← Chapters

အခန်း ၁၁၁

Vol. 10 Ch. 111

အခန်း ၁၁၁

Vol. 10 Ch. 111

အပိုင်း (၁၁၁) "ဒါက ဟင်းချက်ပြုတ်ရေးစံအိမ်ပဲ။ အစွမ်းထက်လိုက်တာ ... အစွမ်းထက်လိုက်တာ။"

ဟုန်ရှောင်ပေါင်သည် လေယင်နန်းဆောင် အတွင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ပြင်ပဂိုဏ်း … ပြင်ပဂိုဏ်း ဆိုသည်မှာ နားထောင်ကြည့်လျှင် ခြံဝင်းတစ်ခုကဲ့သို့ ထင်ရသည်။ သို့သော်ငြား တကယ်တမ်းတွင်မူ ဤအလွန် ကြီးမားသော တောင်ကြားကြီး တစ်ခုလုံးသည် ပြင်ပဂိုဏ်းပင် ဖြစ်၏။ တံခါးဝသို့ ဝင်ရောက်လိုက်သည်နှင့် အစောင့်ခန်း သဘောမျိုး ဖြစ်သော ကျောက်တုံး အဆောက်အအုံ တစ်လုံး ၊ နှစ်လုံး ရှိသည်။ ကျောက်တုံး အဆောက်အအုံ ဘေးတွင် ကွင်းပြင်ကျယ်ကြီး တစ်ခု ရှိ၏။ ကွင်းပြင်ကျယ်ကြီး၏ ပတ်လည်တွင် ကျောက်တုံးကြီးများဖြင့် ခင်းကျင်းထားသော လမ်းမကြီး အနည်းငယ် ရှိသော်လည်း မကြာမီမှာပင် သိပ်သည်းစွာ ပေါက်ရောက်နေသော မိုးပျံသစ်ပင်ကြီးများကြားတွင် ပျောက်ကွယ်သွားသည်။

ဤနေရာတွင် စွမ်းအင်များ သိပ်သည်းနေပြီး လေထုထဲတွင် သေးငယ်သော လျှပ်စီးများ တစ်ခါတစ်ရံ ဖြစ်ပေါ်နေ၏။ ထို့အပြင် တောင်ကြား တစ်ခုလုံးရှိ မိုးပျံသစ်ပင်ကြီးများနှင့် တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်သော သားရဲတို့၏ ရှည်လျားသည့် အော်ဟစ်သံများနှင့် ပေါင်းစပ်လိုက်သည့်အခါ မည်သို့ပင်ကြည့်ကြည့် နတ်ဘုံနတ်နန်း အငွေ့အသက် ရှိသည်ဟု ခံစားရ၏။

"အမလေးဗျာ... ဟင်းချက်ပြုတ်ရေးစံအိမ်ကို ဘယ်လို သွားရမှာလဲ... " ဟုန်ရှောင်ပေါင်သည် အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။

လေယင်နန်းဆောင်၏ တည်နေရာကို လေယင်မြို့တော်တွင် မသိသူ မရှိချေ။ ဟုန်ရှောင်ပေါင်က ဤနေရာသို့ ရောက်ရှိလာပါက လမ်းကို သေချာပေါက် ရှာတွေ့လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမှသာ လေယင်နန်းဆောင်၏ အရွယ်အစားကို အလွန်အမင်း အထင်သေးခဲ့မိကြောင်း သတိပြုမိသွားပြီး ချက်ချင်း ဆွံ့အသွားခဲ့သည်။ ခဏမျှ စဉ်းစားပြီးနောက် ပြန်ထွက်သွားပြီး လူတစ်ယောက်ယောက်ကို လမ်းမေးကြည့်ရန် ဆုံးဖြတ်လိုက်၏။

"ဟေး... ဟေး... ဟေး... ကြည့်... ကြည့်ကြပါအုံး။ ဟိုလူ ပြန်ထွက်လာပြန်ပြီ။"

လူတိုင်းက ဟုန်ရှောင်ပေါင်တွင် မည်သည့် ပါရမီ ရှိသနည်းဟု ဝမ်းသာအားရ ဆွေးနွေးနေကြစဉ် နောက်တစ်စက္ကန့်တွင် ဟုန်ရှောင်ပေါင်က ပြန်ထွက်လာသည်ကို မြင်လျှင် အနည်းငယ် အံ့အားသင့်သွားကြ၏။

ဟုန်ရှောင်ပေါင်က ယခုလေးတင်က သူ့ကို သတိပေးခဲ့သော စာပေပညာရှင် ရှေ့သို့ တည့်တည့် လျှောက်သွားခဲ့ရာ လူတိုင်းက ဟုန်ရှောင်ပေါင်ကို ချက်ချင်း ကြည့်လိုက်ကြသည်။

ဟုန်ရှောင်ပေါင်က လက်သီးဆုပ် အရိုအသေပေးလိုက်၏။ "အစ်ကို... ဟင်းချက်ပြုတ်ရေးစံအိမ်ကို ဘယ်လို သွားရမလဲ မသိဘူး။"

စာပေပညာရှင်သည် အနည်းငယ် ကြက်သေ,သေသွားခဲ့၏။ သာမန် နေ့ရက်များတွင် လေယင်နန်းဆောင်သို့ သာမန် ကျင့်ကြံသူများ ဝင်ရောက်ခွင့် မရှိသော်လည်း တရားပြသည့် နေ့ရက်များတွင်မူ မည်သူ့ကိုမဆို လက်ခံပေသည်။ ထို့ကြောင့် သူသည်လည်း နန်းဆောင် အတွင်းသို့ အကြိမ်အနည်းငယ် ဝင်ရောက်ဖူးပြီး ကြီးမားသော စံအိမ်ကိုးခု၏ တည်နေရာများကို သိရှိထား၏။ ထို့ကြောင့် တိုက်ရိုက်ပင် ပြောလိုက်သည်။ "ကွင်းပြင်ကျယ်ဆီ ရောက်သွားရင် ညာဘက်မှာ ရှိတဲ့ လမ်းမကြီးက ဟင်းချက်ပြုတ်ရေးစံအိမ် နဲ့ သားရဲယဉ်ပါးရေး စံအိမ် ကို တည့်တည့် သွားတဲ့ လမ်းပဲ။"

"ကျေးဇူးပဲ အစ်ကိုကြီး။" ဟုန်ရှောင်ပေါင်က ပြုံးလိုက်ပြီး လေယင်နန်းဆောင် အတွင်းသို့ ပြန်လှည့်ဝင်သွားခဲ့၏။

ထိုစာပေပညာရှင်သည် အတန်ကြာ အံ့အားသင့်သွားပြီးမှ ခေါင်းယမ်းလိုက်သည်။ "ဟင်းချက်ပြုတ်ရေး စံအိမ် ပဲ ဖြစ်နေတာကိုး... ကျွတ်ကျွတ်။"

စာပေပညာရှင်၏ အနီးရှိ ပါးစပ်ချွန်ပြီး မျောက်နှင့်တူသော ယောက်ျားကြီးကမူ ချက်ချင်း အေးစက်စွာ ရယ်မောလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မထီလေးစားမှုများဖြင့် ပြည့်နှက်နေ၏။ "ဟားဟား ... ဟင်းချက်ပြုတ်ရေးစံအိမ် ဖြစ်နေတာကိုး။ အသုံးမကျတဲ့သူတွေပဲ ဒီစံအိမ်ကို ရွေးကြတာ။"

"မှန်တယ်။ ဟင်းချက်ပြုတ်ရေးစံအိမ် က ပျက်စီးနေတာ ကြာပြီ။ နည်းနည်းလောက် ပါရမီရှိတဲ့သူ ဘယ်သူမှ ဒီစံအိမ်ကို မရွေးကြဘူး။"

"ကျွတ်ကျွတ်... မင်းကလည်း မနာလို မဖြစ်စမ်းပါနဲ့။ ပျက်စီးနေရင်တော့ ဘာဖြစ်လဲ။ ဂုဏ်သိက္ခာရှိတဲ့ စံအိမ်ကိုးခုထဲက တစ်ခုပဲ မဟုတ်လား။ သူက အခုဆိုရင် ပြင်ပတပည့် ဖြစ်နေပြီလေ။"

"ဟုတ်တယ်။ ဟင်းချက်ပြုတ်ရေးစံအိမ် ပျက်စီးနေရင်တောင်မှ အခုဆိုရင် လစဉ်ကြေး ရရှိပြီး ဂိုဏ်းစာကြည့်တိုက်ကို ဝင်ထွက်နိုင်တဲ့ ပြင်ပတပည့် တစ်ယောက် ဖြစ်နေပြီ။"

ဟုန်ရှောင်ပေါင်မှာမူ စာပေပညာရှင်ပြောသော လမ်းမကြီးပေါ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ ဤလမ်းကို ကျောက်တုံးကြီးများဖြင့် ခင်းကျင်းထားပြီး မည်သည့် ကျောက်အမျိုးအစားနှင့် ပြုလုပ်ထားမှန်း မသိရချေ။ အတွင်းပိုင်းတွင် တိမ်တိုက်ပန်းချီများ ထွင်းထုထားပြီး သေချာစွာ ကြည့်လျှင် အလင်းရောင်များ လှည့်ပတ် စီးဆင်းနေသည်ကိုပင် တွေ့မြင်ရသည်။

လမ်း၏ ဘေးနှစ်ဖက်တွင် မိုးပျံသစ်ပင်ကြီးများ ရှိ၏။ ပင်စည်များမှာ ဖြောင့်စင်းပြီး အခက်အလက်များ သိပ်သည်းစွာ ပေါက်ရောက်နေသည်။ သစ်ပင်တစ်ပင်တည်းကပင် မီတာ ဆယ်နှင့်ချီ ကျယ်ဝန်းသော နေရာကို သိပ်သည်းစွာ ဖုံးအုပ်ထားနိုင်၏။

ဤမိုးပျံသစ်ပင်ကြီးများ စုရုံး၍ တောအုပ်တစ်ခု ဖြစ်လာသည့်အခါတွင်မူ အုံ့ဆိုင်း ဆန်းကြယ်သော အငွေ့အသက်များ ရှိနေခဲ့ပြီ ဖြစ်သည်။ အတွင်းပိုင်းတွင် တမင်သတ်သတ် မွေးမြူထားသည်လား သို့မဟုတ် အလိုအလျောက် ပေါက်ရောက်နေသည်လား မသိရသော မိစ္ဆာသားရဲ အများအပြားလည်း နေထိုင်ကြသည်။

တစ်ခါတစ်ရံတွင် သေးငယ်သော သားရဲလေးများ၏ တိုးညှင်းသည့် အော်သံများ ထွက်ပေါ်လာပြီး တစ်ခါတစ်ရံတွင် ကြီးမားသော သားရဲကြီးများ၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာတတ်၏။

မီတာရာအနည်းငယ်မျှ လျှောက်လာရုံဖြင့် သစ်ခက်များအပေါ်မှ ခုန်ကူးသွားသော မည်သည့် အမျိုးအစားမှန်း မသိရသည့် သွေးရောင်လွှမ်းသော သေးငယ်သည့် သားရဲလေး တစ်ကောင်ကို ရှောင်ပေါင် မြင်တွေ့လိုက်ရသည်။

"ဟားဟားဟား... ငါ့ရဲ့ လေယင်နန်းဆောင် က အစွမ်းထက်လှချည်လား"

ကိုယ့်စာသင်ကျောင်း အစွမ်းထက်သည်ကို မည်သူက မလိုလားဘဲ နေမည်နည်း။ ဟုန်ရှောင်ပေါင်သည် ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်နေ၏။ မျိုးဆက်သုံးဆက် တည်တံ့မှသာ မြင့်မြတ်သော အငွေ့အသက် ရှိသည် ဆိုသည့် စကားကဲ့သို့ပင်။ လေယင်နန်းဆောင်၏ နှစ်သောင်းချီ သမိုင်းကြောင်းရှိ အင်အားကြီးမားမှုက နေရာတိုင်းတွင် စိမ့်ဝင်နေသည်။

ဥပမာအားဖြင့် - ရဲရဲတောက် ကျောက်စိမ်း တစ်တုံးတည်းဖြင့် ပြုလုပ်ထားသော ကြီးမားသည့် ရုပ်တုကြီး … ထို့အပြင် တတိယအဆင့် ဆေးဝါး ဖြစ်သော လရောင်ည သစ်ရှူးပင်...

မတော်တဆ ဆိုသလို ယင်းကျိုယိုကလည်း အလွန် စိတ်ဝင်တစားဖြင့် ပြောဆိုနေ၏။ "ယိုး... ဒီ လရောင်ည သစ်ရှူးပင် က မဆိုးဘူးပဲ။ သစ်စည်ကို အခေါင်းပေါက် လုပ်ပြီး သစ်စည်ပေါင်းခံဆန် လုပ်ရင် ပစ္စည်းကောင်း တစ်ခုပဲ... "

ထိုတင်မက ..

"ဟေး... ဒီ နှင်းမုန်တိုင်း သစ်ပင် ကလည်း မဆိုးဘူး။ ငွေသကြား နာနတ်သီး က မင်းအတွက် အနည်းငယ်တော့ အကျိုးကျေးဇူး ရှိတယ်... " စသည့် စကားများကို ပြောဆိုနေသည်။

ဟုန်ရှောင်ပေါင်က ဘယ်သူနည်း။ အစားတစ်လိုင်း ပင်။ ကြားလိုက်ရသည်နှင့် မျက်လုံးများ ချက်ချင်း နီရဲ တောက်လပသွားခဲ့၏။ အသိဉာဏ် အနည်းငယ် ကျန်ရှိနေသေး၍သာ။

မဟုတ်ပါက သစ်ပင်အပေါ်သို့ ခုန်တက်သွားလောက်ပြီ ဖြစ်၏။

"ဒီ နူးညံ့မွှေးကြိုင် ကျောက်တုံးကလည်း မဆိုးဘူး။ ကျောက်ပြားကင် လုပ်ရင် မင်းအတွက် အကျိုးကျေးဇူး အများကြီး ရှိတယ်။"

ဟုန်ရှောင်ပေါင်သည် အဆုံးသတ်တွင် မခံမရပ်နိုင်တော့ဘဲ အသံကို နှိမ့်၍ မေးလိုက်၏။ "ဒီဟာကို ဘယ်လို လုပ်ပြီး လက်ထဲ ရောက်အောင် လုပ်ရမလဲ။"

ယင်းကျိုယိုကလည်း အတည်ပေါက်ဖြင့် တိုးညှင်းစွာ ပြောလိုက်သည်။ "လမိုက်ည လေပြင်းတိုက်တဲ့ အချိန်ကျမှ... "

သူတို့ နှစ်ယောက်စလုံးသည် လမ်းတစ်လျှောက်လုံး ဓားပြတိုက် အိမ်ဖောက်မည့် အကြံအစည်များကို တွက်ဆနေကြ၏။ မည်သည့်အချိန်ကို ရွေးချယ်ရမည် ၊ မည်သည့် လမ်းကြောင်းက သွားရမည်၊ မည်သည့် နေရာကနေ ဆုတ်ခွာရမည် ဆိုသည်တို့ကို ဖြည်းဖြည်းချင်း တိုင်ပင် ညှိနှိုင်းပြီးစီးသွားကြ၏။

ဟုန်ရှောင်ပေါင်၏ စိတ်ကူးထဲတွင် သူက အမည်းရောင် မျက်နှာဖုံးစွပ်ကာ ထိပ်တန်း ဆေးဝါး အထုပ်ကြီးကို ကျောပိုး၍ ထွက်ခွာသွားသည့် မြင်ကွင်းကိုပင် မြင်ယောင်နေမိ၏။ ပျော်ရွှင်စွာ ပြောဆိုနေကြစဉ် သူတို့ နှစ်ယောက်စလုံး အနည်းငယ် ရပ်တန့်သွားကြသည်။

သစ်ငုတ်တိုကြီး တစ်ခုပေါ်တွင် တည်ဆောက်ထားပုံရသော အဆောက်အအုံတစ်ခု၏ အပေါ်တွင် ကြီးမားသော ဆေးဘူးသီး ကြီးတစ်ခုကို ချိတ်ဆွဲထား၏။ ထိုဘူးသီးကို မည်သည့် ပစ္စည်းနှင့် ပြုလုပ်ထားမှန်း မသိရချေ။ တစ်ခုလုံး စိမ်းလန်းနေပြီး စိမ်းလန်းစိုပြည်လွန်း၍ အရည်ကျတော့မတတ် ထင်ရသည်။ ၎င်းအပေါ်တွင် ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်နေ၏။

ဆေးဘူးသီး၏ အောက်ဘက်တွင်မူ "ဆေးဖော်စပ်ရေးစံအိမ်" ဟူသော စာလုံးကြီး သုံးလုံးကို ရေးသားထားသည်။

"ဟားဟားဟားဟားဟား... "

ပထမဆုံးအကြိမ်အဖြစ် အဘိုး ပြောစရာ မလိုဘဲနှင့် ဤပစ္စည်း၏ တန်ဖိုးကြီးမားမှုကို ဟုန်ရှောင်ပေါင် သိရှိသွားခဲ့သည်။ "အဘိုး... ဒီဘူးသီးက သေချာပေါက် ရတနာတစ်ခုပဲ ဖြစ်ရမယ်။ မြန်မြန် ပြောပါအုံး ... ဒီဆေးဘူးသီး လက်ထဲ ရောက်အောင် ဘယ်လို လုပ်ရမလဲ။"

သေချာစွာ ကြည့်ရှုလေလေ ဟုန်ရှောင်ပေါင် ပို၍ တုန်လှုပ်လေလေ ဖြစ်၏။ ဆေးဖော်စပ်ရေးစံအိမ် တစ်ခုလုံးကို သစ်ငုတ်တိုကြီး တစ်ခုထဲတွင် တည်ဆောက်ထားသည် ဆိုမှတော့ ဤသစ်ပင်က မည်မျှ ကြီးမားလိမ့်မည်နည်း။ အချင်းက မီတာ ရာနှင့်ချီ ရှိလောက်သည် မဟုတ်ပါလား။

ဤသို့ဆိုလျှင် ဟုန်ရှောင်ပေါင် ချက်ချင်း မျှော်လင့်လာမိသည်။ စံအိမ်တိုင်းတွင် ကိုယ်ပိုင် ထူးခြားချက်များ ရှိကြပုံရ၏။ သွန်းလုပ်ရေးစံအိမ် ပြင်ပတွင် တူကြီးများ ၊ ပန်းပဲဖိုများ စသည့် ပစ္စည်းများ ရှိလောက်ပေသည်။

ထိုသို့ဆိုလျှင် ဟင်းချက်ပြုတ်ရေးစံအိမ် ပြင်ပတွင်မူ မည်သည့် အမှတ်အသား ရှိလိမ့်မည်နည်း။ ဟင်းချက်ဓားမလား။ ယောက်မကြီး လား။ စဉ့်တီတုံးကြီးများလား။

“သောက်ကျိုးနည်း။”

လမ်းတစ်လျှောက်လုံး တွေးတောရင်း ဖြည်းဖြည်းချင်း လျှောက်လာခဲ့ရာ မကြာမီမှာပင် ဟင်းချက်ပြုတ်ရေးစံအိမ်ကို သူ မြင်တွေ့လိုက်ရ၏။

တစ်ဝက်တစ်ပျက် ပွင့်ဟနေသော တံခါးကြီးတစ်ခု၏အပေါ်တွင် ကြီးမားသော ခေါက်ဆွဲပန်းကန်ကြီး တစ်လုံး ရှိသည်။ အိမ်တစ်လုံးစာလောက် ကြီးမားပြီး ဓာတ်တိုင်လောက် ကြီးမားသော တူတစ်စုံက ပန်းကန်ထဲမှ ခေါက်ဆွဲကို ညှပ်ယူထားကာ လေထဲတွင် ထိုအတိုင်း ရပ်တန့်နေသည်။

ဟုန်ရှောင်ပေါင်ကို အံ့အားအသင့်ဆုံး ဖြစ်စေသည်မှာ ဤခေါက်ဆွဲက အရုပ်နှင့် မတူဘဲ တကယ့် ခေါက်ဆွဲနှင့် တူနေခြင်းပင်။ ၎င်းအပေါ်တွင် ရေနွေးငွေ့များ ထွက်ပေါ်နေဆဲ ဖြစ်ပြီး ခေါက်ဆွဲက အလွန် နူးညံ့နေပုံရ၏။ ထောင့်ချိုး ကန့်သတ်ချက်ကြောင့် ခေါက်ဆွဲဟင်းရည်ကို မမြင်ရသော်လည်း အဝေးကြီးတည်းက ဟုန်ရှောင်ပေါင်သည် မွှေးရနံ့များ ရရှိနေခဲ့၏။

"ယိုးယိုးယိုး... "

ဟုန်ရှောင်ပေါင်က အံ့အားသင့်စွာ ရေရွတ်လိုက်၏။ "ဒါက ဟင်းချက်ပြုတ်ရေးစံအိမ်ပဲ။ အစွမ်းထက်လိုက်တာ ... အစွမ်းထက်လိုက်တာ။"

All Chapters