင်းလှချေ။ ရွှံ့နွံကောင်လေးမှာ အသက်အရွယ် ငယ်ငယ်လေးဖြင့် ဒုတိယအဆင့် မိစ္ဆာသားရဲတစ်ကောင်ကို ယဉ်ပါးအောင် မွေးမြူနိုင်ခဲ့ပြီးသား ဖြစ်နေသည်။ ဤသည်မှာ အကြောက်မက်ဖွယ် အကောင်းဆုံး အချက်ပင် ဖြစ်သည်။

အလားအလာ။ ဤသူ၏ အလားအလာသည် သေချာပေါက် အလွန်တရာ ကြီးမားလှ၏။

ဤသူကို သူတို့ သားရဲယဉ်ပါးရေးစံအိမ်က မဖြစ်မနေ ရရှိမှဖြစ်မည်။ မည်သည့်တန်ဖိုး ပေးရပေးရ ခေါ်ဆောင်ရပေမည်။

ကျိရှောင်လုသည်လည်း ကြားပြီးနောက် ဆက်တိုက် ခေါင်းညိတ်လိုက်၏။ သူမသည် အစ်မကြီးအပေါ် အလွန်ယုံကြည်လေးစားသူဖြစ်ရာ သံသယမဝင်တော့ဘဲ ချက်ချင်း ပြောလိုက်သည်။ "ဝါး... ဒါဆို သူတို့မိသားစုက ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ။ အစ်မကြီးတောင်မှ ကိုယ်ပိုင် ဟင်းချက်ဆရာကြီး မရှိဘူးလေ။"

"ဘယ်သူက မဟုတ်ဘူးလို့ ပြောနေလို့လဲ။"

လွီဆုချင်းသည် ပြုံး၍ ခေါင်းညိတ်လိုက်၏။ စိတ်ထဲတွင်မူ ဤသူကို သူတို့ဘက်ပါအောင် မည်သို့ ဆွဲဆောင်ရမည်နည်းဟု စတင်တွေးတောနေခဲ့ပြီ ဖြစ်၏။

ချန်ဖုန်းသည် လွီဆုချင်းနှင့် ကျိရှောင်လုတို့ နှစ်ယောက်စလုံး ဆက်လက်၍ ရှုပ်ယှက်မခတ်တော့သည်ကို မြင်လျှင် ဂုဏ်ယူဝင့်ကြွားနေခဲ့၏။ သူသည် စံအိမ်ကိုးခုမှ တပည့်များကို အနိုင်ယူလိုက်နိုင်သော ပုဂ္ဂိုလ်ကြီး ဖြစ်သွားပြီဟု တိတ်တဆိတ် တွေးတောနေမိသည်။ သို့နှင့် မျက်မှောင်များကို မြင့်မြင့်ဆွဲတင်ထားလိုက်သည်။

စူးထျန်မှာမူ သွားရည်များ ပြည့်နှက်နေခဲ့ပြီ ဖြစ်၏။ အာရုံလွှဲရန် စကားအကြောင်းအရာကို အတင်းအကျပ် ရှာဖွေလိုက်၏။ "အစ်ကိုချန်... မောင်လေးဟုန်ရဲ့ ဒီဆေးဘက်ဝင် အစားအစာ အဆင့်အတန်းက ဘယ်လောက် အထိ ရောက်နေပြီလို့ ထင်လဲ။"

"ချက်ပြုတ်ရေး လမ်းစဉ်အပေါ် ညီလေးဟုန်ရဲ့ နားလည်သဘောပေါက်မှုက သာမန်မဟုတ်ဘူး။ မချဲ့ကားဘဲ ပြောရရင် ဟင်းချက်ပြုတ်ရေးဌာန ပြန်လည်ဆန်းသစ်လာရေးနဲ့တောင် သက်ဆိုင်နေလောက်တယ်... "

ချန်ယန်က ပြောလိုက်၏။ "ဒါကြောင့် သူ့ကို ဟင်းချက်ပြုတ်ရေးဌာနထဲ မဖြစ်မနေ ဆွဲသွင်းရမယ်။"

… …

ဆိုင်အတွင်းရှိ ဟုန်ရှောင်ပေါင်မှာမူ မျက်လုံးများပင် ပြူးကျယ်နေခဲ့ပြီ ဖြစ်၏။

ဟင်းရည်များ တဖြည်းဖြည်း ပျစ်ချွဲလာသည်နှင့်အမျှ မွှေးရနံ့မှာ အနည်းငယ် ပို၍ ပြင်းပြလာခဲ့သည်။ ဟုန်ရှောင်ပေါင်၏ သွားရည်များမှာ အဆက်မပြတ် တသွင်သွင် စီးကျနေခဲ့ပြီ ဖြစ်၏။ ယခုအခါ ဟင်းရည် ခန်းသွားစေသည့် အချိန်ဆီသို့ ရောက်ရှိနေပြီဖြစ်သည်။

သံခွံဝက်၏ လည်ပင်းသားသည် အရည်စုပ်ယူနိုင်စွမ်း အလွန်ကောင်းမွန်သည်။ ယခုအိုးအောက်ခြေရှိ ပြင်းပြသော ဟင်းရည်များမှာ အသားလုံးအတွင်းသို့ နည်းနည်းချင်း စုပ်ယူခြင်း ခံလိုက်ရ၏။ အသားလုံးသည် ပို၍ပင် ပြည့်ဖြိုးလာခဲ့ပြီး ညင်သာစွာ လှိမ့်လိုက်သည့်အခါ ရေဘောလုံးလေး တစ်လုံးအတိုင်းပင်။ တစ်ခါ လှန်လိုက်တိုင်း အကြိမ်အနည်းငယ် လိမ့်သွားပြီး အကြိမ်အနည်းငယ် တုန်ခါသွားတတ်၏။

"ရပြီ... ရပြီ။"

ဟုန်ရှောင်ပေါင်သည် အလွန်ဝမ်းသာသွားပြီး ပန်းကန်များကို ယူဆောင်လာခဲ့၏။ အသားလုံး ခုနစ်လုံးစလုံးကို ထည့်လိုက်ပြီးနောက် အိုးအောက်ခြေရှိ ဟင်းရည်များကို လောင်းချကာ အသားလုံးများအပေါ် ဆမ်းလိုက်သည်။

ထို့နောက် သံမဏိ ဒယ်အိုးကြီးကို ကြည့်လိုက်ရာ အိုးအောက်ခြေသည် အလွန်သန့်ရှင်းနေပြီး ဟင်းရည် တစ်စက်မျှပင် မရှိချေ။ တကယ်ကို ထိပ်တန်း မကပ်သော ဒယ်အိုးဆိုသည့် နာမည်နှင့် ထိုက်တန်ပေ၏။

“ဂွတ်ထ”

ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။ လက်ကို ပွတ်သပ်ပြီးနောက် နောက်ဆုံးတစ်ကြိမ် အတည်ပြု လိုက်သည်။ "အဘိုး... အားလုံး ပြီးသွားပြီ မဟုတ်လား။"

"မင်း အားရင်တော့ ပန်းဖတ်လေးတွေ ဘာတွေနဲ့ အလှဆင်လို့ ရသေးတာပေါ့။"

"မလိုပါဘူး... မလိုပါဘူး။"

ဟုန်ရှောင်ပေါင်က ဝမ်းသာအားရ ပြောလိုက်၏။ သူနှင့် ယင်းကျိုယိုတို့မှာ လက်တွေ့ကျသူများ ဖြစ်ကြရာ ပန်းကန်ပြင်ဆင်ခြင်း စသည်တို့ကို အသုံးပြုရန် မလိုချေ။ ထို့နောက်မှ ကိုယ်တိုင်လုပ်ထားသော ခက်ရင်းကို ယူလိုက်ပြီး အသားလုံးတစ်လုံးကို ထိုးကာ ညင်သာစွာ တစ်ကိုက် ကိုက်စားလိုက်၏။

"ဒါက..."

တစ်ခဏချင်းမှာပင် ထိုအရသာရှိပြီး အရည်ရွှမ်းသော အတွင်းပိုင်း အဆာနှင့် အလွန်အမင်း ကျစ်လျစ် နူးညံ့လှသည့် အပေါ်ယံခွံတို့အပြင် ခုနစ်လွှာကြာပန်းနက်၏ သင်းပျံ့သော မွှေးရနံ့တို့ ပေါင်းစပ်သွားသည်။

ယခင်က မရရှိခဲ့ဖူးသည့် ပြင်းပြသော မွှေးရနံ့ ယခင်က မရရှိခဲ့ဖူးသည့် ဝါး၍ကောင်းသော အရသာတို့အပြင် ဆူပွက်နေသော ဆီဖြင့် ကြော်ထား၍ အနည်းငယ် ကျွမ်းနေသည့် မွှေးရနံ့များပါ ထပ်လောင်းထည့်လိုက်ရာ အရသာအမျိုးမျိုးသည် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီး ဟုန်ရှောင်ပေါင်၏ လျှာနှင့် ခံတွင်းကို လှုံ့ဆော်ပေး၏။

ဟုန်ရှောင်ပေါင် တစ်ကိုယ်လုံး တုန်သွားခဲ့သည်။

"အရမ်း... စားလို့... ကောင်းတာပဲ..."

ဟုန်ရှောင်ပေါင် တစ်ယောက်လုံးသည် တစ်ခဏချင်းမှာပင် လျှပ်စစ်စီးသွားသကဲ့သို့ ဖြစ်သွားခဲ့၏။ သတိထား၍ နောက်ထပ် သေးငယ်သော တစ်ကိုက်ကို ထပ်စားလိုက်သည်။ အရသာအမျိုးမျိုးကို လည်ပင်းသားက တင်းကြပ်စွာ စုပ်ယူထားပြီး ခုနစ်လွှာကြာပန်းနက်၏ အရည်များကိုလည်း သစ်ခွမျှင်များက အသားလုံး အတွင်းသို့ စီးဝင်စေခဲ့၏။

မီးပြင်းပြင်းဖြင့် ဟင်းရည်ခန်းအောင် တည်ပြီးသည့်နောက် ပြင်းပြသော ဟင်းရည်များ အားလုံး အသားလုံးအတွင်းသို့ စိမ့်ဝင်နေသည်။

ယခုအခါ ဟုန်ရှောင်ပေါင်က ညင်သာစွာ တစ်ကိုက် ကိုက်လိုက်သည်နှင့် အရည်များ အားလုံး ပေါက်ကွဲ ထွက်လာပြီး ခံတွင်းတစ်ခုလုံးသို့ အားနာတုံ့ဆိုင်းမှု ကင်းမဲ့စွာ ပြန့်နှံ့သွားတော့သည်။ တစ်ကိုက်စားလိုက်တိုင်း အဆုံးမရှိသော အရသာကို ခံစားရစေ၏။

အပေါ်ယံခွံက အနည်းငယ် ကျွတ်ကျွတ်လေးဖြစ်ပြီး အတွင်းပိုင်းကမူ ပြင်းပြစွာ မွှေးကြိုင် နူးညံ့နေသည်။ ထို့အပြင် ပါးစပ်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် ဟင်းရည်များကြောင့် ဟုန်ရှောင်ပေါင်သည် စဉ်းစား တွေးခေါ်နိုင်စွမ်း ပျောက်ဆုံးသွားခဲ့ရပြီး ငြိမ်သက်စွာ ပြောလိုက်မိသည်။

"အရမ်း စားလို့ကောင်းတယ်"

All Chapters