← Chapters

အခန်း ၁၀၆

Vol. 10 Ch. 106

အခန်း ၁၀၆

Vol. 10 Ch. 106

အပိုင်း (၁၀၆) နည်းနည်းပါးပါး နားလည်ရုံပါ။

"ဘယ်သူက ဘယ်က ဟုန်ရှောင်ပေါင်ကို လုယူချင်နေလို့လဲ။ ကျွန်မတို့ သားရဲယဉ်ပါးရေးစံအိမ်က လိုချင်တာက ရွှံ့နွံကောင်လေးကိုပဲ။ အဲဒီ ဟုန်ရှောင်ပေါင်ဆိုတဲ့ စားဖိုမှူးကို ရှင်တို့ကို ပေးလိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ။"

ကျိရှောင်လုသည် ချန်ဖုန်းနှင့် တစ်ချိန်လုံး အငြင်းပွားနေခဲ့ပြီး ယခုအခါ ငြင်းဆိုရန် အကြောင်းပြချက်တစ်ခု ထပ်မံ ရှာတွေ့သွားခဲ့ရာ ငြင်းခုံရာတွင် အကြောင်းပြချက် ခိုင်လုံသွားသည်။

"မင်းကို ဘယ်နှစ်ခေါက် ပြောရမလဲ။ ဒီမှာ ဟုန်ရှောင်ပေါင်ဆိုတာ တစ်ယောက်တည်းပဲ ရှိတယ်။ ဟင်းချက်တတ်တဲ့သူက ဟုန်ရှောင်ပေါင်ပဲ။" ချန်ဖုန်းသည် ကနဦးက ဂုဏ်ယူဝင့်ကြွားနေရာမှ တဖြည်းဖြည်းနှင့် စိတ်ရှုပ်လာခဲ့တော့၏။ မည်သူပင်ဖြစ်စေကာမူ ဤစကားတစ်ခွန်းတည်းကို ထပ်ခါတလဲလဲ ပြောနေရပါက မကြာခင် သူ ရူးသွားပေလိမ့်မည်။

"မဖြစ်နိုင်ဘူး" ကျိရှောင်လုက ပြတ်ပြတ်သားသား ပြောလိုက်၏။

ချန်ဖုန်းသည် မျက်လုံး လှန်ကြည့်လိုက်သည်။ နောက်ဆက်တွဲ စကားများကို သူ အလွတ်ပင် ရနေပြီ ဖြစ်သည်။

"ပညာရပ်နှစ်ခုစလုံးကို တတ်မြောက်ထားတဲ့သူ လုံးဝ မရှိနိုင်ဘူး။ ဒါဆို မင်း ပြောစမ်း။ သားရဲယဉ်ပါးရေး ပါရမီရှင် ရွှံ့နွံ ကောင်လေးက ဘယ်မှာလဲ။"

"သရဲတွေပဲ သိလိမ့်မယ်" ချန်ဖုန်းသည် အနည်းငယ် ရူးသွပ်ချင်လာပြီး ကယ်တင်ပေးပါရန် တောင်းဆိုသည့် အကြည့်ဖြင့် လွီဆုချင်းကို ကြည့်လိုက်၏။ "ဟေး... ဒီက အစ်မကြီး။ ခင်ဗျားပဲ ပြောပြလိုက်ပါအုံးဗျာ။"

"တောင်းပန်ပါတယ်။ ကျွန်မလည်း တစ်ယောက်တည်းက ပညာရပ်နှစ်ခုစလုံးကို တတ်မြောက်ထားတယ်ဆိုတာ မယုံဘူး။ ဒါကြောင့် အစောက စကားအတိုင်းပဲ။ သားရဲယဉ်ပါးရေးစံအိမ်က ဟို ရွှံ့နွံကောင်လေးကိုပဲ လိုချင်တယ်။" လွီဆုချင်းက တည်ငြိမ်စွာ ပြောလိုက်၏။

"..." ချန်ယန်တို့ သုံးယောက်စလုံး ဆွံ့အသွားကြသည်။

ဘာပြောရမည်နည်းဟု စဉ်းစားနေစဉ်မှာပင် ရုတ်တရက် တံခါးပွင့်လာသည်ကို မြင်လိုက်ရ၏။

ဟုန်ရှောင်ပေါင်သည် ဝမ်းသာသော မျက်နှာဖြင့် ထွက်လာခဲ့သည်။ တံခါးဝတွင် လူအတော်များများ ပိတ်ရပ်နေသည်ကို မြင်လျှင် အလွန်တရာ ထိတ်လန့်သွားခဲ့၏။ "ဟင်... ဘာတွေဖြစ်နေတာလဲ။"

စကားပြောနေစဉ်မှာပင် ချန်ယန်တို့ကို မှတ်မိသွားပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။ "မိတ်ဆွေတို့... ဒါ ဘာတွေဖြစ်နေကြတာလဲ။"

"အာ..."

ရုတ်တရက် ကျိရှောင်လုသည် စူးရှစွာ အော်ဟစ်လိုက်ပြီး လွီဆုချင်း၏ အင်္ကျီလက်ကို ဆွဲကာ ခုန်ဆွခုန်ဆွ ဖြစ်နေ၏။ "ကြည့်... ကြည့်။ သူ့ခေါင်းပေါ်ကို ကြည့်။ ဒါပဲ... ဒါပဲ... ဒါပဲ။"

ဤသို့ ရုတ်တရက် ပေါက်ကွဲထွက်လာသော အသံကြောင့် လူတိုင်း အံ့ဩမှင်တက်သွားကြပြီး အလိုအလျောက်ပင် ဟုန်ရှောင်ပေါင်၏ ဦးခေါင်းပေါ်သို့ ကြည့်လိုက်ကြရာ အနည်းငယ် ကြက်သေ, သေသွားကြသည်။

တစ်ကိုယ်လုံး ရွှေရောင်ဖြစ်နေပြီး ဦးခေါင်းထိပ်တွင်သာ အမည်းရောင် အမွေးအမျှင် တစ်ကွက်ရှိသော ဝက်ဝံပေါက်လေး တစ်ကောင်သည် လူတိုင်းကို ကြောင်တောင်တောင်ဖြင့် အကဲခတ်နေသည်။ ထိုအကောင်မှာ ရတနာဝက်ဝံပင် ဖြစ်၏။

"ဟာ... ဟာ... ကျွန်မ ပြောသားပဲ။ သူပဲ... သူပဲ... မမှားဘူး။ သူက ဟိုနေ့က ရွှံ့ညွန်ကောင်လေးပဲ"

ကျိရှောင်လုသည် ခုန်ဆွခုန်ဆွဖြင့် အောင်ပွဲခံလိုက်သည်။ "သူက ကျွန်မတို့ ရှာနေတဲ့သူပဲ။"

ယနေ့တွင် သူမသည် ထိုမျက်နှာမည်း ယောက်ျားကြီး၏ တိုက်ခိုက်ပြောဆိုမှုကို မနည်းခံခဲ့ရသည်။ ယခုအခါတွင်မူ အဆုံးသတ်၌ ခေါင်းမော့နိုင်မည့် အခွင့်အရေးကို ရှာတွေ့သွားခဲ့ပြီ ဖြစ်၏။ "ဟို မျက်နှာမည်း ညသန်းခေါင်လူ … ရှင် ပြော... ပြောစမ်း။"

တစ်ဝက်လောက် အငြင်းပွားပြီးသည့်နောက်တွင် လွီဆုချင်းနှင့် ကျိရှောင်လုတို့ ရှာဖွေနေသူမှာ ဦးခေါင်းပေါ်တွင် ရွှေဝါရောင် ဝက်ဝံပေါက်လေး တစ်ကောင် ထိုင်နေသောသူ ဖြစ်ကြောင်းနှင့် ဤရွှေဝါရောင် ဝက်ဝံပေါက်လေး သည် ဤသူက ယခုလေးတင်မှ ယဉ်ပါးအောင် မွေးမြူထားခြင်း ဖြစ်ကြောင်းကို လူတိုင်း သိရှိသွားကြပြီ ဖြစ်သည်။

ချန်ဖုန်းတို့ သုံးယောက်သည်လည်း ထိုသူမှာ ဟုန်ရှောင်ပေါင် ဖြစ်နိုင်သည်ဟု သံသယ မဝင်ခဲ့သည် မဟုတ်ချေ။ သို့သော်ငြား တစ် အချက်အနေဖြင့် တစ်ယောက်တည်းက ပညာရပ်နှစ်ခုစလုံးကို တတ်မြောက်ထားရန် လွယ်ကူသော်လည်း ကျွမ်းကျင်ပိုင်နိုင်ရန်မှာမူ ဒဏ္ဍာရီဆန်လွန်းနေ၏။

နှစ်အချက်အနေဖြင့် ဟုန်ရှောင်ပေါင်သည် သူတို့နှင့်အတူ သစ်တောမည်းကြီးအတွင်းသို့ အတူတူ ဝင်ရောက်ခဲ့သူ ဖြစ်သည် မဟုတ်ပါလား။ တစ်ရက်တာ အချိန်အတွင်း ဒုတိယအဆင့် မိစ္ဆာသားရဲတစ်ကောင်ကို ယဉ်ပါးအောင် မွေးမြူလိုက်ည်လား။ ပို၍ပင် ဒဏ္ဍာရီဆန်လွန်းနေပသည်။

ထို့ကြောင့် သုံးယောက်စလုံးက ဟုန်ရှောင်ပေါင်၏ ဦးခေါင်းပေါ်ရှိ ရတနာဝက်ဝံကို ကြောင်တောင်တောင်ဖြင့် ကြည့်နေကြ၏။ "ဒါ..."

"ဒါ... ဒါက မင်း ယဉ်ပါးအောင် မွေးမြူထားတာလား။" ချန်ယန်သည် အလွန်တရာ အားစိုက်ထုတ်ပြီးမှ ဤစကားတစ်ခွန်းကို ညှစ်ထုတ်ပြောဆိုနိုင်ခဲ့သည်။

"အစ်ကိုချန် သူ့ကို ပြောတာလား။"

ဟုန်ရှောင်ပေါင်သည် လက်ဖြင့် ရတနာဝက်ဝံ၏ လည်ပင်းနောက်ဘက်မှ အသားကို ဆွဲကိုင်၍ ဖြုတ်ချလိုက်ပြီး ရင်ခွင်ထဲတွင် ထည့်ကာ အဆက်မပြတ် ပွတ်သပ်ပေးနေ၏။ "ဟုတ်တယ်လေ... ဟားဟား။ ဒီအကောင်က အစားအသောက် မက်တဲ့ကောင်ဗျ။ သူ့ကို အသားတုံး အနည်းငယ် ပေးလိုက်တာနဲ့ တန်းပြီး ပါလာတော့တာပဲ။"

"..." ချန်ဖုန်းသည် ပါးစပ်ကြီး အဟောင်းသား ဖြစ်သွား၏။

သားရဲယဉ်ပါးရေးစံအိမ်သည် သူ၏ ရည်မှန်းချက် မဟုတ်သည့်တိုင် မိစ္ဆာသားရဲတစ်ကောင်ကို ယဉ်ပါးအောင် မွေးမြူရန်မှာ အလွန်တရာ ခက်ခဲလှကြောင်းကို သူ သိသည်။ အဘယ်သို့ဖြစ်ရသနည်း။ ဟုန်ရှောင်ပေါင် ဆီလည်းရောက်ရော အသားတုံး အနည်းငယ် ပေးလိုက်ရုံ ကိစ္စလေး ဖြစ်သွားသည်လား။

"မဖြစ်နိုင်ဘူး။ ပညာရပ်နှစ်ခုစလုံးကို တတ်မြောက်ထားတဲ့သူ လုံးဝ မရှိနိုင်ဘူး"

ကျိရှောင်လုက ဒေါသတကြီး ပြောလိုက်ပြီး ဟုန်ရှောင်ပေါင်ကို လက်ညှိုးထိုးလိုက်၏။ "ဟေး... ရှင် ဟင်းချက်ဆရာကြီး တစ်ယောက်ကို ဖွက်ထားတယ် မဟုတ်လား။ မြန်မြန်ပြော။ ခုနက ဟင်းလျာကို ဘယ်သူ ချက်တာလဲ။"

"ဘယ်သူ့ကို ဖွက်ထားရမှာလဲ"

ဟုန်ရှောင်ပေါင်သည် အံ့ဩသွားသည်။ ပြီးမှ ကျိရှောင်လု၏ စကားကို ရုတ်တရက် သဘောပေါက်သွားကာ ပျော်ရွှင်စွာ ပြောလိုက်၏။ "ဟားဟား... သခင်လေး ကျုပ် ကိုယ်တိုင်ပဲဗျ။ မတတ်နိုင်ဘူးလေ။ ပါရမီတွေက အများကြီး ရှိနေတာကိုး။"

"ဒီလူက... တကယ်ကြီး ပညာရပ်နှစ်ခုစလုံးကို တတ်မြောက်ထားတာလား။"

အမြဲတမ်း အလွန်တည်ငြိမ်နေတတ်သော လွီဆုချင်းပင်လျှင် အနည်းငယ် တုန်လှုပ်သွားခဲ့ပြီး မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်ရဲသေးချေ။ ပညာရပ်အနည်းငယ်ကို တတ်မြောက်ထားသူများ သဘာဝအတိုင်း ရှိသည်။

သို့သော်ငြား အများအပြား သိလျှင် မကျွမ်းကျင်သူများ ဖြစ်တတ်ပြီး ထိုသို့မဟုတ်လျှင်လည်း ကျင့်ကြံခြင်းအဆင့် ထပ်မံ၍ တိုးတက်ရန် နည်းလမ်းမရှိတော့ကြောင်း သိရှိသွားသော အဘိုးကြီးများသာ ဖြစ်တတ်၏။

မျက်မှောက်ရှိ သူမှာမူ လူငယ်လေးတစ်ယောက်သာ ဖြစ်နေသေးသည် မဟုတ်ပါလား။

လွီဆုချင်းသည် အတန်ကြာမှ သတိပြန်ဝင်လာပြီး ချန်ယန်ကို ကြည့်လိုက်၏။ "ရှင့်အနေနဲ့ သေချာလား... သူ တကယ် ဟင်းချက်တတ်တာလား။"

"အို... မေးနေစရာ လိုသေးလို့လား။ ကျုပ်တို့ ညီအစ်ကိုတွေက သူဌေးဟုန် ချက်ပြုတ်တဲ့ ဆေးဘက်ဝင် အစားအစာ ကို ကိုယ်တိုင် ပါးစပ်နဲ့ စားဖူးတာကွ။"

ချန်ဖုန်းက မကျေမနပ် ပြောလိုက်သည်။ ဤမိန်းမနှစ်ယောက်က ရုပ်ရည်တော့ လှပေမည့် ခေါင်းထဲတွင် သစ်သားတုံးကြီးတွေ ထည့်ထားသည်လား မသိပေ။ အဘယ့်ကြောင့် ဤမျှ ရှုပ်ထွေးရသနည်း။

"ညီလေးဟုန်... မင်း ပြောတာက..."

ချန်ယန်သည် ယခုထက်တိုင် မယုံကြည်နိုင်သေးသည့် အကြည့်ဖြင့် ရတနာဝက်ဝံကို ကြည့်နေဆဲပင်။ "ဒီ ရွှေဝါရောင် ဝက်ဝံပေါက်လေးက... မင်း ယဉ်ပါးအောင် မွေးမြူထားတာလား။"

"ဟုတ်တယ်လေ။ မဟုတ်ရင် တခြား ဘယ်သူ ရှိအုံးမှာလဲ။"

ဟုန်ရှောင်ပေါင်သည် ထူးဆန်းနေပြီး စိတ်ထဲတွင်လည်း သံသယဝင်နေမိ၏။ ဒီနေ့ ဒီလူတွေ ဘာလို့ အနည်းငယ် ပုံမှန်မဟုတ်သလို ဖြစ်နေကြတာလဲ။

တစ်ခဏချင်းမှာပင် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။ ပညာရပ်နှစ်ခုစလုံးကို တတ်မြောက်ထားတာက သိပ်ထူးဆန်းနေလို့လား။"

"..." လူတိုင်း ထပ်မံ၍ ဆွံ့အသွားကြပြန်သည်။

"ငါ့ကောင်... မင်း နည်းနည်းလောက်တော့ ရောင့်ရဲစမ်းပါ"

ယင်းကျိုယိုက ဒေါသထွက်သွား၏။ "ငါ့လို အဖိုးတန် ကူညီပေးတဲ့သူရှိလို့ မင်း ဖြတ်လမ်းကနေ သွားနိုင်နေတာပါ။ မဟုတ်ရင် နှစ်လေးဆယ်လောက် အချိန်ပေးရင်တောင် မင်းရဲ့ဟင်းချက်ပညာနဲ့ သားရဲယဉ်ပါးရေးက ဒီလိုအဆင့်အတန်းအထိ လုံးဝ ရောက်နိုင်မှာ မဟုတ်ဘူး။"

"သြော်... သြော်... ဒီလိုလား။" ဟုန်ရှောင်ပေါင်က သဘောပေါက်သွား၏။

ထိုသို့ဆိုလျှင်လည်း မဆန်းတော့ချေ။ အဘိုး လုပ်ဆောင်ပေးသည်မှာ ဖြတ်လမ်းက သွားခြင်းမဟုတ်ဘဲ ပန်းတိုင်ရောက်မည့် နေရာကို တိုက်ရိုက် ပြသပေးပြီး တန်းပြေးသွားနိုင်သည့် ဒုံးပျံတစ်ခုကိုပါ ထောက်ပံ့ပေးထားခြင်း မဟုတ်ပါလား။

ပညာရပ်နှစ်ခုစလုံးကို တတ်မြောက်ထားခြင်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို နားလည်သွားချိန်တွင် ဟုန်ရှောင်ပေါင်သည် ချက်ချင်း ဂုဏ်ယူသွားသော်ငြား သူ့အနေဖြင့် အနည်းငယ် နှိမ့်ချသင့်သည်ဟု ထင်မြင်မိသေးသည်။ ထို့ကြောင့် အလွန်ယဉ်ကျေးစွာ ပြောလိုက်၏။ "ဟီးဟီး... ဘာမှ မဟုတ်ပါဘူးဗျာ။ အားလုံးက နည်းနည်းပါးပါးလေး နားလည်ရုံပါပဲ... နည်းနည်းပါးပါးလေး နားလည်ရုံပါဗျ"

"ဒီလိုမျိုးကို နည်းနည်းပါးပါးလေး နားလည်တာလို့ခေါ်ရင် တကယ် ကျွမ်းကျင်တယ်ဆိုတာက ဘာကို ခေါ်တာလဲ။" လူတိုင်း ချက်ချင်း မျက်ရည်ကျချင်စိတ် ပေါက်သွားကြသည်။

"မင်း... မင်း အဆင့်တက်သွားတာလား" နောက်တစ်စက္ကန့်တွင် ချန်ယန်သည် ပို၍ပင် တုန်လှုပ်သွားခဲ့၏။

ထိုအခါမှ ဟုန်ရှောင်ပေါင်သည် ဒုတိယအဆင့်သို့ အဆင့်တက်သွားပြီဖြစ်ကြောင်းကို သူ မြင်တွေ့သွားပြီး ဟုန်ရှောင်ပေါင်ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်၏။ "ဆေးဘက်ဝင် အစားအစာ နဲ့ အဆင့်တက်တာက ဝိညာဉ်သွင်းခြင်း ၊ ဝိညာဉ်နှိုးဆွခြင်း ၊ ဝိညာဉ်ပေါင်းစပ်ခြင်း အဆင့်တက်ခြင်းဆိုပြီး ကြီးမားတဲ့ လုပ်ငန်းစဉ် လေးခု ရှိတယ်။ မင်း ဘယ်လိုလုပ်ပြီး တစ်ခါတည်းနဲ့ အောင်မြင်အောင် လုပ်နိုင်ခဲ့တာလဲ"

All Chapters